Background
ဥရောပကော်မရှင်အနေဖြင့် ဒစ်ဂျစ်တယ် vaccination passport အတွက် ဥပဒေပိုင်း အဆိုပြုချက်တစ်ရပ်ကို မတ်လအတွင်း တင်သွင်းသွားမည်ဟု ဥရောပကော်မရှင် ဥက္ကဌ Ursula von der Leyen က ပြီးခဲ့သည့် မတ်လ (၁) ရက်နေ့က ကြေညာခဲ့သည်။ ယင်းအဆိုပြုချက်တွင် “Digital Green Pass” ခေါ် ဥရောပပတ်စ်ပို့မှာ မည်ကဲ့သို့သောပုံစံရှိမည်ကို ရှင်းလင်းစွာ ထည့်သွင်းဖော်ပြ မည်ဟု သိရသည်။ vaccination passport အသုံးပြုမှုသည် ခရီးသွားလာမှုပိုမိုဘေးကင်း လုံခြုံစေ ရေးကိုအထောက်အကူပြုနိုင်ခြင်းအပေါ် ဥရောပနိုင်ငံများ၏ အစိုးရခေါင်းဆောင်များက သဘောတူ ထားကြပြီး၊ ယင်းပတ်စ်ပို့သည် ကာကွယ်ဆေးထိုးနှံပြီးသူများအတွက် အထူးအခွင့်အရေးတစ်စုံ တစ်ရာပေးထားခြင်း
လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် Free Trade Agreement(FTA)နှင့် Generalized System of Preferences (GSP)အခွင့်အရေးအသုံးပြုမှုတို့သည် ၂၀၂၀ခုနှစ်တွင် ထိုင်းပို့ကုန်တင်ပို့သူများအတွက် အမေရိကန်ဒေါ်လာ(၆၂.၃)ဘီလီယံရှိခဲ့ကြောင်း၊ ၎င်းမှာ ယခင်နှစ်ကထက် (၁၀.၅%)ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့်ကပ်ရောဂါကြောင့်ဖြစ်ကြောင်းသိရှိရပါသည်။
ဇန်နဝါရီ ၂၈ရက် စာရင်းများအရ တရုတ်-ဗီယက်နမ် နယ်စပ်ဖြတ်ကျော် မီးရထားအစီးရေ စုစုပေါင်း ၂၇ စင်းအား ပြေးဆွဲပြီးဖြစ်သဖြင့် ယခင်နှစ်ကထက် ၁၂၅ရာခိုင်နှုန်း တိုး တက်လာကြောင်း တွေ့ရှိရသည်။ တရုတ်နှင့် ဗီယက်နမ် အကြား လွယ်ကူချောမွေ့သည့် သယ်ယူပို့ဆောင်ရေးဖြစ်စေရေး သေချာစေရန် နယ်စပ်ဖြတ် ကျော် မီးရထားများအား တင်းကျပ်သည့် ပိုးသတ်သော လုပ်ငန်းစဉ်များ ဆောင်ရွက်ကာ ပြေးဆွဲလျက်ရှိသည်။ တရုတ်နိုင်ငံ အလယ်ပိုင်း နှင့်အနောက်ပိုင်းမှ ဂျုံ၊ ဂျုံမှုန့်၊ သန့်စင်ပြီး ဆား၊ ဖန်ထည်၊ ချည်လုံးနှင့် ဒီဇယ်အင်ဂျင်တို့ကဲ့ သို့သော ကုန်ပစ္စည်းများအား တင်းကျပ်သည့် သီးခြားထား စစ်ဆေးမှုများပြုလုပ်ပြီး စစ်ဆေးမှု အောင်မြင်မှသာလျှင် အာဆီ
အစိုးရ၏ ဖေဖော်ဝါရီလအထိ COVID-19 ကူးစက်မှု အသစ်များအပေါ် ထိန်းချုပ်ရန် တင်းကျပ်သည့် အစီအမံများ ဖြင့် ထိန်းသိမ်းထားမှုအပေါ်ခန့်မှန်းယူဆပြီး ထိုင်းနိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် ယခုနှစ်တွင် ၂ ဒသမ ၅ ရာခိုင် နှုန်းရှိမည်ဟု ခန့်မှန်းထားကြောင်း Krungthai Cpmpass က ပြောကြားခဲ့သည်။ Krung Thai Bank လက်အောက်ရှိ သုတေသနဌာနသည် COVID-19 ဖြစ်ပွားမှုအပေါ် သက်ရောက်မှုကိုအခြေခံ၍ အခြေအနေနှစ်ခုအောက်တွင် ပြည်တွင်းစီးပွားရေး တိုးတက်မှုအလားအလာကို ခန့်မှန်းထားသည်။ အထူးသဖြင့် အနီရောင်ဇုန်ပြည်နယ် ၂၈ ခုတွင် ရောဂါကူးစက်မှုကိုထိန်းချုပ်ရန် အစိုးရ၏တင်းကြပ်သည့် အစီအမံများသည် ပြည်တွင်းဝယ်လိုအားနှင့် ခရီးသွား လုပ်ငန်း အပ
ကိုရီးယားသမ္မတနိုင်ငံ Celltrion Co., Ltd.
ဂျပန်နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်အတွင်း ဆန်ရောင်းအား သိသိ သာသာကျဆင်းခဲ့ကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ပြန့်ပွားနေမှုကြောင့် စီးပွားဖြစ်ရောင်းချမှုအတွက် ဝယ်လိုအား၊ အိမ် တွင်းစားသုံးမှုအတွက် ဝယ်လို အားများ ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလများအတွင်း အိမ်ထောင်စုများ၏ အသုံးစရိတ်သည် နှစ် ၂၀ အတွင်း အနိမ့်ဆုံးအဆင့် သို့ ကျဆင်းခဲ့သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ဆန်းပိုင်း၌ နိုင်ငံအတွင်း အရေးပေါ် ကြေညာချက် ထပ်မံထုတ်ပြန်ခြင်းသည် စီးပွားရေးပတ်ဝန်းကျင်ကို မရေရာမသေချာမှုများ ပိုမိုဖြစ်ပေါ်စေနိုင်ကြောင်း၊ ပြည်တွင်းဆန် ရောင်းလိုအားနှင့် ဝယ်လိုအားကို ဟန်ချက်ညီမျှစ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုသည် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့စီးပွားရေးကို ကျဆင်းစေခဲ့ သည့်အပြင် ကိုဗစ်-၁၉ကာလ ကန့်သတ်တားဆီးမှု များ ချမှတ်ဆောင်ရွက်ခဲ့မှုကြောင့် ဘရာဇီးနိုင်ငံ၏ စီးပွားရေးလုပ်ငန်းအများစုမှာ လုပ်ငန်းများ လည်ပတ် နိုင်ခြင်း မရှိတော့ဘဲ စီးပွားရေးလုပ်ငန်းများ၊ တစ်နိုင်တစ်ပိုင်လုပ်ငန်းငယ်များနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ လုပ်ငန်းများဆောင်ရွက်မည့်အချိန် ကို ရွှေ့ဆိုင်းရခဲ့သည့်အတွက် နိုင်ငံသားများ၏ တစ်ဦးချင်း ဝင်ငွေများပါ ကျဆင်းလျက်ရှိသည်။








