Main menu

Background

Monday, 21 Mar 2016

    The  4th  International Myanmar Pearl Auction (Hong Kong) ပြပွဲကို ၂၀၁၆ ခုနှစ်  ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၆ ရက်အထိ ဟောင်ကောင်တွင်ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသတ္တုတွင်းဝန်ကြီးဌာန၊  မြန်မာ့ပုလဲထုတ် လုပ်ရေးနှင့်  ရောင်းဝယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူများ ဦးဆောင်၍အမေရိကန် ဒေါ်လာ ၆ယ၈၁၈ယ၆၀၀  တန်ဖိုးရှိပုလဲ အတွဲပေါင်း ၃၂၄ တွဲ၊  ပုလဲလုံးရေ ၁၂၃၅၆၂ လုံး၊ အလေးချိန် ၈၁၆၈၅ ဒသမ ၈၅  မိုမီပုလဲများ သွားရောက်ပြသရောင်းချခဲ့ရာပုလဲအတွဲပေါင်း ၃၂၁  တွဲ၊ ပုလဲလုံးရေ ၁၂၂၆၃၆  လုံး၊ အလေးချိန် ၈၁၀၃၃ ဒသမ ၀၅ မိုမီ၊  အမေရိကန်  ဒေါ်လာ ၁၂ယ၅၂၇ယ၈၇၆ ရောင်းချခဲ့ရသဖြင့် ကြမ်း ခင်းဈေးပေါ်တွင် ၈၅ ရာခိုင်နှုန်း ပ

Thursday, 17 Mar 2016

   မတ် ၄ ရက်က ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့မှာ ''အေအီးစီဖွံ့ဖြိုးတိုးတက်ရေးတွင်အမျိုးသမီးစွန့်ဦးတီထွင်သူများဖော်ထုတ်ရေး''(Fostering Women Entrepreneurs in Advancing theAEC Development)ဆိုတဲ့ကွန်ဖရင့်ကို ကျင်းပခဲ့ရာ အဖွဲ့ဝင် ၁၀ နိုင်ငံမှ အမျိုးသမီးစွန့်ဦးတီထွင်သူ ၃၅၀ ကျော် တက်ရောက်ခဲ့ကြောင်းဗီယက်နမ် နယူးစ်အေဂျင်စီရဲ့သတင်းမှာဖော်ပြပါတယ်။အာဆီယံအမျိုးသမီးစွန့်ဦးတီထွင်သူများကွန်ရက်ASEAN Women Network)ရဲ့ လှုပ်ရှားမှုတစ်ရပ်အဖြစ်ဆောင်ရွက်တဲ့ ဒီဖိုရမ်မှာစီးပွားရေးလုပ်ငန်းတွင် အမျိုးသမီးများပါဝင် မှုအလားအလာ၊ သူတို့ရင်ဆိုင်နေရတဲ့ဖိအားပေးမှုစတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

Thursday, 17 Mar 2016

    ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းခွင်ဆိုင်ရာသီးသန့်အလုပ်အကိုင်ပြပွဲ တစ်ခုကWork.com.mm  အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးမှဦးဆောင်၍ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။အဆိုပါ အလုပ်အကိုင်ရှာဖွေရေး သီးသန့်ပြပွဲကို မတ် ၂၇ရက်တွင် ရန်ကုန် မြို့၊ လှိုင်မြို့နယ်ရှိ MICT Park တွင် နံနက် ၉ နာရီမှ ညနေ ၅နာရီအထိ ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။ယင်းပြပွဲကို ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းကြီးများအတွက်လိုအပ် လျက်ရှိသည့် အရည်အချင်းမီဝန်ထမ်းများရရှိနိုင်စေရန်ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း Work.com.mm  ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။အဆိုပါပြပွဲကြီးတွင် ပြည်တွင်း ပြည်ပအခြေစိုက်ဟိုတယ်နှင့် စာ

Thursday, 17 Mar 2016

   ကုန်သွယ်မှုမြှင့်တင်ရေးအရာထမ်းများအရည်အသွေးမြှင့်တင်ရေးနှင့်ကုန်သွယ်မှုဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး စတုတ္ထထပ်ရှိ ကုန်သွယ်မှုသင်တန်းကျောင်းအဆင့်မြင့်သင်တန်းခန်းမတွင် မတ်လ ၇ ရက်မှ ၈ ရက်အထိ နှစ်ရက်ကြာကျင်းပပြုလုပ်ခဲ့ပါတယ်။ ကုန်သွယ်မှုမြှင့်တင် ရေးနှင့်စားသုံးသူရေးရာဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး က တက်ရောက်လာသော သင်တန်းသားများအား သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ပြောကြားခဲ့ပါတယ်။ သင်တန်းနည်းပြများ

Thursday, 17 Mar 2016

    ကျရောက်တော့မည့် မဟာသြင်္ကန်ကာလတွင် MPT အနေဖြင့် ရန်ကုန် မြို့နှင့် မန္တလေးမြို့တို့တွင်မဟာသြင်္ကန်မဏ္ဍပ်များတည်ဆောက်၍ဆင် နွှဲ သွားမည်ဖြစ်ရာ အဆိုပါမဏ္ဍပ်များတွင်ပေါ့ပ်နှင့်ရော့ခ်ဂီတတို့ဖြင့် ဆင်နွှဲသွား မည် ဖြစ်ကြောင်းသိရသည်။ MPT၏ ရန်ကုန်မြို့တွင် ဆင်နွှဲမည့် မဟာသြင်္ကန်ရေကစား မဏ္ဍပ်တွငLucky Handဂီတဝိုင်းဖြင့်လည်းကောင်း၊ မန္တလေးမြို့တွင်ဆင်နွှဲမည့်မဟာသြင်္ကန်ရေကစားမဏ္ဍပ်တွင်Iron Cross ဂီတဝိုင်း ဖြင့်လည်းကောင်း ပျော်ရွှင်စွာရေကစားကြမည်ဖြစ်ကြောင်းသိရသည်။မန္တလေးမြို့၏ ကျက်သရေဆောင်ဖြစ်သည့် ကျုံး၏မြောက်ဘက်တွင် တည် ဆောက်ထားမည့်MPT ရေကစားမဏ္ဍပ်တွင် မြန်မာနိုင်ငံ၏ ထင်ရှားကျော်

Wednesday, 16 Mar 2016

      ယခုနှစ်မှာ ထိုင်းနိုင်ငံရှိ ပြည်နယ် ၂၂ ခုမှာ ပြင်းထန်တဲ့ မိုးခေါင် ခြောက်သွေ့မှုဒဏ်ကိုခံစားရပြီး အဆိုပါမိုးခေါင်ခြောက်သွေ့မှုဒဏ်ကိုခံနိုင်ရည်ရှိစေဖို့အတွက် တောင်သူလယ်သမားများက သီးနှံများကိုပြောင်းလဲစိုက် ပျိုးခဲ့ရပါတယ်။ ဒီလိုပြောင်းလဲစိုက်ပျိုးရာမှာ အောင်မြင်မှုရရှိစေနိုင်ဖို့ ထိုင်းစီးပွားရေးနဲ့  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကကြိုးပမ်းဆောင်ရွက် နေကြောင်းနေးရှင်းသတင်းမှာဖော်ပြပါတယ်။အပိုဝင်ငွေရရှိရေးအတွက် လယ် သမားများက ယခုနှစ်အတွင်း ကျေး လက်ထုတ်ကုန်တွေ  ရောင်းချရာမှာလည်း ဝန်ကြီးဌာနက အကူအညီပေးသွားမှာ ဖြစ်ပါတယ်။ ပဲမျိုးစုံ၊ မြေပဲ၊ ပြောင်း၊ ပီလောပီနံ၊ လတ်ဆတ်တဲ့ ဟင်းသီးဟ

Wednesday, 9 Mar 2016

       ပြီးခဲ့သည့် မတ် ၂ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ စူမားတြားပြည်နယ်၊ ပါဒန်မြို့နှင့် ၅၀၂မိုင်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု၍အင်အားရစ်ချ်တာစကေး ၇ ဒသမ ၉ အဆင့်ရှိအင်အားအလွန်ပြင်းထန်သည့် ငလျင်တစ်ခုလှုပ် ခတ်ခဲ့ကြောင်း  အမေရိကန် ငလျင်တိုင်းတာရေးစခန်း၏ သတင်းထုတ်ပြန်ချက်များကိုကိုးကား၍ နိုင်ငံတကာသတင်း ဌာနများက ထုတ်ပြန်ကြေညာခဲ့သည်။အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် နာရီအနည်းငယ်အကြာတွင် ဆူနာမီသတိပေး ချက်များထွက်ပေါ်ခဲ့သည်။ပစိဖိတ်သမုဒ္ဒရာ၊ အိန္ဒိယသမုဒ္ဒရာတို့နှင့် ထိစပ်လျက်ရှိနေသည့်နိုင်ငံများအား ဆူနာမီလှိုင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက်များ ထွက်ပေါ်လာခဲ့သည်။အလားတူ အိန္ဒိယသမုဒ္ဒ

Wednesday, 24 Feb 2016

          သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်တဲ့ အလေ့အကျင့်တွေဖြစ်တဲ့မြစိမ်းရောင်အလေ့ အကျင့်တွေနဲ့အညီဆောင်ရွက်ပြီးဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုကို ထိန်းချုပ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ခရီးသွား လုပ်ငန်းဝန်ကြီးဌာန(DOT) နဲ့ ဖိလစ်ပိုင်ဟိုတယ်ပိုင်ရှင်များကကတိပြုထားကြောင်း ဖိလစ်ပင်းစတားသတင်းမှာဖော်ပြပါတယ်။ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနဲ့ အဝေးပြေးလမ်းမကြီးများဝန်ကြီးဌာနကထုတ်ပြန်တဲ့ ဖိလစ်ပိုင် သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းရေး မြစိမ်းရောင် အဆောက်အအုံစည်းမျဉ်းများ (Philippine Green Building Code) ကို စောင့်ထိန်းလိုက်နာမှာဖြစ် ကြောင်းDOT နဲ့   ဟိုတယ်ပိုင်ရှင်များအသင်းတို့က ကတိပြုထ

Tuesday, 23 Feb 2016

                         ပြည်ကြက်သွန်နီပွဲရုံများတွင် ကြက်သွန်နီအိတ်တွေ အမြောက်အများဝင်ရောက်နေတာတွေ့ရပါတယ်။ ယခုလတတိယပတ်တွင်တစ်ရက် အိတ်တစ်သောင်း ကျော်အဝင်ရှိနေတာကြောင့်ဈေးတွေလည်း ဆက်တိုက်ကျနေပါတယ်လို့ ပွဲရုံ ပိုင်ရှင်တစ်ဦးကပြောပါတယ်။ယခုတစ်ပတ်ပြည်ကြက်သွန်နီ (ပွဲရုံဈေး) တစ်ပိဿာလျှင် (ကြီး) ၅၂၅ ကျပ်၊ (လတ်) ၅၀၀ ကျပ်နဲ့ (သေး) ၄၅၀ ကျပ်တို့ဖြစ်ကြောင်းသိရပါတယ်။ ဒေသတွင်း (လက်လီ) ရောင်းဈေး (ကြီး) ၇၅၀ ကျပ်၊ (လတ်) ၆၅၀ ကျပ်နဲ့ (သေး) ၅၅၀ ကျပ်တို့နဲ့ရောင်းဝယ်လျက်ရှိကြပါတယ်။ကြက်သွန်နီဝင်ရောက်တဲ့ဒေသတွေကတော့ရေနံချောင်း၊ ပခုက္ကူ၊ ဆိပ်ဖြူမြို့ နယ်တွေက ဝင်ရောက်နေ တာဖြစ်ပါတယ်။   ဈေးအကျဘက်ရောက်န

Tuesday, 23 Feb 2016

                     ယခုတစ်ပတ်အတွင်း အောင်ပန်း၊ တောင်ကြီးဘက်မှ  ချင်းများပြည်ဈေးကွက် သို့ပိဿာ ၃၀ ဝင်အိတ် ၁၀၀ ခန့် ပုံမှန်အဝင်ရှိပြီး ယခုလဟာ တပို့တွဲလ ထမနဲ ပွဲတော်အချိန်ဖြစ်တဲ့အတွက် ချင်းအရောင်းအဝယ် သွက်လာတယ်လို့ ချင်းပွဲရုံများမှ သိရပါတယ်။ ချင်းတစ်ပိဿာကို (ရှယ်) ၉၀၀ ကျပ်၊ (ဂျွန်) ၇၀၀ ကျပ်ဖြင့် ယခင်တစ် ပတ်အတိုင်း ဈေးငြိမ်နေပြီး ဈေးကွက်မှ တစ်ဆင့်ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်သို့ စားသုံးမှု အဖြစ် တစ်နေ့ကို ပိဿာချိန် ၅၀၀ ခန့်တင်ပို့မှုရှိတယ်လို့သိရပါတယ်။

ဝင်းဝင်းခိုင်-ပြည်

 

Pages