Background
ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးရုံးအနေဖြင့် ဌာနရဲ့လုပ်ငန်း တာဝန်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ နောက်ဆုံးပတ်နှင့် ဖေဖော်ဝါရီလအတွင်း ဆောင်ရွက်မည့် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနဲ့ အရာထမ်း၊ အမှုထမ်းများ တွေ့ဆုံ၍ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီလ၂၇ ရက်ကကျင်းပပြုလုပ်ခဲ့ပါတယ်။လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကုန်စည်ပြပွဲနှင့်အလုပ်ရုံဆွေးနွေးပွဲ ဦးစီးကော်မတီ၊ ကျင်းပရေးကော်မတီ၊ ဘဏ္ဍာရေးကော်မတီနှင့်ဆပ်ကော်မတီများ မှ ဖိတ်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်မှ ကျင်းပပြုလုပ်တဲ့ စားသုံးသူအကာအကွယ် ပေးရေးဆိုင်ရာပညာပေးဟောပြောပွဲကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် နံနက်က လပွတ္တာမြို့နယ် အမှတ် (၃) ရပ်ကွက် အထက်တန်းကျောင်း တွင်ကျင်းပပြုလုပ် ခဲ့ပါတယ်။အဆိုပါဟောပြောပွဲတွင် မြောင်းမြခရိုင်၊ ဒုတိယခရိုင်ဦးစီးမှူးဦးဇော်မင်းက အဖွင့်အမှာစကားပြောကြား ရာတွင်ဟောပြော ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်၊ ဌာန ကဆောင်ရွက်နေတဲ့ ပညာပေးဟောပြောပွဲများ၊ စားသုံးသူရေးရာဥပဒေများကို လည်းကောင်း၊ လပွတ္တာမြို့နယ် ဦးစီးမှူး ဦးအောင်မြင့်ဦးက စားသုံးသူရေးရာ အကာအကွယ်ပေးရေးဆိုင်ရာ သိကောင်းစရာမျ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကျိုင်းတုံမြို့ တွဲဖက်အထက်တန်းကျောင်း အ.လ.က (၅) တွင် ဇန်နဝါရီလ ၁၈ ရက်နံနက်ကစားသုံးသူအကာအကွယ်ပေးရေးအသိပညာ ပေး ဆွေးနွေးခြင်းအား ဆောင်ရွက်ခဲ့ပြီး ကျောင်းမုန့်ဈေးတန်းသို့ ကျောင်းအုပ်ကြီး၊ ဆရာမ များနှင့်အတူသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ကျောင်းအုပ်ကြီး ဦးလှမျိုးက အဖွင့် အမှာ စကားပြောကြားပြီး ဒုတိယပြည်နယ်ဦးစီးမှူးက စားသုံးသူအကာ အကွယ်ပေး ရေးဆိုင်ရာပညာပေး ဆွေးနွေးခြင်း၊ တားမြစ်ထားရှိသော စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ တို့ကို Power Point ဖြင့်ရှင်းလင်းဆွေးနွေး ခဲ့ပြီး အဆ
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဇန်နဝါရီလ ၂၂ ရက်ထိ မော်တော် ယာဉ်နှင့် မော်တော်ယာဉ်ဆက်စပ် အပိုပစ္စည်း တင်သွင်းမှုသည်စီးရေ ၁၁၈၄၆၈ တန်ဖိုးအားဖြင့် ကန်ဒေါ်လာသန်း ၁၅၄၀ ကျော်ဖိုးဖြစ်ပါတယ်။ ယမန်နှစ်ကာလ တူနဲ့ နှိုင်းယှဉ်ပါကစီးရေ ၃၁၉၃၁ စီးလျော့နည်းခဲ့ပါတယ်။ တန်ဖိုးအားဖြင့်မူကာလတူထက် ကန်ဒေါ်လာကိုးသန်းကျော် ပိုမိုခဲ့ပါတယ်။ လူစီးယာဉ်နဲ့ မော်တော်ယာဉ်အပိုပစ္စည်းတင်သွင်းမှုကာလတူထက် လျော့နည်းခဲ့သော်လည်းလူ စီးယာဉ်နဲ့မော်တော်ယာဉ်အပိုပစ္စည်းတင်သွင်းမှု ကာလတူထက် လျော့နည်းခဲ့ သော်လည်း လူစီးယာဉ်၊ ဘတ်စ်၊ ထရပ်ကားများ တင်သွင်းတဲ့ စီးရေလျော့နည်းခဲ့ပြီး လူစီးယာဉ်တင်သွင်း မှုကတော့ တန်ဖိုးပါ ကျဆင်းခဲ့ပါတယ်။ ဘတ်စ်နဲ့ ထရပ်ကားမ
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်စ ဧပြီလမှ ဇန်နဝါရီလ ၂၂ ရက်အထိ သွင်းကုန် ကန်ဒေါ်လာ ၁၃၃၁၈ သန်းဝန်းကျင်ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ကာလတူမှာ ကန်ဒေါ်လာ ၁၃၁၇၁ သန်းဝန်းကျင် ပိုမိုရခြင်းမှာ ရင်းနှီး မြှုပ်နှံ မှုပစ္စည်းများဖြစ်တဲ့ သင်္ဘောနဲ့သင်္ဘောအပိုပစ္စည်းများ၊ တယ်လီဖုန်းနဲ့ ဆက်သွယ်ရေးကိရိယာများ၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးနဲ့ တပ်ဆင်ရေးပစ္စည်းများ၊ လေယာဉ်နဲ့ လေယာဉ်အပို ပစ္စည်းများ၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများ ဖြစ်တဲ့ သံနဲ့ သံမဏိပစ္စည်းများ၊ အခြားစက္ကူများ၊ လုပ်ငန်းသုံးသီးနှံဆီများ ဓာတုဗေဒပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ ကာလတူထက် ပိုမိုတင်သွင်း န
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၊ဗဟိုစီးပွားရေးဇုန်မုခ်ဦး၌ ကျင်းပပြုလုပ်သောမူဆယ်ဗဟို စီးပွားရေးဇုန်(CBD)လမ်းမကြီးနှင့် နိုင်ငံတကာ အဆင့်မီမင်္ဂလာမူဆယ်လမ်းလျှောက်ဈေးဖွင့်ပွဲအခမ်းအနားကိုဇန်နဝါရီ ၁၉ရက်၌ ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် တက်ရောက်ဖွင့်လှစ်ပေးသည်။ရှေးဦးစွာ မူဆယ်ဗဟိုစီးပွားရေးဇုန် (CBD) လမ်းမကြီးနှင့် နိုင်ငံတကာအဆင့်မီမင်္ဂလာမူဆယ် လမ်းလျှောက်ဈေးမုခ်ဦးအား ရှမ်းပြည်နယ် (မြောက်ပိုင်း) နယ်စပ်ဒေသလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင်၊ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဦးအောင်ကျော်ညွန့်၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးဦးခ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်းသည်ဇန်နဝါရီ ၁၉ ရက်တွင် နေပြည်တော်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကိုရီးယားနိုင်ငံ၊ကိုရီးယား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ် နှံမှုမြှင့်တင်ရေးအေဂျင်စီမှ Executive Vice President ဖြစ်သူMr.
သြစတြေးလျ အိုးပင်းတင်းနစ်ပြိုင်ပွဲ၏လက်ရည်စစ်ပြိုင်ပွဲတစ်ပွဲတွင် အမေရိကန်တင်းနစ်မယ် ဗီးနပ်စ်ဝီလျံ သည်ပြိုင်ပွဲအပြီးပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာခြင်းမရှိသည့်အတွက်အပြည်ပြည်ဆိုင်ရာတင်းနစ် အဖွဲ့ချုပ်ကဒဏ်ငွေ ပေါင် ၃၅၀၀ ပေးဆောင်ရန်အမိန့်ချမှတ်ခဲ့ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ တွင်ကျင်းပလျက်ရှိသည့် သြစီအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဗြိတိန်မှ တင်းနစ် ချန်ပီယံ ဂျိုဟန်နာကွန်တာကိုလက်ရည် စစ်ပြိုင်ပွဲတွင်ပင် နှစ်ပွဲတစ်ပွဲဖြင့် ရှုံးနိမ့် ခဲ့သည်။ယင်းသို့ ရှုံးနိမ့်ခဲ့သဖြင့် ပွဲအပြီးပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခြင်းမပြုဘဲ ပြိုင်ပွဲကွင်း
လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း ဒေသအတွင်းဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ပေးရာမှာတရုတ်နိုင်ငံရဲ့ စီးပွားရေးလျင်မြန်စွာတိုးတက်မှုက အရေးပါတဲ့ အခန်းကဏ္ဍကပါဝင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ ဖြိုးတိုး တက်မှုက ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းဖြစ်ပွားပြီး နောက်ပိုင်းအနိမ့်ဆုံးနှုန်းကို ရောက်ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးအခုလိုဖွံ့ဖြိုး မှုနှုန်းကျဆင်းမှုကအိမ်နီးချင်းနိုင်ငံ တွေရဲ့ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုနှုန်း ကို ကျဆင်းေ စလိမ့်မယ်လို့ခန့်မှန်း ကြပါတယ်။အရှေ့တောင်အာရှမှာ ထိခိုက် မှုအတိုင်းအတာအမျိုးမျိုးရှိမှာဖြစ်ပေ မယ့် စင်ကာပူနိုင်ငံက အထိအနာဆုံး ဖြစ်နိုင်ကြောင်း သ
ကမ္ဘာ့ကုန်သွယ်မှုနဲ့ ဈေးကွက် အခြေအနေတွေဆိုးရွားလာတဲ့အတွကMoody's ချေးငွေအဆင့်သတ်မှတ်ရေး အဖွဲ့ကမလေးရှားနိုင်ငံရဲ့ချေးငွေအဆင့်သတ်မှတ်ချက်ကိုPositive မှStable အဆင့်သို့ လျှော့ချသတ်မှတ် လိုက်ေ ကြာင်း ရိုက်တာသတင်းမှာ ဖော် ပြထားပါတယ်။မလေးရှားအစိုးရရဲ့ ငွေပေး ငွေယူလက်ကျန်ရှင်းတမ်းအရ နိုင်ငံရဲ့ စီးပွားရေးအခြေခံတွေကို မြှင့်တင်ပေး နိုင်မယ့်အလားအလာတွေကို တွေ့မြင် ရတဲ့အတွက် Moody's က မလေး ရှား နိုင်ငံရဲ့ကြွေးမြီအဆင့်ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလကA3 အဆင့်ဖြစ်တဲ့Positive အဆင့်မှာ သတ်မှတ်ပေးခဲ့ပါ တယ်။ဒါပေမဲ့ အရှေ့တောင် အာရှဒေသမှာတတိယအကြီးမားဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံက သ ဘာ၀ ဓာတ်ငွေ့နဲ့ ကု