Background
အျတွဲ(၁၅၊ အမှတ်(၁၀)
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ကMobile Team လရ-၁ အဖွဲ့ဟာ ရှောင်ကွင်းလမ်းအား လှည့်လည်စစ်ဆေးစဉ် ရှောင်ကွင်းလမ်းဘေး တစ်နေရာမှာ စုပုံထားတဲ့ ကျွန်းသစ်နဲ့ ပြုလုပ်ထားတယ်လို့ ယူဆရတဲ့ တံခါးချပ်ကြီး ၆ ချပ်၊ အသေး ၉ ချပ်၊ သစ်ပြားအတို/အရှည် ၁၈ ချပ်၊ ပွတ်လုံးတိုင် ၂ တိုင်တို့ကို သိမ်းဆည်းရမိခဲ့တဲ့အတွက် အကောက်ခွန် လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲဖွင့်ပြီး မြို့နယ်သစ်တော ဦးစီးဌာနသို့ အပ်နှံသွားမယ်လို့ ရှေ့ပြေးသတင်းများရရှိထားပါတယ်။
DCCA
အတွဲ(၁၅)၊ အမှတ်(၁၀)
အတွဲ(၁၅)အမှတ်(၁၀)
အတွဲ(၁၅)အမှတ်(၁၀)
အတွဲ(၁၅)၊ အမှတ်(၈)
တာချီလိတ်နယ်စပ် ကုန်သွယ် ရေးစခန်း ထုတ်နုတ်အင်အားဖြင့် Mobile Team ဝှေ့ရဲစစ်ဆေးရေး ဂိတ်မှ ဦးစီးအရာရှိ ဦးစီးတဲ့အဖွဲ့သည် ဖေဖော် ဝါရီလ ၁၂ ရက်နေ့တွင် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ တာချီလိတ် မိုင်းဆက်လမ်းကြောင်းပေါ်ရှိစစ်မှုထမ်းဟောင်း ကားရေဆေးခုံအနီးတွင် မိုင်းဆတ်သို့ သယ်ယူရန်စုပုံထားတဲ့ တရုတ်နိုင်ငံထုတ်စပါးအရက်နှင့် Blue River စီးကရက်များကို စစ်ဆေးတွေ့ရှိ သဖြင့် အကောက်ခွန်အမှုတွဲ ဖွင့်လှစ်သိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။
အတွဲ(၁၅)၊ အမှတ်(၈)
မြဝတီမှ ရန်ကုန်သို့ ထွက်ခွာလာ တဲ့သွင်းကုန်ဂျူတီယာဉ် ၁၂ ဘီးအမျိုး အစားသည့် စစ်တောင်း တံတားဟောင်း နဲ့ အသစ်လမ်းဆုံရှိ ညောင်ခါးရှည်မှာ အခြေပြု၍ စစ်ဆေးရေးဆောင်ရွက် နေသော Mobile Team အဖွဲ့ (၂) ထံ ဝင်ရောက်စစ်ဆေးခံခဲ့ရာမှာ IDမှာ ကြေညာသည်ထက် ပိုမိုတင်ဆောင်လာ သောDog Food ၁၅ အိတ် (၃၁၀ ကီလိုဂရမ်) အား စစ်ဆေးတွေ့ရှိတဲ့ အတွက် လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန် အမှုတွဲဖွင့် သိမ်းဆည်းခဲ့ တယ်လို့ သိရပါတယ်။
အတွဲ(၁၅)၊ အမှတ်(၈)
အတွဲ(၁၅)၊ အမှတ်(၈)
အတွဲ(၁၅)၊ အမှတ်(၈)


