Main menu

Background

Wednesday, 5 Sep 2012

စပိန်၊ အီတလီနဲ့ဂရိနိုင်ငံတို့မှာ "ဘက်စုံအစီအမံများ" ဆောင်ရွက်ပြီး တစ်စစဆိုးဝါးနေတဲ့ယူရိုဇုန် အစိုးရ ကြွေးမြီ အကျပ်အတည်းကို ကာကွယ်ဖို့လိုကြောင်း တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ဂျာမန်  ဝန်ကြီးချုပ် အိန်ဂျလာမာကယ် အား တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင် က ပြောပါတယ်။

Wednesday, 5 Sep 2012

ထိုင်းနိုင်ငံက ဘတ်ငွေ နှစ်ထရီ လီယံကုန်ကျမဲ့ အခြေခံအဆောက် အအုံ စီမံကိန်းများကို ရေးဆွဲဆောင် ရွက်နေပါတယ်။ ဒါပေမဲ့ အစိုးရရဲ့ ကြွေး မြီကို ထိုင်းနိုင်ငံရဲ့ စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှု (ဂျီဒီပီ)ရဲ့ ၆၀ ရာခိုင်နှုန်း မကျော်စေဖို့အတွက် စီမံကိန်းတွေကို အကောင်အထည် ဖော်နိုင်အောင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ် မှာဖြစ်ပါတယ်။ ဒီစီမံကိန်းတွေရဲ့ ရည် ရွယ်ချက်က ထိုင်းနိုင်ငံကိုတခြား အရှေ့ တောင်အာရှနိုင်ငံများအသင်း (အာဆီ ယံ) အဖွဲ့ဝင်နိုင်ငံတွေနဲ့ ချိတ်ဆက် ပေး ဖို့ ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး ကစ် တီရတ်နာရနောင်းက သြဂုတ် ၂၉ ရက် က ဘန်ကောက်မှာ ကျင်းပတဲ့ "The  Focus  2012" ဆွေးနွေးပွဲမှာ ပြော ကြားပါတယ်။

Wednesday, 5 Sep 2012

ယခုနှစ် ပထမရှစ်လအတွင်း ဗီယက်နမ်ကို လာရောက်လည်ပတ်နေတဲ့ နိုင်ငံခြားသားခရီးသွားဦးရေမှာ ၄ ဒသမ ၃၈ သန်းရှိခဲ့တဲ့အတွက် ယခင်နှစ် ကာလတူနဲ့နှိုင်းယှဉ်ရင် ၉ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ ဒီအတိုင်း တိုးတက်သွားမယ်ဆိုရင် ယခုနှစ်တစ်ခုလုံးအတွက် ရည်မှန်းထားတဲ့ ခရီးသွား ဦးရေ ၆ ဒသမ ၅ သန်းထိ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

Wednesday, 5 Sep 2012

ရှန်ဟဲ  မိုဘိုင်း  လုပ်ငန်းရဲ့ အရောင်းက ၂၀၁၅ ခုနှစ်မှာ ယွမ် ၈၀ ဘီလီယံ (ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီ ယံ)ထိရောက်ရှိလာပြီးလူပေါင်း၆၀၀၀၀ ကို အလုပ်အကိုင်  ရရှိစေမှာ ဖြစ် ကြောင်း ရှန်ဟဲမြို့ရဲ့ နောက်ဆုံး ပြုစု ထားတဲ့ စီမံကိန်းမှာဖော်ပြထားပါတယ်။ ရှန်ဟဲမြို့ကတီထွင်ဖန်တီးမှုရှိတဲ့ ကုမ္ပဏီ တွေကို ပြုစုပျိုးထောင်သွားမယ်။ ဒီ လုပ်ငန်းဘက်က ခေါင်းဆောင်တွေကို ဆွဲဆောင်မှုပေးသွားမယ်။ လာမဲ့နှစ် အနည်းငယ်အတွင်း  ရှန်ဟဲဒေသကို ထုတ်လုပ်ရေးနဲ့  အခြေစိုက်စခန်းကြီး ဖြစ်လာအောင် ထူထောင်သွားမယ်။ ဒီလိုနဲ့ ရှန်ဟဲမြို့ကို မိုဘိုင်းအင်တာနက် လုပ်ငန်းရဲ့ ဗဟို အချက်အချာ ဒေသ ကြီးတစ်ခု ဖြစ်လာစေရမယ်လို့ ရှန်ဟဲ စီးပွားရေးနဲ့ ပြန်ကြားေ ရးမြူနီစပယ် ကော်မရှင်ရဲ့ ၂၀၁၂-၁၅ ခု ရှန်ဟဲမိုဘိုင်း အင်တာကွန် လုပ်ငန်းဖွံ့ဖြိုးရေး စီမံကိန်း မှာ ဖော်ပြထားပါတယ်။

Friday, 31 Aug 2012

ဆင်းရဲမှုမျဉ်း ( Poverty  Line) အောက်ရောက်နေတဲ့ မိသားစုတိုင်းအတွက် ဖုန်းတစ်လုံးရရှိစေမည့် အစီအစဉ်ကို အိန္ဒိယညွန့်ပေါင်းအစိုးရကအတည်ပြုပေးဖို့နောက်ဆုံးအဆင့် ကို ရောက်နေပါပြီ။ ဒီလှုပ်ရှားမှုက လူကြိုက်အများဆုံး အစီ အမံတစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲအတွက် အစိုးရရဲ့ကြိုတင်ပြင်ဆင်မှုတစ်ရပ်လည်း ဖြစ်ပါတယ်။ ဒီအစီ အစဉ်ရဲ့နံမည်ကို  " A  Phone  in  every  hand"    လို့အမည် ပေးထားပါတယ်။

Friday, 31 Aug 2012

၂၀၁၅ ခုနှစ်မှာ ဆောင်ရွက်မဲ့ ဗီယက်နမ်က ဆက်သွယ်ရေးစီမံကိန်း မှာ ရင်းနှီးမြှုပ်နှံဖို့ ထိုင်းဆက်သွယ်ရေး ကုမ္ပဏီအစုအဖွဲ့ကြီး True  Corporation    က စဉ်းစားနေကြောင်း ဘန် ကောက် ပိုစ်သတင်းစာမှာ ဖော်ပြထား ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဖွဲ့စည်း ဖို့ရည်မှန်းထားတဲ့ အာဆီယံ စီးပွားရေး အသိုက်အဝန်း ဖွဲ့စည်းပြီးတာနဲ့ ထိုင်း နိုင်ငံမှာ တတိယအကြီးမားဆုံးဖြစ်တဲ့ မိုဘိုင်းအော်ပရေတာကုမ္ပဏီကြီးက ဗီယက်နမ်ကို ရောက်ရှိလာ မှာ ဖြစ် ကြောင်း သတင်းစာမှာဖော်ပြထားပါ တယ်။

Friday, 31 Aug 2012

နေ့စဉ်လူနေမှုဘဝမှာ အင်တာနက်ပိုမိုအရေးပါလာတာနဲ့အမျှ သတင်း စာတစ်ခုရဲ့အစွမ်းအစကို ပုံနှိပ်ထုတ်ဝေဖြန့်ချိမှုကိုသာမက သတင်းစာရဲ့ အွန်လိုင်းပေါ်မှာရှိတဲ့ သတင်းတွေကို ဝေဖန်ချက်ပေးကြတဲ့ ဦးရေကို ပါထည့် သွင်း စဉ်းစားပြီး ဆုံးဖြတ်လာကြပါတယ်။

ကိုရီးယား ဟာရယ်သတင်းစာကလည်း မိုဘိုင်းဖုန်းတွေကိုအသုံးပြုနိုင်မဲ့ နည်းလမ်းတွေသုံးကာ ရှေ့တန်းမှာရပ် တည်နိုင်မဲ့ တီထွင်ဆန်းစစ်မှုတွေကို ပြု လုပ်လာပါတယ်။ "Digital  First"    မဟာဗျူဟာအရ ဧပြီလမှစတင် တာဝန်ယူခဲ့တဲ့ အချိန် ကစပြီး Herald Media   ရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ ထုတ်ဝေသူလီယန်းမန်းက ဝက်ဘ်ဆိုက်ထူထောင်ရေး မီဒီယာပလက်ဖောင်းကိုထူထောင် ဖို့ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ယခုအခါမှာ ကမ္ဘာကြီး တစ်ခုလုံးက စာဖတ်သူတွေ စမတ်ဖုန်းတွေသုံးပြီး လက်ကလေး တစ်ချက် တို့လိုက်ရုံနဲ့ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ရဖို့ ရည်မှန်းနေကြ ကြောင်း လီက ပြောပါတယ်။ ဒစ်ဂျစ်တယ်စနစ်ကိုပြောင်းတဲ့အတွက် Herald  Media အတွက် အခွင့်အလမ်းတွေအများကြီးပေးခဲ့တယ် လို့သူကပြောပါတယ်။ "သမားရိုကျသတင်းစာတွေကို အခပေးကြည့်သူတွေက အွန်လိုင်း သတင်းတွေဘက်ကို ပြောင်းသွားပေမဲ့ ပုံနှိပ်သတင်းစာရဲ့ အားသာချက်တွေကို ဥပေက္ခာပြုထားလို့မရသေးပါဘူး။ တစ်ချိန်တည်းမှာ ကုမ္ပဏီကအွန်လိုင်း နဲ့မိုဘိုင်းကဏ္ဍတွေကိုလည်း အလေးထားဆောင်ရွက်သွားမှာပါ'' လို့သူက ပြောပါတယ်။ ကိုရီးယားဟာရယ်က အွန်လိုင်းနဲ့မိုးဘိုင်းသတင်းပလက်ဖောင်းတွေကနေ လူမှုကွန်ရက်ဝန်ဆောင်မှုမျိုးလို မီဒီယာအမျိုးမျိုးခွဲပြီး လုပ်သွားဖို့စီစဉ်နေ ပါတယ်။ ဇူလိုင် ၉ ရက်က ကိုရီးယားဟာရယ်က အန်းဒရွိုက် စမတ်ဖုန်းနဲ့ လွှင့်ပေးတဲ့သတင်းစာကို ဖြန့်ချိခဲ့ပါတယ်။Source.koreaherald.com   
 

Friday, 31 Aug 2012

လာမဲ့ ရက်သတ္တပတ်ထဲမှာ အိန်ဂျ လာမာကယ်နဲ့ ဖရန်ဆွာဟောလန်တို့နဲ့ တွေ့တဲ့အခါ ဂရိနိုင်ငံရဲ့ ခြိုးခြံချွေတာ ရေး အစီအစဉ်ကို တိုးချဲ့ပေးဖို့ ဂရိ ဝန်ကြီးချုပ် အန်တိုနစ်ဆမာရပ်က တောင်းဆိုမှာဖြစ်ကြောင်း ဖိုင်နန်ရှယ် တိုင်းသတင်းစာမှာ သြဂုတ် ၁၅ ရက်က ဖော်ပြထားပါတယ်။ ဆမာရပ်က ဂျာ မန်ဝန်ကြီးချုပ် နဲ့ ပြင်သစ်သမ္မတတို့နဲ့ ဘာလင်မှာတွေ့ဆုံပြီး ပြည်သူ့သုံးစွဲမှု တွေလျှော့ချတဲ့ အစီအစဉ်ကို နှစ်နှစ် အစား လေးနှစ်အထိ တိုးချဲ့ပေးဖို့ အကြံပြုမှာ ဖြစ်ကြောင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

Monday, 27 Aug 2012

မလေးရှားနိုင်ငံက နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) တွင် လက်ရွေးစင်ရွေးချယ်မှုကို ပိုမိုပြုလုပ်လာကြောင်း (FDI) မှန်သမျှကိုလက်ခံခြင်းထက် အရည်အသွေး ပြည့် (FDI)များကိုသာ စိစစ်လက်ခံကြောင်း ဒုတိယဝန်ကြီးချုပ် တန်ဆ ရီမူယီဒင်ယာဆင်က ပြောပါတယ်။ အရည်အသွေးပြည့် (FDI) ဆိုသည်မှာ အဆင့်မြင့်နည်းပညာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုရှိတဲ့ နည်းပညာနဲ့ အစားထိုးစွမ်းအင်နည်းပညာ များဖြစ်သလို  အသိပညာပေး စက်မှုလုပ်ငန်းများကို ဆိုလို ကြောင်း သူက ပြောပါတယ်။

Monday, 27 Aug 2012

ယခုမုတ်သုန်ရာသီမှာ မိုးနည်းပါး တဲ့အတွက် အိန္ဒိယလယ်သမားတွေကို ဆိုးဆိုးဝါးဝါးထိခိုက်မှုရှိခဲ့ပြီး ၂၀၀၉ ခုနှစ်က ခြောက်သွေ့မှုမျိုး ဖြစ်မဲ့အလား အလာကို တွေ့နေရပါတယ်။ ဒါပေမဲ့ အကျိုးဖြစ်ထွန်းမှုရှိခဲ့တာက ဘိလပ်မြေ လုပ်ငန်းဖြစ်ပါတယ်။ မိုးနောက်ကျတဲ့ အတွက် အိန္ဒိယတစ်နိုင်ငံလုံးမှာ ဇွန်လ က ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်ငန်းဆက်နိုင်တဲ့အတွက် ဘိလပ်မြေ သုံးစွဲမှု ပိုမိုခဲ့ပါတယ်။

Pages