Background
ယခုနှစ်အတွင်း ထိုင်းပို့ကုန်တန်ဖိုးသည် ဆက်လက် တိုးတက် နိုင်ကြောင်း၊ ပို့ကုန်ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် ပို့ကုန် လုပ်ငန်းစဉ်များ တိုးတက်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုများလည်း ပါဝင်ကြောင်း၊ မိုးခေါင်မှုအခြေအနေများ၊ တည်ငြိမ်စပြုသော ငွေကြေးလဲလှယ်နှုန်းနှင့် ခရစ္စမတ်နှင့် နှစ်သစ် ပိတ်ရက်များကြောင့် စိုက်ပျိုးရေး ထုတ်ကုန်များနှင့် အစားအသောက် များကို တိုးမြင့်တင်သွင်းလာခြင်းကြောင့်လည်းဖြစ်ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံ၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပို့ကုန်စွမ်းရည် တိုးမြှင့်ရေး ကို အရှိန်မြှင့်တင်ဆောင်ရွက်ရန်၊ ပြည်တွင်းတိုက် ရိုက်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ပေးရန်နှင့် ယှဉ်ပြိုင်မှု နှင့် အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များ၏ဝင်ငွေ တိုးမြှင့်စေမည့် ကုန်သွယ်ရေးနှင့် အမှတ်တံဆိပ်အေဂျင်စီ တည်ထောင်ပေးရန် စသည်တို့အတွက် ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးနှင့် အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအသင်းချုပ် တို့တွေ့ဆုံစဉ်က အသင်းချုပ်ဥက္ကဋ္ဌ Mr. Sangchai Theerakulvanich က အဆိုပြု တောင်းဆိုထား သည်။
သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ သယ်ဆောင်သည့် နိုင်ငံတကာ အအေးကွင်းဆက် ကုန်စည်ပို့ဆောင်ရေး ရထားနှစ်စင်းသည် တရုတ် နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှလာအို နိုင်ငံ(တရုတ်-လာအို)နှင့် ဗီယက်နမ်နိုင်ငံ(တရုတ်- ဗီယက်နမ်)တို့သို့ အောက်တိုဘာ ၁၆ ရက်က စတင်ပြေးဆွဲနေပြီဖြစ်သည်။
အစ္စရေးနှင့် ဟားမက်စ်တို့အကြား ပဋိပက္ခအရှိန် မြှင့်တက်လာမှုအပေါ် စိုးရိမ်လျက်ရှိပြီး ကုန် သွယ်မှုတန်ဖိုး ဘတ် ၄၀ ဘီလီယံခန့်ရှိသော ထိုင်းနှင့်အစ္စရေး နှစ်နိုင်ငံကုန်သွယ်မှုအပေါ် သက်ရောက် လာနိုင်သည့် အလားအလာ ရှိ၊ မရှိ ထိုင်းလုပ်ငန်းရှင်များအနေဖြင့် စောင့်ကြည့်လျက်ရှိကြောင်း ထိုင်း ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ မြMr. Sanan Angubolkulက ပြောကြားခဲ့သည်။
တောင်ကိုရီးယားကုမ္ပဏီများသည် အိန္ဒိယ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုရန် စိတ်ဝင်စားမှုမြင့်မား လာကြောင်းသိရသည်။ နှစ်နိုင်ငံ ကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၈ ဘီလီယံအထိရှိခဲ့ရာ အဆိုပါနှစ်အတွင်း အိန္ဒိယ နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံမှ ဝယ်ယူ တင် သွင်းမှုမှာအမေရိကန်ဒေါ်လာ ၁၈ဒသမ၈ဘီလီယံ ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံသို့ အိန္ဒိယနိုင်ငံ၏ ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၉ ဘီလီယံ ဖြစ်သည်။
ဈေးကွက်တွင်းဆန်ဈေးနှုန်းများ ကြီးမြင့် စေခြင်းကြောင့် ဆန်တင်သွင်းမှုအပေါ် ကောက် ခံနေသည့် အကောက်ခွန်နှုန်းအား ယာယီလျှော့ချ ပေးရန် အဆိုပြုတင်ပြချက်အပေါ် သမ္မတမား ကို့စ်မှ ၂၆-၉-၂၀၂၃ ရက်နေ့က သဘောမတူပယ်ချ ခဲ့ကြောင်း ဖော်ပြထားသည်။ ယခုအခြေအနေသည် အကောက်ခွန်နှုန်း အား လျှော့ချပေးရန် သင့်တော်မှုရှိသည့် အချိန် အခါမဟုတ်သေးဟု တွက်ချက်ယူဆသဖြင့် အစိုးရ အနေဖြင့် လျှော့ချပေးမည့်အစီအစဉ် မရှိသေး ပါကြောင်းနှင့် ကမ္ဘာ့ဆန်ဈေးနှုန်းသည် ပြန်လည် ကျဆင်းနိုင်ကြောင်းကိုလည်း ခန့်မှန်းပါကြောင်း ပြောကြားခဲ့သည်။ အချို့သော ဆန်တောင်သူအုပ်စုမှ ဆန် အပေါ် ကောက်ခံသည့် အကောက်ခွန်နှုန်းထား လျှော့ချပေးခ
ထိုင်းနိုင်ငံ၌ ယခုနှစ် ဒီဇင်ဘာလကုန်အထိ ကုန်စည်နှင့် ဝန်ဆောင်မှု ၁၅၀ဝ၀ဝ ကျော်အတွက် ဈေးနှုန်းလျှော့ချပေးသွား မည်ဖြစ်ကြောင်း၊ ဈေးနှုန်းလျှော့ချမှုတွင် ပိုမိုထိရောက်မှုရှိစေရန် ၈၇ ရာခိုင်နှုန်း ထိ လျှော့ချပေးသွားမည်ဖြစ်ကြောင်း၊ ထုတ်လုပ်သူများ၊ ဖြန့်ချိသူများ၊ ဈေးဝယ်စင်တာများ၊ ရပ်ကွက်ဈေးများနှင့် ဝန်ဆောင်မှု ပေးသူများနှင့် တွေ့ဆုံပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai က ပြောကြားခဲ့ သည်။
၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း ထိုင်းနိုင်ငံ၌ ကွန်ဒိုများကို နိုင်ငံသားများ ဝယ်ယူမှုနည်းပါးနေသော်လည်း နိုင်ငံခြားသားများ ဝယ်ယူမှုမြင့်တက်လျက်ရှိ ကြောင်း၊ ၎င်းတို့အထဲတွင် တရုတ်နိုင်ငံသားများသည် လွှဲပြောင်းရယူမှု အများဆုံး ဖြစ်ကြောင်း အိမ်ခြံမြေသတင်းအချက်အလက်စင်တာ၏ ခေတ္တညွှန်ကြားရေးမှူးချုပ် ဖြစ်သူ Mr. Vichai Viratkapan က ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံ၏ အဆင့်မြင့်နည်းပညာများနှင့် အာဆီယံ နိုင်ငံများ၏ အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အား သာချက်များကို ပေါင်းစည်းကာ အနာဂတ်ကို အတူတကွပူးတွဲ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံနှင့်အာဆီယံ နိုင်ငံများအနေဖြင့် တီထွင်ဆန်းသစ်မှုမှတစ်ဆင့် သဘာဝပတ် ဝန်းကျင်၊ စွမ်းအင်၊ ဒစ်ဂျစ်တယ်နှင့် အခြားသောကိစ္စရပ်များ ကို ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့အတူ ကြံ့ခိုင် ရည်ရှိပြီး ရေရှည်တည်တံ့သည့် စီးပွားရေးဝန်းကျင်ကို တည် ဆောက်နိုင်ရေးအတွက် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင် ရွက်မှုများကို ပြုလုပ်လျက်ရှိကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီအို ခီရှိဒက စက်တင်ဘာ
တောင်ကိုရီးယားနိုင်ငံတွင် တစ်ပိုင်းလျှပ်ကူး ပစ္စည်းများအပါအဝင် ပြည်တွင်းကုန်စည်များ ထုတ်လုပ်မှုအခြေအနေ ပြန်လည်တိုးတက်ကောင်း မွန်လာသည့်အပြင် ဝန်ဆောင်မှုကဏ္ဍသည်လည်း အတန်အသင့် တိုးတက်မှုရှိနေကြောင်း၊ သို့သော် ပြင်ပ အချက်အလက်များဖြစ်သည့် ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းမြင့်မားခြင်းနှင့် အဓိကကုန်သွယ်ဖက်နိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံ၏ပြည်တွင်းစီးပွားရေးအခြေ အနေ ကောင်းမွန်မှုမရှိခြင်းတို့ကြောင့် တောင်ကို ရီးယားနိုင်ငံ၏ စီးပွားရေးအလားအလာသည် လည်း ကောင်းမွန်မှုမရှိနိုင်သေးကြောင်း ကိုရီးယား ဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ် The Korea Deve-lopment Institute- KDI) က စက်တင်ဘာ ၇ရက် တွင် ထုတ်ဝေခဲ့သည့် လစဉ်စီး