Main menu

Background

Monday, 27 Aug 2012

ယခုမုတ်သုန်ရာသီမှာ မိုးနည်းပါး တဲ့အတွက် အိန္ဒိယလယ်သမားတွေကို ဆိုးဆိုးဝါးဝါးထိခိုက်မှုရှိခဲ့ပြီး ၂၀၀၉ ခုနှစ်က ခြောက်သွေ့မှုမျိုး ဖြစ်မဲ့အလား အလာကို တွေ့နေရပါတယ်။ ဒါပေမဲ့ အကျိုးဖြစ်ထွန်းမှုရှိခဲ့တာက ဘိလပ်မြေ လုပ်ငန်းဖြစ်ပါတယ်။ မိုးနောက်ကျတဲ့ အတွက် အိန္ဒိယတစ်နိုင်ငံလုံးမှာ ဇွန်လ က ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်ငန်းဆက်နိုင်တဲ့အတွက် ဘိလပ်မြေ သုံးစွဲမှု ပိုမိုခဲ့ပါတယ်။

Monday, 27 Aug 2012

ယူရိုဇုန်က ကြွေးမြီ အကျပ် အတည်းအောက်မှာ မလှုပ်မရှား နိုင် အောင် ချိနဲ့နေတာမျိုးတော့ မဟုတ်ပါ ဘူး။ ဒါပေမဲ့ " ပြတ်သားတဲ့ဆုံးဖြတ်ချက် ခြေလှမ်း" တွေ ယခုထိမဆောင်ရွက်ရ သေးကြောင်း အမရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားက ဇူလိုင် ၃၁ ရက်ကပြောပါတယ်။ မဲဆွယ်ပွဲ အလှူရှင်တွေ တွေ့ဆုံတဲ့ အခမ်းအနား မှာ အမေရိကန်ပြည်ထောင်စုစီးပွားရေး က မတည်ငြိမ်သေးကြောင်းနဲ့ လာမဲ့ ကာလအတော်များများမှာ အခက်အခဲ တွေနဲ့ တွေကြုံရဦးမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။

Sunday, 29 Jul 2012

ဂျပန်နိုင်ငံမှာ အလုပ်လုပ်လိုတဲ့ သက်ကြီးရွယ်အိုဦးရေ ပိုမိုများပြားလာကြောင်း အသက်အရွယ်ကြီးရင်သူနဲ့ ပတ် သက်တဲ့ ဂျပန်အစိုးရရဲ့ စက္ကူဖြူစာတမ်းမှာ ဖော်ပြထားပါ တယ်။ ဒါပေမဲ့ အသက် ၆၀ ကျော် အလုပ်လုပ်လိုသူများ အတွက် အလုပ်အကိုင်ဖန်တီးမှုနှုန်းက ၄၀ ရာခိုင်နှုန်းသာရှိပါ တယ်။

Sunday, 29 Jul 2012

    အာရှပစိဖိတ်ဒေသမှာ လုပ်သား ဝန်ထမ်းများအတွက် ဆေးဝါးအကျိုး ခံစားခွင့်အတွက်ကုန်ကျစရိတ်က ဆယ် ဂဏန်းထိဆက်လက်မြင့်တက်နေကြောင်း၊ ကမ္ဘာ့အသက်မွေး ဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီဖြစ်သော Towers Watson  မှပြုလုပ်သော စစ်တမ်းအရ တွေ့ရပါ တယ်။

Sunday, 29 Jul 2012

    ကြွေးမြီအဆင့် သတ်မှတ်ရေး အေဂျင်စီ မူဒီက ဂျာမန်အစိုးရရဲ့ ကြွေး မြီ အဆင့်ကို လျှော့ချခဲ့ပြီးနောက်ပိုင်း ဂျာမန်ဘဏ် ၁၇ ခုရဲ့ အလားအလာ အဆင့်ကို ဇူလိုင် ၂၅ ရက်က အဆင့် လျှော့ချသတ်မှတ်ခဲ့ပါတယ်။ ဂျာမနီ နိုင်ငံမှာ  Landesbank   လို့လူသိများတဲ့ နိုင်ငံတော်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဒေသတွင်းဘဏ်များရဲ့ အဆင့်ကို လျှော့ချခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုအဆင့် လျှော့ချတဲ့ထဲမှာ  IKB Deutsche Industriebank  နဲ့ Deutsche Postbank   တွေလည်းပါ ဝင်ပါတယ်။

Wednesday, 18 Jul 2012

    ဥရောပသမဂ္ဂ   အရေးယူ ပိတ် ဆို့မှုများကို ရှောင်ရှားနိုင်အောင် အီရန် ရေနံ ထုတ်လုပ်ရေး လုပ်ငန်းမှ ပို့ကုန် လုပ်ငန်းရှင်များအသင်းက ကူညီမှာ ဖြစ်ပြီး တစ်ရက်ကိုရေနံစည် ၅၀၀၀၀၀ တင်ပို့နိုင်မှာဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ဝေနေတဲ့ Mehr  သတင်း အေဂျင်စီက သတင်း ဖော်ပြထားပါ တယ်။

Wednesday, 18 Jul 2012

    ဒုက္ခကြုံတွေ့နေရတဲ့စပိန်ဘဏ်တွေကိုကယ်တင်ငွေထုတ်ပေးမဲ့ စည်းကမ်း ချက်တွေကို ယူရိုဘဏ္ဍာရေးဝန်ကြီးတွေက ဇူလိုင် ၁၁ ရက်မှာ သဘောတူ လက်ခံခဲ့ကြပြီး ယခုလအကုန်မှာ အကူအညီပေးဖို့အတွက် ယူရိုဘီလီယံ ၁၀ (ဒေါ်လာ ၃၆ ဒသမ ၈၈ ဘီလီယံ) အသင့်ရှိထားပြီးဖြစ်ကြောင်းလည်း ပြော ကြားပါတယ်။

Monday, 9 Jul 2012

    လွန်ခဲ့တဲ့အနှစ် ၂၀ က အိန္ဒိယစီးပွားရေးကို တစ်ဆစ်ချိုး ပြောင်းလဲ့စေမဲ့ ပြင်းထန်တဲ့ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တဲ့ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက ဘဏ္ဍာရေး ဝန်ကြီးဌာနကို ယခုတစ်ချိန်ပြန်လည်တာဝန်ယူလျက်ရှိ ရာ အလား တူ ပြုပြင်ပြောင်းလဲမှုတွေ ကို ဆောင်ရွက် လိမ့်မယ်လို့ ရင်းနှီးမြှုပ်နှံသူတွေက မျှော်လင့်ထားပါတယ်။

Monday, 2 Jul 2012

    "အဓိကကျတဲ့ နိုင်ငံရေးနယ်ပယ်တွေ''မှာ ဥရောပသမဂ္ဂ (အီးယူ) ကို အာဏာပါဝါပိုမိုပေးဖို့ ဂျာမန်ဘဏ္ဍာရေးဝန်ကြီး ဝုဖ်ဂန်ရွှန်းဘဲက နှိုးဆော် တိုက်တွန်းထားကြောင်း ဂျာမန်သတင်းစာ  Der  Spiegel  က ဇွန် ၂၃ ရက်က ဖော်ပြခဲ့ပါတယ်။

Thursday, 7 Jun 2012

    စီးပွားရေး  ယိုယွင်းနေတဲ့ စပိန် နိုင်ငံက ၂၀၁၂ ခုနှစ်  ဒုတိယသုံးလ ပတ်မှာ စီးပွားရေးဆုတ်ကပ်ကြုံနိုင် ကြောင်းနဲ့ လူပေါင်းများစွာ အလုပ် လက်မဲ့ဖြစ်နိုင်ကြောင်း ဗဟိုဘဏ်ရဲ့ အစီရင်ခံစာမှာ မေ ၂၉ ရက်က ဖော် ပြထားပါတယ်။ စပိန်စီးပွားရေးက သုံး လပတ် နှစ်ပတ်ဆက်တိုက်ကျဆင်းနေ ပြီး စီးပွားရေး ဆုတ်ကပ်ဖြစ်ပေါ်နေတဲ့ အတွက် ယခုနှစ်ပထမသုံးလအတွင်းမှာ အလုပ်လက်မဲ့နှုန်း   ၂၄ ဒသမ ၄ ရာခိုင်နှုန်းထိ  ရှိခဲ့ပါတယ်။  စီးပွား ဆုတ်ကပ် ၂၀၁၂ ခုနှစ် နှစ်လယ်အထိ ရှိနေနိုင်တယ်လို့ ဗဟိုဘဏ်ကခန့်မှန်း ပါ တယ်။

Pages