Background
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန်ကြိတ်ခွဲရာမှ ထွက်ရှိလာသော ဘေးထွက်ပစ္စည်း စပါးခွံကို အသုံးပြု၍ ထင်း၊ မီးသွေးအစား ကုန်ကျစရိတ်သက်သော စပါးခွံလောင်စာတောင့် ပြုလုပ်ရောင်းချ နေသည့် လုပ်ငန်းရှင် ၁၄ ဦးရှိပြီး ယခုအခါ အသစ်တည်ဆောက်မည့် လုပ်ငန်းရှင် ခြောက်ဦးခန့်ရှိကြောင်း လောင်စာတောင့်လုပ်ငန်းရှင်များထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့ပြလူဦးရေ ၁၅ ရာခိုင်နှုန်း၊ ကျေးလက်နေလူဦးရေ ၈၅ ရာခိုင် နှုန်းခန့်ရှိပြီး စွမ်းအင်အသုံးပြုမှုတွင် မြို့ပြမှာ လျှပ်စစ်၊ မီးသွေး၊ ဂက်(စ်)အများဆုံး အသုံးပြု၍ ကျေးလက် တွင် သစ်တောထွက် ထင်း၊ မီးသွေးအများဆုံး သုံးစွဲလျက်ရှိသည်။
ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက်တွင်Global Petrol Prices Website ၌ ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၁ နိုင်ငံအနက် အိုင်ယာလန်နိုင်ငံသည် ယခုတစ် ပတ်တွင် ၁ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး အာဂျင်တီးနားနိုင်ငံတွင် သုည ဒသမ ၉ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံတွင် သုည ဒသမ ၅၀ ရာခိုင်နှုန်းနှင့် ရုရှားနိုင်ငံတွင် သုည ဒသမ ၅ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့် တက်ခဲ့သည့် နိုင်ငံပေါင်း ၁၂ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက်တွင် ွှ့ငေ ျွငခန နထစသမအနမ ဗျသခငအေငသည ျွှနဘျငအန ၌ ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၂ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၆၂ ဒေါ်လာဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိ ရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ် ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၃၂ ဒေါ်လာဖြင့် လည်း ကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၁၈ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန် တစ်တန်လျှင် အမေရိကန်ဒေါ
ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည်အ ပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ကမ္ဘာ့ရွှေဈေးသည် ၂၀၂၃ ခုနှစ် ဇွန် ၂၂ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၂၈ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှဇွန် ၂၈ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၁၉၀၉ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းရွှေဈေးသည်လည်း ၂၀၂၃ ခုနှစ် ဇွန် ၂၂ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၀၃၅၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှ ဇွန် ၂၈ ရက်တွင်ကျပ် ၃၂၇၀ဝ၀ဝ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။ ယခု၂၀၂၃ ခုနှစ်အတွင်း
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ဇွန် ၂၈ ရက် နံနက်ပိုင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ် ခဲ့သည်။ အစည်းအဝေးတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက အမှာစကားပြောကြားခဲ့သည်။
မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၃)ကို ဇွန် ၂၁ ရက် နံနက် ၉ နာရီ က နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ညီလာခံခန်းမ၌ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
မိုးရာသီကာလ ရောက်ရှိလာပြီဖြစ်သဖြင့် မကွေးမြို့ပေါ်ရှိ ပန်းအလှပင်၊ သီးပင်၊ စားပင်များ စိုက်ပျိုးရောင်းချနေသော အရောင်းဆိုင်များ၌ အရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရှိရ သည်။
ဆန်စပါးသည် မြန်မာနိုင်ငံတွင် ရှေးနှစ်ပေါင်းများစွာကပင် စိုက်ပျိုးထုတ်လုပ်ခဲ့သည့် အဓိကစားကုန်၊ စားနပ်ရိက္ခာတစ်မျိုးဖြစ်သည်။ စက်ယန္တရားများ မပေါ်ပေါက်သေးသည့် အချိန်ကာလ ကတည်းကပင် နည်းမျိုးစုံဖြင့် စပါးကို ဆန်ဖြစ်အောင် ပြုလုပ်စား သောက်ခဲ့ကြသည်။ လက်ဆုံ၊ မောင်းဆုံတို့ဖြင့် ထောင်း၍ ဆန်ဖြစ် အောင် ပြုလုပ် စားသုံးခဲ့ကြသည်။ ၁၈၆၀ ပြည့်နှစ်ခန့်တွင် အင်္ဂလန် နိုင်ငံမှ ပညာရှင်နှစ်ဦးက ဆန်စက်ကို တီထွင်ထုတ်လုပ်ခဲ့ကြပြီး ဆန် စက်ဖြင့် စပါးကို ကြိတ်ခွဲလာခဲ့ကြရာ ယခုအခါတွင် ခေတ်မီဆန်စက် များ များစွာပေါ်ထွက်လာ၍ ဆန်စက်ဖြင့်သာ စပါးကြိတ်ခွဲခြင်းကို ပြုလုပ်ကြသည်။
စစ်ကိုင်းစက်မှုဇုန်၌ စားသောက်ကုန် ထုတ်လုပ်သည့် စက်ရုံ ကိုးရုံရှိသည့်အနက် Global Distribution Partner လုပ်ငန်းသည် အသင့်စား စားသောက်ကုန်ဖြစ်သော ရှမ်း ခေါက်ဆွဲသုပ်၊ ဆီချက်ခေါက်ဆွဲနှင့် တိုဟူးနွေးတို့ကို ထုတ် လုပ်သော လုပ်ငန်းတစ်ခုဖြစ်သည်။ လုပ်ငန်းကို ၂၀၂၁ခုနှစ် စက်တင်ဘာလက မတည်ရင်းနှီးငွေ ကျပ်သိန်း ၅၀ဝခန့်ဖြင့် စတင်ခဲ့သည်။ စက်ရုံ၌ ကုန်ကြမ်းဆန် ခေါက်ဆွဲခြောက်များ အား ကိုယ်တိုင်ပြုလုပ်ပြီး ပဲငါးပိကို သီပေါမြို့မှလည်းကောင်း၊ ကြက်သွန်ဖြူကြော်နှင့် မြေပဲလှော်အား မန္တလေးမြို့မှလည်း ကောင်း ဝယ်ယူကြောင်း သိရသည်။
ဇွန် ၁ ရက်မှ ၁၄ ရက်အထိ စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း၂၃၀ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့ အိပ်ချိန်း (YSX) မှ သိရသည်။
အဆိုပါကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာ အစောင် ရေ စုစုပေါင်း ၉၃၇၄၁ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၂၃၃ ဒသမ ၂၆ သန်း ရှိခဲ့ ခြင်းဖြစ်သည်။