Main menu

Background

Thursday, 15 Oct 2020

ကပ်ရောဂါကြောင့် ထိခိုက်သည့် စီးပွားရေးလုပ်ငန်းများအတွက် ၎င်းတို့၏ လုပ်သားများ အားဝင်ငွေ ထောက်ပံ့ပေးနိုင်စေရေး ဘဏ္ဍာရေးအကူအညီအဖြစ် ယူရိုဘီလီယံ ၁၀၀ ကို ဥရောပ ကော်မရှင်က အသုံးပြုသွားမည်ဟုသိရသည်။ အဆိုပါ ရန်ပုံငွေအထောက်အပံ့သည် အီးယူအဖွဲ့ဝင်နိုင်ငံများအနက် နိုင်ငံပေါင်း ၁၇ နိုင်ငံသို့ ချေးငွေပေးအပ်သွားမည်ဖြစ်ပြီး၊ ချေးငွေရရှိသည့် နိုင်ငံများသည် ကာလတို အလုပ်အကိုင်အစီအစဉ် (short-time work schemes) ဟု ခေါ် တွင်သည့် ပုံစံဖြင့် အဆိုပါချေးငွေ များကို ရင်းနှီးမြှုပ်နှံကြမည်ဖြစ်သည်။ လုပ်သားများအတွက် အလုပ်ချိန်လျှော့ချရပြီး လုပ်ခလစာ ဆက်လက်ပေးအပ်လိုသည့် စီးပွားရေးလုပ်ငန်းများအား အလုပ်အကိုင် ဆက်လက်ပေးထားနို

Tuesday, 13 Oct 2020

အိန္ဒိယနိုင်ငံအစိုးရသည် ပြည်တွင်းဈေးကွက်တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် တန်ဖိုးမြှင့်ပြုပြင်ထုပ်ပိုးထားသည့် ကုန်စည်မှအပ ကြက်သွန်နီ အမျိုးအစားများအားလုံး ပြည်ပတင်ပို့ခြင်းအား ၁၄-၉-၂၀၂၀ နေ့မှစတင်၍တားမြစ် ပိတ်ပင်ထားရာမှ Bangalore Rose နှင့် Krishnapuram အမျိုးအစား ကြက်သွန်နီများအား စည်းကမ်းသတ်မှတ်ချက်များဖြင့် ပြန်လည် တင်ပို့ခွင့်ပြုကြောင်း ၉-၁၀-၂၀၂၀ နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၃၉/၂၀၁၅-၂၀ ကို ထုတ်ပြန် ခဲ့ပါသည်။

Tuesday, 13 Oct 2020

အိန္ဒိယနိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သည့် ပြည်ပရှိ အစုရှယ်ယာများအား လွှဲပြောင်းရယူခဲ့မှုအပေါ်  ဝင်ငွေခွန်၊ ဒဏ်ကြေးနှင့် အတိုးငွေ စုစုပေါင်း ရူပီးငွေ ၂၂၁ ဘီလီယံကို ပေးဆောင်ရန် အိန္ဒိယအစိုးရ၏ တောင်းဆိုမှုအား တရားရင်ဆိုင်ဖြေရှင်းခဲ့ရာတွင် နယ်သာလန်နိုင်ငံ The Hague မြို့ရှိ အငြင်းပွားမှုဖြေရှင်းရေး အမြဲတမ်းတရားရုံး (Permanent Court of Arbitration) က Vodafone အများပိုင်ကုမ္ပဏီအုပ်စုအနေဖြင့် ၎င်းငွေများကို ပေးဆောင်ရန် တာဝန်မရှိကြောင်း ၂၅-၉-၂၀၂၀ နေ့၌ စီရင်ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။

Monday, 12 Oct 2020

တရုတ်နိုင်ငံတွင် အော်ဂဲနစ်ထုတ်ကုန်များအတွက် ဝယ်လိုအားမြင့်တက်လာသဖြင့် ၎င်းထုတ်ကုန်များထုတ်လုပ်မှုတွင် တရုတ်ဘက်မှ လုပ်ငန်းမိတ်ဖက်များနှင့် လုပ်ငန်းလုပ်ကိုင်သွားရန် ဒိန်းမတ်နိုင်ငံမှ စားသောက်ကုန်ထုတ်လုပ် သူများက ယုံကြည်မှုမြင့်မားလျက်ရှိကြကြောင်း  ဒိန်းမတ်အစားအသောက်လုပ်ငန်းလုပ်ကိုင်နေသူ ထိပ်တန်းလုပ်ငန်းရှင်တစ်ဉီးက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်ဟု သိရပါသည်။ 

Monday, 12 Oct 2020

ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်  တရုတ်-အာဆီယံပြည်သူ့ ကျန်းမာရေး ဆက်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးစင်တာ တည်ဆောက်ရေးအား အရှိန်မြှင့်တင်ရန်နှင့် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက် ရှိုင်းစေရန် တရုတ်-အာဆီယံ ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကဲ့သို့ ပေါင်းကူးဆက်သွယ် ပေးသည့် platformများအား အပြည့်အဝအသုံးပြုသွားမည်ဟု ကွမ်ရှီးကျန်းမာရေး ကော်မရှင်၏ ညွှန်ကြားရေးမှူး Liao Pinhuက ကြေညာထားပါသည်။

Monday, 12 Oct 2020

စက်တင်ဘာ ၂၅ ရက်တွင် Guangxi Luobawang Food Co Ltd မှ ထုတ်လုပ် သည့် တရုတ်ဆန်ခေါက်ဆွဲအမျိုးအမယ်တစ်မျိုးဖြစ်ကာ လျိုကျိုးမြို့၏ အထင်ကရဟင်း လျာဖြစ်သည့် အသင့်စားလော်ဆစ်ဖန်မြစ်ခရုခေါက်ဆွဲပုံး ၇၆၀ အား လျိုကျိုးအကောက်ခွန်ဌာနက စစ်ဆေးခွင့်ပြုခဲ့သဖြင့် အီတလီနိုင်ငံသို့ ပို့ဆောင်လိုက်ပြီဖြစ်ပါသည်။ ၎င်းပို့ဆောင်မှုအရ ဉရောပဈေးကွက်သို့ လော်ဆစ်ဖန်မြစ်ခရုခေါက်ဆွဲ၏ တရားဝင်ဝင်ရောက်မှုစတင်ပြီဖြစ်ကြောင်း သိရပါ သည်။

Monday, 12 Oct 2020

တရုတ်နိုင်ငံ၏ ထိပ်တန်းလုပ်ငန်း ၅၀၀ စာရင်းနှင့် ထိပ်တန်းစက်မှုကုန် ထုတ်လုပ်သူ ၅၀၀ စာရင်းတို့အား တရုတ်လုပ်ငန်းမဟာမိတ်နှင့် တရုတ်လုပ်ငန်းဒါရိုက် တာများအသင်းက မကြာသေးမီက ထုတ်ပြန်ခဲ့ပါသည်။ ၎င်းစာရင်းများ အနက် တရုတ်၏ ထိပ်တန်းလုပ်ငန်း ၅၀၀ စာရင်းတွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ လုပ်ငန်း ရှစ်ခုတို့က စံချိန်တင်ပါဝင်ခဲ့သည်ကို တွေ့ရပါသည်။

Monday, 12 Oct 2020

ကွမ်ရှီး စီးပွားရေးလုပ်ငန်းများနှင့် အလုပ်ရှင်များ မဟာမိတ်အဖွဲ့က ၂၀၂၀ ပြည့်နှစ်၏ ထိပ်တန်းစီးပွားရေးလုပ်ငန်း ၁၀၀၊ ထိပ်တန်းစက်မှုကုန်ထုတ်လုပ်ငန်းရှင် ၅၀ နှင့် ထိပ်တန်းဝန်ဆောင်မှုလုပ်ငန်း ၅၀ တို့၏ စာရင်းအား မကြာသေးမီ က ထုတ်ပြန်ကြေညာခဲ့ပါသည်။  ရုံးချုပ်များ တည်ရှိရာမြို့တော်များအားဖြင့် နန်နင်းမြို့မှ လုပ်ငန်း ၄၇ ခု ပါဝင်ကာ ဝင်ငွေစုစုပေါင်းမှာ ယွမ်ငွေ ၉၃၃ ဒသမ ၅၂၄ ဘီလီယံရှိကြ၍  စုစုပေါင်းလုပ်ငန်း များ၏ ၅၈ ဒသမ ၄၁ ရာခိုင်နှုန်းရှိ သည်ကို တွေ့ရပါသည်။

Monday, 12 Oct 2020

မကြာသေးမီက ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တရုတ်-အာဆီယံ ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းဇုန်အား စတင်တည်ဆောက်လိုက်ပြီဖြစ်ပါသည်။ ၎င်းစီမံ ကိန်း၏ ပထမအဆင့်တွင် စင်တာ ခြောက်ခုနှင့် အခြေပြုနေရာ တစ်ခုတည်ဆောက်ရေး သတင်းအချက်အလက်နည်းပညာအသုံးပြုမှုတွင် တီထွင်ဆန်းသစ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်မှုတို့အပေါ် ချဉ်းကပ်တည်ဆောက်သွားမည်ဖြစ်ပါသည်။   သတင်းအချက်အလက် နည်းပညာ တီထွင်ဆန်းသစ် မှုများကို အသုံးပြုရေးအတွက် “whole industry + adaptation” ချိတ်ဆက်မှုတစ်ရပ် ဖြစ်ပေါ်လာရန် ဟွာဝေး Kunpeng System ၊ China Electronics PKS Systemနှင့် CENC၏ ecological enterprisesများကို မိတ်ဆက်သွားမည် ဖြစ်ကြောင်း သ

Thursday, 8 Oct 2020

ကိုရိုနာကပ်ရောဂါပြန့်ပွားနေမှုကြောင့် ဂျပန်နိုင်ငံသို့ ပြည်ပခရီးသွားများ ဝင်ရောက်မှု သိသိသာသာ လျော့ကျလာပြီး ပြည်တွင်းခရီးသွားလုပ်ငန်းမှ ဝင်ငွေစုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ကြောင်း Resona Research Institute ၏ ခန့်မှန်းသုံးသပ်ချက်အရ သိရသည်။

Pages