Background
အိန္ဒိယနိုင်ငံ၌ နိုဝင်ဘာလအစောပိုင်းတွင် နိုင်ငံခြားသားခရီးသည်များ ပြည်တွင်းသို့ လာရောက်လည်ပတ်မှုဆိုင်ရာ ဖြေလျော့မှုအချို့ပြုခဲ့ပြီးနောက် B.1.1.529 ဟု အမည်ပေးထားသည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲအသစ်ကူးစက်မှု ပြန့်ပွားမရှိစေရေးအတွက် တောင်အာဖရိက၊ဟောင်ကောင်၊ဘော့ဆွာနာနှင့်အခြားဘေးအန္တရာယ်မြင့်မားမှုရှိသောနိုင်ငံများမှ လာရောက်သည့်ခရီးသည်များကို အထူးဂရုပြုစစ်ဆေးရန် ပြည်နယ်များအားလုံးထံသို့ အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာနက အကြံပြုချက်ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။
ဘရာဇီးလ်နိုင်ငံရှိ Minas Gerais နှင့် Mato Grosso ပြည်နယ်တို့တွင် နွားရူးရောဂါပိုးတွေ့ရှိကြောင်းအတည်ပြုခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်တွင် အမဲသားတင်သွင်းခွင့်အား တရုတ်အာဏာပိုင်များ ကပိတ်ပင်ခဲ့ရာ စက်တင်ဘာလ ၄ ရက်မတိုင်မီ ခွင့်ပြုချက်ထုတ်ပေး ထားသည့်အမဲသားများအား တင်သွင်းခွင့်ပြုကြောင်း တရုတ်တာဝန်ရှိသူများက နိုဝင်ဘာလ ၂၃ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါသတင်း ကြေညာချက်ကြောင့် အကောက်ခွန်ဌာန၏ ခွင့်ပြုချက်ရရှိထားသည့် ဘရာဇီးလ်အမဲသားတန်ချိန် ၁၀၀,၀၀၀ အား တရုတ်ဆိပ်ကမ်းတွင် ကုန်ချနိုင်တော့မည်ဖြစ်ကြောင်း ဘရာဇီးလ်နိုင်ငံ အေးခဲအသားတင်ပို့သူများအသင်း (Brazilian Asso
နိုဝင်ဘာလနှောင်းပိုင်းတွင် တရုတ်နိုင်ငံ၏ ပြောင်းဈေးကွက်သို့ ကုန်စည် အသစ်များရောက်ရှိတော့မည်ဖြစ်ရာ ပြောင်းဈေးနှုန်းအနည်းငယ်ကျဆင်းလာပြီး၊ ပြောင်း ကော်မှုန့်ထုတ်လုပ်သူများက ကုန်ကြမ်းများ ဝယ်ယူစုဆောင်းလာကြသည်ဟု သိရပါသည်။
ပြောင်းကော်မှုန့်များရောင်းချရစေရန် စက်ရုံဈေးများကို ဆက်တိုက်လျှော့ချ ပေးလာရသောကြောင့် ရေတိုကာလအတွင်း ဈေးကွက်ပေါက်ဈေးမှာ ဆက်လက်အားပျော့ နေဖွယ်ရှိပါသည်။ နိုဝင်ဘာလ (၂၄)ရက်နေ့ရှိ ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၃,၆၄၃.၃၃) ဖြစ်ကြောင်း သိရပါသည်။
ရင်းမြစ်၊ SunSirs (၂၅-၁၁-၂၀၂၁)
နိုဝင်ဘာလ (၉)ရက်နေ့တွင် တရုတ်နိုင်ငံ၏ ပြည်တွင်းဈေးကွက်၌ စားအုန်း ဆီနှင့် ပဲပုပ်ဆီဈေးနှုန်းများ စံချိန်တင်မြင့်တက်ခဲ့ပါသည်။ ၎င်းဆီနှစ်မျိုးအနက် စားအုန်းဆီ ဈေးမှာ တစ်တန်လျှင် ယွမ်ငွ (၁၀,၄၀၀)အထိ လျင်မြန်စွာမြင့်တက်ခဲ့ကာ၊ ပဲပုပ်ဆီဈေး ကိုပင် ကျော်လွန်ခဲ့ပါသည်။
၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏စားသုံးသူဆနှုန်းကိန်း(National Broad Consumer Price Index – IPCA)သည် ၉.၇၇ ရာခိုင်နှုန်းမှ ၁၀.၁၂ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း အမြင့်ဆုံး ငွေကြေးဖောင်းပွမှုပမာဏအား ၃.၇၅ ရာခိုင်နှုန်းအဖြစ် သတ်မှတ်ထားကြောင်း ဘရာဇီးလ်နိုင်ငံဗဟိုဘဏ်၏ခန့်မှန်းထားမှုကို ငွေကြေးအဖွဲ့အစည်း၏ သတင်းတွင်ဖော်ပြထားသည်။
နိုဝင်ဘာလ (၂၀)ရက်နေ့တွင် တရုတ်ဆေးဝါးကုန်ကြမ်းအညွှန်းကိန်းမှာ (၁,၃၄၁)မှတ်ဖြစ်ခဲ့ပြီး၊ စံချိန်တင်မြင့်မားခဲ့ပါသည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့ တွင် ဖြစ်ပေါ်ခဲ့သည့်အနိမ့်ဆုံးအမှတ် (၉၇၅)မှတ်နှင့် နှိုင်းယှဉ် ကြည့်ပါက (၃၇.၅၄) ရာခိုင် နှုန်း မြင့်တက်လာခြင်း ဖြစ်ပါသည်။
နိုဝင်ဘာလ (၂၃)ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် မြေရှားသတ္တုအညွှန်းကိန်းမှာ (၇၅၅)မှတ်ဖြစ်ပြီး၊ ၎င်းအမှတ်မှာ အမြင့်ဆုံးအမှတ် (၁၀၀၀)သို့ရောက်ရှိခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်နေ့ကထက် (၂၄.၅၀) ရာခိုင်နှုန်းကျဆင်းခဲ့ကာ၊ အနိမ့်ဆုံးအမှတ် (၂၇၁)မှတ်သို့ ကျဆင်းခဲ့သည့် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့ကထက် (၁၇၈.၆၀)ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်ပါသည်။
နိုဝင်ဘာလ (၂၃)ရက်နေ့တွင် တရုတ်နိုင်ငံ၏ ပြည်တွင်းပဲပုပ်ဈေးနှုန်းများမှာ ဆက်လက်မြင့်တက်နေဆဲ ဖြစ်ပါသည်။ China Grain Storage Co., Ltd.၏ တိုက်ရိုက် မိတ်ဖက်ကုမ္ပဏီများက သတ်မှတ်ဈေးနှုန်း တစ် cattyလျှင် (၃.၁၅) ယွမ်ဖြင့် ယခု ထွက်ပေါ်လာသောပဲပုပ်အသစ်များကို ဝယ်ယူရန် စာရင်းပေးသွင်းထားကြသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၌ ဖွံဖြိုးဆဲနိုင်ငံများအပေါ် အထူးနှင့်သီးခြားသက်သာခွင့် များ ပေးအပ်ရေး ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများမှာ သင့်တင့်မျှတမှု မရှိသည့် အားလျော်စွာ WTO အနေဖြင့် ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များတွင် ကိုင်တွယ်လုပ်ဆောင်မှုများအား ပြန်လည် သုံးသပ်သင့်ကြောင်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Piyush Goyal က ပြောကြားလိုက်သည်။
ဘယ်လ်ဂျီယံနိုင်ငံရှိ ကုမ္ပဏီများ၏လက်ရှိဝင်ငွေမှာ ကိုဗစ်၁၉ကပ်ရောဂါမတိုင်မီကအဆင့်ထက်သာလွန်မှုများရှိလာပြီ ဖြစ်သော်လည်း စီးပွားရေးလုပ်ငန်းအများစုသည် လုပ်သားရှားပါးမှုနှင့်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ ပြဿနာ များကို ရင်ဆိုင်နေကြရကြောင်းနှင့်ယင်းအချက်(၂) ချက်သည်ဘယ်လ်ဂျီယံနိုင်ငံ၏ စီးပွားရေးပြန်လည်နာလန်ထူမှု ကိုနှောင့်နှေးစေလျက်ရှိကြောင်း သိရပါသည်။