Main menu

Background

Tuesday, 7 Nov 2023

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်အတွင်း အင်းရွာ၊ မြတောင်၊ တွင်းငယ်စိုက်ကွင်းများမှ ရိတ် သိမ်းထွက်ရှိမည့် ကြံများကို ကျိုချက်မည့်ပွက်သားများ၊  သကြားနှင့်သကာရည် ကုန်စည်ဒိုင်အသင်း (မန္တလေး)  သို့ စတင်ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။ မန္တလေးကုန်စည်ဒိုင် ဈေးကွက်အတွင်းသို့  ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်အတွင်း  ငါးအိုး၊   မိုးဒါး၊  ရွှေကူစိုက်ကွင်းများမှ ရိတ်သိမ်းထွက်ရှိသော ကြံများကို ကျိုချက်မည့် ပွက်သားအသစ်များ လှိုင်လှိုင်ဝင်ရောက်မည် ဖြစ်ကြောင်း သိရသည်။ 

Tuesday, 7 Nov 2023

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံ သောနိုင်ငံဖြစ်ပြီး စပါးကို အဓိကထားစိုက်ပျိုးသော နိုင်ငံဖြစ်သည်။   စပါးများကို ခေတ်မီဆန်စက်များ တွင် ကြိတ်ခွဲ၍ ထွက်ရှိလာသော ဆန်၊ဆန်ကွဲ၊  ဖွဲနု၊ ဖွဲကြမ်းများကို နည်းလမ်းမျိုးစုံဖြင့် အသုံးပြုလျက်ရှိ ကြသည်။ ဆန်သည် လူတို့အတွက် အရေးအကြီး ဆုံး အာဟာရဖြစ်ပြီး ဖွဲနုသည်လည်း တိရစ္ဆာန်များ အတွက် အစားအစာအဖြစ် အသုံးပြုရသည်။   ငါး၊ ကြက်၊ ဝက်၊ နွားနှင့် အိမ်မွေးတိရစ္ဆာန်များအတွက် အရေးပါသည့် အစားအစာတစ်မျိုးဖြစ်သည်။

Tuesday, 7 Nov 2023

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်(၁၉) ကပ်ရောဂါနှင့်ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည်အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ကမ္ဘာ့ရွှေဈေးသည် အောက်တိုဘာ ၂၆ ရက်တွင် ရွှတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၈၆ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှနိုဝင်ဘာ ၁ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၁၉၇၈ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရှိရပြီး ပြည်တွင်းရွှေဈေးသည်လည်း အောက်တိုဘာ ၂၆ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၄၃၆၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာ ၁ ရက်တွင်ကျပ် ၃၄၇၀ဝ၀ဝ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Tuesday, 7 Nov 2023

မြန်မာနိုင်ငံ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် သိုလှောင်မှုများ စနစ်တကျရှိစေရေးအတွက် စပါးတင်း ၅၀ဝ၀ (သို့) ဆန်တန် ၅၀ အထက် ဆန်စပါးသိုလှောင်မှု အခြေအနေများအား  ဒီဂျစ်တယ်နည်းလမ်း  အွန်လိုင်းမှတ်ပုံတင်စနစ် Myanmar Rice Online(MyRo) ဖြင့် မှတ်ပုံတင်နိုင်ရေး၊ သိုလှောင်လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်နိုင်စေရေး၊ ဆန်စပါး ဈေးကွက် တည်ငြိမ်မှန်ကန်စွာ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါးသိုလှောင်မှုကို စနစ်တကျ မှတ်ပုံတင်စာရင်း ပြုစုထားနိုင်ရေး၊ သင့်တင့်မျှတတည်ငြိမ်သော ဆန်ဈေးကွက်နှင့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေး စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး

Tuesday, 7 Nov 2023

ကမ္ဘာပေါ်တွင် စားသုံးဆီကို အင်အားဖြစ်စေသော ပင်မ အစားအစာအဖြစ် သတ်မှတ်၍ ချက်ပြုတ်ခြင်းနှင့် မုန့်ဖုတ်ခြင်းတို့တွင်  အဓိက အသုံးပြုကြသည်။   ချက်ပြုတ်ခြင်းအတွက် ဆီအရည်ပိုင်း များသော မပြည့်ဝဆီများကိုအသုံးပြုလေ့ရှိကြပြီး မုန့်ဖုတ်လုပ်ငန်း များတွင် လုပ်ငန်းသဘာဝ လိုအပ်ချက်အရ အခဲပိုင်းပါသော ပြည့်ဝ အဆီများကို အသုံးပြုလေ့ရှိသည်။ 

Tuesday, 7 Nov 2023

စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ကြည့်မြင်တိုင်မြို့နယ် ထီးတန်းဆိပ်ကမ်းရှိ စားသုံးဆီသိုလှောင်ကန်များ၌ စားသုံးဆီရောက်ရှိ  သိုလှောင်ထားရှိမှု အခြေအနေများ၊ ဆီအရည်အသွေးစစ်ဆေးမှု အခြေအနေများ၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံဆောင်ရွက်ထားရှိမှုများ၊ ဖြန့်ဖြူးပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး  သတ်မှတ်အရည်အသွေးအတိုင်း ထိန်းသိမ်းဖြန့်ဖြူးရေး၊ လျော့နည်းမှုမဖြစ်စေရေး၊ သတ်မှတ်အချိန်အတွင်း ဖြန့်ဖြူးရေးမှာကြားခဲ့သည်။

Tuesday, 7 Nov 2023

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၈) သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၄ ရက် နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသ ကြီး ပန်းဘဲတန်းမြို့နယ် ကမ်းနားလမ်းနှင့် ရွှေဘုံသာ လမ်းထောင့်ရှိ ရန်ကုန်တိုင်းဒေသကြီး ကုန်သွယ်ရေး ရုံး၊ ပဉ္စမထပ်ရှိ  ညီလာခံခန်းမ၌   ကျင်းပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက် အဖွင့် အမှာစကား ပြောကြားခဲ့သည်။

Monday, 23 Oct 2023

Online Sales  မှတ်ပုံတင်လျှောက်ထားမှုအတွက် အင်တာနက် ရရှိသည့် မည်သည့်နေရာမှမဆိုeComReg Systemတွင် ကွန်ပျူတာ၊ မိုဘိုင်းဖုန်းများအသုံးပြု၍   လျှောက်ထားနိုင်သည့်စနစ်ဖြစ်သည်။ စနစ်အသုံးပြုရမည့်URL rSm https://www.ecomreg.gov.mm Online Payment  များဖြင့်ငွေပေးသွင်းရမည်ဖြစ်ပြီး လက်ရှိတွင်  AYA Pay (or) MPU(e-Commerce Pay)  တို့ဖြင့် ပေးသွင်း ရမည်ဖြစ်သည်။
အမျိုးအစားရွေးချယ်လျှောက်ထားခြင်း

Monday, 23 Oct 2023

ဧရာဝတီတိုင်းဒေသကြီးရှိ  ထိပ်တန်းနို့စားနွားမွေးမြူရေးခြံသည်  ညောင်တုန်းမြို့နယ် ကျုံတမာ ကျေးရွာအုပ်စု၊ ပဲရုံဆိပ်ကျေးရွာ ရန်ကုန်-ပုသိမ်ကားလမ်းမကြီးဘေး မိုင်တိုင်အမှတ် (၃၇/၄)တွင် တည် ရှိပြီး ခြံအကျယ်တစ်ဧကနှင့် စားကျက် ၅ဒသမ ၅ဧကရှိပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှစ၍ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ကျပ်သန်း ၂၅၀ခန့်ဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းစတင်ချိန်တွင် လုပ်သားအင်အား ၂၃ ဦး ခန့်ရှိသည်။

Monday, 23 Oct 2023

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်Global Petrol Prices Website  တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများ အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၄ နိုင်ငံအနက် ကင်ညာနိုင်ငံသည် ယခု တစ်ပတ်တွင် ၂ ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့် ဆုံးနိုင်ငံဖြစ်ခဲ့ပြီး Puerto Rico နိုင်ငံတွင် သုည ဒသမ ၇၀ ရာခိုင်နှုန်း၊ ပိုလန်နိုင်ငံတွင် သုည ဒသမ ၅၀ ရာခိုင်နှုန်းနှင့် ဂျာမနီနိုင်ငံတွင် သုည ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်း မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ခုနစ်နိုင်ငံရှိကြောင်း တွေ့ရှိရသည်။

Pages