Background
ယခုအခါ ကွမ်ရှီး၏ နယ်စပ်ဂိတ် ကိုးခုအနက် လေးခုတို့မှာ အဝေးပြေး လမ်းများဖြင့် ချိတ်ဆက်ထားပြီးဖြစ်ကာ ကျန်ငါးခုထံသို့လည်း အဝေးပြေးလမ်း များမှ ဝင်ရောက်နိုင်ရေးအတွက် တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် နေပြီဖြစ်သည်။ Dong zhong? Yueyu နှင့် Pingmeng ဂိတ်များသို့ ဆက်သွယ် ထားသည့် အဝေးပြေးလမ်းများမှာ ၂၀၂၄ခုနှစ်တွင်လည်းကောင်း၊ Aidian သို့ ဆက်သွယ်ထားသည့် အဝေးပြေး လမ်းမှာ ၂၀၂၃ ခုနှစ်တွင်လည်းကောင်း စတင်အသုံးပြုနိုင်တော့မည်ဖြစ်သည်ဗီယက်နမ်နှင့် ကီလိုမီတာ ၅၀ဝ ကျော် နယ်နိမိတ်ချင်း ထိစပ်နေသည့် ချုံးကျိုd(Chongzuo)တွင် နယ်စပ်ဂိတ် ပေါက် ငါးပေါက်ရှိသည့်အနက် နှစ် ပေါက်သာ အဝေးပြေးလမ်းနှင့်
အိန္ဒိယ-ရုရှားနှစ်နိုင်ငံခေါင်းဆောင်များ၏ ၂၁ ကြိမ်မြောက် နှစ်စဉ်ညီလာခံဆွေးနွေးပွဲကို ၆-၁၂-၂၀၂၁နေ့၌ ကျင်းပရာ အိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီနှင့်အတူ ၎င်း၏ ဖိတ်ကြားချက် အရနယူးဒေလီမြို့သို့ အလုပ်သဘောခရီး ရောက်ရှိနေသည့် ရုရှားသမ္မတဗလာဒီမီယာပူတင်တို့ တက်ရောက်လျက် နှစ်နိုင်ငံမိတ်ဖက်ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ဆောင်ရွက်နိုင်မည့် ကဏ္ဍများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
နိုဝင်ဘာလ (၁)ရက်နေ့တွင် ရှန်တုန်းပြည်နယ်ရှိ 21S အမျိုးအစား ဝါချည်မျှင်ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၃၀,၀၃၃) ဖြစ်ခဲ့ပြီး၊ နိုဝင်ဘာလ (၃၀)ရက်နေ့တွင် တစ်တန်လျှင် ယွမ်ငွေ (၂၉,၀၃၃) ဖြစ်ခဲ့ရာ၊ တစ်လအတွင်း (၃.၃၃) ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ သို့ရာတွင် ၎င်းဈေးနှုန်းမှာ ယခင်နှစ်ကထက် (၃၇.၄၄) မြင့်တက်နေဆဲ ဖြစ်ပါ သည်။
နိုဝင်ဘာလ (၃၀) ရက်နေ့တွင် 32S အမျိုးအစား ဝါချည်မျှင်ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၃၀,၅၃၃) ဖြစ်ခဲ့ပြီး၊ ယခင်လကထက် (၃.၃၈) ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။
ရောင်းချရန်အတွက်မဟုတ်ဘဲ အစမ်းသုံးကြည့်ရန် ဖြန့်ဖြူးလေ့ရှိသည့် အလှကုန်နမူနာများမှာ ယခုအခါတရုတ်ဈေးကွက်တွင် အများအပြားရောင်းချနေရပြီး၊ အလှကုန်အမှတ်တံဆိပ် ကြေညာနိုင်၍ ဈေးကွက်ကိုလွှမ်းမိုးလာ နိုင်ခြင်းနှင့် အသုံးပြုသည့်ဖောက်သည်များ တိုးပွားလာခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိလာသည်ဟု သိရပါ သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတ မစ္စတာရှီကျင်းပင်သည် ဒီဇင်ဘာလ (၁) ရက်နေ့တွင် United Russia ပါတီတည်ထောင်သည့် နှစ်(၂၀)ပြည့်အထိမ်းအမှတ် အတွက် ချီးကျူးဂုဏ်ပြုသည့်သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။
အဆိုပါသဝဏ်လွှာတွင် United Russia ပါတီအား ရုရှားနိုင်ငံ၏အရေးပါသည့် နိုင်ငံရေးအင်အားတစ်ရပ်အဖြစ် ဖော်ပြထားပြီး၊ ရုရှားသမ္မတမစ္စတာဗလာဒီမာပူတင်၏ မဟာဗျူဟာမြောက်မူဝါဒများတွင် ရုရှားပြည်သူ လူထုကို တက်ကြွစွာစုစည်းပေး၍ လမ်းညွှန်ပြသပေးနိုင်စွမ်းရှိသည့်ပါတီဖြစ်ကြောင်း ချီးကျူး၍ရေးသားထားပါသည်။
ဝန်ဆောင်မှုလုပ်ငန်းများထံသို့ ရင်းနှီးမြှုပ်နှံမှုစီးဝင်သည့်ပမာဏ မြင့်တက်ခဲ့ခြင်း
စက်မှုလုပ်ငန်းများမှ ရရှိသည့်အမြတ်အစွန်းများ ဆက်လက်တိုးတက်ခဲ့ခြင်း
ကမ္ဘာတစ်ဝန်း၌ အီးယူ၏ ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်ကို အားကောင်းစေရေး၊ အီးယူကုန်သွယ်မှုကို အားပေးမြှင့်တင်နိုင်ရေးနှင့် ရာသီဉတုပြောင်းလဲမှု တိုက်ဖျက်ရေးအထောက် အကူဖြစ်စေမည့် အခြေခံ အဆောက်အအုံများ၊ ဒစ်ဂျစ်တယ်နှင့် ရာသီဉတုဆိုင်ရာ စီမံကိန်းများ အတွက် ၂၀၂၁ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွင်း ယူရို (၃၀၀) ဘီလျံ ရင်းနှီးမြှုပ်နှံမည့် Global Gateway အမည်ရှိ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တစ်ရပ်ကို ဥရောပကော်မရှင်က ၁-၁၂-၂၀၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။
ပြီးခဲ့သည့်(၂) နှစ်အတွင်း ဘယ်လ်ဂျီယံနိုင်ငံ၏ စားသောက်ကုန်လုပ်ငန်းကဏ္ဍသည် အခြားစီးပွားရေးကဏ္ဍများနည်းတူ ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုများရှိခဲ့ပြီး၊ မကြုံစဖူးသောစိန်ခေါ်မှုများကို ကြုံတွေ့ခဲ့ရကြောင်း၊ ဥရောပတွင် ဗြိတိန်ခွဲထွက်မှုကိစ္စရပ် (Brexit) သည် ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်ကို ကြီးစွာအဟန့်အတားဖြစ်စေခဲ့ပြီး၊ သီးနှံများရိတ်သိမ်းရန်အတွက် လုပ်သားခေါ်ယူရာတွင် ရှုပ်ထွေးမှုများရှိလာကြောင်း၊ စားသောက်ကုန် ထောက်ပံ့သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင်လည်း စားသောက်ကုန်များကို ထိန်းသိမ်းရာတွင် အသုံးပြုသည့် ဓါတ်ငွေ့မလုံလောက်မှုပြဿနာများကို ကြုံတွေ့ရကြောင်း သိရပါသည်။
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်လေဆိပ်သည် အမေရိကန်၊ ဂျပန်နိုင်ငံတို့အပါအဝင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း (၆၀) ကျော်သို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများပို့ဆောင်သည့် နေ့စဉ်လေကြောင်းပျံသန်းမှုများဖြင့် ကာကွယ်ဆေးများ တင်ပို့မှုတွင် ဥရောပ၏ အရေးအကြီးဆုံးဗဟိုချက် အဖြစ်ဆောင်ရွက်နေပါသည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ပထမဉီးဆုံး အဖြစ် လေကြောင်းမှပို့ဆောင်ခဲ့ပြီးနောက် လက်ရှိအချိန်ထိ ကာကွယ်ဆေး (၇၅၀) သန်းကျော်ကို ပို့ဆောင်ပြီးဖြစ်ကြောင်း ဘရပ်ဆဲလ် လေဆိပ်၏ ထုတ်ပြန်ချက်အရသိရှိရပါသည်။