Main menu

Background

Wednesday, 25 Jul 2012

ဘာလင်    ဂျာမနီနိုင်ငံရဲ့ အမြင့်ဆုံး တရား ရုံး ဖြစ်တဲ့ ပြည်ထောင်စု အခြေခံ ဥပဒေဆိုင်ရာ တရားရုံးက ယူရိုဇုန် အကျပ်အတည်း ဖြေရှင်းရေး အစီ အမံများကို ဂျာမန် နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်မှု ရှိမရှိ စက်တင်ဘာ ၁၂ ရက်မှာ နောက်ဆုံး စီရင်ချက် ချမှတ်မယ်လို့ ထိုတရားရုံး က ပြောကြားပါတယ်။ ဒါကြောင့် ဥရောပ တည်ငြိမ်ရေး ယန္တရား (အီးအက်စ်အမ်)ကို အကောင် အထည်ဖော်ရေးက နှစ်လခွဲခန့် ကြန့် ကြာဦးမဲ့သဘော ဖြစ်ပါတယ်။             Source.Xinhua

Wednesday, 25 Jul 2012

    အမေရိကန်ပြည်ထောင်စုရဲ့ ရေနံသဘာဝဓာတ်ငွေ့ ကုမ္ပဏီ တွေက မြန်မာနိုင်ငံမှာ လုပ်ငန်းဆောင်ရွက်ဖို့ စဉ်းစားတာနှောင့်နှေး နေရင် " မဟာဗျူဟာမြောက်အမှားတစ်ခု''  ကို ကျူးလွန်ရာ ရောက် လိမ့်မယ်လို့အမေရိကန်အထက်လွှတ်တော်အမတ် ဂျိမ်းအင်ဟိုဖီးက ပြော ပါတယ်။

Sunday, 22 Jul 2012

       တရုတ်နိုင်ငံရဲ့ စီးပွားရေး နာလန်ထူလာမှု အခြေအနေအရှိန်မရသေးကြောင်း တရုတ်ဝန်ကြီး ချုပ် ဝမ်ကျားပေါင် က ပြောကြားလိုက် ရာ တစ် ပတ်အတွင်း အမြင့်ဆုံးနှုန်းနဲ့ ဈေးကွက်ပိတ်ခဲ့တဲ့ ရေနံစိမ်းဈေးနှုန်းတွေ က  ပြန်လည်အားနည်း လာတယ်။

Sunday, 22 Jul 2012

        တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က တရုတ်နိုင်ငံရဲ့ စီးပွားရေးတည်ငြိမ်စေဖို့ ကြိုးပမ်း လျက်ရှိပြီး ၂၀၁၂ ခုနှစ် ဒုတိယနှစ်ဝက်မှာ မူဝါဒဖြေလျော့မှုတွေ  တိုးမြှင့်ဆောင်ရွက်သွား မယ်လိ့ု ပြောကြားလိုက်ရာ ဇူလိုင် ၁၆ ရက် ကမ္ဘာ့ရွှေဈေးနှုန်းများ အနည်းငယ်ခိုင်မာ လာတယ်။

Wednesday, 18 Jul 2012

           ယူရိုဇုန်အကျပ်အတည်းက လာမဲ့နှစ်အနည်းငယ်ကြာ သည်ထိ ကမ္ဘာ့စီးပွားရေးကို ဒရွတ်တိုက်ဆွဲပြီး ဟန့်တား နေဦးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ထိုင်းပို့ကုန်များကို တိုက် ရိုက်ထိုးနှက်မှာဖြစ်တဲ့အတွက် ယခုနှစ်မှာ ပို့ကုန်တိုးနှုန်းမှာ ခုဂဏန်းဖြင့်သာ တိုးတက်မည်ဖြစ်ကြောင်းနဲ့ မူလရည်မှန်း ချက်ဖြစ်သော ၁၅ ရာခိုင်နှုန်းမှ အများကြီး ကျသွားနိုင် ကြောင်း ပို့ကုန်လုပ်ငန်းသမားများနဲ့  ဘဏ်လုပ်ငန်းသမား တို့က ဇူလိုင် ၁၁ ရက်က သတိပေးပြောကြားခဲ့ပါတယ်။

Wednesday, 18 Jul 2012

နယူးယောက်    အမေရိကန်ကြွေးမြီ အဆင့် သတ်မှတ်ရေးအေဂျင်စီ   Moody's က အီတလီအစိုးရ ဘွန်းစာချုပ် များ ရဲ့အဆင့် ကို  နှစ်ဆင့်လျှော့ပြီး A3  သို့လျှော့ချခဲ့ ပါတယ်။ အီတလီနိုင်ငံ ကငွေကြေးရှာဖွေစုဆောင်းမှုကုန်ကျ စရိတ်ထပ်မံမြင့်တက် ပြီး ဘတ်ဂျက် အတွက် ငွေကြေးချေးယူရာမှာ ဈေး ကွက် အချိတ်အဆက် တွေဆုံးရှုံးခဲ့ တဲ့အတွက် ယခုလိုလျှော့ ချခဲ့ရတယ် လို့ အေဂျင်စီက ဇူလိုင် ၁၂ ရက်က ပြောပါတယ်။    Source:  AFPတိုကျို    ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံး မို ဘိုင်းကုမ္ပဏီ ဒိုကိုမိုကလာမဲ့ လေးနှစ် အတွင်း အရောင်းကိုကိုးဆတိုးချဲ့နိုင် ဖို့အတွက် ဖျော်ဖြေရေးနဲ့ အီးကော မတ် လုပ်ငန်းတွေကို တိုးချဲ့သွားမှာ ဖြစ်ကြောင်းတွေ့ဆုံမေးမြန်းခန်းတစ်ခု မှာ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိ ချုပ်  ကာအိုရူကာတိုက ပြောပါ တယ်။ Roaming Fee  မပါ ဂျပန် နိုင်ငံပြင်ပမှရငွေက ယခုဘဏ္ဍာရေး နှစ်က ယန်း ၂၂ ဘီလီယံရှိပြီး ၂၀၁၆ ခုနှစ် မတ်လမှာ ကုန်ဆုံးမဲ့ ဘဏ္ဍာ ရေးနှစ်မှာ ယန်း ဘီလီယံ ၂၀၀ (ဒေါ် လာ ၂ ဒသမ ၅ ဘီလီယံ) ရဖို့ခန့်မှန်း ထားကြောင်း သူက ပြောပါတယ်။Source:  bloomberg.com ဘန်ကောက်    ယခင်နှစ် သဘာဝဘေးဒဏ် ကြောင့်ပျက်စီးခဲ့ရတဲ့နယ်မြေတွေအ တွက် ဝယ်လိုအားတွေက ၂၀၁၄ ခုနှစ်မှာမြင့်တက်မယ်လို့ ခန့်မှန်း ထားပါတယ်။ ၂၀၁၃ ခုနှစ် မတ်လ ကုန်ဆုံးမဲ့ ဘဏ္ဍာနှစ်မှာ ဂျပန်နိုင်ငံက အိမ်အလုံး ၈၇၆၀၀၀ ခန့် ၂၀၁၄ ခုမတ်လမှာကုန်ဆုံးမယ့်ဘဏ္ဍာနှစ်မှာ အိမ်အလုံး ၉၁၆၀၀၀ ဆောက်ဖို့စီစဉ် ထားကြောင်း ဖူကူအို ကာရှိထိုင်း ကုန် သွယ်မှုမြှင့်တင်ရေးရုံးကပြောပါတယ်။ ှSource:  bangkokpost.comစင်ကာပူ    စက်မှု  ကုန်ထုတ်လုပ်ငန်းတွေ ကျဆင်းတဲ့အတွက်  ယခင်သုံးလ ပတ်က စင်ကာပူရဲ့စီးပွားရေး ရုတ် တရက်ကျဆင်းခဲ့ပါတယ်။ ဒါကြောင့် ဥရောပ ကြွေးမြီ အကျပ်အတည်းက အာရှဒေသ ထုတ်ကုန်တွေရဲ့ ဝယ် လိုအားကို ထပ်မံ ကျဆင်းစေခဲ့တဲ့ လက္ခဏာဖြစ်တယ်လို့ ပြောပါတယ်။ စင်ကာပူ GDP ရဲ့  သုံးလပတ် အလိုက်အခြေအနေက နှစ်အလိုက် နှုန်းအရ ၁ ဒသမ ၁ ရာခိုင်နှုန်း ကျ ဆင်းခဲ့ပါတယ်။ှSource:  bloomberg.com

Monday, 9 Jul 2012

      လူအတော်များများက အရှေ့တောင်အာရှ ကို စည်းလုံးညီညွှတ်တဲ့ ယူနစ်တစ်ခုလို သဘော ထားကြပါတယ်။ ဒါပေမဲ့ စီးပွားရေး လုပ်ငန်းရှင် တွေအားလုံးက တစ်နိုင်ငံချင်းမှာ စီးပွားရေး လုပ် ငန်းဆောင်ရွက်တဲ့ နည်းလမ်း ကွဲပြား ခြား နားမှုတွေ ရှိနေတယ်လို့ လက်ခံထားကြပါတယ်။

Monday, 9 Jul 2012

    အမှန်တကယ် အလုပ်ဖြစ်ပြီး  ရလဒ်ပေါ်ထွက်လာမဲ့ အခြေခံကျတဲ့ စနစ်တကျ ပြောင်းလဲမှုတွေကို ဥရောပက ဆောင်ရွက် ဖို့လိုဦးမှာဖြစ်ကြောင်း ချက်ပြည်ထောင်စုသမ္မတ ဗာကလပ်ကလော့စ်က ဇူလိုင် ၅ ရက်က ပြောပါတယ်။

Monday, 9 Jul 2012

ကွာလာလမ်ပူ    တောင်ကိုရီးယားမှ ကုန်အမှတ် တံဆိပ်ဆမ်ဆောင်းက အက်ပဲနဲ့ဆိုနီ ကို ကျော်ဖြတ်ပြီး Campaign  Asia-Pacific 2012  Asia's  Top  1000  Brands  အစီရင်ခံစာရဲ့ ထိပ် ဆုံးနေရာကို ရောက်ရှိခဲ့ပါတယ်။ နံပတ်ငါးအတွင်း ဝင်လာတဲ့ ကုမ္ပဏီ တွေကတော့ နက်စလေနဲ့ ပင်နာဆိုး နစ်တို့ ဖြစ်ပါတယ်။ှSource: bernama.com 

Monday, 9 Jul 2012

        ၂၀၁၅ ခုနှစ်မှာ အာဆီယံစီးပွားရေးအသိုက်အဝန်း စတင်တော့ မှာဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ထိုင်းနိုင်ငံရဲ့ အကောက် ခွန်နယ်စပ်စခန်းများ အလုံးစုံစစ်ဆေးပြုပြင်ဖို့ အကောက်ခွန်ဌာနက စီစဉ်နေတယ်လို့ သိရပါတယ်။ AEC အရ အာဆီယံ စီးပွားရေး ပေါင်း စည်းရေးဟာ နယ်စပ်ကုန်သွယ်မှု သိသိသာသာတိုးတက်မယ့်ရလဒ်ရှိ လာဖွယ်ရှိတယ် လို့ ညွှန်ကြားရေးမှူးချုပ် Somchai  Pulsawas မှ ပြောကြားပါတယ်။ လက်ရှိမှာ နယ်စပ်စခန်းများမှ အကောက်ခွန် ကောက်ခံမှုဟာ စုစုပေါင်း အခွန်ကောက်ခံမှု ရဲ့ ၁၀ ရာခိုင်နှုန်းရှိပြီး၊ တစ်နှစ်ကို ဘတ် ၁၀ ဘီလီယံ (ကန်ဒေါ်လာ သုည ဒသမ ၃၁၅ ဘီလီယံ)ရရှိတယ်လို့ သိရပါတယ်။

Pages