Main menu

Background

Thursday, 8 Oct 2020

ဆန်ကို အသင့်ချက်ပြီးထုပ်ပိုးတင်ပို့မှုသည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဇူလိုင်လ အတွင်းတွင် ယန်း ၃၆၅ သန်း၊ တန်ချိန်အားဖြင့် ၆၈၁ တန်ထိ တင်ပို့နိုင်ခဲ့ကြောင်း၊ အဆိုပါ ပမာဏသည် ယခင်ကာလတူနှစ်မှ တင်ပို့မှုထက် ၂၃ ရာခိုင်နှုန်းအထိ ပိုမိုတင်ပို့နိုင်ခဲ့ ကြောင်း ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းဇယားများအရ သိရသည်။

ကိုရိုနာကပ်ရောဂါပြန့်ပွားနေချိန်အတွင်း လူအများနေအိမ်တွင်သာ နေထိုင်စား သောက်ကြသည့်အတွက် အရသာကောင်းမွန်ပြီး လွယ်လွယ်ကူကူအသင့်စားနိုင်သည့် အသင့် ချက်ထားသော ထမင်းဘူးများသည် ပြည်ပတိုင်းပြည်များတွင် လိုအပ်ချက် မြင့်မားလာပါ သည်။

Thursday, 8 Oct 2020

ဂျပန်နိုင်ငံက ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ကို ထိခိုက်စေသည့် ပြည်ပနိုင်ငံများ နှင့် ခရီးသွားလာမှု ပိတ်ပင်ကန့်သတ်မှုများကို တဖြည်းဖြည်းချင်း ဖြေလျော့ခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံ Luzon ဒေသမှ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်သူ ၃၀၀ ခန့်သည် ၎င်းတို့ စိုက်ပျိုးထားသည့် ရုံးပတီသီးများကို ဂျပန်နိုင်ငံသို့ တင်ပို့ရန် ပြင်ဆင်နေကြကြောင်း သိရပါ သည်။

Thursday, 8 Oct 2020

ဂျပန်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံနှင့် နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ ကိစ္စများနှင့် ခရီးသွားလာခွင့်ဆိုင်ရာ ကိစ္စရပ်များကို အစောဆုံးအနေဖြင့် အောက်တိုဘာလ ပထမသီတင်းပတ်တွင်  စတင်ရန် သဘောတူရန် အလားအလာ ရှိနေကြောင်း သိရသည်။  

Thursday, 8 Oct 2020

ဂျပန်နိုင်ငံရှိ အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်သည့် Japan Investment Corp. (JIC) ကဲ့သို့ ရန်ပုံငွေအဖွဲ့အစည်းများသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် စီးပွားရေး လုပ်ငန်းဝင်ငွေများ ကျဆင်းမှုနေချိန်တွင် ရင်းနှီးမြှုပ်နှံမှု များ မြှင့်တင်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေကြပါသည်။

Wednesday, 7 Oct 2020

၂၀၂၀ ပြည့်နှစ် ပထမရှစ်လအတွင်း တရုတ်နိုင်ငံ၏ ပြည်ပတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု (Overseas Direct Investment)ပမာဏသည် ယွမ် ၄၈၀ ဒသမ ၄၅ ဘီလီယံ(အမေရိကန် ဒေါ်လာ ၆၈ ဒသမ ၄၈ ဘီလီယံ)ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ပထမရှစ်လနှင့်နှိုင်းယှဉ်ပါက ၂ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ သို့သော်လည်း ၂၀၂၀ ပြည့်နှစ် ပထမရှစ်လအတွင်း Belt and Road Initiative လမ်းကြောင်းတစ်လျှောက်ရှိနိုင်ငံများနှင့်ဒေသများတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ မြင့်တက်လာ ခဲ့ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

Wednesday, 7 Oct 2020

တရုတ်နိုင်ငံအတွင်းသို့ အေးခဲအသားများ ထုတ်လုပ်တင်သွင်းလျက်ရှိသည့်နိုင်ငံပေါင်း ၁၉ နိုင်ငံနှင့် ဒေသများမှ COVID-19 ကမ္ဘာ့ကပ်ရောဂါကူးစက်ခြင်းခံရသည့် လုပ်သားများ တွေ့ရှိခဲ့ရသည့် ကုမ္ပဏီ ၅၆ ခုမှအေးခဲအသားများ တင်သွင်းမှုအား ဆိုင်းငံ့ထားခဲ့ကြောင်း၊ အဆိုပါကုမ္ပဏီများအနက် ၄၁ ခုသည် ၎င်းတို့၏ သဘောဆန္ဒအလျောက် ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်ဟု တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့မှ ပြောကြားခဲ့ကြောင်း သိရှိရသည်။

Wednesday, 7 Oct 2020

၂၀၂၀ ပြည့်နှစ် ဩဂုတ်လအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏယွမ် ၂ ဒသမ ၈၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၂၁ ဒသမ ၆၉ ဘီလီယံ) ရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ် ကာလတူထက် ခြောက်ရာခိုင်နှုန်းမြင့် တက်ခဲ့ ကြောင်း၊ ပို့ကုန်ပမာဏ ယွမ်၁ ဒသမ ၆၅ ထရီလီယံ ရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ကာလတူထက် ၁၁ ဒသမ  ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့သော်လည်း သွင်းကုန်ပမာဏမှာမူ သုည ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ကုန်သွယ်ရေး ပိုငွေပမာဏ ယွမ် ၄၁၆ ဒသမ  ၅၉ ဘီလီယံရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ထက် ၇၄ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Custo

Wednesday, 7 Oct 2020

တရုတ်နိုင်ငံသည် COVID-19 ကမ္ဘာ့ကပ်ရောဂါကာကွယ်ရန်၊ ထိန်းချုပ်ရန် စီမံဆောင် ရွက်မှုများ ချမှတ်လုပ်ဆောင်ခဲ့သည့်နည်းတူ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု များ စဉ်ဆက်မပြတ် ရရှိအောင်ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း တရုတ် နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးသည် နှစ်ရာခိုင်နှုန်း ဖွံဖြိုးတိုးတက်လာမည်ဟု ကမ္ဘာ့ဘဏ်မှထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ပြည်တွင်းလုပ်ငန်းများလည်ပတ်မှုဆက်လက်တိုးတက်လျက် ရှိပြီး COVID-19 ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ဆေး တရားဝင်ရရှိသည့်အခါ နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်လာမည်ဖြစ်ကြောင်း၊ လာ မည့် ၂၀၂၁ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ပြည်တွင်းအသားတင်ထ

Wednesday, 7 Oct 2020

COVID-19 ကမ္ဘာ့ကပ်ရောဂါကာကွယ်ဆေးအား ထုတ်လုပ်နိုင်ရန် လက်ရှိတွင် ကမ္ဘာ့နိုင်ငံအများစု၌ အပြိုင်အဆိုင်ကြိုးပမ်းထုတ်လုပ်လျက်ရှိပြီး ကာကွယ်ဆေး ထွက်ရှိလာသည့်အခါ ဈေးနှုန်းမည်မျှဖြင့် ဈေးကွက်အတွင်းရောင်းချမည်ကို မသိရှိသော်လည်း တရုတ် နိုင်ငံအနေဖြင့် ထုတ်လုပ်မည့်ကာကွယ်ဆေးအား သင့်တော်မျှတသည့်ဈေးနှုန်းဖြင့် ကမ္ဘာ့နိုင်ငံများသို့ ဖြန့်ချိရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ အလားတူပင် တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ကာကွယ်ဆေးများလှူဒါန်းခြင်း၊ အထောက်အပံ့အဖြစ်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် လက်ရှိဖြစ်ပေါ် လျက်ရှိသည့် COVID-19 ကမ္ဘာ့ကပ်ရောဂါအခြေအနေကြောင့် COVI

Wednesday, 7 Oct 2020

ဗြိတိန်နိုင်ငံသည် အီးယူ၏ဘုံဈေးကွက်နှင့် အကောက်ခွန်သမဂ္ဂမှ ယခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ထွက်ခွာနိုင်ရေးပြင်ဆင်ဆောင်ရွက်လျက်ရှိရာ သွင်းကုန်အပိုင်းတွင် နှောင့်နှေးမှုရှိလာခဲ့ပါက အဆင်ပြေစေရန်အတွက် သီတင်းပတ် ခြောက်ပတ်စာ ဆေးဝါးကုန်စည်များကို အရန်အဖြစ် စုဆောင်းထားရှိရန် ဗြိတိန်အစိုးရက ဆေးဝါးကုမ္ပဏီများအား တိုက်တွန်းထားကြောင်း သိရသည်။ ကမ္ဘာ့ထုတ်လုပ်မှုကွင်းဆက်သည် COVID-19 ကပ်ရောဂါကြောင့်ဖိအားများရှိနေ သဖြင့် အရေးပေါ် အစီအမံများ၏ အဓိကအစိတ်အပိုင်းတစ်ရပ်အဖြစ် ဆေးဝါးကုမ္ပဏီများအား ကုန်ပစ္စည်းများကိုအရန် စုဆောင်းထားရှိရန် တိုက်တွန်းထားခြင်းဖြစ်သည်ဟု ဗြိတိန်၏ ကျန်းမာရေးဝန်ကြီးဌာနက ဆေးဝါးကုမ္ပဏီများသို့ ပေး

Pages