Main menu

Background

Wednesday, 8 Sep 2010

 ဆက်သွယ်ရေးအခြေခံအဆောက်အအုံမျာ                                                                                                         ၂ဝ ရာစုနှစ်နှောင်းပိုင်းကာလနှင့် ၂၁ ရာစုအကူးတွင် သတင်း ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးမှုမှာ ကမ္ဘာနှင့်အဝှမ်း အရှိန်အဟုန် ဖြင့် တိုးတက်လာပြီး၊ နိုင်ငံတိုင်း၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကအခန်းကဏ္ဍမှပါဝင်လာခဲ့သည်။ ယနေ့ခေတ် ကိုပင် သတင်းနှင့် နည်းပညာခေတ်ဟုတင်စားခေါ်ဝေါ်လျက်ရှိသည်။မြန်မာ့ဆက်သွယ် ရေး ကဏ္ဍသည်လည်း သိသာစွာ တိုးတက်မှုများရှိခဲ့သည်။  အော်တို တယ်လီဖုန်းလုပ်ငန်းများနှင့် မိုဘိုင်းလ်တယ်လီဖုန်း လုပ်ငန်းများကို တိုးခဲျ့တပ်ဆင် ပေးနိုင်ခဲ့မှုကြောင့် ၁၉၈၈ခုနှစ်၌ တယ်လီဖုန်း သိပ် သည်းဆ လူ ၁ဝဝဝ လျှင် ၁ ဒသမ ၉၂ သာရှိခဲ့ရာမှ ယခု ၂ဝ၁ဝ ခုနှစ်တွင် ၃၇ ဒသမ ၇၈ အထိ အခိုျးအဆကြီးမားစွာ မြင့်တက် လာသည်ကိုလေ့လာတွေ့ရှိရသည်။  ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်လာစေရေးအတွက် အလျဉ်မပြတ်အရှိန်အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိရာတွင် မဝေးတော့သောအနာဂတ်၌ ဖြစ်တည်လာတော့မည့် ဆောင်ရွက်ဆဲ လုပ်ငန်းများကိုလည်း ဤသို့လေ့လာတွေ့ရှိရသည်-    (၁)    တည်ဆောက်ဆဲ ဒစ်ဂျစ်တယ် မိုက္ကရိုဝေ့ဗ် စခန်းပေါင်း    - ၈၁ ခု    (၂)    အော်တိုတယ်လီဖုန်းတပ်ဆင်ထားရှိမှုအခြေအနေ        (က)    တပ်ဆင်ဆဲအိတ်ချိန်း                                   - ၈ဝ (၃၅၉၆၆ လိုင်း)            မိုဘိုင်းလ်တယ်လီဖုန်းစနစ်များတပ်ဆင်မှု        (ခ)    ဆောင်ရွက်ဆဲ GSM ရေဒီယိုစခန်း                      - ၃ဝ (၆၁၄ဝဝလိုင်း)    (၃)   CDMA-၄၅ဝ မိုဘိုင်းလ်ဖုန်း(ယာဉ်တင်)စခန်း               - ၁၅၁ ခု(၂၈၁ဝဝဝလိုင်း)    (၄)   CDMA-၈ဝဝWL မိုဘိုင်းလ်ဖုန်းစခန်း                         - ၄၂ ခု (၁ဝဝဝဝဝ လိုင်း)ပြည်နယ်နှင့်တိုင်းအသီးသီးရှိ ဒေသများနှင့် နယ်စပ်ဒေသများ တွင် ဆက်သွယ်မှုလွယ်ကူလာစေပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်း မာရေးကဏ္ဍများ တိုးတက်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ဝေးလံခေါင်ဖျား သော ဒေသအသီးသီးတို့တွင်  MPT  Satellite Terminal  စခန်း များမှတစ်ဆင့် တယ်လီဖုန်း၊ ဖက်စ်၊ အင်တာနက် ဆက်သွယ်မှုများ လွယ်ကူစွာ ဆောင်ရွက်နိုင်ပြီဖြစ်သည်။ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် အခြားနယ်မြို့များတွင် ဆက်သွယ်မှုများ လွယ်ကူစေရန်အတွကGSM မိုဘိုင်းလ်စနစ် တည်ဆောက်ခြင်းလုပ်ငန်းကို ၁၆-၇-၂ဝဝ၄ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ယခုအခါ မိုဘိုင်းလ်ဖုန်း စနစ် အမိုျးအစားသစ်များအဖြစ် တစ်နိုင်ငံလုံး ဆက်သွယ်ပြောဆိုနိုင် ရုံသာမက ပြည်ပနိုင်ငံများ အင်တာနက်များကိုပါ ချိတ်ဆက် ပြောဆို အသုံးပြုလာနိုင်သည်အထိ ဆက်သွယ်ရေး နည်းပညာမြင့်မားဖွံ့ဖြိုး လာအောင် စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်သည်။                                       ရတနာပုံဆိုက်ဘာစီးတီး       သတင်းနှင့်ဆက်သွယ်ရေးနည်းပညာများ နိုင်ငံတကာ နှင့်ရင်ဘောင်တန်း၍ ဖွံ့ဖြိုးတိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ကြရာ၌ နိုင်ငံတိုင်းတွင် ဆိုက်ဘာစီးတီးခေါ် အိုင်တီမြို့တော်များ ထူ ထောင်လုပ်ကိုင်ကြသည်။ အိန္ဒိယနိုင်ငံ၏ ဘန်ဂလို၊ မလေးရှားမှ ပူထရာဂျာရာတို့မှာ ထင်ရှားပါသည်။ မြန်မာနိုင်ငံတွင်လည်း ရတနာ ပုံဆိုက်ဘာစီးတီးကို မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် ၊ပြင်စာကျေး ရွာအနီးတွင် ၂ဝဝ၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ ပြီး ICT လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကုမ္ပဏီ များက နိုင်ငံတော်၏ အားပေးမှုဖြင့် ရင်းနှီး မြှုပ်နံှဆောင်ရွက်လျက်ရှိ သည်။ ရတနာပုံ Cyber City     Development  Project Area  မှာ ဧကတစ်သောင်းကျော်ကျယ်ဝန်း၍ ဧက နှစ်ထောင်နှစ်ရာစီ၌ ှSoftware Area ESifh Hardware Area  များ သတ်မှတ်၍ ဆောင်ရွက် လျက်ရှိသည်။

Wednesday, 8 Sep 2010

ပင်လယ်ရေနက်ဆိပ်ကမ်းစီမံကိန်းများပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် အနာဂတ်ကုန်သွယ်မှုတွင် အရေးပါလာမည့်ရေနက်ဆိပ်ကမ်းများ တည်ဆောက်ရေးအတွက်ပဏာမလေ့လာမှုများ သဘာဝအခြေအနေနှင့် နည်းပညာဆိုင်ရာ  ရှုထောင့်တို့မှ လေ့လာသုံးသပ်မှုများ ပြုလုပ်လျက် မြန်မာ့ကမ်းရိုးတန်းများတွင် နေရာ များကို ရွေးချယ်ဆောင်ရွက်လျက်ရှိသည်။ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း ။    ။ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် ရခိုင်ပြည်နယ်တွင်တည် ရှိသည်။ ပဏာမလေ့လာ ချက်များအရ ချဉ်းကပ်ရေကြောင်းလမ်းသည် အနိမ့်ဆုံးရေအနက် ၂၄ မီတာ ရှိသည်။ ဒီရေအမြင့်နှုန်းကွာခြားချက်မှာ ၂ မီတာမှ ၂ ဒသမ ၇ မီတာရှိသည်။ ဆိပ်ကမ်း နေရာသည် မုန်တိုင်းဒဏ်အကာ အကွယ်ရသောနေရာဖြစ်ပြီး အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း လမ်းကြောင်းတွင် ကျရောက်ခြင်းမရှိပါ။ စစ်တွေ- ကုလားတန်စီမံကိန်းဒေသ၊ သံတွဲခရီးသွား လုပ်ငန်းနှင့်ပင်လယ်ငါးဖမ်းလုပ်ငန်းများနှင့် ဆက်စပ်၍ ဖွံ့ဖြိုးတိုးတက်လာမည့် ဒေသဖြစ်ပါသည်။        ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် စစ်တကောင်း၊ ရန်ကုန်နှင့် စစ်တကောင်းဆိပ်ကမ်းမြို့များသို့ ကုန်များအတွက် ကြားခံ ဆိပ်ကမ်းတစ်ခုဖြစ်လာမည့်အပြင် အဆိုပြု ထားပြီးဖြစ်သော တရုတ် နိုင်ငံ ယူန၊န်ပြည်နယ် ကူမင်း-မန္တလေး-ကျောက်ဖြူ-စစ်တွေ လမ်းပေါ်တွင် တည်ရှိသောကြောင့် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအတွက် အချက်အချာကျသော ဆိပ်ကမ်း တစ်ခု ဖြစ်လာမည် ဖြစ်သည်။        ဆိပ်ကမ်းစီမံကိန်းပြီးစီးပါက ကွန်တိန်နာ ၄ဝဝဝ ဆန့်ရေယာဉ်များ ဆိုက်ကပ်နိုင် မည်ဖြစ်သည်။ ကျောက်ဖြူဆိပ်ကမ်းသည် တောင်ကုတ်-မအိ-ကျောက်ဖြူလမ်းကြောင်းဖြင့်လည်း ဆက်သွယ်နိုင် မည်ဖြစ်သည်။                 ကုလားဂုတ်ရေနက်ဆိပ်ကမ်းစီမံကိန်း ။    ။ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ရေးမြို့နယ်တို့အကြားတွင် တည်ရှိသည်။ ချဉ်းကပ်ရေကြောင်းလမ်း၏ အနိမ့်ဆုံးရေအနက်မှာ ၁၅ မီတာရှိသည်။ ဒီရေ အမြင့်ကွာခြားချက် မှ ၃ မီတာနှင့် ၅ မီတာ အကြား တည်ရှိသည်။ ကုလားဂုတ်ကျွန်းနှင့် ကမ်းရိုးတန်း ဒေသအကြား မုန်တိုင်းကင်း လွတ်သည့်နေရာတွင် ရှိသည်။ ဆိပ်ကမ်းတွင် DWT  ၄ဝဝဝဝ မှ ၅ဝဝဝဝ အကြားရှိ ရေယာဉ်များ ဆိုက်ကပ်နိုင်သည်။ မဟာမဲခေါင်ဒေသခွဲ၏ အဓိကကျသော အရှေ့ အနောက် စီးပွားရေး စြင်္ကံ  (East West Economic Corridor)၏ အဓိကကျသောရေ နက်ဆိပ်ကမ်းတခုဖြစ်၍ ဂျပန် ၊တရုတ်၊ကိုရီးယားစသည့် အရှေ့အာရှနိုင်ငံများအနေဖြင့် ပင်လယ် ရေကြောင်းကုန်သွယ်မှုတွင် မလက္ကာရေလက်ကြားကို အမှီပြုနေရာမှ ဤရေနက်ဆိပ်ကမ်း မှတစ်ဆင့် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့အထိ ကုန်စည်များ ပို့ဆောင်နိုင်မည့်အခွင့်အလမ်း ပိုမိုရရှိနိုင်မည် ဖြစ်သည်။ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ။    ။ တနင်္သာရီတိုင်းဒေသကြီးအတွင်း ထားဝယ်မြို့နယ်အတွင်း တွင် တည်ရှိသည်။ ချဉ်းကပ်ရေကြောင်းလမ်း၏ အနိမ့်ဆုံးရေအနက် ( LAD) မှာ ၁၅ မီတာရှိသည်။ ဒီရေအမြင့် ကွာခြားချက်မှ ၅ မီတာဖြစ်သည်။ ဤရေနက်ဆိပ်ကမ်းကို အသုံးပြုခြင်းဖြင့် ဂျီအမ်အက်စ်နိုင်ငံများနှင့် ဘင်းစတက် နိုင်ငံများ၏ ပင်လယ်ရေကြောင်းကုန်သွယ်မှုတွင် ပို့ဆောင်မှု ကြာမြင့်ချိန်မှာ လျှော့ချနိုင်မည်ဖြစ်သကဲ့သို့ ကုန်ကျစရိတ်များကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။ကုန်ကျ စရိတ်များကို လျှော့ချနိုင်မည်ဖြစ်သည်။ ဆိပ်ကမ်းတွင် DWT  ၅ဝဝဝဝ ရှိ ရေယာဉ်များ ဆိုက်ကပ် နိုင်မည်ဖြစ်ပြီး စီမံကိန်းတွင် ရေနက်ဆိပ်ကမ်း ဝန်ဆောင်မှုအပြင် နယ်စပ်ဖြတ်ကျော် အဝေးပြေး လမ်းမများနှင့် စက်မှုကုန်ထုတ်နယ်မြေများ ပါဝင်မည်ဖြစ်သည်။          ဘုတ်ပြင်း ရေနက်ဆိပ်ကမ်းစီမံကိန်း ။    ။ တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်နှင့် ကော့သောင်းမြို့နယ် တို့ကြားတွင် တည်ရှိ သည်။ ချဉ်းကပ်ရေကြောင်းလမ်း၏ အနိမ့်ဆုံးရေအနက်မှာ ၃ဝ မီတာရှိသည်။ ဒီရေအမြင့် ကွာခြားချက်မှာ ၃ မီတာရှိသည်။ ရေနက်ဆိပ်ကမ်းနေရာမှာ နှစ်နေရာဖြစ်ပြီး ဘုတ်ပြင်း တွင် တစ်ခုနှင့် ထိုင်းနိုင်ငံ ဘန်ဆာဖန်တွင် တစ်ခုဖြစ်သည်။ စီမံကိန်း လုပ်ငန်းတွင် နယ်စပ်ဖြတ် ကျော်အဝေးပြေးလမ်းမ၊ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းနှင့် သံမဏိထုတ်လုပ်မှု လုပ်ငန်းများ ရေနံဓာတု စက်ရုံများနှင့် အခြားစွမ်းအင်စက်ရုံများ အဓိက ပါဝင်သည့် စက်မှုမြို့တော်နှစ်ခု ပါဝင်သည်။ ဆိပ်ကမ်းတွင် ကူးသန်း ရောင်းဝယ် ရေးအတွက် DWT  ၆၅ဝဝဝ ရှိ ရေယာဉ်များဆိုက်ကပ်နိုင်ပြီး ကမ်းလွန်ရေနံလုပ်ကွက်များမှ ထုတ်လုပ်ရရှိသည့် ရေနံစိမ်းများ တင် ဆောင်ရန် DWT  ၂ဝဝဝဝဝ ရှိ ရေယာဉ်များဆိုက်ကပ်နိုင်သည်။ ပုဂ္ဂလိကဆိပ်ကမ်းများ    စဉ်    ဆိပ်ကမ်း                 ရင်းနှီးမြှုပ်နံှမှု        ဖွင့်လှစ်သည့်နှစ်                     လုပ်ငန်း    ၁။    သီလဝါ                       နိုင်ငံခြား            ၁၉၉၆               အထွေထွေကုန်ပစ္စည်းများနှင့်                                                                                                                     ကုန်သေတ္တာများ    ၂။   Myanmar Int'l              နိုင်ငံခြား             ၁၉၉၈              အထွေထွေကုန်ပစ္စည်းများနှင့်                                      Terminal Thilawa                                                                စားအုန်းဆီ                  Co., Ltd.           ၃။    မြန်မာ့စက်မှုဆိပ်ကမ်း    တိုင်းရင်းသားပိုင်        ၂ဝဝ၃                   အထွေထွေကုန်ပစ္စည်းများ                                   မြန်မာအဏ္ဏဝါစွမ်းအားရှင်                             ကုန်သေတ္တာ  ၄။    အေးရှားဝေါလ်ဆိပ်ကမ်း (၁)                        ၂ဝဝဝ                     ကုန်သေတ္တာ ၄၆၅ဝ        အေးရှားဝေါလ်ဆိပ်ကမ်း (၂)                         ၁၉၉၇                  စားအုန်းဆီသိုလှောင်ကန်များပါရှိ        အေးရှားဝေါလ်ဆိပ်ကမ်း (၃)                         ၂ဝဝ၅                  ပစ္စည်းစုံကိုင်တွယ်ပေးနိုင်သည်

Wednesday, 8 Sep 2010

  အနာဂတ်တွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည့် ကုန်သွယ်မှုအတွက် ဆိပ်ကမ်းဝန်ဆောင်မှု အခြေခံအဆောက်အအုံများ     ကုန်သွယ်မှုကို နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်ဂျင်စက်သဖွယ် တင်စားကြသည်။ ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရာတွင် ပင်လယ်ရေကြောင်းဖြင့်် ကုန်သွယ်မှုသည် နိုင်ငံတိုင်းတွင် အဓိက အရေးပါလျှက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း နှစ်စဉ်နိုင်ငံတကာနှင့် တိုးမြှင့်ကုန်သွယ်လျှက်ရှိရာ ပင်လယ်ရေကြောင်းဖြင့်ကုန်သွယ်မှု ပမာဏသည် နှစ်စဉ် ကုန်သွယ်မှုစုစုပေါင်း၏ ၈၅ရာခိုင်နှုန်းကျော်ရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပင်လယ်ရေကြောင်း ပို့ဆောင်ရေး အခြေခံအဆောက်အအုံများဖြစ်သည့် ဆိပ်ခံတံတားများ၊ ကုန်သေတ္တာလွင်ပြင်နှင့် ကုန်သေတ္တာစခန်းများကိုတည်ဆောက်ပေးခဲ့သည်။       မြန်မာနိုင်ငံတွင် ပင်လယ်ဆိပ်ကမ်း ထွက်ပေါက်များအဖြစ် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် (၅)ခုရှိသည်။ ယင်းတို့မှာ-ရန်ကုန်တိုင်းဒေသကြီးတွင် - ရန်ကုန်ဆိပ်ကမ်း၊ ရခိုင်ပြည်နယ်တွင် - စစ်တွေ၊ ကျောက်ဖြုူ၊ သံတွဲ၊ ဧရာဝတီတိုင်းဒေသကြီးတွင် - ပုသိမ်၊ မွန်ပြည်နယ်တွင် - မော်လမြိုင်၊ တနင်္သာရီတိုင်းဒေသကြီးတွင်-ထားဝယ်၊မြိတ်၊ကော့သောင်း      တို့ဖြစ်သည်။၁၉၈၈ ခုနှစ်အရှေ့ပိုင်းတွင် ဆိပ်ခံတံတား ၁၃ ခုရှိခဲ့ရာမှ ယခုအခါ ဆိပ်ခံတံတား ၂၈ ခုအထိရှိလာပြီ ဖြစ်သဖြင့် ဆိပ်ခံတံတား ၁၅ ခု တိုးတက်ခဲ့သည်။ ထို့အပြင် ၁၉၈၈ ခုနှစ်ရှေ့ပိုင်းတွင်မရှိခဲ့သော ကုန်းတွင်း ကုန်သေတ္တာလွင်ပြင်နှင့် ကုန်သေတ္တာစခန်း ၃ ခု တည်ဆောက်လုပ်ကိုင်လာနိုင်ခဲ့သည်။               ရန်ကုန်မြို့ရှိဆိပ်ကမ်းများ        (၁)    ထီးတန်းဆိပ်ကမ်း (Berth)                                                       (၂)    ထီးတန်းဆန်ဆိပ်ကမ်း (Berth)    (၃)    အလုံဆိပ်ကမ်း (Wharves)            (က)    အမှတ် (၁)             (ခ)    အမှတ် (၂)             (ဂ)    အမှတ် (၃)     (၄)    မြန်မာစက်မှုဆိပ်ကမ်း    (၅)    ဆူးလေဘုရားဆိပ်ကမ်း            (က)    အမှတ် (၁)              (ခ)    အမှတ် (၂)             (ဂ)    အမှတ် (၃)            (ဃ)    အမှတ် (၄)              (င)    အမှတ် (၅)             (စ)    အမှတ် (၆)             (ဆ)    အမှတ် (၇)    (၆)    ကျန်းမာရေးဆိပ်ကမ်း (Jetty)    (၇)    ဗိုလ်အောင်ကျော်ဆိပ်ကမ်း                     (က)    အမှတ် (၁)             (ခ)    အမှတ် (၂)             (ဂ)    အမှတ် (၃)    (၈)    သာကေတဆိပ်ကမ်း(Wharves)            (က)    အမှတ် (၁)             (ခ)    အမှတ် (၂)    (၉)    မြန်မာအင်တာနေရှင်နယ်သီလဝါဆိပ်ကမ်း    (၁ဝ)    မြန်မာအင်တီဂရိတ်တက်သီလဝါဆိပ်ကမ်း   

Pages