Background
ကမ္ဘာ့ထိပ်တန်း ရေနံတင်သွင်းသည့်နိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်အတွက် အစိုးရမဟုတ်သော လုပ်ငန်းများ၏ ရေနံစိမ်းတင်သွင်းခွင့်ပမာဏအား ယခင် နှစ်ကထက် ၂၀ ရာခိုင်နှုန်း တိုးမြှင့်ကာ တန်ချိန် ၂၄၃ သန်းထိ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရပါသည်။
တရုတ်နိုင်ငံတွင် ကိုရိုနာကပ်ရောဂါ အမြင့်ဆုံးကျရောက်ဖြစ်ပွားခဲ့သည့် အချိန်၌ လောင်စာဆီဈေးနှုန်းများ ဆယ်စုနှစ်များအတွင်း အနိမ့်ဆုံးဖြစ်ခဲ့ပြီး လောင်စာဆီများ အလွန်အမင်းပိုလျှံစုပုံနေခဲ့ရာ ရေနံဈေးကွက်ရှိ ထုတ်လုပ် သူများအတွက် အလွန်ခက်ခဲခဲ့ သည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ပါသည်။
(၁၅)ကြိမ်မြောက် တရုတ်-အာဆီယံ ယဉ်ကျေးမှုဖိုရမ်အား ဒီဇင်ဘာလ (၈) ရက်နေ့တွင် ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ကွေ့လင်မြို့တွင် ကျင်းပခဲ့ပြီး၊ တရုတ်နှင့် အာဆီယံနိုင်ငံများ၏ ယဉ်ကျေးမှုဌာနများမှ ကိုယ်စား လှယ်များက အွန်လိုင်းနှင့် အွန်လိုင်းပြင်ပပွဲများတွင် တစ်စုတစ်စည်းတည်းတက်ရောက်ခဲ့ကြပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်း မြို့ Nanning International Convention and Exhibition Center (NICEC) ၌ The China-ASEAN Sugar, Agriculture Machinery & Sugarcane Mechanization Exhibition (The Sugar All Expo) အား ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၉)ရက်နေ့မှ (၂၁) ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါသည်။ ဤပြပွဲအား CAEXPO Secretariat ၊ GIEG ၊ China Sugar Association ၊ China Agricultural Mechanization Association ၊ China Association of Agricultural Machinery Manufacturers ၊ China Agricultural Machinery Distribution Association ၊ Sugar Industry Development Office of Guangxi ၊ Department of Agri
စင်ကာပူသည် ၂၀၂၁ မှ ၂၀၂၅ ခုနှစ်အထိ (၅) နှစ်တာကာလအတွင်း သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု (R&D) လုပ်ငန်းများအတွက် စင်ကာပူဒေါ်လာ ၂၅ ဘီလီယံသုံးစွဲမည်ဖြစ်ကြောင်း၊ ဤပမာဏသည် ယခင် (၅) နှစ်ကာလတွင် ခွဲဝေသုံးစွဲခဲ့သော စင်ကာပူဒေါ်လာ ၁၉ ဘီလီယံထက် ၃၂ ရာခိုင်နှုန်းခန့် ပိုမိုကြောင်း၊ R&D လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် စီးပွားရေးလုပ်ငန်း များနှင့် လုပ်သားများအတွက် အခွင့်အလမ်းကောင်းများကို ပိုမိုဖန်တီး ပေးနိုင်ပြီး ကိုဗစ် ၁၉ ကပ်ရောဂါ၏ ဖိစီးမှုများမှ အလျင်အမြန် ပြန်လည်ရုန်းထလာနိုင်စေရေးအတွက် ကူညီပေးနိုင် ကြောင်း၊ မိမိတို့သည် လွန်ခဲ့သော (၅)နှစ်အတွင်းက တိုး
စင်ကာပူနိုင်ငံ၏ ခရီးသွားစျေးကွက်မြှင့်တင်နိုင်ရန်အတွက် စင်ကာပူတွင် ကိုရီးယား ဇာတ်လမ်းများရိုက်ကူး၍ စျေးကွက်ရှာဖွေခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားကြရန် စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စင်ကာပူခရီးသွားလာရေးဘုတ် အဖွဲ့ (Singapore Tourism Board-STB) နှင့် တောင်ကိုရီးယားနိုင်ငံ၏ ထိပ်သီးဇာတ်လမ်း ရိုက်ကူးဖြန့်ချိရေးကုမ္ပဏီတစ်ခုဖြစ်သော Studio Dragon ကုမ္ပဏီတို့အကြား (၃)နှစ်သက်တမ်း ရှိသည့် နားလည်မှုစာချွန်လွှဲ (MoU) ကို ၈- ၁၂ - ၂၀၂၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။
ချီလီ၊ ကိုလံဘီယာ၊ မက္ကဆီကိုနှင့် ပီရူး (၄)နိုင်ငံပါဝင်သော ပစိဖိတ်မိတ်ဖက်အဖွဲ့နှင့် စင်ကာပူနိုင်ငံတို့အကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ် (Pacific Alliance – Singapore Free Trade Agreement – PASFTA) လက်မှတ်ရေးထိုးနိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုများကို ၁၁ - ၁၂ - ၂၀၂၀ ရက်တွင် အပြီးသတ်ဆောင်ရွက်နိုင်ခဲ့ခြင်းအပေါ် ယင်းနေ့တွင် Videoconference စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် (၁၅) ကြိမ်မြောက် ပစိဖိတ် မိတ်ဖက်အဖွဲ့ထိပ်သီးအစည်းအဝေး၌ ပစိဖိတ်မိတ်ဖက်အဖွဲ့ဝင်နိုင်ငံတို့၏ ခေါင်းဆောင်ကြီးများနှင့် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် Lee Hsien Loong တို့က ကြိုဆိုခဲ့ကြကြောင်း၊ PASFTA
တရုတ်နိုင်ငံ၏ အမဲသားဝယ်ယူတင်သွင်းမှုမြင့်တက်မှုကြောင့် ဘရာဇီးလ်နိုင်ငံ၏ အမဲသားတင်ပို့မှုသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ၁၀ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း စက်မှုလုပ်ငန်းများအသင်း(Abrafrigo)က သတင်းထုတ်ပြန် ခဲ့သည်။ ဘရာဇီးလ်နိုင်ငံ၏ အမဲသားတင်ပို့မှုသည် နိုဝင်ဘာလတွင် တန်ချိန် ၁၉၇,၈၅၂ အထိစံချိန်တင်ရောက်ရှိခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၈၄၄.၈ ရရှိခဲ့သည်။
UK - စင်ကာပူ လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ် (UK - စင်ကာပူ FTA) ကို စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီး Chan Chun Sing နှင့် UK အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးဌာန Secretary of State ဖြစ်သူ Elizabeth Truss တို့က ၁၀ - ၁၂ - ၂၀၂၀ ရက်တွင် စင်ကာပူ၌ လက်မှတ်ရေးထိုးခဲ့ပါသည်။ အီးယူမှ UK ခွဲထွက်ခဲ့ပြီး နောက်ပိုင်းတွင်လည်း အီးယူနှင့် စင်ကာပူတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် (EUSFTA) ပါအတိုင်း တူညီသောအကျိုးကျေးဇူးများကို UK နှင့် စင်ကာပူကုမ္ပဏီတို့က ဆက်လက်ခံစားခွင့်ရရှိနိုင်စေရန် UK - စင်ကာပူ FTA ကို လက်မှတ်ရေးထိုး ခြင်းဖြစ်ပါသည်။
တရုတ်နိုင်ငံ၏ လူဦးရေးတိုးတက်မှုနှင့် မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးလာမှုတို့ကြောင့် လူနှင့်တိရစ္ဆာန်တို့အတွက် အစားအစာလိုအပ်ချက်မြင့်မားလာရာ အဆိုပါလိုအပ်ချက် များအား အပြည့်အဝဖြည့်ဆည်းပေးနိုင်ရေးသည် တရုတ်နိုင်ငံဈေးကွက်သို့ တင်သွင်း လျက်ရှိသည့် ပို့ကုန်နိုင်ငံများအပေါ်တွင် တွန်းအားများဖြစ်ပေါ်ကြောင်း တရုတ်နိုင်ငံ၏ လယ်ယာထွက်ကုန်တင်သွင်းမှု ခေတ်သစ်သမိုင်းစာမျက်နှာက ဖော်ပြနေသည်။ တရုတ်နိုင်ငံ သည် မိမိတို့၏လိုအပ်ချက်များအား ဖြည့်ဆည်းနိုင်ရေးအတွက် မဟာဗျူဟာများချမှတ် ဆောင်ရွက်လျက်ရှိသည်။
ကိုရီးယားသမ္မတနိုင်ငံ၊ Land&Housing Corporation (LH) ၏ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးသန့်စင်သည်(၉-၁၂-၂၀၂၀) ရက်နေ့၊ ဒေသစံတော်ချိန် (၁၄:၃၀)နာရီအချိန်တွင် ကိုရီးယား သမ္မတနိုင်ငံ၊ Korea Land & Housing Corporation (LH) မှ ဆိုးလ်မြို့၊ The-K Hotel Seoul (Grand Ballroom) ၌ကျင်းပပြုလုပ်သော LH Global Business Conventionဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ ဂုဏ်ပြုမိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ Korea Land & Housing Corporation သို့ ပေးအပ်ချီးမြှင့်သည့် အသိအမှတ်ပြုဆုတံဆိပ်ကို ပြည်ထောင်စုဝန်ကြီး၏ကိုယ်စား သံအမတ်ကြီးမှ တက်ရောက


