Main menu

Background

Tuesday, 27 Dec 2011

    ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO  ကို  ရုရှားနိုင်ငံ ဝင်ရောက်ခွင့်ရခြင်းက အိန္ဒိယနဲ့ နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှုမှာ "အပြုသဘောဂယက်ရိုက်ခတ်မှု" ရှိ ကြောင်းနဲ့ လောလောဆယ်နှစ်နိုင်ငံကုန်သွယ်မှုက တစ်နှစ် ကို ဒေါ်လာ ၁၀ ဘီလီယံဝန်းကျင်ရှိနေတာက တကယ် ဖြစ်နိုင်တဲ့ အလားအလာအောက်မှာရှိနေသေးကြောင်း အိန္ဒိယ အရာရှိတွေက ပြောပါတယ်။

Tuesday, 27 Dec 2011

    အင်တာနက်အသုံးပြုမှု ကြီးထွားမှုအဆင့်မြင့်မားလာပေမဲ့ ဗီယက်နမ်မှာ အီး ကောမတ်ကို အသုံးပြုတာနည်းနေသေးတယ်လို့ ဟနွိုင်းမြို့မှာ ဒီဇင်ဘာ ၁၇ ရက်က ကျင်းပတဲ့ ဆွေးနွေးပွဲကိုတက်ရောက်လာသူတွေက ပြောကြပါတယ်။

Monday, 19 Dec 2011

    ကုန်ကြမ်းပစ္စည်းအတွက် ကုန်ကျစရိတ်မြင့်တက်နေ တာနဲ့ အမှာစာကျဆင်းတာတွေကြောင့် လက်ရှိဘဏ္ဍာ ရေးနှစ်ရဲ့ တတိယသုံးလပတ်မှာ ကုန်ထုတ်လုပ်မှုကဏ္ဍရဲ့ တိုးတက်မှုကို ထိခိုက်နိုင်မယ်လို့ အိန္ဒိယကုန်သည်ကြီး များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းရဲ့ စစ်တမ်းမှာ ဒီဇင် ဘာ ၁၁ ရက်နေ့က ဖော်ပြထားပါတယ်။

Monday, 19 Dec 2011

    ဒီဇင်ဘာ ၁၂ ရက်ကစပြီး တက္ကစီခများစတင်ပြင် ဆင်ပြီးတဲ့ နောက် Confort DelGro  တက္ကစီဒရိုင်ဘာ များအတွက် ခရီးသည်ကျဆင်းလာတာကို တွေ့ရပါတယ်။ ကားခပြောင်းလဲမှုတွေထဲမှာ အသွားအလာများချိန်ကို မနက် ၆ နာရီမှ မနက် ၉ နာရီခွဲအထိ တိုးမြှင့်ပေးတာ လည်းပါဝင်ပါတယ်။ ယခင်က အပိုကြေးကို မနက် ၇ နာရီကနေ စတင်ယူခဲ့တာဖြစ်ပါတယ်။ အချိန်တိုးပေးလိုက် တဲ့ ကာလအတွင်းမှာ ခရီးသည်ဦးရေက ၃၀ ရာခိုင်နှုန်း အထိကျဆင်းခဲ့တယ်လို့ မနက်ပိုင်းတက္ကစီသမားတွေက ပြောပါတယ်။

Tuesday, 13 Dec 2011

    စမတ်လုပ်ငန်းများမပေါ်မီအထိ ဖင်လန်ကုမ္ပဏီ နိုကီယာက အိန္ဒိယ မိုဘိုင်းဖုန်းဈေးကွက်မှာ ဦးဆောင်နေခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိ ကန် CDMA (Code Division Multiple Access) ကို ဥရောပ GSM (Global System for Mobile) နည်းပညာက ပြတ်ပြတ်သား သားကျော်တက်လာချိန်မှာ နိုကီယာက  ကမ္ဘာ့မိုဘိုင်းဈေးကွက်ကို ဦး ဆောင်လာခဲ့ပါတယ်။

Tuesday, 13 Dec 2011

    ဥရောပဘဏ္ဍာရေးအကျပ်အတည်းကြောင့် ဖြစ်ပွားမယ့် စီးပွားရေးဆုတ်ကပ်က ပျံ့နံှ့လာတဲ့အတွက် တောင်ကိုရီး ယားမှာ အသစ်ခန့်အပ်မယ့်အလုပ်သမား အရေအတွက် က လာမဲ့နှစ်မှာ ထက်ဝက်ကျဆင်းမယ်လို့ ပြည်တွင်း ဉာဏ်ကြီးရှင်များအဖွဲ့တစ်ခုက ပြောပါတယ်။

Wednesday, 30 Nov 2011

                    ကမ္ဘာ့စီးပွားရေးပြိုကွဲတာ ပြင်းပြင်းထန်ထန် ဖြစ်လာရင် အာရှဖွံ့ဖြိုးဆဲ နိုင်ငံတွေအနက် ထိုင်းနဲ့ မလေးရှားတွေက အန္တရာယ်နဲ့အများဆုံး နီးကပ်နေတယ်လို့ အဆင့်သတ်မှတ်ရေးအေဂျင်စီ Fitch က နိုဝင်ဘာ ၂၂ ရက်က ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ဂယက်ရိုက် ခတ်မှုအနည်း ဆုံး ခံရမဲ့နိုင်ငံဖြစ်ပြီး အကယ်၍ကမ္ဘာ့ စီးပွားရေးက ပြင်းပြင်းထန်ထန်ကျဆင်းလာရင် စီးပွားရေး တွန်းအားပေးအစီအစဉ်ကို အများဆုံးပေး နိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ Fitch က ပြောပါတယ်။ ပြည်တွင်း စီးပွားရေးအင်အားကြီးမှုနဲ့ နိုင်ငံရဲ့ ကြွေးမြီ/ဂျီဒီပီအချိုးက နိမ့်ကျတဲ့အတွက် အင်ဒိုနီးရှားက ဒေသတွင်းမှာ ဥရောပကြွေးမြီ အကျပ် အတည်းနဲ့ အထိအတွေ့ အနည်းဆုံးနိုင်ငံဖြစ်ပါတယ်။ အရှေ့တောင် အာရှမှာ အကြီးဆုံးဖြစ်တဲ့ အင်ဒိုနီးရှားစီးပွားရေးက လာမဲ့ ၁၂ လကနေ ၁၈ လအတွင်းမှာ အဆင့်မြင့်တက်လာမယ်လို့ Fitch  အေဂျင်စီရဲ့ လေ့လာဆန်းစစ်ရေးမှူး ဖိလစ်မက်နီကိုလပ်က ပြောပါတယ်။ သို့သော် အဓိကကျတဲ့စမ်းသပ်မှုကတော့ အင်ဒိုနီးရှား အစိုးရကစီးပွားရေးကျဆင်းမှု ကို နည်းသွားအောင် ဘယ်လိုကောင်းမွန်စွာ ဆောင်ရွက်နိုင်မယ်ဆိုတဲ့ အပေါ်မှာ မူတည်နေပါတယ်။                      Fitch အေဂျင်စီက အင်ဒိုနီးရှားနိုင်ငံကို BB+ အဆင့်သတ်မှတ် ထားပြီး အကောင်းဘက်ကရှုမြင်ထားပါတယ်။ အထိတ်တလန့်ဖြစ်မှု တွေကို ကြံ့ကြံ့ခံနိုင်တဲ့စွမ်းရည်က အင်ဒိုနီးရှားအတွက် အလားအလာ ကောင်းနေပါတယ်လို့ သူက ဂျာနယ်လစ်တွေကို ပြောပါတယ်။ တရုတ်နဲ့အိန္ဒိယနိုင်ငံတွေကလည်း ပြင်ပမှာဖြစ်ပေါ်နေတဲ့ အထိတ် တလန့်ဖြစ်မှုတွေနဲ့ အထိုက်အလျောက် အကာအကွယ် ရနေပါတယ်။ ဒါပေမဲ့ ၂၀၀၈ ခုနှစ်နှောင်းပိုင်းကစခဲ့ပြီး ၂၀၀၉ ထိဖြစ်ပွားခဲ့တဲ့ နောက်ဆုံး ကမ္ဘာ့ စီးပွားရေးကျဆင်းမှုနဲ့နှိုင်းယှဉ်ရင် မူဝါဒဆိုင်ရာ တွန်းအားပေး မှုတွေက အနည်းငယ်ကျဆင်းနိုင်ပါတယ်။ အာရှနိုင်ငံတွေက ကမ္ဘာ့တခြား နိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် ငွေကြေးသုံးစွဲမှုတွေကို အလုံးအရင်းနဲ့ ဆောင်ရွက် နိုင်တယ်လို့ Fitch  က ပြောပါတယ်။ Source.AFP

Wednesday, 30 Nov 2011

                     ထိုင်းနိုင်ငံရှိကျောင်းတွေမှာသုံးဖို့အတွက် ပညာရေးဝန်ကြီးဌာနကို တဲဘလက် ကွန်ပျူတာတွေ ပေးသွင်းဖို့ စိတ်ဝင်စားကြောင်း ကွန်ပျူတာကုမ္ပဏီကြီးဖြစ်တဲ့ အက်ပဲ ကုမ္ပဏီက ပြသခဲ့ပါတယ်။ အက်ပဲကုမ္ပဏီမှကိုယ်စားလှယ်အဖွဲ့က ပညာရေးဝန်ကြီး ဂိုရာဝတ်အောပေပင်ရာကူးကို တွေ့ဆုံခဲ့ပြီး ကျောင်းသားများ တဲဘလက်သုံးစွဲရေး စီမံကိန်းမှာ ကုမ္ပဏီရဲ့ထုတ်ကုန်တွေက အကျိုးပြုနိုင်မှာဖြစ်ကြောင်းအဆိုပြုခဲ့ပါတယ်။ စီမံကိန်းမှာ အက်ပဲထုတ်ကုန်တွေ မည်ကဲ့သို့ အသုံးပြုမည်ကို စမ်းသပ်ရန်အတွက် လုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းမှာဖြစ်ကြောင်းပညာရေးဝန်ကြီးက ပြောပါတယ်။ တကယ်လို့ စမ်းသပ်မှု ရလဒ်ကကောင်းမယ်ဆိုရင် ဈေးနှုန်းတွေမြင့်မားတဲ့တိုင်အောင် ဝန်ကြီးဌာန က စိတ်ဝင်စား မှာဖြစ်ပါတယ်။ ရလဒ်မကောင်းဘူးဆိုရင်တော့ ဝန်ကြီးဌာနက အန်း ဒရွိုက် စက်အမျိုးအစားကိုရွေးချယ်ရမှာဖြစ်ကြောင်း မစ္စတာဂိုရာဝတ်က ပြောပါတယ်။ " ကနေ့ လိုအပ်နေတာက တကယ်တန်း အသုံးဝင်မဲ့ နည်းပညာဖြစ်ပါတယ်။ ကိရိယာတွေက အားလုံးအတူတူပဲဖြစ်တဲ့အတွက် ဝန်ကြီးဌာနက စက်ကိရိယာချည်း သက်သက်ဝယ်တာမဟုတ်ပါဘူး။ စက်ကိရိယာရဲ့စနစ်ကိုပါဝယ်တာ ဖြစ်ပါတယ်။သူတို့ ကုမ္ပဏီမှာ ပညာရေးနဲ့ပတ်သက်တဲ့ ဖြေရှင်းချက်တွေရှိတယ်"လို့ အက်ပဲက ပြော ကြောင်း အခြေခံပညာရေးကော်မရှင်မှ အထွေထွေအတွင်းရေးမှူးချီနာပက်ဖန်ရက်က ပြောပါ တယ်။    ကျောင်းသားတွေကို တဲဘလက်ကွန်ပျူတာတွေ ဖြန့်ချိရေးဟာ ဖြူထိုင်းပါတီရဲ့ ရွေးကောက်ပွဲကြွေးကြော်သံဖြစ်ပါတယ်။ Source.bangkokpost.com

Monday, 21 Nov 2011

                     ကုန်ကျစရိတ်များမြင့်မားနေခြင်းနှင့် အတူတစ်ပြိုင်နက် ဖြစ်ပေါ်နေတဲ့ ဘိလပ်မြေဝယ်လိုအားကျဆင်းမှုက ဗီယက်နမ် ဘိလပ်မြေထုတ်လုပ်မှုလုပ်ငန်းမှာယခုနှစ်ပထမ ၁၀ လ အတွင်း ဗီယက်နမ်ဒေါင် ၂၂၀ ဘီလီယံ (ဒေါ်လာ ၁၀ ဒသမ ၅၃ သန်း) အရှုံးပေါ်နေပါတယ်။ ထိုကာလ အတွင်းမှာ ဗီယက်နမ် ဘိလပ်မြေထုတ်လုပ်မှုကော်ပိုရေး ရှင်းအဖွဲ့ဝင်တွေရဲ့ ဈေးကွက်ဝေစုက ၃ ရာခိုင်နှုန်း ကျဆင်းနေပါတယ်။ အိမ်ခြံမြေဈေးကွက် အေးနေတဲ့ အတွက် ဝယ်လိုအားကျဆင်းမှု၊ ငွေအတိုးနှုန်းတွေမြင့်မား မှု၊ အများပြည်သူရင်းနှီးမြှုပ်နှံမှု၊ စီမံကိန်းများလျှော့ချမှုနဲ့ သွင်းအားစု စရိတ်မြင့်တက်မှုတို့ကြောင့် ဘိလပ်မြေအသုံး လျော့ကျခဲ့ရတယ်လို့ ဆိုပါတယ်။ သွင်းအားစုစရိတ်ဘက်ကကြည့်ရင် လောင်စာဆီ ဈေးနှုန်းက ၃၂ ရာခိုင်နှုန်းကနေ ၄၃ ရာခိုင်နှုန်း၊ လျှပ်စစ် ဓာတ်အားခ ၁၅ ဒသမ ၂၈ရာခိုင်နှုန်းနဲ့ ကျောက်မီးသွေးက ၈၈ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ Souce.vietnamnews.vnagency.com.vn

Tuesday, 15 Nov 2011

                          စင်ကာပူရှိစာရင်းအင်းကဏ္ဍအတွက် ထက်မြက်သူများကို ဆွဲဆောင်ထိန်းသိမ်းထားရေးမှာ အဓိကစိန်ခေါ် မှုဖြစ်နေကြောင်း ဘဏ္ဍာရေးနဲ့သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနဝန်ကြီး မစ္စဂျိုးဇက်ဖင်တဲအိုက စင်ကာပူ ငွေ စာရင်း အစည်းအဝေးမှာ နိုဝင်ဘာ ၅ ရက်က ပြောပါတယ်။                          ကျွမ်းကျင်တဲ့ငွေစာရင်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပညာရှင်တွေကိုရရှိအောင် လူသစ်ခေါ်စုဆောင်းရာမှာ အခက် အခဲရှိတယ်လို့ အလုပ်ရှင်သုံးဦးအနက် နှစ်ဦးကပြောကြား ကြောင်း Global Financial Employment Monitor အစီရင်ခံစာ မှာဖော်ပြထားတယ်လို့ သူမကပြောပါတယ်။ ထိပ်တန်းရာထူးတွေမှာ တာဝန်ယူထားသူတွေက လာမဲ့ နှစ်မှာ တခြား လုပ်ငန်းတွေကိုပြောင်းသွားမှာကို စိုးရိမ်နေ ရတယ်လို့ပြောကြားသူက ၅၆ ရာခိုင်နှုန်းရှိပါတယ်။ ၂၀၁၁ ပြည့်နှစ်ကနဲ့ နှိုင်းယှဉ်ရင် ၁၁ ရာခိုင်နှုန်း ပိုများလာတာ တွေ့ရ ပါတယ်။                         ငွေစာရင်းဌာနတွေက သူတို့တာဝန်ထမ်းတွေ ပိုမို အလေးပေးလာရပြီး သူတို့ကိုအဖိုးတန်ရတနာ တွေအဖြစ် သဘောထားလာရတယ်လို့ သူမကပြောပါတယ်။ ပြည်တွင်းကမွေးထုတ်တဲ့ ပညာရှင်တွေပေါ် ထွန်းစေ မဲ့ အရည်အသွေးမြှင့် အစီအစဉ် (Qualification Programme)  က အရည်အသွေးပြည့်မီသူတွေကို စု ဆောင်းရာမှာ အထောက်အကူဖြစ်စေလိမ့်မယ်လို့ သူမကပြောပါတယ်။Souce. The Business Times

Pages