Background
ဗီယက်နမ်မှာ ဘိလပ်မြေထုတ်လုပ်မှု ၁၇ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၁၉ သန်းသာထုတ်လုပ်နိုင်ပေမဲ့ မေလကုန်မှာ ဘိလပ်မြေအိတ်လက်ကျန် ၃ ဒသမ ၅ သန်းရှိနေကြောင်း ဗီယက်နမ် ဘိလပ်မြေအသင်းက ပြောပါတယ်။ လက်ကျန်များေ နတာကလောလောဆယ်မှာ ဘိလပ်မြေလုပ်ငန်းအတွက် အကြီးမားဆုံးပြဿနာတစ်ရပ်ဖြစ်နေကြောင်းအသင်းရဲ့ အထွေအထွေ အတွင်း ရေးမှူး ဒိုဒပ်အုန်းက ပြောပါတယ်။
စီးပွားရေး ယိုယွင်းနေတဲ့ စပိန် နိုင်ငံက ၂၀၁၂ ခုနှစ် ဒုတိယသုံးလ ပတ်မှာ စီးပွားရေးဆုတ်ကပ်ကြုံနိုင် ကြောင်းနဲ့ လူပေါင်းများစွာ အလုပ် လက်မဲ့ဖြစ်နိုင်ကြောင်း ဗဟိုဘဏ်ရဲ့ အစီရင်ခံစာမှာ မေ ၂၉ ရက်က ဖော် ပြထားပါတယ်။ စပိန်စီးပွားရေးက သုံး လပတ် နှစ်ပတ်ဆက်တိုက်ကျဆင်းနေ ပြီး စီးပွားရေး ဆုတ်ကပ်ဖြစ်ပေါ်နေတဲ့ အတွက် ယခုနှစ်ပထမသုံးလအတွင်းမှာ အလုပ်လက်မဲ့နှုန်း ၂၄ ဒသမ ၄ ရာခိုင်နှုန်းထိ ရှိခဲ့ပါတယ်။ စီးပွား ဆုတ်ကပ် ၂၀၁၂ ခုနှစ် နှစ်လယ်အထိ ရှိနေနိုင်တယ်လို့ ဗဟိုဘဏ်ကခန့်မှန်း ပါ တယ်။
တောင်ကိုရီးယားနိုင်ငံက အကျပ်အတည်း ကူးစက် ပြန့်ပွားမှု ကာကွယ်ရေးအစီအစဉ်ကို ပြန်လည်သုံးသပ်ပြီး ဂရိ နိုင်ငံမှာဆက်လက်ဖြစ်ပွားနေတဲ့နိုင်ငံရေးနဲ့ဘဏ္ဍာရေး အကျပ် အတည်းက တောင်ကိုရီးယားနိုင်ငံကို အကာအကွယ်ပေးဖို့ ဆောင်ရွက်ကြောင်း ထိပ်တန်းစီးပွားရေး မူဝါဒရေးဆွဲသူ တစ်ဦးက မေ ၂၁ ရက်က ပြောပါတယ်။ ဂရိနိုင်ငံရဲ့ ဖြစ်ပေါ် တိုးတက်မှုတွေနဲ့ တောင်ကိုရီးယား စီးပွားရေးအပေါ်မှာ အဲဒီအကျိုးသက်ရောက်မှုတွေကို ကာကွယ်တားဆီးဖို့ အရေး တကြီးလိုအပ်နေ ပြီဖြစ်ကြောင်း တောင်ကိုရီးယားဘဏ္ဍာရေး ဝန်ကြီး ဘတ်ဂျေးဝန်က ဝန်ကြီးဌာနက အကြီးတန်းအရာရှိ တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောပါတယ်။
တစ်စစကြီးထွားနေတဲ့ ယူရိုဇုန် အကျပ်အတည်းက ဗြိတိန်နိုင်ငံ စီး ပွားရေးကို အကြီးအကျယ်ထိခိုက်စေပြီး နာလန်ထူမှုဖြစ်စဉ်ကို ထိခိုက် စေနိုင် ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) က ဗြိတိန် နိုင်ငံကို မေ ၂၂ ရက်က သတိ ပေးခဲ့ပါတယ်။ ယူရို ကြွေးမြီအကျပ် အတည်းမှ ကြီးမားတဲ့ စွန့်စား မှုတွေ ဖြစ်ပေါ်နေချိန်မှာ နိုင်ငံဖွံ့ဖြိုးမှုကို တိုး မြှင့်ပေးမဲ့ ပြင်းထန်တဲ့ ခြိုးခြံချွေတာရေး အစီအမံတွေရဲ့ အရှိန် လျှော့ချသွားဖို့ ဗြိတိန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကိုထောက်ခံ ကြောင်း ဗြိတိန်နိုင်ငံစီးပွားရေး နှစ်ပတ် လည် သုံးသပ်ချက်အစီရင်ခံစာနဲ့ ပတ် သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အိုင်မ်အက်ဖ် ညွှန်ကြားရေးမှူးချုပ် ခရစ်စတင်းလားဂတ်က ပြောပါ တယ်။
အစိုးရနဲ့ ကုန်ပစ္စည်းထုတ်လုပ်မှုကဏ္ဍရဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့် အိန္ဒိယ စီးပွားရေးလုပ်ငန်းတွေရဲ့ ၂၀၁၂ ခုနှစ် အိုင်တီသုံးစွဲမှုက ၂၀၁၁ ခုနှစ်ကသုံးစွဲခဲ့တဲ့ ရူပီးဘီလီယံ ၁၆၄၀ ထက် ၁၆ ဒသမ ၄ ရာခိုင်နှုန်း ပိုမိုမြင့်မားပြီး ရူးပီးဘီလီယံ ၁၉၈၀ ထိရှိလာနိုင်တယ်လို့ နည်းပညာသုတေသနအေဂျင်စီ ဂတ်တနာက မေ ၂၂ ရက်က ပြောပါတယ်။ အစိုးရရဲ့ သုံးစွဲမှုက ၂၀၁၁ ခုနှစ်မှာ ရူးပီး ၃၀၂ ဘီလီယံရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်မှာ ရူးပီး ၃၄၉ ဘီလီယံထိ တိုးတက်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုကို ထိန်း သိမ်းနိုင်မဲ့ မူဝါဒများကို ချမှတ် ဆောင် ရွက်ဖို့ ဝန်ကြီးချုပ်ဝမ်ကျားပေါင်က နှိုးဆော် တိုက်တွန်းထားပါတယ်။ ဒီ နှိုးဆော်ချက်နဲ့အညီ တရုတ်နိုင်ငံ စီးပွား ရေး တိုးတက်မှု နှေးကွေးနေတာကို တိုက်ဖျက်ဖို့အတွက် စီးပွားရေးအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုအဆိုပြု ချက်တွေကိုတရုတ်နိုင်ငံက တင်ပြလျက် ရှိပါတယ်။ ဧပြီလမှာ ထုတ်ပြန်တဲ့ ကမ္ဘာ တွင် စီးပွားရေးအရ ဒုတိယအကြီးမား ဆုံး ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးက တိုးတက်မှုနှေးကွေးနေတာ သုံးလပတ် ခြောက်ပ တ်မြောက်ခဲ့ပြီ ဖြစ်တဲ့အတွက် ယူရိုဇုန်မှာ စီးပွားရေးကျဆင်းနေတဲ့ အတွက် စိုးရိမ်နေရတဲ့ ကမ္ဘာ့ဈေးကွက် တွေအတွက် တပ်လှန့်သံပေးသလို ဖြစ် နေပါတယ်။
ဈေးနှုန်းတွေကျဆင်းကာ ကမ္ဘာ့ပြိုင်ဆိုင်မှု ပြင်းထန် လာတာနဲ့ ယန်းငွေ တန်ဖိုးမြင့်တက်တာက အီလက် ထရွန်း နစ် ထုတ်လုပ် သူတို့အပေါ် ဖိစီးမှုတွေဖြစ်လာတဲ့အတွက် ပြည်တွင်းက တီဗွီဝယ်လိုအားတွေ ကျဆင်းလာပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံအတွင်းရှိ တိုရှီဘာရဲ့ တယ်လီဗွီးရှင်း ထုတ်လုပ်မှု လုပ်ငန်းများကိုရပ်ဆိုင်းထားကြောင်း တိုရှီဘာက မေ ၁၇ ရက်က ပြောပါတယ်။
ယခုနှစ် ပထမလေးလမှာ ဗီယက် နမ်ရဲ့ မိုဘိုင်းဖုန်းနဲ့ အပိုပစ္စည်းတွေရဲ့ တင်ပို့မှုတန်ဖိုးက ဒေါ်လာ ၃ ဘီလီယံ ဖိုးရှိတဲ့အတွက် နှစ်အလိုက်တိုးတက်နှုန်း ၁၆ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ချည်မျှင် အထည်ချုပ်လုပ်ငန်းပြီးရင် ဒုတိယ နေ ရာကို ရောက်ရှိနေပါတယ်။ ပို့ကုန် တန်ဖိုးအရ ဗီယက်နမ်ရဲ့ ထိပ်တန်း ၁၀ ခုထဲမှာ ပါဝင်နေပါတယ်။
ကယ်တင်မှု ချေးငွေအဆမတန်ပေးရတဲ့ အဖြစ်မျိုးမှ အခွန်ထမ်းတို့ကို ကာကွယ်မဲ့ရည်မှန်းချက်ထားပြီး ဘဏ်တွေက အနာဂတ် ဘဏ္ဍာရေးအကျပ် အတည်းကိုအကောင်းဆုံးကာကွယ်ထားနိုင်ရမဲ့စည်းမျဉ်းဥပဒေတွေကို ဥရောပ သမဂ္ဂ ဘဏ္ဍာရေးဝန်ကြီးတွေက သဘောတူခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံသားအဖြစ်က စွန့်လွှတ်ကြတဲ့ အမေရိကန် လူချမ်းသာ အရေအတွက် လွန်ခဲ့တဲ့ လေးနှစ် နောက်ပိုင်း ခုနှစ်ဆအထိ မြင့်တက်ခဲ့ပါ တယ်။ ယခင် ၂၀၁၀ ပြည့်နှစ်က အမေရိကန်သံရုံးတွေမှာ နိုင်ငံသား လက်မှတ်တွေ ပြန်အပ် သူ ရွှေ့ပြောင်း နိုင်ငံသား ၁၇၈၀ ဦး ရှိပါတယ်။
