Background
အစိုးရအနေဖြင့် ပြည်တွင်းထုတ်လုပ်မှု ပိုလျှံနေမှုကို ကိုင်တွယ်ရန် အတွက် ကြက်ဉ ပြည်ပ တင်ပို့မှုအရှိန်အဟုန်ကိုမြှင့်တင်ဆောင်ရွက်ရန် ကြိုးပမ်းနေကြောင်း သိရှိရပါသည်။ ပြည်တွင်း ကုန်သွယ် ရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် Wattanasak Suriam ၏ ပြောကြားချက်အရ ပြည်တွင်းသို့ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုလျှော့နည်းကျဆင်းလာခြင်း နှင့် ကပ်ရောဂါ အခြေအနေအရ အိမ်မှနေ၍ Online သင်ယူကြသော ကျောင်းသားများ ပိုမိုများပြားလာမှုတို့ကြောင့်ပြည်တွင်းကြက်ဉစားသုံးမှုမှာတစ်နေ့လျှင်စားသုံးမှုကြက်ဉ ၃၈ သန်း သို့သိသိသာသာကျဆင်းခဲ့ကြောင်းပြည်တွင်းကြက်ဉထုတ်လုပ်မှုအနေဖြင့်တစ်နေ့လျှင်ကြက်ဉ (၄၂) သန်း
ထိုင်းနိုင်ငံအစိုးရအနေဖြင့် အင်ဒိုနီးရှားနိုင်ငံအစိုးရနှင့် Government to Government (G2G) စာချုပ်အရ တစ်နှစ်လျှင် ဆန်တန်ချိန်(၁)သန်းရောင်းချရန် နားလည်မှုစာချွန်လွှာ MOU အားယခုလနှောင်းပိုင်းတွင် ရေးထိုးရန် စီစဉ်ထားကြောင်း သိရှိရပါသည်။ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးMr.Jurin Laksanawisit က MOU လက်မှတ်ရေးထိုးမှုအား ယခုလနောက်ဆုံးအပတ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ၎င်းအရ (၄)နှစ်တာကာလအတွက် တစ်နှစ်လျှင် (၁၅)မှတ်နှင့်(၂၅)မှတ်ဆန်ဖြူ(15% to 25% white Rice) ဆန်တန်ချိန်(၁)သန်း ထက်မကျော်လွန်စေဘဲ တင်ပို့သွားရန်ဖြစ်ကြောင်းသိရှိရပါသည်။
ဘရာဇီးလ်နိုင်ငံ၏ဝန်ဆောင်မှုကဏ္ဍသည် ၂၀၂၀ ပြည့်နှစ်တွင် ၄.၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ ဝန်ဆောင်မှုကဏ္ဍနှင့်စက်မှုကဏ္ဍနှစ်ခုပေါင်းသည် ဘရာဇီးလ်နိုင်ငံစီးပွားရေး၏ ၉၅ ရာခိုင်နှုန်းကို ကိုယ်စားပြုလျက်ရှိသည်။ ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါဖြစ်ပွားမှုကြောင့် ဟိုတယ် လုပ်ငန်းများ၊ ကာယလေ့ကျင့်ခန်းနှင့်ပတ်သက်သည့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် စားသောက် ဆိုင်လုပ်ငန်းများကဲ့သို့သော စီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်ခြင်း မရှိခဲ့သဖြင့် ဝန်ဆောင်မှု ကဏ္ဍတွင် ၁၂.၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ အကျိုးဆက်အဖြစ် ၂၀၂၀ ပြည့်နှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ GDP သည် ၄.၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ၂၀၂၁ ခုနှစ်၊ မတ်လ
ဘရာဇီးလ်နိုင်ငံအလယ်ပိုင်း၏ တောင်ဘက်ခြမ်းအပိုင်း၌ ယခုနှစ်ရိတ်သိမ်းရာသီတွင် ကြံထွက် ရှိမှုသည် ယခင်နှစ်ရာသီထွက်ရှိမှုအောက် ၃.၅ ရာခိုင်နှုန်းကျဆင်းနိုင်ပြီး တန်ချိန် ၅၈၆ သန်းခန့် ထွက်ရှိရန် ခန့်မှန်းထားကြောင်း၊ အဆိုပါခန့်မှန်းချက်သည် ၂၀၁၉-၂၀၂၀ ကထွက်ရှိခဲ့သည့် တန်ချိန် ၅၉၀.၃ သန်း အောက် အနည်းငယ်သာလျှော့နည်းကြောင်း၊ ရာသီဥတုအခြေအနေများကြောင့် ကြံအထွက်ပမာဏ ကျဆင်းရခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးအကြံပေးကုမ္ပဏီ DATAGRO က သတင်းဌာနသို့ ပြောကြားခဲ့သည်။
ဘရာဇီးလ်နိုင်ငံရှိ Tocantins ပြည်နယ်၊ Darcinópolis ဒေသတွင် ၂၀၂၀-၂၀၂၁ ခုနှစ် အတွက် သီးနှံရိတ်သိမ်းမှုများဆောင်ရွက်နေစဉ်ကာလတွင် မိုးရွာသွန်းမှုများရှိနေသော်လည်း ပဲပုတ်စိုက်ခင်းများ၏ ၄၀ ရာခိုင်နှုန်းအား ရိတ်သိမ်းပြီး ဖြစ်ကြောင်း၊ မိုးရွာသွန်းမှုကြောင့် အခက် အခဲများရှိနေသော်လည်း သီးနှံရိတ်သိမ်းမှုများအပေါ် ပဲပုတ်စိုက်တောင်သူများအနေဖြင့် ကျေနပ်မှု ရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံ၌ ပြည်တွင်းဈေးကွက်တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် တန်ဖိုးမြှင့်ပြုပြင် ထုပ်ပိုးထားသည့် ကုန်စည်မှအပ ကြက်သွန်နီ အမျိုးအစားများအားလုံး ပြည်ပတင်ပို့ခြင်းအား ၁၄-၉-၂၀၂၀ နေ့မှစတင်၍ တားမြစ်ပိတ်ပင် ထားရာမှ အိန္ဒိယပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ၂၈-၁၂-၂၀၂၀ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၁၅-၂၀ ကို ထုတ်ပြန်လျက် ၁-၁-၂၀၂၁ နေ့မှ စတင်၍ ပြည်ပတင်ပို့မှုကို ပြန်လည်ခွင့်ပြုခဲ့ပါသည်။
အိန္ဒိယ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများဖူလုံရေး ဝန်ကြီးဌာနသည် ပြည်တွင်း၌ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထွက်ရှိနိုင်မှုနှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၀ သီးနှံ စိုက် ပျိုးရေးနှစ်အတွက် အပြီးသတ် ခန့်မှန်းချက်နှင့် ၂၀၂၀-၂၀၂၁ သီးနှံစိုက်ပျိုးနှစ်အတွက် ပထမ အကြိမ် ခန့်မှန်းချက်တို့ကို ၈-၃-၂၀၂၁ နေ့၌ ထုတ်ပြန်ခဲ့ပါသည်။
စီးပွားရေးကို တွန်းအားပေးနိုင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံအစိုးရများအနေဖြင့် ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်များကို အရှိန်မြှင့်တင်ဆောင်ရွက်သင့်ကြောင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း (Organization for Economic Co-operation and Development-OECD) က ပြောကြားခဲ့ကြောင်း၊ OECD အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါမှ ကမ္ဘာ့စီးပွားရေးပြန်လည်နာလန်ထူမှုဆိုင်ရာ အကဲဖြတ်ချက်တွင် ယင်းသို့ တောင်းဆို ထားခြင်းဖြစ်ကြောင်း သိရသည်။ ဥရောပအနေဖြင့် ကာကွယ်ဆေးထိုးနှံမှုတွင် နှောင့်နှေးခြင်းများ ဖြစ်ပေါ်ခဲ့မှုကြောင့် စီးပွားရေးတိုးတက်မှုအပေါ် သက်ရောက်နိုင်မှုကို OECD ၏ ပြန်လည်
ဘယ်လ်ဂျီယံနိုင်ငံ၏ ဂျီဒီပီမှာ ၂၀၂၀ ပြည့်နှစ်၏ စတုတ္ထသုံးလပတ်တွင် (၀.၁) ရာခိုင်နှုန်းဖြင့် ကျဆင်းခဲ့ပြီး၊ မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်သည့်အခြေအနေဖြစ်ခဲ့ကြောင်း၊ အဆိုပါအခြေ အနေမှာ ဗြိတိန်ခွဲထွက်မှုကိစ္စရပ် (Brexit) အတွက် ပြင်ဆင်သည့်အနေဖြင့် ကုန်စည်များကြိုတင် စုဆောင်းဝယ်ယူမှု၏ သက်ရောက်မှုကြောင့် ဘယ်လ်ဂျီယံနိုင်ငံ၏ ပို့ကုန်ကို တွန်းအားပေးသကဲ့သို့ ဖြစ်ခဲ့ခြင်း (stockpiling effect) မှာလည်း အဓိကအကြောင်းအရင်း တစ်ရပ် ဖြစ်နိုင်ကြောင်း၊ အဆိုပါ သက်ရောက်မှုမှာ ယာယီသာဖြစ်ခြင်းကြောင့် ၂၀၂၁ ခုနှစ်၏ ပထမသုံးလပတ်တွင် စီးပွားရေး တိုးတက်မှု လျော့ကျစေလိမ့်မည်ဖြစ်ကြောင်း ဘယ်လ်ဂျီယံအမျိုးသားဘဏ်အရ သိရသည်။
ဗြိတိန်နိုင်ငံအနေဖြင့် Brexit အလွန် အီးယူသို့ ပို့ကုန်တင်ပို့ရာတွင် လက်ရှိဖြစ်ပေါ်နေသည့် နှောင့်နှေးမှုများနှင့် ကုန်ကျစရိတ်မြင့်တက်လာမှုတို့အား ဖြေရှင်းနိုင်ခြင်းမရှိလျှင် ဗြိတိန်၏ ငါးလုပ်ငန်းကဏ္ဍ၌ အလုပ်အကိုင်ဆုံးရှုံးမှုများပိုမိုဖြစ်ပေါ်စေနိုင်ကြောင်း ဗြိတိန်၏ အစိုးရတာဝန်ရှိသူ များအား ငါးလုပ်ငန်းလုပ်ကိုင်သူအဖွဲ့အစည်းများက ပြောကြားကြောင်းသိရသည်။ အသေးစားနှင့် အလတ်စားလုပ်ငန်းများသည် အထူးသဖြင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆုံးရှုံးနိုင်ခြေများကို ပိုမို ကြုံတွေ့ရလျက်ရှိကြောင်းနှင့် အစိုးရပိုင်းအနေဖြင့် အီးယူသို့ ပို့ကုန်တင်ပို့မှုဆိုင်ရာ စည်းမျဉ်းအသစ် များကို ဆောလျင်စွာ ဆွေးနွေးညှိနှိုင်းရန် တ
