Main menu

Background

Tuesday, 28 Jun 2011

ဗီယက်စတားလေကြောင်းလိုင်း လိုင်စင်ရ           ဗီယက်နမ်မြို့ပြလေကြောင်းအုပ်ချုပ်ရေးအဖွဲ့က ဗီယက်စတားလေကြောင်းလိုင်းကို လိုင်စင်ချပေးပြီး လုပ်ငန်း ဆောင်ရွက် ခွင့်ပြုလိုက်ပါတယ်။ဗီယက်စတားက ပြည်တွင်းနဲ့ပြည်ပကလေကြောင်းတွေမှာ နိုင်ငံခြားခရီးသွားတွေနဲ့ ပုဂ္ဂလိက ခရီးစဉ် တွေကို ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ဗီယက်စတားလေကြောင်းလိုင်းကို ဗီယက်နမ်ဒေါင်ဘီလီယံ ၄ဝဝ (အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၅၁ သန်း)မတည်ပြီး Aircraft Repairing Company A 411 ၊ဗီယက်နမ်လေတပ်၊ ဗီယက်စတားအဲဝေးကုမ္ပဏီနဲ့ Tin Thanh Express Co,  တို့ဖက်စပ်တည်ထောင်ထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ လေကြောင်းလိုင်းက လေယာဉ်ထိန်းသိမ်းဇုံတွေနဲ့ပြုပြင်ရေးလုပ်ငန်းတွေကို နိုဝင်ဘာက စတင်ဆောင်ရွက် ပြီး၊ ဒီဇင်ဘာမှာ ပံျသန်းရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်မယ်လို့ ဗီယက်စတားလေကြောင်းလိုင်းက ကိုယ်စားလှယ် ငုယင်သန်ဘင်းက ပြောပါတယ်။ ဗီယက်နမ်အဲလိုင်း၊ဂျက်စတား ပစိဖိတ်၊ ဗက်စကို၊ဗီယက်ဂျက်၊ အဲမဲခေါင်နဲ့အင်ဒိုချိူင်းနားအဲလိုင်းတွေပြီးရင် ဗီယက်စတားဟာ ဗီယက်နမ်မှာ သတ္တမမြောက်လေကြောင်း ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။   Source: VNS

Tuesday, 28 Jun 2011

မလေးရှားမှာ နေစွမ်းအင် စက်ရုံတည်ဆောက်ဖို့ ဂျာမန်ကုမ္ပဏီစီစဉ်               မလေးရှားမှာ တည်ဆောက်မဲ့ နေစွမ်းအင်စက်ရုံအတွက်ဂျာမန်စက်မှု လုပ်ငန်းအဖွဲ့ Bosch ယူရို သန်း ၅၂ဝ (ဒေါ်လာ ၇၅ဝ သန်း) ရင်းနှီးမြှုပ်နံှမယ် လို့ ဗုဒ္ဓဟူးနေ့ (ဇွန် ၂၂) က ထုတ်ပြန်တဲ့ ကြေညာချက်တစ်ခုမှာ ဖေါ်ပြထားပါတယ်။ စက်ရုံဆောက်လုပ်မှု လုပ်ငန်းများကို ပီနန်ဒေသ အနောက်မြောက်ပိုင်းမှာ ယခုနှစ်က စတင်ဆောင်ရွက်မှာဖြစ်ပြီး လုပ်ငန်းလည်ပတ်တဲ့အခါ လူ ၂ဝဝဝ ကိုအလုပ်ခန့်ထားနိုင်မယ်လို့ ပြောပါတယ်။ ဒီရင်းနှီးမြှုပ်နံှမှုအရ Bosch  က နေစွမ်းအင် လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းကို အပြည်ပြည်ဆိုင်ရာ နယ်ပယ်အထိ တိုးခဲျ့လာခဲ့ပြီး ဖြစ်ပါတယ်လို့ ကုမ္ပဏီရဲ့ ကြေညာချက်ထဲမှာ ကုမ္ပဏီ ဥက္ကဌ ဖရန် ဖာရန်ဘက်က ပြောပါတယ်။               အပြည့်အဝ လည်ပတ်နိုင်တာနဲ့ တစ်ပြိုင်နက် စက်ရုံက မလေးရှား နေအိမ် ၃ဝဝဝဝဝ အတွက် လျှပ်စစ် ဓါတ်အားရစေမဲ့ နေစွမ်းအင်ပြားတွေကို ထုတ်ပေးနိုင်လိမ့်မယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ယခု စီမံကိန်းက မလေး ရှား သမိုင်းမှာ အကြီးမားဆုံး စီမံကိန်း ဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။                Source: AFP

Tuesday, 21 Jun 2011

အိန္ဒိယ အိုင်တီကုမ္ပဏီတို့က ပြည်တွင်းဈေးကွက်ကို ဦးပြန်လှည့်                    လုပ်ငန်းကြီးထွားဖို့နဲ့ စီးပွားရေးအခွင့်အလမ်းသစ်တွေ ရရှိဖို့အတွက် အိန္ဒိယ အိုင်တီကုမ္ပဏီတွေက ပြည်တွင်းဈေးကွက်ကို ပြန်လည် ဦးလှည့်လာပါတယ်။ အိန္ဒိယနဲ့ တရုတ်မှာ အိုင်တီအတွက် သုံးစွဲတာက လွန်ခဲ့တဲ့ လေးနှစ်လောက်က လူတစ်ဦးဟာ သူ့ဝင်ငွေရဲ့ တစ်ရာခိုင်နှုန်းပင် မပြည့်ခဲ့ပေမဲ့ ယခုအခါ ခုနစ်ရာခိုင်နှုန်း အထိ မြင့်တက်လာပါတယ်။ အစိုးရက ကျန်းမာရေး၊e- governance  နဲ့ ပညာရေး ကဏ္ဍတွေမှာ သုံးစွဲလာတဲ့အတွက် လာမဲ့ငါးနှစ်အတွင်းမှာ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်လာမယ်လို့ ခန့်မှန်းထားကြောင်း Zensar Technologies ရဲ့ ဒုတိယ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် ဂါနက်နာတာရာဂျန်က ပြောပါတယ်။ ဘုံဘေစတော့ဒိုင်မှာ မှတ်ပုံတင်ထားတဲ့ Zensar  ကုမ္ပဏီဟာ လွန်ခဲ့တဲ့ သုံးလပတ်က ၂၃ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပါတယ်။ ဝင်ငွေတိုးလာရတဲ့အထဲမှာ အများစုက အိန္ဒိယကုမ္ပဏီတွေက အိုင်တီအသုံးပြုတာ များလာလို့ ဖြစ်ပါတယ်။                   အိန္ဒိယမှာ အိုင်တီဝန်ဆောင်မှုကို အကြီးကျယ်ပေးနေတဲ့ တာတာအတိုင်ပင်ခံ လုပ်ငန်းTCS ) က iON- a cloud ကွန်ပျူတာစနစ်တစ်ခုကို ထုတ်လုပ်ခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်က ပြည်တွင်းရှိ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း တွေအတွက် ဖြစ်ပါတယ်။ iON  ဟာ လာမဲ့ငါးနှစ်အတွင်းမှာ ဒေါ်လာ တစ်ဘီလီယံ ဖိုးအထိ ဖြစ်ထွန်းလာမယ်လို့ TCS က ခန့်မှန်းပါတယ်။ အိန္ဒိယ ဆော့ဖ်ဝဲထုတ်လုပ်မှုက ၂ဝ၁ဝ-၁၁ ခုနှစ်မှာ ၁၄ ရာခိုင်နှုန်း တိုးတက်ပြီး ရူပီး ၁၅၇ ဘီလီယံ ဖိုးရှိမယ်လို့ ခန့်မှန်းထားပါတယ်။ လာမဲ့ သုံးနှစ်အတွင်းမှာ အစိုးရရဲ့ အိုင်တီ အသုံးပြုမှုက လက်ရှိ ဒေါ်လာ ၁ ဘီလီယံ (ရူပီး ၄၅ ဘီလီယံ) ရှိနေရာမှ နှစ်စဉ် ၃ ဒသမ ၅ ဘီလီယံ ရှိလာမယ်လို့ ခန့်မှန်းပါတယ်။ Source: businessstandard.com

Tuesday, 21 Jun 2011

ထိုင်းအဲဝေးက လေယာဉ်သစ်များ ဝယ်ယူမည်                  သက်တမ်းရင့်နေတဲ့ လေယာဉ်တွေကို ခေတ်မီလေယာဉ်တွေနဲ့ အစား ထိုးဖို့အတွက် ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံဖိုးရှိ အဲဘတ်လေယာဉ် ၂၃ စီးနဲ့လူစီးနဲ့ကုန်တင်ဘိုရင်းလေယာဉ် ၁၄ စီးဝယ်ယူမယ်လို့ ထိုင်းအဲဝေးက ဇွန် ၁၃ ရက်က ကြေညာပါတယ်။သဘောတူ စာချုပ်ကိုလေကြောင်းလိုင်းရဲ့ ဒါရိုက်တာအဖွဲ့က အတည်ပြုထားပြီး ဖြစ်ပါတယ်။အကောင်အထည်ဖော်လာချိန်မှာ အရည်အသွေးနဲ့ဝန်ဆောင်မှု စွမ်းရည်အရ အာရှမှာရှိတဲ့ထိပ်တန်းလေ ကြောင်းသုံးခုထဲမှာ ပါဝင်လာမှာဖြစ်ပါတယ်။                 အစီအစဉ်အရ ၂ဝ၁၄ ခုနဲ့ ၂ဝ၁၇ ခုနှစ်အတွင်းမှာ Boeing -300ER လေယာဉ် ၆ စင်း၊Airbus A 350- 900 S လေးစင်းနဲ့ A 320-200 S ဝယ်ယူမှာဖြစ်ပြီး စုစုပေါင်းကုန်ကျ ငွေ ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံရှိပါမယ်။ ၂ဝ၁၂ ခုနှစ်နဲ့၂ဝ၁၇ ခုနှစ်အတွင်း မှာ ဘိုးရင်းလေယာဉ် ၈ စင်းအပါအဝင် လေယာဉ် ၂၂ စင်းကို ငှားရမ်းမယ်လို့ ကုမ္ပဏီရဲ့ကြေညာချက်မှာ ဖော်ပြထား ပါတယ်။                   လောလောဆယ်မှာ လေကြောင်း လိုင်းက သက်တမ်းရင့်နေတဲ့ TUT ဂျမ်ဘိုလေယာဉ်များအပါအဝင် အဲဘတ်စ်နဲ့ ဘိုရင်းလေယာဉ်တွေကို အသုံးပြုပြေးဆွဲနေပါတယ်။ဘိုရင်းလေယာဉ်သစ် 787 Dreamliner တွေပြေး ဆွဲဆောင်ရွက်တဲ့အစီအစဉ်တွေကလည်း နည်းပညာဆိုင်ရာ အခက်အခဲတွေ ကြောင့် အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရပါ တယ်။ ယခုအကြိမ်အစီအစဉ်အရ ၂ဝ၁၁ ခုနှစ် တတိယသုံးလပတ်မှာ ဒီ လေယာဉ်တွေကို စတင်အသုံးပြုနိုင် တော့မှာ ဖြစ်ပါတယ်။ Source: AFP

Monday, 13 Jun 2011

အီးကိုလိုင်းရောဂါပိုး ကာကွယ်ရေးအတွက် ထိုင်းနိုင်ငံက အစီအမံချမှတ်                အသက်ကို အန္တရာယ်ပေးတဲ့ အီးကိုလိုင်း ရောဂါပိုး ကြောင့် ဂျာမနီ ၂၂ ဦးနှင့် ဆွီဒင်မှာ တစ်ဦး အသက်ဆုံးရှုံးပြီးတဲ့နောက် ရောဂါပိုးပြန့်ပွားတာကို ကာကွယ်ဖို့အတွက် ထိုင်းကျန်းမာရေး ဝန်ကြီးဌာနက စီမံချက်လေးချက်ကို ချမှတ်ခဲ့ပါတယ်။ အီးကိုလိုင်းပိုး ငါးမျိုးထဲက အီးကိုလိုင်း O 104  ကအဆိုးဆုံး ဖြစ်ကြောင်း သွေးနီဥတွေကို ဖျက်ဆီးပြီး ကျောက်ကပ်ကိုထိခိုက်စေနိုင်ကြောင်း ပြည်သူ့ကျန်မာရေး ဝန်ကြီး ဂျူရင်လက် ဆာနာ ဝီဆစ်က ဇွန် ၆ ရက်မှာ ကျင်းပတဲ့ ပြည်သူ့ကျန်းမာရေး အစည်းအဝေးပြီးနောက် ပြောကြား ပါတယ်။                ဝန်ကြီးဌာနရဲ့ အစီအမံတွေအနက် လေဆိပ် ရှိ အပြည်ပြည်ဆိုင်ရာ ကူးစက်ရောဂါ ထိန်းချုပ် စစ်ဆေးရေးဌာနမှာ ဥရောပ သမဂ္ဂကလာတဲ့ နိုင်ငံခြားသား ခရီးသည်တွေကို ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းအချက် အလက်ကို ဖြည့်သွင်းဖို့ နေမကောင်းရင် ဆရာဝန်ပြဖို့အတွက ပညာပေးလုပ်ငန်းကလည်း ပါဝင်ပါတယ်။ အများပြည်သူအတွက်ကတော့ အစားအစာ ကို လတ်လတ်ဆတ်ဆတ် ချက်စားဖို့ အစားမစားမီ လက်ဆေးဖို့နဲ့ ဇွန်းနဲ့ စားဖို့ကို တိုက်တွန်းထားပါတယ်။                   ဝမ်းရောဂါဖြစ်တဲ့ လူနာတွေကို စစ်ဆေးရာ မှာ တူညီတဲ့စစ်ဆေးမှုများ ပြုလုပ်ဖို့နဲ့ ရက်သတ္တ ပတ်အတွင်း ဥရောပသမဂ္ဂက ပြန်လာသူတွေရဲ့ ဆေးမှတ်တမ်းတွေကို စစ်ဆေးဖို့ အစိုးရနဲ့ ပုဂ္ဂလိက ဆေးရုံးတွေကို ညွှန်ကြား ထားပါတယ်။ ဥရောပကတင်သွင်းလာတဲ့ အစားအစာတွေ ကို ကျဘမ်းစစ်ဆေးရေးကလည်း အစိုးရရဲ့ အစီ အမံလေးခု ထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။                    ကာကွယ်ရေးအစီအမံတွေကို ဆောင်ရွက်ရာ မှာ ရောဂါထိန်းချုပ်ရေးဌာနက အဓိကယန္တရား တစ်ခု ဖြစ်ပါတယ်။Source: pattayamail.com

Monday, 25 Apr 2011

 အိန္ဒိယသမုဒ္ဒရာတွင်းမှာ တောင်ကိုရီးယားသင်္ဘောကို တိုက်ခိုက်ခံရ                    တောင်ကိုရီးယား ကုန်သေတ္တာ သင်္ဘောတစ်စီးဟာ အိန္ဒိယသမုဒ္ဒရာ အတွင်းမှာ ပင်လယ်ဓါးပြတွေရဲ့ တိုက် ခိုက်တာကိုခံရပြီး ပျောက်ဆုံး နေတယ် လို့ သင်္ဘောပိုင်ရှင်က ဧပြီ ၂၁ ရက်က ပြောပါတယ်။ တောင်ကိုရီးယား ၁၄ ဦးနဲ့ အင်ဒိုနီးရှားလူမျိုး ၆ ဦးပါဝင်တဲ့ တန်ချိန် ၇၅ဝဝဝ ရှိ ဟန်ဂျင်းတီယန်ဂျင်း သင်္ဘောကို ကိုရီးယားစံတော်ချိန် မနက် ၅ နာရီ ၁၅ မိနစ် (ဂရင်းနစ်စံတော်ချိန် ဧပြီ ၂ဝ ရက် ၂ဝး၁၅ နာရီ) မှာတိုက်ခိုက်ခံရတယ်လို့ သတင်းပို့ကြောင်း ဆိုးလ်မြို့ အခြေစိုက် ဟန်ဂျင်းရှစ်ပင်း ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။                      ရေယာဉ်ဟာ စင်ကာပူကိုဦးတည်လာနေစဉ် အေဒင်ပင်လယ်ကွေ့ အနီး မှာ ပင်လယ်ဓါးပြတွေရဲ့ တိုက်ခိုက် တာကိုခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အေဒင်ပင်လယ်ကွေ့အနီး ဆိုကို ထရာရှိယီမီနီကျွန်းစုရဲ့ အရှေ့ဘက် ကီလိုမီတာ ၄ဝဝ (မိုင် ၂၅ဝ) အကွာမှာ တိုက်ခိုက်ခံရပြီးတဲ့ နောက်ပိုင်း အဆက်အသွယ်ပြတ်သွားပါတယ်။ သင်္ဘောပေါ်မှာ ကုန်သေတ္တာ ၆၅ဝဝ ပါဝင်ပါတယ်။ ဆိုမာလီ ကမ်းလွန် ပင်လယ်ဓါးပြပေါများတဲ့ နေရာမှာ ကင်းလှည့်နေတဲ့ ဖျက်သင်္ဘော ခိျွုင် ယန်းက အခင်းဖြစ်ပွားရာ နေရာသို့ ခုတ်မောင်း သွားတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယား ရေတပ် ကွန်မန်ဒိုတွေက အာရေဗီယံပင်လယ်ပြင်မှာ ပင်လယ်ဓါးပြတွေ သိမ်းပိုက်ထားတဲ့ သင်္ဘောတစ်စီးကို စွန့်စွန့်စားစား ကယ်တင်ပြီး သင်္ဘောသား ၂၁ ဦးကို ကယ်တင်ခဲ့ဖူးပါတယ်။Source:AFP

Tuesday, 5 Apr 2011

 ဗီယက်နမ်တွင် လေကြောင်းခများ ၂ဝ ရာခိုင်နှုန်း မြင့်တက်               ဗီယက်နမ်လေကြောင်းလိုင်းတွေရဲ့ အခက်အခဲဖြေရှင်းနိုင်အောင် လေကြောင်းလိုင်းခအမြင့်ဆုံးဈေးနှုန်းကို ၂ဝ ရာခိုင်နှုန်းအထိမြှင့်တင်ဖို့ အဆိုပြုထားပါတယ်။ အဆိုပြုချက်ကို သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန တို့က ဆွေးနွေးပြီးဖြစ်ရာ ဈေးနှုန်းသစ်တွေကို ဧပြီလကုန်မှာ စတင်မယ်လို့ခန့်မှန်းရပါတယ်။                   ငွေလဲလှယ်နှုန်းပြောင်းလဲသွားတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုတွေကိုရှောင်ကြဉ်ဖို့အတွက် ဈေးနှုန်းများကို တိုးမြှင့် ခွင့်ပြုဖို့ ဗီယက်နမ်မြို့ပြလေကြောင်းအုပ်ချုပ်ရေးဌာနနဲ့ ပြည်တွင်းလေကြောင်းလိုင်းအများအပြားက လျှောက်ထားခဲ့ပြီး နောက်ပိုင်း ဒီအဆိုပြုချက်ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒေါင်ငွေတန်ဖိုးကျဆင်းတဲ့အတွက် လောင်စာဆီဈေးနဲ့ လေဆိပ် ဝန်ဆောင်မှုကုန်ကျစရိတ်တွေ ပိုမိုမြင့်တက်လာတယ်လို့ သယ်ယူပို့ဆောင်ရေးဌာန ညွှန်ကြားရေးမှူး ထရန်ငေါသန်းက ပြောပါတယ်။                   အမြင့်ဆုံးဈေးနှုန်းကို ၂ဝ ရာခိုင်နှုန်းတိုးမြှင့်သတ်မှတ်ဖို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက သဘောတူ ထားပြီးဖြစ်ပါတယ်။ အကဲဖြတ်ချက်ရယူနိုင်ဖို့ ဘဏ္ဍာရေးဝန်ကြီးဌာနကို တင်ပြထားတယ်လို့ သူကပြောပါတယ်။ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့အတွက် အစိုးရရဲ့ ဆုံးဖြတ်ချက် ၁၁ နဲ့အညီ စီးပွားရေးလုပ်ငန်းတွေက မည်၍ မည်မျှကျခံရမည်ဆိုတာကို ဘဏ္ဍာရေး ဝန်ကြီးဌာနက တွက်ချက်မှာဖြစ်ပါတယ်။ အကယ်၍ ယခုအစီအစဉ်ကို ဘဏ္ဍာရေးဝန်ကြီးဌာနက အတည်ပြုမယ်ဆိုရင် ယခုဈေးနှုန်းသစ်ကို ဧပြီလကုန်ကစပြီး အသုံးပြုသွားမှာဖြစ်ပါတယ်။ Source:VNS.com

Tuesday, 5 Apr 2011

 တရုတ်နိုင်ငံတွင် နို့ထွက်ပစ္စည်းများကိုရှာဖွေနှိမ်နှင်း                  တရုတ်လတ်ဆတ်တဲ့နို့ထွက်ပစ္စည်းနဲ့ ကလေး နို့မှုန့်ထုတ်လုပ်သူများ ဗဟိုအဖွဲ့က နောက်ဆုံး စစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့နောက် ယခုလအကုန်မှာ ပြည်တွင်းကုမ္ပဏီတွေရဲ့ ၂ဝ ရာခိုင်နှုန်းက နို့ထွက်ပစ္စည်းဈေးကွက်ကနေ ပျောက်ကွယ်သွားလိမ့်မယ်လို့ တရားဝင်သတင်းရပ်ကွက်ကနေ သိရပါတယ်။ တရုတ်ကုမ္ပဏီတွေက ပြည်တွင်း ဈေး ကွက်ကို ကျယ်ပြန့်စွာပြန်လည်ရရှိနိုင်ဖို့အတွက် အရည်အသွေးကြီးကြပ်ရေး၊ စစ်ဆေးရေးနဲ့ ရောဂါဘယထိန်း ချုပ်ရေးအထွေထွေ  အုပ်ချုပ် ရေးဌာနက ထုတ်လုပ်ရေးလိုင်စင်ရယူ ထားပြီးဖြစ်တဲ့ နို့ထုတ်လုပ်ရေးလုပ်ငန်းတွေကို ပြန်လည် စစ်ဆေးဖို့ သူ့ရဲ့လက်အောက်ခံ အဖွဲ့အစည်းတွေ ကို အမိန့်ထုတ်ပြန်ထားပါတယ်။နောက်ဆုံးသတ် မှတ်ရက်က မတ် ၃၁ ရက်ဖြစ်ပါတယ်။ ဖူကျန်၊ ကွမ်တုံ၊ ရှန်ဇီး၊ ဇီချွမ်နဲ့ နင်ဂျား ပြည်နယ်လေးခုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုတို့က ဖေဖေါ်ဝါရီလကုန်မှာ ထုတ်ပြန်တဲ့ စာရင်းဇယားများအရ ဇီချွမ်ပြည်နယ်မှအပ အခြား ဒေသတွေမှာရှိတဲ့ ကုမ္ပဏီတွေထဲက ၃ဝ ရာခိုင်နှုန်းဟာ စစ်ဆေးမှုကိုအောင်မြင်မှု မရှိခဲ့ပါဘူး။ အဲဒီကုမ္ပဏီတွေဟာ လိုင်စင် အသိမ်းခံရမှာ ဖြစ်ပါတယ်။ ဇီချွမ်ပြည်နယ်မှာ စစ်ဆေးတာကို အောင် မြင်မှု မရှိတဲ့ ကုမ္ပဏီက ၂ဝ ရာခိုင်နှုန်း ထက်နည်းပါတယ်။                          ယခုလကုန်မှာ ပြန်လည်စစ်ဆေးတာ တွေပြီးဆုံးသွားရင် တစ်နိုင်ငံလုံးမှာရှိတဲ့ နို့ထွက်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ ၂ဝ ရာခိုင်နှုန်းကျော် လိုင်စင် ရုပ်သိမ်းခံရလိမ့်မယ်လို့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနလက်အောက်ရှိ တရုတ် နို့ထွက် လုပ်ငန်းအသင်းက ခန့်မှန်းပါတယ်။ဈေးကွက်ရဲ့ ၁ဝ ရာခိုင်နှုန်း ရှိပါတယ်။ Source.China Daily

Monday, 11 Jan 2010

   လာမဲ့နှစ် ဇန်နဝါရီ ၁ ရက် မှာ စတင်အကျိုးသက်ရောက်တဲ့ အာဆီယံနဲ့တရုတ် လွတ်လပ်တဲ့သဘောတူစာခုျပ် (အေစီအက်ဖ် တီအေ)အပြည့်အဝ အကောင်အထည်ဖော်နိုင်ဖို့အတွက် ဝန်ကြီးအဆင့်စည်းမျဉ်းဥပဒေများကို အပြီးသတ် ရေးဆွဲပြီးကြောင်း အင်ဒိုနီးရှားဘဏ္ဍာရေးဝန်ကြီးဌာန ဒီဇင်ဘာ  ၂၈ ရက်နေ့က ပြောကြားပါတယ်။

Thursday, 2 Jul 2009

စာရင်းကိုင်များနဲ့ စာရင်းစစ်များ ရဲ့ လစာများဟာ ယခုနှစ် အတွင်းမှာ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင် စရာရှိပါတယ်။ ဒါပေမယ့် လုပ်ငန်းတွင်း စာရင်းစစ်လို ထိပ်တန်းရာထူးများကို ရရှိထားဖို့တော့လိုအပ်ပါတယ်။

Pages