Background
"အဓိကကျတဲ့ နိုင်ငံရေးနယ်ပယ်တွေ''မှာ ဥရောပသမဂ္ဂ (အီးယူ) ကို အာဏာပါဝါပိုမိုပေးဖို့ ဂျာမန်ဘဏ္ဍာရေးဝန်ကြီး ဝုဖ်ဂန်ရွှန်းဘဲက နှိုးဆော် တိုက်တွန်းထားကြောင်း ဂျာမန်သတင်းစာ Der Spiegel က ဇွန် ၂၃ ရက်က ဖော်ပြခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဒီဇင်ဘာက ဒီဇယ် အင်ဂျင်နဲ့ လျှပ်စစ်ကား ဘက်ထရီတွေ ထုတ်လုပ်ရေးအတွက် သဘောတူညီ ချက်ရရှိပြီးတဲ့နောက် လုပ်ငန်းဆက်ဆံမှု ပိုမို တိုးတက်ကောင်းမွန်ဖို့အတွက် တိုယိုတာ မော်တာကော်ပိုရေးရှင်းက မျိုးစပ်နည်းပညာကို BMW AG သို့ ဖြန့်ဖြူးပေးဖို့ စီစဉ်နေကြောင်း နီကေး စီးပွားရေးနေ့စဉ်မှာ ဇွန် ၂၅ ရက်က ဖော်ပြထားပါတယ်။
စီးပွားရေး နှေးကွေးကျဆင်းနေပေမဲ့ လေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို တိုးချဲ့ဖို့ ရည်ရွယ်ချက်နဲ့ လာမဲ့သုံးနှစ်အတွင်းမှာ တရုတ်နိုင်ငံက လေဆိပ် ၇၀ တည် ဆောက်မှာဖြစ်ကြောင်း တရုတ်နိုင်ငံမြို့ပြ လေကြောင်းစီမံခန့် ခွဲမှုအဖွဲ့ (CAAC) ရဲ့ အကြီးအကဲ လီဂျားရှန်းက ဇွန် ၁၁ ရက်က ပြောပါတယ်။ တရုတ်နိုင်ငံ၏ လက်ရှိငါးနှစ်စီမံကိန်း ကာလ ဖြစ်သော ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အစီး ၃၀၀ ဝယ်ယူမှာ ဖြစ်ကြောင်း သိရပါတယ်။
လူမှုရေးပေါ်လစီဆိုင်ရာ ဗီယက်နမ်ဘဏ် ( VBSP )က ဗီယက်နမ်ဒေါင် ကိုးထရီလီယံ(ဒေါ်လာ ၄၃၂ သန်း)ကို လူမှုအဖွဲ့အစည်း အတွက်ဆောင်ရွက် ထားကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဆင်းရဲသားမိသားစုများနဲ့ ကျောင်း သားများနဲ့ ကျေးလက်ဒေသရှိ အများပြည်သူအထောက်အကူပြုလုပ်ငန်းများ ကို ဦးစားပေးထားကြောင်း ဘဏ်ရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ငုယင်ဒပ်ဟိုင် က ပြောပါတယ်။
တောင်ကိုရီးယား နိုင်ငံမှာရှိတဲ့ ကုမ္ပဏီကြီး ၄၅ ခုတို့က စီမံကိန်းတချို့ ကို သူတို့ကုန်ပစ္စည်း အစိတ်အပိုင်း များ ပေးသွင်းနေသူတွေနဲ့ ပူးပေါင်းဆောင် ရွက်ပြီး ထွက်ရှိလာတဲ့ အကျိုးအမြတ် တွေကို မျှဝေခံစားကြဖို့ ဇွန် ၁၁ ရက်က သဘောတူညီထားကြောင်း အသိပညာ ဝန်ကြီးဌာနက ပြောကြားပါတယ်။
ထိုင်းနိုင်ငံပြင်ပကို ဘဏ္ဍာရေးစီးထွက်မှု ပိုမိုမြှင့်တင်ဖို့ အတွက် ထိုင်းနိုင်ငံရဲ့ စီမံကိန်းသစ်တစ်ခုကို ယခုနှစ် တတိယ သုံးလပတ်မှာ စတင်နိုင်လိမ့်မယ်လို့ ခန့်မှန်းကြောင်း ထိုင်း ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ပရာဆန်ထရိုင်ရက် ဗိုရာကူးလာ က ပြောကြားပါတယ်။ ယခုစီမံကိန်းအရ ပုဂ္ဂလိကနဲ့ အပြန် အလှန် ရန်ပုံငွေအဖွဲ့များက ပြုလုပ်တဲ့ နိုင်ငံဖြတ်ကျော်ရင်းနှီး မြှုပ်နှံမှု၊ ပင်လယ်ရပ်ခြားဈေးကွက်များရှိ ကြွေးမြီစာချုပ် စာတမ်းများနှင့် ဆင့်ပွားစာချုပ်များ ပါဝင်ပါတယ်။
အာဆီယံနိုင်ငံများအတွင်းမှာ ခြား နားချက်တွေ ရှိနေတယ်ဆိုတာကို လက်ခံထားတဲ့အတွက် အထောက် အကူ ဖြစ်စေမဲ့ ဘဏ္ဍာရေးဖွဲ့စည်းမှုက အနာဂတ် ဖွံ့ဖြိုးမှုအတွက် အရေးပါ တယ်လို့ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့ စီးပွားရေး ဖိုရမ် ( WEF ) မှာ ဆွေးနွေး ကြသူတွေက ပြောပါတယ်။ ဘဏ် လုပ်ငန်းစနစ်အပါအဝင် ရှိရင်းစွဲဘဏ္ဍာ ရေးယန္တရား အာဆီယံငွေအရင်းအနှီး ဈေးကွက်တွေက ကုမ္ပဏီကြီးတွေကို မျက်နှာသာပေး အလေးထားသလို ဖြစ် နေတဲ့အတွက် အသေးစားနဲ့ အလတ် စား လုပ်ငန်းများအတွက် ဘဏ္ဍာငွေ လိုအပ်နေတတ်ကြောင်း Abraaj Capital Asia မှ အမူဆောင်အရာရှိချုပ် အိုမာလောဒီက ပြောပါတယ်။
ကမ္ဘာ့စီးပွားရေးကို ဒုက္ခပေးနေတဲ့ ကြွေးမြီအကျပ်အတည်းကို ဖြေရှင်းဖို့ အတွက် ဥရောပက "တာဝန်သိသိ'' ဆောင်ရွက်ဖို့လိုကြောင်း ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဂျန်အဇုမီက ဇွန် ၆ ရက်က ပြောပါတယ်။ "အဓိကရည်ရွယ်ချက်က အကျပ်အတည်းကိုကျော်လွှားနိုင်ဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် ဥရောပက တာဝန်သိသိနဲ့ဆောင်ရွက်ဖို့ လိုပါတယ်'' လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။
၂၀၁၁ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ငလျင်-ဆူနာမီရဲ့ ဂယက်မှ ပြန်လည်နာလန်ထူလာပြီးဖြစ်သည့်အတွက် ဂျပန်နိုင်ငံရဲ့ မော်တော်ကား ထုတ်လုပ်ရေးလုပ်ငန်းကြီးများရဲ့ ဧပြီထုတ် လုပ်မှု မြင့်မားခဲ့ကြောင်း မေ ၂၈ ရက်သတင်းများအရ သိရ သည်။
ပစ္စည်းလက်ကျန် များနေခြင်းနဲ့ ဈေးနှုန်းတွေ ကျဆင်းနေတဲ့အတွက် တရုတ်နိုင်ငံမှာရှိတဲ့ LED ချစ်ပ်ထုတ် လုပ်ရေးကုမ္ပဏီေ တွ ပြိုကွဲမဲ့အနေ အထား ရှိနေပါတယ်။ ဒီကုမ္ပဏီတွေက ဆမ်ဆောင်းတယ်လီဗွီးရှင်းမော်နီတာနဲ့ ရှပ်ရဲ့ ကွန်ပျူတာ မော်နီတာတွေ မှာ သုံးတဲ့ ချစ်ပ်တွေဖြစ်ပြီး ကုမ္ပဏီ ကြီးတွေနဲ့ နိုင်ငံတော်အထောက်အပံ့ခံ ကုမ္ပဏီတွေသာ ဆက်လက် ရုန်းနိုင်မဲ့ သဘောရှိ ပါတယ်။ တီဗွီတွေနဲ့ ကွန်ပျူတာတွေအရောင်းထိုင်းတဲ့အတွက် ယခုနှစ်မှာ LED ဈေးနှုန်းတွေ ၂၀ ရာ ခိုင်နှုန်းထိ ကျနိုင်တယ်။
