Background
အယ်လ်နီညိုရာသီဥတု၏ သက်ရောက်မှုကြောင့် ဖိလစ်ပိုင် နိုင်ငံ၏ အုန်းဆီတင်ပို့လျော့ကျခဲ့ပြီး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မက် ထရစ် တန် ၉၀ဝ၀ဝ၀ ထိသာရှိနိုင်ကြောင်း နိုင်ငံတကာအေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ပိုမိုခြောက်သွေ့သည့် ရာသီဥတုအခြေ အနေသည် အုန်းသီးမှ ထုတ်လုပ်သည့်ပစ္စည်းများ အထွက်နှုန်းအား ကျဆင်းစေခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်အခြေစိုက် အမေရိကန် စိုက်ပျိုးရေးဌာနမှ ပြောကြားခဲ့သည်။
ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ အပါအဝင် ကုန်စည်ဈေးနှုန်းများ တည်ငြိမ်မှုမရှိခြင်း၊ တောင် ကိုရီးယားဝမ်ငွေတန်ဖိုး ကျဆင်းနေခြင်း၊ ငွေကြေး ဖောင်းပွမှုကျဆင်းနှုန်း နှေးကွေးနေခြင်း စသည့် အချက်များကြောင့် တောင်ကိုရီးယားနိုင်ငံ ဗဟို ဘဏ်အနေဖြင့် လက်ရှိသတ်မှတ်ထားသည့် အတိုးနှုန်း ၃ ဒသမ ၅ ရာခိုင်နှုန်းကို လျှော့ချပေး သွားမည့် အလားအလာ မှေးမှိန်နေဦးမည်ဟု ဈေး ကွက်လေ့လာစောင့်ကြည့်သူများက ခန့်မှန်းထား ကြသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံရှိ 24 Hour mining and Industry Co.,Ltd မှ အဆင့်မြင့်စားပွဲတင် ဆားစက် ဝယ်ယူနိုင်ရန် အတွက် ၂၀၂၄ ခုနှစ် မတ် ၃၀ ရက် မှ ဧပြီ ၃ ရက်အထိ အိန္ဒိယနိုင်ငံရှိ ဆားထွက်ရှိရာဒေသTamilnadu ပြည်နယ်၊ ွှ့Thoo- thukudi မြို့ရှိShriraam Engineering ကုမ္ပဏီ၏ ဆားကွင်း/ ဆားစက်များနှင့် နယူးဒေလီမြို့ရှိ SSP PVT LIMITED ကုမ္ပဏီသို့ သွားရောက်လေ့လာခဲ့သည်။
ဆားကွင်း/ ဆားစက်များလေ့လာခြင်း
ပြည်တွင်း၌ စပါးရိတ်သိမ်းထွက်ရှိမှု ကြီးမားစွာ လျော့နည်း ကျဆင်းဖွယ်ရှိသည့် အခြေအနေတွင် ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့ ဈေးကွက်၌ ဆန်အများဆုံး ဝယ်ယူသည့်နိုင်ငံအဖြစ် ဆက်လက် တည်ရှိပြီး ယခုနှစ်အစောပိုင်းတွင် ခန့်မှန်းထားသည့် ပမာဏ ထက်ပိုမို၍ ဆန်တင်သွင်းရနိုင်ကြောင်း သိရှိရသည်။
ပြည်တွင်း၌ စပါးရိတ်သိမ်းထွက်ရှိမှု ကြီးမားစွာ လျော့နည်း ကျဆင်းဖွယ်ရှိသည့် အခြေအနေတွင် ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့ ဈေးကွက်၌ ဆန်အများဆုံး ဝယ်ယူသည့်နိုင်ငံအဖြစ် ဆက်လက် တည်ရှိပြီး ယခုနှစ်အစောပိုင်းတွင် ခန့်မှန်းထားသည့် ပမာဏ ထက်ပိုမို၍ ဆန်တင်သွင်းရနိုင်ကြောင်း သိရှိရသည်။
သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ကျင်းပခဲ့သည့် Special Summit to Commenmorate the 50th Anniversary of ASEAN-Australia Dialogue သို့ တက်ရောက်ခဲ့သော ဖိလစ်ပိုင်သမ္မတမား ကို့စ်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန် မာနက်တို့ နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပ၍ ဖိလစ်ပိုင်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ အကြား ဆန်ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတို့အား တိုးမြှင့်ဆောင်ရွက် သွားရန် သဘောတူညီခဲ့ကြပြီး လက်ရှိကြုံတွေ့နေရသည့် အယ်နီညို၏ သက် ရောက်မှုများကြား ဆန်တိုးမြှင့်ထုတ်လုပ်နိုင်မည့် နည်းလမ်းများကို ရှာဖွေသွားရန် လည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
တောင်ကိုရီးယားအစိုးရသည် အာကာသလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအသုံးစရိတ်ကို ၂၀၂၇ ခုနှစ်တွင် ဝမ်ငွေ ၁ဒသမ ၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁ဒသမ၁၄ ဘီလီယံ) အထိ မြှင့်တင်သွားမည်ဟု ထုတ်ပြန်ထားသည်။
တောင်ကိုရီးယားနိုင်ငံ၌ ၂၀၂၄ခုနှစ်အတွင်း ဆန် ရောင်းလိုအားကို အသင့်လျော်ဆုံးအနေအထားဖြင့် ဈေးနှုန်း များကို ထိန်းသိမ်းနိုင်ရန်အတွက် ဒေသစပါးများအား ဟက် တာ ၂၆၀ဝ၀ ခန့် လျှော့ချ စိုက်ပျိုးရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
၂၀၂၄ ခုနှစ်အတွက် စံသတ်မှတ်ထားရှိသင့်သည့် စပါး စိုက် ဧရိယာ ပမာဏသည် ဟက်တာ ၆၉၉၀ဝ၀ ခန့်ရှိကြောင်း အစိုးရ၏ ဆန်းစစ်လေ့လာတွေ့ရှိချက်အရ ယခုကဲ့သို့ စပါး စိုက်ဧရိယာ လျှော့ချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကိုရီး ယား စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာ ဝန်ကြီး ဌာနက ဖေဖော်ဝါရီ ၇ ရက်က ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ဆိုင်ရာ နောက်ဆုံးထုတ်ပြန်ခဲ့သည့် အချက်အလက် များအရ ဂျပန်နိုင်ငံ၏စီးပွားရေးမှာ ကမ္ဘာ့စတုတ္ထအဆင့် သို့ အဆင့်လျော့ကျခဲ့ကြောင်းနှင့် ထိုသို့ဖြစ်ရခြင်းမှာ ဂျပန်နိုင်ငံတွင် ယန်းငွေတန်ဖိုးကျဆင်းခြင်းနှင့်သက် ကြီးရွယ်အိုဦးရေ များပြားလာပြီး ကုန်ထုတ်လုပ်မှု ကျဆင်းခဲ့ခြင်းကြောင့်ဖြစ်သည်။ ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှုန်းမှာ ၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်ကာလ အတွင်း ၁ဒသမ၂ ရာခိုင်နှုန်းရှိခဲ့ကြောင်းနှင့် ပြည်တွင်း အသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုးမှာအမေ ရိကန်ဒေါ်လာဖြင့် ကည့်မည်ဆိုပါက ဂျာမနီနိုင်င
တောင်ကိုရီးယားနိုင်ငံအား ရင်းနှီး မြှုပ်နှံသူများအတွက် အထူးသင့်လျော် ကောင်း မွန်သည့် နိုင်ငံတစ်ခုဖြစ်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းများနှင့်မူဝါဒ များကို ဖြေလျှော့ပေးသွားမည့်အပြင် မက်လုံး များ ပိုမိုပေးသွားမည်ဟု သမ္မတယွန်းဆုခ်ယော် က ဖေဖော်ဝါရီ ၁၄ ရက်တွင် ကျင်းပခဲ့သည့် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည့် အခမ်း အနားတွင် ပြောကြားခဲ့သည်။ အဆိုပါ အခမ်း အနားကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံးတွင် ကျင်းပခဲ့ကြောင်းသိရသည်။