Main menu

Background

Thursday, 17 May 2012

    ပြည်တွင်းစားသုံးမှုကိုမြှင့်တင်ပြီး ကမ္ဘာ့ဈေးကွက် မရေ ရာမှုများ မြင့်တက်နေတာနဲ့ လိုက်လျောညီထွေ  ဖြစ်စေမယ့် စီးပွားရေးတစ်ရပ်လုံး တိုးတက်ဖြစ်ပေါ်အောင် အားပေးရန် အတွက် တောင်ကိုရီးယားအစိုးရက စီစဉ် ဆောင်ရွက်ေ နကြောင်း တောင်ကိုရီးယားဘဏ္ဍာရေးဝန်ကြီးဌာနက မေ ၈ ရက်ကပြောပါတယ်။

Thursday, 17 May 2012

    ပူဖောင်းစီးပွားရေး-ဂျပန်မှ သင် ခန်းစာများ  (Bubble  Economy : Lessons From Japan) ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ခုကို လွန်ခဲ့တဲ့ သီတင်း ပတ်က ဟနွိုင်းမြို့မှာကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ  အိမ်ခြံမြေနဲ့ ရွှေဈေး ကွက် ''ပူးဖောင်း" ဖြစ်လာမှာကို စိုး ရိမ်ကြောင်း ကျွမ်းကျင်သူတို့က ပြော ကြားခဲ့ပါတယ်။

Thursday, 17 May 2012

    လုပ်ငန်းများ ဖွံ့ဖြိုးမဲ့ အလား အလာတွေရှိနေတဲ့အတွက် လာမဲ့ နှစ် နှစ်အတွင်း ကမ္ဘာ့ရောင်းဝယ်မှု လုပ်ငန်း များကို တိုးချဲ့နိုင်ရန်အတွက် အိန္ဒိယ နိုင်ငံမှတာတာဆက်သွယ်ရေးလီမိတက် (TCL)  က အရှေ့တောင်အာရှနိုင်ငံမှာ အထူးသဖြင့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်းနှင့် မလေးရှားနိုင်ငံ တွေကို မျက်စိကျလျက် ရှိပါတယ်။

Thursday, 17 May 2012

    ဥရောပဗဟိုဘဏ် (အီးစီဘီ)ရဲ့ ငွေကြေးမူဝါဒက ဥရောပမှာ ဖြစ်ပွား နေတဲ့  ရောဂါအတွက် ကုထုံးမဟုတ်ကြောင်းနဲ့ ယူရိုဇုန်အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် နိုင်ငံရေးအရဖိအားပေးမှုကို ပြန်လည် တွန်းလှန်သွားဖို့ လိုကြောင်း အီးစီဘီမှ မူဝါဒရေးဆွဲသူ ဂျင်းဝိတ်ဒမန်းက မေ ၈ ရက် ဝေဖန် ပြောကြားခဲ့ပါတယ်။

Tuesday, 15 May 2012

    အသက်အရွယ်ကြီးရင့်နေတဲ့ လူဦးရေများလာတာနဲ့အမျှ လူဦးရေကျဆင်းလာနေတဲ့ ဂယက်ရိုက်ခတ်မှုကို ကျဆင်းသွား စေဖို့အတွက် စင်ကာပူနိုင်ငံက ရွှေ့ပြောင်းလုပ်သား အသစ် တွေကို ဆွဲဆောင်သင့်တယ်လို့ လေ့လာချက်စစ်တမ်း တစ် စောင်မှာ ဖော်ပြထားပါတယ်။ အမြဲတမ်းနေထိုင်သူ (Non-resident) လူဦးရေ ကိစ္စကို မူဝါဒများလေ့လာရေးအဖွဲ Institute of  Policy  Studies ( IPS )   ရဲ့ အစီ ရင်ခံစာမှာ ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းစဉ်းစားလာပါတယ်။

Tuesday, 15 May 2012

    ချေးငွေဆုံးရှုံးမှု လျော့ကျခြင်းနဲ့ အာမခံလုပ်ငန်း ဝင်ငွေများမြင့်တက် လာခြင်းတို့ကြောင့် မတိုင်မီနှစ်ကနဲ့ နှိုင်းယှဉ်ရင် ၂၀၁၁ ခုနှစ်မှာနှစ်ဆတက် လာခဲ့ကြောင်း ဘဏ္ဍာရေးကြီးကြပ်မှု အဖွဲ့ က မေ ၂ ရက်က ပြောပါတယ်။ တောင်ကိုရီးယားဘဏ်များက ဆောင် ရွက်နေတဲ့ ပင်လယ်ရပ်ခြားဘဏ်ခွဲ ၉၃ ခုရဲ့ အသားတင် ဝင်ငွေက ၂၀၁၁ ခုနှစ်မှာ ဒေါ်လာသန်း ၇၂၁ ဒသမ ၆ သန်းရှိခဲ့ရာ မတိုင်မီနှစ်ကထက် ၉၅ ဒသမ၅ရာခိုင်နှုန်းပိုမိုမြင့်တက်ခဲ့ကြောင်း ဘဏ္ဍာရေးကြီးကြပ်မှုအဖွဲ့(  FSS )  က ဆိုပါတယ်။

Tuesday, 15 May 2012

    ဖို့ဒ်မော်တာကုမ္ပဏီက ထိုင်းနိုင်ငံမှာဒေါ်လာသန်း ၄၅၀ ရင်းနှီးမြှုပ်နှံတဲ့ စက်ရုံကိုဖွင့်လှစ်ခဲ့ပါတယ်။ ဒီစက်ရုံက နှစ်စဉ်ကားစီးရေ ၁၅၀၀၀၀ ကိုထုတ် လုပ်မှာ ဖြစ်ပြီး မြင့်မားလျက်ရှိတဲ့ အိမ်နီးချင်းတွေရဲ့ ဝယ်လိုအားကို ဖြည့်ဆည်း သွားမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ ရနောင်းစက်ရုံကနေ ဖိုးကပ် ကားသစ်တွေကို လာမဲ့လကစပြီးထုတ်လုပ်သွားမယ်လို့ မေ ၂ ရက်ကထုတ်ပြန် တဲ့ ကုမ္ပဏီကြေညာချက်မှာ ဖော်ပြထားပါတယ်။

Tuesday, 15 May 2012

    အရှေ့တောင်အာရှ နိုင်ငံသား များနဲ့ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီး ယားနိုင်ငံတို့က ငွေဖြစ်လွယ်မှု အကျပ် အတည်းကိုအကူအညီပေးမဲ့ ဒေါ်လာ ၂၄၀ ဘီလီယံ ရန်ပုံငွေရရှိဖို့အတွက် ဒေသတွင်း ငွေကြေးရန်ပုံငွေကို နှစ်ဆ တိုးမြှင့်ဖို့သဘောတူညီခဲ့ကြတယ်လို့ မေ ၂ ရက်က ထုတ်ပြန်တဲ့ ပူးတွဲကြေညာ ချက် မူကြမ်းမှာ ဖော်ပြထားပါတယ်။ အာဆီယံ+၃ လို့ အများက သိထားတဲ့ အဖွဲ့မှ ဘဏ္ဍာရေးဝန်ကြီးများနဲ့ ဗဟို ဘဏ် အုပ်ချုပ်ရေးမှူးများက ချင်းမိုင် အစီအစဉ်အရ ဆောင်ရွက်မဲ့ဒေါ်လာ ၁၂၀ ဘီလီယံရန်ပုံငွေ အရွယ်အစားတိုး မြှင့်ရေးကိစ္စအတွက် ပူးတွဲ ကြေညာ ချက်ကို မေ ၃ ရက်မှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။

Monday, 14 May 2012

      ဥရောပသမဂ္ဂအဖွဲ့ဝင်အားလုံးက ဘဏ္ဍာရေး သဘော တူစာချုပ်ကို လက်မှတ်ရေးထိုးပြီးဖြစ်သည့်အတွက် ဂျာမနီ နိုင်ငံက ယူရိုဘွန်းစာချုပ်များအားဆန့်ကျင်နေခြင်းကို စွန့် လွှတ်သင့်ကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) မှ စီးပွားရေးပညာရှင်အကြီးအကဲ အိုလီ ဗီယာ ဘလန်ချတ်က ပြောပါတယ်။

Monday, 14 May 2012

    ဗီယက်နမ်နိုင်ငံရဲ့ ပို့ကုန် လုပ်ငန်း တွေထူးခြားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင် တွေ့ကြုံနေရတယ်လို့ ဗီယက်နမ် ပို့ကုန် မြှင့်တင်ရေးအေဂျင်စီက ပြုလုပ်တဲ့ စစ်တမ်းအရ သိရပါတယ်။ စစ်တမ်း ကိုလွန်ခဲ့တဲ့ သြဂုတ်လက စတင်ပြီး သုံး လတာ ဆောင်ရွက်ခဲ့ပါတယ်။ ပို့ကုန် လုပ်ငန်းရှင်တွေ ကုန်သွယ်မှု အသင်း တွေနဲ့ လုပ်ငန်းမြှင့်တင်ရေးစင်တာ တွေပါရှိသလို ပင်လယ်ရပ်ခြား ကိုယ် စားလှယ် အေဂျင်စီတွေအပါအဝင် စုစုပေါင်းဦးရေ ၂၀၀၀ ခန့် ပါဝင်ပါ တယ်။ မတည်ရင်းနှီငွေပြတ်လပ်မှုနဲ့ ဆက်နွှယ်ပြီး "အခက်အခဲ အကြီး အကျယ်" တွေ့နေပါတယ် ဆိုတဲ့ ကုမ္ပဏီ က ၂၄ ရာခိုင်နှုန်းကျော် ရှိပြီး အခြေအနေက "အတော်ကလေးခက်ခဲ နေတယ်"လို့ ပြောသူက ၃၀ ရာခိုင်နှုန်း ရှိပါတယ်။

Pages