Main menu

Background

Monday, 27 Aug 2012

ကမ္ဘာ့စီးပွားရေး မတိုးတက်ဘဲရှိနေချိန်မှာ အနာဂတ်ကာလကမ္ဘာကြီး အတွက် အဓိကစိန်ခေါ်မှုမှာ အလုပ်အကိုင်ဖြစ်ကြောင်း ဇူလိုင် ၃၁ ရက်က ပြည်သူ့မူဝါဒရေးရာ လီကွမ်ယူတက္ကသိုလ်က ဦးဆောင်ကျင်းပတဲ့ အာရှ ယှဉ်ပြိုင်မှု သိပ္ပံကွန်ဖရင့်ဆွေးနွေးပွဲမှာ စင်ကာဒုတိယဝန်ကြီးချုပ်နဲ့ ဘဏ္ဍာ ရေးနဲ့ လူအင်အားဌာနဝန်ကြီး သာမန်းရှန်မူဂါရက်တနမ်က ပြောပါတယ်။

မကြာသေးမီက အရှေ့အလယ်ပိုင်းဒေသ နဲ့ မြောက်အာဖရိကတွေ မှာ ဖြစ်ပွား ခဲ့တဲ့ဆန္ဒပြမှုတွေရဲ့ နောက်ကွယ်က ရှိနေတဲ့အကြောင်းအရင်းက လူငယ် အလုပ်လက်မဲ့နှုန်းမြင့်မားမှုဖြစ် တယ်လို့ ဆိုပါတယ်။ လူငယ်တွေအကြား အလုပ်လက်မဲ့ဖြစ်မှုက ဥရောပနဲ့အမေရိကန် ပြည်ထောင်စုတွေမှာ လည်း မြင့်မားလျက်ရှိနေပါတယ်။ ဒီအခြေအနေ ကြောင့်အဲဒီနိုင်ငံတွေမှာ ပြင်းထန်တဲ့ ရေရှည်အကျိုးဆက်တွေဖြစ်ပေ ါ်နိုင် ကြောင်း ထိပ်တန်းတာဝန်ရှိသူတွေနဲ့ ပညာရှင်တွေတက်ရောက်တဲ့ အစည်း အဝေးမှာ မစ္စတာသာမန်း က ပြောပါတယ်။ " နောက်ပိုင်းမှာ စီးပွားရေးနဲ့ လူအသိုက်အဝန်း ပင်မရေစီးထဲကို ပြန်လည် ဆွဲခေါ်လို့မရနိုင်တဲ့ အဟောသိကံ ဖြစ်နေတဲ့ မျိုးဆက်သစ်တွေနဲ့ ကျွန်တော် တို့ကြုံရပါလိမ့်မယ်" လို့ သူကပြောပါတယ်။ အာရှ အထူးသဖြင့် စင်ကာပူ၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေက ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာရှိနေတဲ့ လူငယ်လူရွယ်တွေ ရေရှည်အလုပ်လက်မဲ့ဖြစ်နေတဲ့ အကျိုးဆက်တွေကို အနီးကပ်လေ့လာထားဖို့ကောင်းကြောင်း၊ သူတို့စီးပွားရေး တွေမှာလည်း အလားတူအခြေအနေတွေ ပေါ်ပေါက်နိုင်လို့ဖြစ်ကြောင်း သူက ပြောပါတယ်။ အလုပ်အကိုင်ဖန်တီးရာမှာ အသေးစားနဲ့ အလတ်စားစီးပွားရေး တွေ အဓိကျတဲ့ အခန်းကဏ္ဍပါဝင်နေတဲ့အတွက် အာရှအစိုးရတွေကသူတို့ကို လက်တွဲဖေးကူသင့်တယ်လို့ သူက ပြောပါတယ်။ ဖွံ့ဖြိုးရေးမှာအခြားအဓိကျတဲ့အချက်က လူသားအရင်းအနှီးဖြစ်ပြီး သာမန် ဘွဲ့များထက်ကျော်လွန် တတ်မြောက်တဲ့ တက္ကသိုလ် ကျောင်းသားတွေ ပိုရှိသင့် တယ်လို့ သူက ပြောပါတယ်။                                          Source.CNA
 

Monday, 27 Aug 2012

ယူရိုဇုန်က ကြွေးမြီ အကျပ် အတည်းအောက်မှာ မလှုပ်မရှား နိုင် အောင် ချိနဲ့နေတာမျိုးတော့ မဟုတ်ပါ ဘူး။ ဒါပေမဲ့ " ပြတ်သားတဲ့ဆုံးဖြတ်ချက် ခြေလှမ်း" တွေ ယခုထိမဆောင်ရွက်ရ သေးကြောင်း အမရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားက ဇူလိုင် ၃၁ ရက်ကပြောပါတယ်။ မဲဆွယ်ပွဲ အလှူရှင်တွေ တွေ့ဆုံတဲ့ အခမ်းအနား မှာ အမေရိကန်ပြည်ထောင်စုစီးပွားရေး က မတည်ငြိမ်သေးကြောင်းနဲ့ လာမဲ့ ကာလအတော်များများမှာ အခက်အခဲ တွေနဲ့ တွေကြုံရဦးမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။

Sunday, 29 Jul 2012

ဂျပန်နိုင်ငံမှာ အလုပ်လုပ်လိုတဲ့ သက်ကြီးရွယ်အိုဦးရေ ပိုမိုများပြားလာကြောင်း အသက်အရွယ်ကြီးရင်သူနဲ့ ပတ် သက်တဲ့ ဂျပန်အစိုးရရဲ့ စက္ကူဖြူစာတမ်းမှာ ဖော်ပြထားပါ တယ်။ ဒါပေမဲ့ အသက် ၆၀ ကျော် အလုပ်လုပ်လိုသူများ အတွက် အလုပ်အကိုင်ဖန်တီးမှုနှုန်းက ၄၀ ရာခိုင်နှုန်းသာရှိပါ တယ်။

Sunday, 29 Jul 2012

    အာရှပစိဖိတ်ဒေသမှာ လုပ်သား ဝန်ထမ်းများအတွက် ဆေးဝါးအကျိုး ခံစားခွင့်အတွက်ကုန်ကျစရိတ်က ဆယ် ဂဏန်းထိဆက်လက်မြင့်တက်နေကြောင်း၊ ကမ္ဘာ့အသက်မွေး ဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီဖြစ်သော Towers Watson  မှပြုလုပ်သော စစ်တမ်းအရ တွေ့ရပါ တယ်။

Sunday, 29 Jul 2012

    စင်ကာပူကုမ္ပဏီများက အလုပ်သမားငှားရမ်းမှုကိုလျှော့ချမှာ ဖြစ်တဲ့ အတွက် လာမဲ့သုံးလအတွင်း အလုပ်အကိုင်လစ်လပ်မှု ကျဆင်းမှာဖြစ်ကြောင်း အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီဟတ်ဆန်က မကြာသေးမီက ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်စောင်မှာတွေ့ ရပါတယ်။ ဇူလိုင်၊ စက်တင်ဘာလအတွက် စစ်တမ်းကို ကုမ္ပဏီကအလုပ်ရှင်  ၅၆၇ ဦးကို စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါ တယ်။ အလုပ်ရှင်အများစုက " စောင့်ကြည့်အကဲခတ်" တဲ့ သဘောမျိုး ဆောင် ရွက်နေတဲ့အတွက် အလုပ်အကိုင်ငှားရမ်းခန့်ထားမှု အလားအလာ ကျဆင်းနိုင် ကြောင်း ဇူလိုင် ၂၄ ရက်ထုတ် ပြန်တဲ့ဟတ်ဆန်စစ်တမ်းမှာ ဖေါ်ပြထားပါတယ်။

Sunday, 29 Jul 2012

    ကြွေးမြီအဆင့် သတ်မှတ်ရေး အေဂျင်စီ မူဒီက ဂျာမန်အစိုးရရဲ့ ကြွေး မြီ အဆင့်ကို လျှော့ချခဲ့ပြီးနောက်ပိုင်း ဂျာမန်ဘဏ် ၁၇ ခုရဲ့ အလားအလာ အဆင့်ကို ဇူလိုင် ၂၅ ရက်က အဆင့် လျှော့ချသတ်မှတ်ခဲ့ပါတယ်။ ဂျာမနီ နိုင်ငံမှာ  Landesbank   လို့လူသိများတဲ့ နိုင်ငံတော်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဒေသတွင်းဘဏ်များရဲ့ အဆင့်ကို လျှော့ချခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုအဆင့် လျှော့ချတဲ့ထဲမှာ  IKB Deutsche Industriebank  နဲ့ Deutsche Postbank   တွေလည်းပါ ဝင်ပါတယ်။

Wednesday, 25 Jul 2012

      ဗီယက်နမ်ပြည်နယ်အချို့ရှိ စီးပွားရေးပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းတွေမှာ ပြည်တွင်းပြည်ပစီးပွားရေး လုပ်ငန်း တွေကအရေး ပါတဲ့လုပ်ငန်းတွေမှာ ပါဝင်နေပေမဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေက ဒီဆောင်ရွက်မှု ဖြစ်စဉ်မှာ ပါဝင် နိုင်မှုနည်းနေတယ်လို့ ဆိုပါတယ်။ ဒီသုတေသနပြုချက်ကို ယူကေဖွံ့ဖြိုးမှု လေ့လာရေး သိပ္ပံနဲ့ ဗီယက်နမ်ကုန်သည်ကြီး များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း တို့ ပြည်နယ်လေးခုမှာ ပြုလုပ်ခဲ့တဲ့သုတေသနစစ်တမ်းအရတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

Wednesday, 25 Jul 2012

    ထိုင်းနိုင်ငံကထုတ်တဲ့ ကုန်ပစ္စည်း ၁၂ မျိုးက အမေရိကန်ပြည်ထောင်စုရဲ့ အထူး အခွင့်အရေး ( Generalised System of  Preferences)  ရရှိနေဆဲ ဖြစ်ကြောင်း ထိုင်းစီးပွားရေးနဲ့ကုန်သွယ် ရေး ဝန်ကြီး ဘွန်းဆောင် တဲရီယာ ပီရွမ်က ပြောပါတယ်။

Wednesday, 25 Jul 2012

    ပိုမိုကြီးမားကောင်းမွန်တဲ့ ထုတ်ကုန်သစ်များကို ထုတ်လုပ်ဖို့ကြိုးစားနေတဲ့ တောင်ကိုရီးယားရဲ့ ဒုတိယအကြီးဆုံး လူသုံးကုန်လျှပ်စစ်ပစ္စည်းကုမ္ပဏီ LG   က ပရီမီယံ ရေခဲသေတ္တာ အကြီးစားတွေထုတ်လုပ်ရာမှာ ဆမ်ဆောင်းအီလက် ထရွန်းနစ်ကို ယှဉ်ပြိုင်နိုင်မဲ့ နည်းလမ်းတွေ ရှာဖွေကြိုးပမ်းနေပါတယ်။ လာမဲ့ လမှာ သိုလှောင်မှုစွမ်းရည် ၉၁၀ လီတာရှိ အားလုံးအသစ် ဖိုးဒိုး ရေခဲ သေတ္တာ ကို ထုတ်လုပ်တော့မှာ ဖြစ်ကြောင်း LG အီလက်ထရွန်းနစ်က ယခုရက် သတ္တပတ်က ပြောပါတယ်။

Wednesday, 25 Jul 2012

    အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ကြွယ်၀ လှတဲ့ ဘူမိအပူသယံဇာတများကို ဆောင်ရွက်လာအောင် အင်ဒိုနီးရှား အစိုးရက ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်မှု များကို ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူများရဲ့ပြောကြားချက်ကို ပြည်တွင်းမီဒီယာများတွင် ဇူလိုင် ၁၈ ရက်က ကိုးကား ဖော်ပြပါတယ်။

Pages