Main menu

Background

Friday, 27 Aug 2021

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန (Ministry of Trade, Industry and Energy-MOTIE) ၏ ကိုယ်စား Korea Food Research Institute (KFRI) အဖွဲ့နှင့် ပူးပေါင်း၍ ကိုရီးယားသမ္မတနိုင်ငံ၏ Official Development Assistance-ODA) Grant အစီအစဉ်ဖြင့် မြန်မာနိုင်ငံ၏ စားသောက်ကုန် ထုတ်လုပ် သည့် ကုမ္ပဏီများအား နည်းပညာပိုင်းဆိုင်ရာ အကူအညီများပံ့ပိုးပေးမည့် ( Korea-Myanmar Technology Advice and Solutions from Korea ( TASK) for Food Processing Industry စီမံကိန်းကို ၂၀၂၁ခုနှစ်၊မေလ မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင

Thursday, 27 May 2021

           ၂၀၂၁ခုနှစ်၊ မေလလယ်ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၄၆၀ ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၁၂၀ကျော် နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန်၈၀ကျော် ၊  စုစုပေါင်း တန်ချိန် ၆၇၀ကျော် တန်ဖိုးအမေရိကန်ဒေါ်လာသုညဒသမ ၂၂၃သန်းကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်တစ်ပတ် နှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၂၄၀၀/ခန့်လျော့နည်းတင်ပို့ခဲ့ပါသည်။

Thursday, 13 May 2021

      ၂၀၂၁ခုနှစ်၊ မေလဆန်းကာလ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၇၈၀/ကျော်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၅၀ ကျော်  စုစုပေါင်း တန်ချိန် ၈၃၀/ကျော် တန်ဖိုး အမေရိ ကန်ဒေါ်လာ သုညဒသမ၃၀၅သန်းကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၁၀၅၀၀/ကျော်လျော့နည်းတင်ပို့ခဲ့ပါသည်။

          ယခုတစ်ပတ် မြန်မာထိုင်းနယ်စပ်ရှိမြဝတီကုန်သွယ်ရေးဇုန်မှ ဆန်မှုန့်တန်ချိန်၅၂၀/ကျော် တန်ဖိုးအမေရိကန် ဒေါ်လာ သုညဒသမ ၀၂၆သန်းကျော်တင်ပို့နိုင်ခဲ့ပါသည်။

Monday, 10 May 2021
,

           ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်မှုဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်သက်ဆိုင်သည့် စီးပွားရေးဆိုင်ရာ လိုင်စင်၊ ပါမစ်၊ ထောက်ခံ ချက်များ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို ရုံးအမှတ် (၁)၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက် နေ့တွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

Monday, 3 May 2021
,

          ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး/ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် ကရင်ပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များကို ယနေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။

Monday, 3 May 2021
,

              ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင် များကို ယနေ့ နေ့လယ်ပိုင်းတွင် မော်လမြိုင်မြို့ရှိ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အောင်ဆန်းခန်းမ၌  တွေ့ဆုံခဲ့ပါသည်။

Monday, 5 Apr 2021

      ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် မြို့သာစက်မှုဇုန်တည်ဆောက်ရေးလုပ်ငန်းများနှင့် စက်မှုဇုန်အတွင်းရှိ စက်ရုံများလုပ်ငန်း လည်ပတ် ဆောင်ရွက်နေမှုများကို ကြည့်ရှု့အားပေးရန်အတွက် ဧပြီလ ၁ ရက် နေ့ နံနက်ပိုင်း တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ မြို့သာစက်မှုဇုန် သို့ သွားရောက်ခဲ့ပါသည်။   

Monday, 22 Mar 2021

         မူဆယ်နယ်စပ်ဒေသမှနေ၍ အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုနိုင်ရန် ၁၉၈၄ ခုနှစ် ဝန်းကျင်မှစ၍ စတင်ညှိနှိုင်းဆွေး နွေးခဲ့ကြရာမှ ၁၉၈၈ ဝန်းကျင်တွင် မြန်မာ-တရုတ်နယ်စပ်ဖြစ်တဲ့ မူဆယ်၊ ကြူကုတ်၊ နမ့်ခမ်း၊ ကွမ်လုံ၊ လားရှိုးတို့တွင် နယ်စပ်ကုန်သွယ်ရေးရုံးများ စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပါတယ်။ ထိုစဉ်ကတည်းက အစပြုခဲ့တဲ့ ကုန်သွယ်မှုများဟာ တစ်စထက်တစ်စ တိုးတက်လာခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ဒေသနေ ပြည်သူများ ကူးသန်းရောင်းဝယ်မှုမှအစပြုခဲ့ရာ ယခုအချိန်မှာ နှစ်နိုင်ငံကုန်သည်လုပ်ငန်းရှင်များ ကုန်သွယ်မှုဆောင်ရွက်နိုင်တဲ့ ကုန်သွယ်လမ်းကြောင်းကြီးအဖြစ် ရပ်တည်ခဲ့သလို နိုင်ငံတော်ရဲ့ အကြီးဆုံး

Monday, 22 Mar 2021

                 E-Commerce Virtual Event 2021 ပြပွဲကို ထိုင်းနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဌာနက ကြီးမှူးကျင်းပ၍ ၂၀၂၁ ခုနှစ် ၊ မေလ ၁၇ ရက်နေ့ မှ ၂၁ ရက်နေ့ထိ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသိရှိရပါသည်။

              ပြပွဲတွင် ထိုင်းနိုင်ငံထုတ်စားသောက်ကုန်ပစ္စည်းများ၊ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများကို ထိုင်းနိုင်ငံရှိကုမ္ပဏီများက ပါဝင်ပြသသွားမည်ဖြစ်ပါသည်။ ပြပွဲနှင့် အတူ Panel Discussions/ Presentations နှင့် Online Business Matching ကိုလည်းထည့်သွင်း ကျင်းပသွားမည်ဖြစ်ပါသည်။

Monday, 22 Mar 2021

             မြန်မာ့ဟင်းလျာများချက်ပြုတ်ရာတွင် မပါမဖြစ်သည့် သီးနှံတစ်မျိုးမှာ ကြက်သွန်နီဖြစ်ပါသည်။ တစ်ချို့ကတော့ ကြက်သွန်နီက ထွက်လာတဲ့အနံ့က လူကိုမွှန်စေတာကြောင့် မကြိုက်တဲ့သူတစ်ချို့ရှိတာ ကိုတွေ့ရပါတယ်။ သို့သော် ကြက်သွန်နီမှာ လူကို အကျိုးပြုတဲ့အရာများစွာ ပါဝင်တာကိုတွေ့ရပါတယ်။ ကြက်သွန်နီကိုစားသုံးခြင်းဖြင့် ခန္ဓာကိုယ်မှ ကယ်လိုရီဓာတ်တွေကို လျှော့ချပေးနိုင်တဲ့အပြင် ဗီတာမင်နဲ့ အခြားဓာတ်တွေ ပြည့်ဝစွာပါဝင်တာကြောင့် လူကိုများစွာအထောက်အကူဖြစ်စေခြင်း၊ ကြက်သွန်နီကို ပုံမှန်စားသုံးခြင်းဖြင့် နှလုံးရောဂါမဖြစ်ပွားအောင် ကာကွယ်ပေးခြင်း၊ ကင်ဆာနှင့် ဆီးချို၊ သွေးချိုရောဂါ များကိုကာကွယ်ပေး

Pages