Main menu

Background

Thursday, 25 Jun 2015

အမေရိကန်နိုင်ငံတွင် အသက်အရွယ်ကြီးရင့်လာသည့်  အမျိုးသမီး များထက် အသက်ငယ်ရွယ်သူအမျိုးသမီးများတွင် ရင်သားကင်ဆာဖြစ် ပွားမှုနှုန်းမှာပိုမို မြင့်တက်လျက်ရှိကြောင်း အမေရိကန်နိုင်ငံ လူဦးရေနှင့်  ကင်ဆာဖြစ်ပွားမှုတို့ကို စာရင်းအင်းကောက်ယူလျက်ရှိသည့် ြှုံ သုတေသီများ၏ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါသုတေသနအဖွဲ့သည် အမေရိကန်နိုင်ငံရှိ အမျိုးသမီးများကို အသက် ၃၀မှ ၃၉၊ အသက် ၄၀မှ ၄၉နှင့် အသက် ၅၀မှ ၆၉နှစ်၊ အသက် ၇၀မှ ၈၄အထိ အုပ်စုလေးစုခွဲ၍ လေ့ လာမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Thursday, 25 Jun 2015

အင်္ဂလန်နိုင်ငံ၊  လန်ဒန်ရှိ လိဒ်ဆေးသိပ္ပံတက္ကသိုလ်မှ သုတေသီများက အဝလွန်ခြင်းကြောင့်  အမျိုးသားများမှာ ရင်သား ကင်ဆာဖြစ်ပွားလျက်ရှိနေကြောင်း ဇွန်လ ဒုတိယပတ်အတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အဝလွန်တဲ့ အမျိုးသားများရဲ့ အဆီဆဲလ်များမှာပါဝင်တဲ့ အင်ဇိုင်းများဟာ အမျိုးသားဟော်မုန်းTestosterone  ကို အမျိုး သမီးဟော်မုန်း Oestrogen  အဖြစ် ပြောင်းလဲစေပါတယ်။

Monday, 22 Jun 2015

      အစားအစာတို့တွင် သဘာဝအလျှောက်ပေါက်ပွားသော မှို (Fungus)  နှင့် တစေး(Yeast) တို့  မျိုးစိတ်ပေါင်းရာနှင့်ချီ ရှိသည်။ ရှင်သန်ခြင်း။  အစားအစာမှိုတို့သည်စေးပျစ်မှုနှစ်မှကိုးအထိ (Ph 2 to 9)  နှင့် အပူချိန် ၁၀ ဒီဂရီ ဆဲစီးယပ်မှ  ၃၅  ဒီဂရီဆဲစီးယပ် (10 C-35C)  ၌  ရှင်သန်နိုင်ပြီး တစေး (Yeast) သည် စိုစွတ်သော သဘာဝကိုကြိုက်သည်။တွေ့ရှိခြင်း။   ကောက်ပဲသီးနှံများ၊ ပြောင်း၊ ဂျုံ၊ စပါး၊ အခွံမာ စသော အသီးများ၊ သစ်သီးများစသည်တို့ မရိတ်သိမ်းမီနှင့် သိုလှောင်ထားချိန်တွင်  ပေါက်ပွားလာပြီးအသီးအနှံများပျက်စီး ပုပ်သိုးစေသည်။ မှိုများပေါက်ခြင်းဖြင့် ကောက်ပဲသီးနှံ၏ မူလ အရောင်၊ အဆင်း၊ အနံ့တို့ပျောက်သွားကာ ရံဖန်ရံခါ

Thursday, 2 Apr 2015

အတွဲ(၁၅)အမှတ်(၁၃)

မတ် ၁၅ ရက်မှ ၂၁ ရက် သီတင်း ပတ်အတွင်း ကန်ဒေါ်လာ ၆၈၄၀၄၄ တန်ဖိုးရှိ နို့ဆီ ၄၉၆ ဒသမ ၈၀ တန်ကို ရေလမ်းခရီးမှ တင်သွင်းခဲ့ပါတယ်။
ဒီတစ်ပတ်မှာ ဒွန်းနို့ဆီ ၂၄၈ ဒသမ ၄၀ တန်နဲ့ OK  နို့ဆီ ၂၄၈ ဒသမ ၄၀ တန်ဝင်လာခဲ့ပါတယ်။ ယခင်သီတင်း ပတ်အဝင်နဲ့ယှဉ်ရင် ဒီတစ်ပတ်မှာ ၁၂၈ ဒသမ ၅၁ တန် အဝင်ပိုခဲ့တယ်လို့ သိရ ပါတယ်။
နို့မှုန့်က ဒီတစ်ပတ်မှာ နယူးဇီ လန်နိုင်ငံမှ ၂၅ တန်နဲ့ စင်ကာပူမှ ၂၅၈ ဒသမ ၃၃ တန်   တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်အဝင်နဲ့ ယှဉ်ရင် ၁၄၉ ဒသမ ၅၂ တန် အဝင် လျော့ခဲ့တယ်လို့ သိရပါတယ်။   

Thursday, 2 Apr 2015

အတွဲ(၁၅)အမှတ်(၁၃)

မတ်လ ၁၅ ရက်မှ ၂၁ ရက်  သီတင်းပတ်မှာ  ပြည်တွင်းကို  ရေလမ်းမှ ဘိလပ်မြေအဝင်  တန်ချိန် ၁၃၈၅၀၀ ကျော်  ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ် ဘိလပ်မြေအဝင်မှာ တန်ချိန် ၁၂၄၅၀၀ ကျော်ရှိခဲ့တာ ကြောင့် ဒီတစ် ပတ်မှာ ဘိလပ်မြေတန်ချိန် ၁၃၉၀၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ နယ်စပ် လမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၃၂၃၀၀ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၃၂၈၁၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၄၄၀ ကျော် အဝင် လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ  ရေလမ်းမှ အဝင်ပိုခဲ့ပြီး နယ်စပ်လမ်းမှ အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။

Thursday, 2 Apr 2015

အတွဲ(၁၅)အမှတ်(၁၃)

Pages