Main menu

Background

Thursday, 4 Oct 2012

ဥရောပနှင့် အာရှနိုင်ငံများသို့  ပို့ကုန်တင်ပို့မှုကျဆင်း ခဲ့တဲ့အတွက် ဂျပန်နိုင်ငံ၏ ကုန်သွယ်မှုလိုငွေမြင့် တက်ပြီး ကန်ဒေါ်လာ ၉ ဒသမ ၆ ဘီလီယံထိ ရောက်ရှိခဲ့တယ်။ ဒါ ကြောင့် ပို့ကုန်အားပြုနေသောဂျပန်နိုင်ငံ၏ စီးပွားရေး ပြန် လည်ရှင်သန်ရေး မျှော်လင့်ချက်မှာ အလှမ်းဝေးနေဆဲ ဖြစ် ပါတယ်။ ဒါပေမဲ့ သြဂုတ်လ ယန်း ၇၅၄ ဒသမ ၁ ဘီလီယံ (ကန်ဒေါ်လာ ၉ ဒသမ ၆ ဘီလီယံ)လိုငွေပြမှုမှာ ယခင်နှစ်က ရှိခဲ့တဲ့ ကန်ဒေါ်လာ ၉ ဒသမ ၉ ဘီလီယံနဲ့ နှိုင်းယှဉ်ပါက နည်းတယ်လို့ မဆိုနိုင်သေးကြောင်း စက်တင်ဘာ ၂၀ ရက်က ထုတ်ပြန်သည် အစိုးရအစီရင်ခံစာမှာ ပါရှိပါတယ်။ သြဂုတ်လ ပို့ကုန်ဟာ ယန်း ၅ ဒသမ ၀၅ ထရီလီယံ (ကန်ဒေါ် လာ ၆၄ ဒသမ ၃၃ ဘီလီယံ) ရှိခဲ့ရာ ယခင်နှစ်နဲ့ နှိုင်းယှဉ်ပါက ၅ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး သွင်းကုန်မှာ ယန်း ၅ ဒသမ ၈ ထရီလီယံ (ကန်ဒေါ်လာ ၇၃ ဒသမ ၉ ဘီလီယံ) ရှိခဲ့ရာ တိုးတက်နှုန်း ၅ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

Thursday, 4 Oct 2012

ထိုင်း နိုင်ငံတစ်ဝန်းဖြစ်ပေါ်နေတဲ့ လက်ရှိ ရေလွှမ်းမိုးမှုများ အသေးစားနဲ့ အလတ်စား ( SME) များကို ထိခိုက် မှု မရှိသေးကြောင်းနှင့် တစ်သီးပုဂ္ဂလ ဖောက်သည်များမှာ ပြင်းထန်တဲ့ထိခိုက် မှုများ မရှိသေးကြောင်း ဒေသခံဘဏ် များက ပြောပါတယ်။

Thursday, 4 Oct 2012

စားသုံးသူတွေအတွက် ဆောင်ရွက်ပေးရာမှာ ဒစ်ဂျစ်တယ်ခေတ်ကို ရောက်လာပြီဖြစ်တဲ့အတွက် ကုမ္ပဏီတွေရဲ့ကုန်အမှတ်တံဆိပ်တွေနဲ့ ထုတ်ကုန် တွေကို ကြော်ငြာဖို့အတွက်မီဒီယာပလက်ဖေါင်းသစ်တွေကို နည်းလမ်း သစ် တွေနဲ့ စတင်ဆောင်ရွက်လာကြပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ သန်းပေါင်းများစွာ သော ဖောက်သည်တွေ ကို ထိထိရောက်ရောက်ဆက်သွယ်ခြင်းနဲ့ အပြန်အလှန် ဆက်ဆံခြင်းပြုရာမှာ  Facebook  က စွမ်းအားအကြီးမားဆုံး ပလက်ဖေါင်း တစ်ခုလိုဖြစ်လာကြောင်း ihub Media Group   ရဲ့ အရာရှိချုပ်ဂျော့ဖူးက ပြောပါတယ်။ ဒီမီဟာဂရုက စင်ကာပူမှာအခြေစိုက်ထားတဲ့ ဈေးကွက်မှာရှာဖွေ ရေးပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ ဒီကုမ္ပဏီက နိုင်ငံပေါင်း ရှစ်နိုင်ငံမှာ အခြေ စိုက်ထားပြီး ဂိမ်းနဲ့ဇာတ်ကောင်တွေကို အပလီကေးရှင်းတွေကို ဖန်တီးပြီး ဈေးကွက်ရှာဖွေရေး နဲ့ ကြော်ငြာလုပ်ငန်းတွေကို ဆောင်ရွက်ပေးပါတယ်။

Thursday, 4 Oct 2012

မာရီကာနာ ပလက်တီနမ်တွင်းမှာ အလုပ်လုပ်နေကြတဲ့ တောင်အာဖရိက ရှိ မာရီကာနာ သတ္တုတွင်းတူး လုပ်သား တွေ လုပ်ငန်းခွင်ကို စက်တင်ဘာ ၁၈ ရက်မှာ ပြန်ဝင်ကြပါတယ်။  တောင် အာဖရိကသတ္တုတွင်းမှာ ဆန္ဒပြမှုတွေ အပြင်းအထန်ဖြစ်တဲ့အတွက် လူ ၄၄ ဦး သေဆုံးခဲ့ပါတယ်။ ဆန္ဒပြနေတဲ့ လုပ် သားတွေက လွန်မင်က ပိုင်ရှင်တွေနဲ့ သဘောတူညီချက်ကို စက်တင်ဘာ ၁၈ ရက်စတင်ရရှိခဲ့ပါတယ်။ ပိုင်ရှင်တွေက လစာကို ၂၂ ရာခိုင်နှုန်းထိ တိုးမြှင့်ပေး ခဲ့ပါတယ်။ ရက်သတ္တပတ် ခြောက်ပတ် လောက်   လုပ်ငန်းရပ်ဆိုင်းထားစဉ် ကာလအတွင်းက ဆုံးရှုံးမှုတွေကို ပြန် လည် အစားထိုး နိုင်လိမ့်မယ်လို့ လွန် မင်က  ယုံကြည်ထားပါတယ်။ သတ္တု တွင်းလုပ်သား ၃၄ ဦးသေဆုံးပြီး အများ စုက ရဲကပစ်ခတ်လို့သေဆုံးတာ ဖြစ်ပြီး ဤကိစ္စအတွက် စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။

Monday, 1 Oct 2012

ဗြိတိန်နိုင်ငံရှိ ဟွာဝေးကုမ္ပဏီရဲ့ လုပ်ငန်းတွေအတွက် လာမဲ့ငါးနှစ် အတွင်း ပေါင်သန်း ၆၅၀ ရင်းနှီး မြှုပ်နှံ ပြီး ဝယ်ယူဖြည့်တင်းရေးအတွက် ပေါင် သန်း ၆၅၀ အသုံးပြုမှာ ဖြစ်ကြောင်း နည်းပညာကုမ္ပဏီဟွာဝေးက ကြေညာ ပါတယ်။ ယခု လောလောဆယ်မှာ ဗြိတိန်နိုင်ငံမှာ လုပ်သားဝန်ထမ်း ၈၀၀ ခန့်ထားပြီး ၂၀၁၇ ခုနှစ်မှာ ကုမ္ပဏီက လုပ်သား ၁၅၀၀ အထိ ခန့်ထားဖို့ ဆောင်ရွက်ထားပါတယ်။

Monday, 1 Oct 2012

တစ်ဆင့်ပြန်လည်တင်ပို့မည့် ကုန်ပစ္စည်းများကို ဗီယက်နမ်တွင် ၄၅ ရက် သာ သိမ်းဆည်းထားနိုင်တော့မည်ဖြစ်ကြောင်းနဲ့ နောက်ထပ် ၁၅ ရက်သာ ရက်တိုးပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးမှ ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။ယခုကဲ့သို့ဆောင်ရွက်ခြင်းမှာ ယာယီတင်သွင်းမှုနဲ့ တစ်ဆင့်ပြန်လည် တင်ပို့ခြင်းကို နိုင်ငံတော်ကစီမံခန့်ခွဲရာတွင် ပိုမိုထိရောက်စေရန်နဲ့ စိုးရိမ်ရတဲ့အဆင့်ကို ရောက်နေ တဲ့ မှောင်ခိုလုပ်ငန်းကို ကာကွယ်ဟန့်တားဖို့ဖြစ်ကြောင်း ဖော်ပြ ထားပါတယ်။

Monday, 1 Oct 2012

၂၀၁၂ ခုနှစ် ဇန်နဝါရီ-သြဂုတ်လ ကာလအတွင်း အိန္ဒိယနိုင်ငံက ဆိုက် ရောက်ဗီဇာ ထုတ်ပေးသူဦးရေ ၉၄၁၂ ဦးရှိတဲ့အတွက် ၂၀၁၁ ခုနှစ်အလားတူ ကာလက ထုတ်ပေးခဲ့တဲ့ ၇၅၁၄ ဦးနဲ့ နှိုင်းယှဉ်ရင် ၂၅ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။

Sunday, 9 Sep 2012

၂၀၁၇ ခုနှစ်မှာ ရေမှော်ကနေ ဇီ၀ လောင်စာဆီကို စီးပွားဖြစ် ထုတ်လုပ် သွားမှာ ဖြစ်ကြောင်းနဲ့ တစ်စည်ကို ဒေါ်လာ ၁၅၀ရှိနိုင်ကြောင်း အမျိုးသား ရေနံကုမ္ပဏီ PTT ရဲ့ အမှုဆောင်ချုပ် ပိုင်လင်းချပ်ချိုတာဝန် က ပြောပါတယ်။ အဲဒီအချိန်မှာ ရေမှော်အခြေခံဓာတ်ဆီ က ရုပ်ကြွင်းလောင်စာဆီကို ယှဉ်ပြိုင် နိုင်မှာ ဖြစ်ကြောင်း အဲဒီအချိန်မှာ ရုပ်ကြွင်းလောင်စာဆီရဲ့ တန်ဖိုးက ယခု နှစ် ပျမ်းမျှတစ်စည်ကို ဒေါ်လာ ၁၁၀ ရှိရာမှ ဒေါ်လာ ၁၅၀ အထိ ရောက် သွားနိုင်ကြောင်း ဘန်ကောက်မြို့မှာ စက်တင်ဘာ ၃ ရက်က ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် အာရှ-အိုရှင်း နီးယား ရေမှော်ပြုပြင် ဆန်းသစ်ရေး ထိပ်သီးအစည်းအဝေးက ဒေါက်တာ ပိုင်လင်းက ပြောပါတယ်။

Sunday, 9 Sep 2012

Bankia  ဘဏ်အတွက် ယူရို ၄ ဒသမ ၅ ဘီလီယံ (ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံ) အရေးပေါ် ထုတ်ချေးပေးခဲ့ကြောင်း စပိန်နိုင်ငံက စက်တင်ဘာ ၃ရက်က ပြောပါတယ်။ ဘဏ်ကြီးရဲ့ လက်ကျန်ရှင်းတမ်းကို ထိန်းသိမ်း နိုင်ဖို့အတွက် ချက်ချင်းအကျိုးသက်ရောက်မှုရှိစေမည့် ရင်းနှီးငွေကို ထုတ်ပေးဖို့ အုပ်ချုပ်ရေးဘုတ် အဖွဲ့က သဘောတူခဲ့ကြောင်း နိုင်ငံတော်က ကျောထောက် နောက်ခံပေးထားတဲ့ Fund for Oredry Bank Restructruing (FROB)   ကပြောပါတယ်။

Sunday, 9 Sep 2012

တရုတ်နိုင်ငံသို့ လာရောက် လည် ပတ်သူများအတွက် ဗီဇာစည်းမျဉ်း များကို ထပ်မံ တင်းကျပ်ခဲ့ပါတယ်။ ဗီဇာ ရရှိဖို့အတွက် ဖိတ်ခေါ်စာနဲ့ ဟို တယ်ခန်း ကြိုတင်ငှားရမ်းထားပြီးဖြစ်တဲ့ အထောက်အထားတွေပြရမှာ ဖြစ်တဲ့ အတွက် တရုတ်နိုင်ငံကို ကမ္ဘာ့ခရီးသွား လုပ်ငန်းတည်ရာဌာနကြီး အဖြစ်ရောက် ရှိလာဖို့ ကိစ္စကလည်း ပိုမိုအလှမ်းဝေး သွားပါတယ်။ ခရီးသွားအလည်အပတ် ဗီဇာကို လျှောက်ထားသူက လုပ်ပိုင်ခွင့် ရရှိထားတဲ့ ခရီးသွားလုပ်ငန်း တစ်ခု၊ ကုမ္ပဏီသို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးက တရုတ်နိုင်ငံကိုလာဖို့ ဖိတ်ခေါ်ခဲ့တဲ့စာ ကို တင်ပြရပါမယ်။ ပြီးတော့ အသွား အပြန်ဝယ်ထားတဲ့ လေယာဉ်လက်မှတ် မိတ္တူနဲ့ ဟိုတယ်ကြိုတင်လက်မှတ်တွေ ကို ပြရမယ်ဆိုတဲ့ စည်းကမ်း ချက်တွေ ကို ဝက်ဘ်ဆိုက်မှာ တင်ထားပါတယ်။

Pages