Background
အိန္ဒိယပြည်တွင်းဈေးကွက်၌ လတ်တလောကာလတွင် ကြက်သွန်နီနှင့်အာလူးတို့၏ ဈေးနှုန်းများမြင့်တက်လျက်ရှိရာ ဈေးကွက်လိုအပ်ချက်ကိုဖြည့်ဆည်းလျက် ဈေးနှုန်းတည်ငြိမ် ရေးကို ဆောင်ရွက်မှုနှင့်အတူ ပဲမျိုးစုံဈေးကွက် တည်ငြိမ်မှုရှိစေရေးအတွက်လည်း အိန္ဒိယနိုင်ငံအစိုးရသည် မိုဇမ်ဘစ်နိုင်ငံနှင့် အစိုးရချင်းသဘောတူလက်မှတ်ရေးထိုးထားသည့် ပဲစင်းငုံနှင့်အခြားပဲများဝယ်ယူရေး နားလည်မှုစာချွန်လွှာကို နောက်ထပ်ငါးနှစ် သက်တမ်းတိုးမြှင့်မည် ဖြစ်ပြီး မြန်မာနိုင်ငံထံမှ မတ်ပဲကိုလည်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ ဝယ်ယူတင်သွင်းမည်ဟု အိန္ဒိယစားသုံးသူရေးရာဝန်ကြီး Mr.
ဘရာဇီးလျားမြို့၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၆ ရက်။ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှုနှုန်းအား the Gross Fixed Capital Formation (GFCF) နည်းစနစ်ဖြင့်တွက်ချက်ပြီး စက်ပစ္စည်းထုတ်လုပ်မှု၊ ကြာရှည်ခံသည့် ကုန်စည်များ
ဘရာဇီးလျားမြို့၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၅ ရက်။ FGV ၏လေ့လာဆန်း စစ်မှုများ အရ ၂၀၁၁ မှ ၂၀၂၀ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာ တစ်နှစ်လျှင် ပျမ်းမျှ ၂ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းနေသည်။ အစိုးရ ကြွေးမြီများ နှင့်ကော်ပိုရေးရှင်း(ကုမ္ပဏီများအစုအဖွဲ့)နှင့် သက်ဆိုင်သော ကြွေးမြီများမြင့်မားနေသည့်အတွက် မရေရာ မသေချာမှုများသည် စီးပွားရေးပြန်လည် ဦးမော့လာစေရေးကို အတားအဆီးများ ဖြစ်ပေါ်လျက်ရှိသည်။ ယခုဆယ်စုနှစ် အကုန်ပိုင်းတွင် ဘရာဇီးလ်နိုင်ငံစီးပွားရေးသည် ညွှန်းကိန်းများကျဆင်းမှုနှင့်ကြုံတွေ့နိုင်ဖွယ်ရှိနေသည်။ The Brazilian Institute of Economics of theGetulio Vargas Foundation (lbre / FGV) ၏ သုတေသ
ဂျာမနီနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးသည် ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ၂၈ရက်တွင် မြန်မာသံရုံး ဘာလင်မြို့၌ မြန်မာနိုင်ငံ ရန်ကုန်မြို့အခြေစိုက် ဂျာမန်ကုန်သည်စက်မှုအဖွဲ့အစည်း (Delegation of German Industry and Commerce- AHK)မှ Mr.
အိန္ဒိယနိုင်ငံ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပဲစင်းငုံတန်ချိန် ၄ သိန်းအား ပြည်တွင်းရှိ ပဲခွဲစက်လုပ်ငန်းရှင်များသို့ ကိုတာခွဲဝေပေးမှုနှင့်အတူ ၁၅-၁၁-၂၀၂၀ နေ့ နောက်ဆုံးထား၍ အိန္ဒိယဆိပ်ကမ်းသို့အရောက် တင်သွင်းရမည်ဖြစ်ကြောင်းကို အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) က ၁၃-၁၀-၂၀၂၀ နေ့တွင် ၎င်း၏ဒေသဆိုင်ရာ DGFT ရုံးခွဲများသို့ အကြောင်းကြားစာထုတ်ပြန်ခဲ့သည်။
စင်ကာပူနိုင်ငံသည် နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်အပေါ် ထောက်ပံ့မှုအရင်းအမြစ်များ ပိုမိုရရှိစေရေးအတွက် ၂၀၂၁ ခုနှစ် အစောပိုင်းမှစ၍ မလေးရှားနိုင်ငံမှ လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၁၀၀ ကို တင်သွင်းသွားနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး၊ ထိုသို့တင်သွင်းမှုကို (၂) နှစ် စမ်းသပ် ပြုလုပ်သွားမည်ဟု ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီး Mr Chan Chun Sing က ၂၆-၁၀-၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် "Singapore International Energy Week" ဆွေးနွေးပွဲ၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းကြေညာပြောကြားခဲ့ကြောင်း သိရှိရပါသည်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလအတွင်း စင်ကာပူနိုင်ငံ၏ ကုန်စည်ကုန်သွယ်မှုသည် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ပို့ကုန်ပိုင်းတွင် ၂.၁ ရာခိုင်နှုန်း နှင့် သွင်းကုန်ပိုင်းတွင် ၁.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။
ဂျပန်နိုင်ငံတွင် အများဆုံး ၇၂ နာရီအထိ အချိန်တိုနေထိုင်ရန် ဝင်ရောက်လာသည့် ပြည်ပ စီးပွားရေးသမား ခရီးသွားများကို သီးခြားခွဲနေရန် အချိန်ကာလ ကန့်သတ်ချက်ကို ဖြေလျော့ ဖယ်ရှားရေး ဂျပန်အစိုးရက စဉ်းစားပြင်ဆင်နေကြောင်း သိရပါသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်ထားနိုင်သည့် နိုင်ငံနှင့် နယ်မြေများမှ ခရီးသွားများအပေါ် ယခုကဲ့သို့ ကင်းလွတ်ခွင့်ပြုခြင်းကို ကျင့်သုံးရန် ဂျပန်အစိုးရက စဉ်းစားနေခြင်း ဖြစ်ပါသည်။
ဂျပန်နိုင်ငံတွင် အိမ်သုံးလျှပ်စစ်ပစ္စည်းကြီးများ ရောင်းချရမှုသည် ဧပြီလမှ စက်တင်ဘာ လအတွင်း ဆက်လက် မြင့်မားနေကြောင်း သိရပါသည်။ အကြောင်းအရင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေသည့် ကာလအတောအတွင်း လူအများ အိမ်မှာနေကြသည့်အတွက် ယခုကဲ့ သို့ အိမ်သုံးလျှပ်စစ်ပစ္စည်းရောင်းအား မြင့်တက်လာခြင်းဖြစ်ပါသည်။
အမေရိကန် ဆေးကုမ္မဏီကြီး Pfizer က ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး၏ လက်တွေ့စမ်းသပ်မှုများကိုမကြာခင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ လက်တွေ့စမ်းသပ်မှုတွင် အသက် ၂၀ မှ ၈၅ နှစ်အကြား ဂျပန်နိုင်ငံသား ၁၆၀ ဦး ပါဝင်မည်ဖြစ်ကြောင်း Pfizer က အောက်တိုဘာလ ၂၀ ရက်နေ့က ကြေညာခဲ့ပါသည်။ အဆိုပါ လူပုဂ္ဂိုလ် ၁၆၀ ဦးကို သီတင်း ၃ပတ်ခြားကာ ကာကွယ်ဆေး ၂ ကြိမ် ထိုးကာ စမ်းသပ်မည် ဖြစ်ပြီး ကုမ္ပဏီက စမ်းသပ်မှုများကို ယခုအောက်တိုဘာလအတွင်းမှာပင် စတင်ရန် စီစဉ်ထားကြောင်း သိရပါသည်။
