Main menu

Background

Monday, 27 Aug 2012

မလေးရှားနိုင်ငံက နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) တွင် လက်ရွေးစင်ရွေးချယ်မှုကို ပိုမိုပြုလုပ်လာကြောင်း (FDI) မှန်သမျှကိုလက်ခံခြင်းထက် အရည်အသွေး ပြည့် (FDI)များကိုသာ စိစစ်လက်ခံကြောင်း ဒုတိယဝန်ကြီးချုပ် တန်ဆ ရီမူယီဒင်ယာဆင်က ပြောပါတယ်။ အရည်အသွေးပြည့် (FDI) ဆိုသည်မှာ အဆင့်မြင့်နည်းပညာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုရှိတဲ့ နည်းပညာနဲ့ အစားထိုးစွမ်းအင်နည်းပညာ များဖြစ်သလို  အသိပညာပေး စက်မှုလုပ်ငန်းများကို ဆိုလို ကြောင်း သူက ပြောပါတယ်။

Monday, 27 Aug 2012

ကမ္ဘာ့စီးပွားရေး မတိုးတက်ဘဲရှိနေချိန်မှာ အနာဂတ်ကာလကမ္ဘာကြီး အတွက် အဓိကစိန်ခေါ်မှုမှာ အလုပ်အကိုင်ဖြစ်ကြောင်း ဇူလိုင် ၃၁ ရက်က ပြည်သူ့မူဝါဒရေးရာ လီကွမ်ယူတက္ကသိုလ်က ဦးဆောင်ကျင်းပတဲ့ အာရှ ယှဉ်ပြိုင်မှု သိပ္ပံကွန်ဖရင့်ဆွေးနွေးပွဲမှာ စင်ကာဒုတိယဝန်ကြီးချုပ်နဲ့ ဘဏ္ဍာ ရေးနဲ့ လူအင်အားဌာနဝန်ကြီး သာမန်းရှန်မူဂါရက်တနမ်က ပြောပါတယ်။

မကြာသေးမီက အရှေ့အလယ်ပိုင်းဒေသ နဲ့ မြောက်အာဖရိကတွေ မှာ ဖြစ်ပွား ခဲ့တဲ့ဆန္ဒပြမှုတွေရဲ့ နောက်ကွယ်က ရှိနေတဲ့အကြောင်းအရင်းက လူငယ် အလုပ်လက်မဲ့နှုန်းမြင့်မားမှုဖြစ် တယ်လို့ ဆိုပါတယ်။ လူငယ်တွေအကြား အလုပ်လက်မဲ့ဖြစ်မှုက ဥရောပနဲ့အမေရိကန် ပြည်ထောင်စုတွေမှာ လည်း မြင့်မားလျက်ရှိနေပါတယ်။ ဒီအခြေအနေ ကြောင့်အဲဒီနိုင်ငံတွေမှာ ပြင်းထန်တဲ့ ရေရှည်အကျိုးဆက်တွေဖြစ်ပေ ါ်နိုင် ကြောင်း ထိပ်တန်းတာဝန်ရှိသူတွေနဲ့ ပညာရှင်တွေတက်ရောက်တဲ့ အစည်း အဝေးမှာ မစ္စတာသာမန်း က ပြောပါတယ်။ " နောက်ပိုင်းမှာ စီးပွားရေးနဲ့ လူအသိုက်အဝန်း ပင်မရေစီးထဲကို ပြန်လည် ဆွဲခေါ်လို့မရနိုင်တဲ့ အဟောသိကံ ဖြစ်နေတဲ့ မျိုးဆက်သစ်တွေနဲ့ ကျွန်တော် တို့ကြုံရပါလိမ့်မယ်" လို့ သူကပြောပါတယ်။ အာရှ အထူးသဖြင့် စင်ကာပူ၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေက ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာရှိနေတဲ့ လူငယ်လူရွယ်တွေ ရေရှည်အလုပ်လက်မဲ့ဖြစ်နေတဲ့ အကျိုးဆက်တွေကို အနီးကပ်လေ့လာထားဖို့ကောင်းကြောင်း၊ သူတို့စီးပွားရေး တွေမှာလည်း အလားတူအခြေအနေတွေ ပေါ်ပေါက်နိုင်လို့ဖြစ်ကြောင်း သူက ပြောပါတယ်။ အလုပ်အကိုင်ဖန်တီးရာမှာ အသေးစားနဲ့ အလတ်စားစီးပွားရေး တွေ အဓိကျတဲ့ အခန်းကဏ္ဍပါဝင်နေတဲ့အတွက် အာရှအစိုးရတွေကသူတို့ကို လက်တွဲဖေးကူသင့်တယ်လို့ သူက ပြောပါတယ်။ ဖွံ့ဖြိုးရေးမှာအခြားအဓိကျတဲ့အချက်က လူသားအရင်းအနှီးဖြစ်ပြီး သာမန် ဘွဲ့များထက်ကျော်လွန် တတ်မြောက်တဲ့ တက္ကသိုလ် ကျောင်းသားတွေ ပိုရှိသင့် တယ်လို့ သူက ပြောပါတယ်။                                          Source.CNA
 

Sunday, 29 Jul 2012

    စင်ကာပူကုမ္ပဏီများက အလုပ်သမားငှားရမ်းမှုကိုလျှော့ချမှာ ဖြစ်တဲ့ အတွက် လာမဲ့သုံးလအတွင်း အလုပ်အကိုင်လစ်လပ်မှု ကျဆင်းမှာဖြစ်ကြောင်း အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီဟတ်ဆန်က မကြာသေးမီက ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်စောင်မှာတွေ့ ရပါတယ်။ ဇူလိုင်၊ စက်တင်ဘာလအတွက် စစ်တမ်းကို ကုမ္ပဏီကအလုပ်ရှင်  ၅၆၇ ဦးကို စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါ တယ်။ အလုပ်ရှင်အများစုက " စောင့်ကြည့်အကဲခတ်" တဲ့ သဘောမျိုး ဆောင် ရွက်နေတဲ့အတွက် အလုပ်အကိုင်ငှားရမ်းခန့်ထားမှု အလားအလာ ကျဆင်းနိုင် ကြောင်း ဇူလိုင် ၂၄ ရက်ထုတ် ပြန်တဲ့ဟတ်ဆန်စစ်တမ်းမှာ ဖေါ်ပြထားပါတယ်။

Wednesday, 25 Jul 2012

      ဗီယက်နမ်ပြည်နယ်အချို့ရှိ စီးပွားရေးပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းတွေမှာ ပြည်တွင်းပြည်ပစီးပွားရေး လုပ်ငန်း တွေကအရေး ပါတဲ့လုပ်ငန်းတွေမှာ ပါဝင်နေပေမဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေက ဒီဆောင်ရွက်မှု ဖြစ်စဉ်မှာ ပါဝင် နိုင်မှုနည်းနေတယ်လို့ ဆိုပါတယ်။ ဒီသုတေသနပြုချက်ကို ယူကေဖွံ့ဖြိုးမှု လေ့လာရေး သိပ္ပံနဲ့ ဗီယက်နမ်ကုန်သည်ကြီး များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း တို့ ပြည်နယ်လေးခုမှာ ပြုလုပ်ခဲ့တဲ့သုတေသနစစ်တမ်းအရတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

Wednesday, 25 Jul 2012

    ထိုင်းနိုင်ငံကထုတ်တဲ့ ကုန်ပစ္စည်း ၁၂ မျိုးက အမေရိကန်ပြည်ထောင်စုရဲ့ အထူး အခွင့်အရေး ( Generalised System of  Preferences)  ရရှိနေဆဲ ဖြစ်ကြောင်း ထိုင်းစီးပွားရေးနဲ့ကုန်သွယ် ရေး ဝန်ကြီး ဘွန်းဆောင် တဲရီယာ ပီရွမ်က ပြောပါတယ်။

Wednesday, 25 Jul 2012

    အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ကြွယ်၀ လှတဲ့ ဘူမိအပူသယံဇာတများကို ဆောင်ရွက်လာအောင် အင်ဒိုနီးရှား အစိုးရက ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်မှု များကို ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူများရဲ့ပြောကြားချက်ကို ပြည်တွင်းမီဒီယာများတွင် ဇူလိုင် ၁၈ ရက်က ကိုးကား ဖော်ပြပါတယ်။

Wednesday, 18 Jul 2012

    ဗီယက်နမ်နိုင်ငံရဲ့ ကုန်သွယ်မှု တန်ဖိုးက ၂၀၂၆ ခုနှစ်မှာ နှစ်ဆနီးပါး မြင့်တက်လာတဲ့အထိ လာမဲ့ဆယ့် ငါးနှစ်အတွင်းမှာ ကုန်သွယ်မှု လျင် မြန်စွာတိုးတက်လာလိမ့်မယ်လို့ ခန့်မှန်း ကြောင်းဇူလိုင် ၁၀ ရက်က ထုတ်ပြန် တဲ့ ဟောင်ကောင်ရှန် ဟဲဘဏ် ကော် ပိုရေးရှင်း (HSBC)  ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Monday, 9 Jul 2012

    Bridgestone  Tyre  Manufacturing  VietNam  Limited  Liability  Co.( BTMV )    က ဟိုင်ဖုန်စီတီ မြောက် ပိုင်း ဒင်ဗူးစက်မှုဇုန်မှာ ကားတာယာစက်ရုံတစ်ရုံကို တည် ဆောက်ဖို့ ဇွန် ၂ ရက်က စတင်ပြင်ဆင်လျက် ရှိပါတယ်။

Monday, 9 Jul 2012

    အဓိကျတဲ့ ပို့ကုန်ကုန်စည်တွေနဲ့ ထုတ်ကုန်တွေရဲ့ ဈေးနှုန်းတွေ မြင့်တက် လာတဲ့အတွက် အင်ဒိုနီးရှား အစိုးရက ယခုနှစ် ဒုတိယနှစ်ဝက်မှာ ပို့ကုန်တွေ တိုးတက်လာနိုင်တယ်လို့  ခန့်မှန်ထား ကြောင်း ဇူလိုင် ၄ ရက်က ထုတ်ပြန်တဲ့ တရားဝင် အစီရင်ခံစာများကို ကိုးကား ပြီး ဂျာကာတာပို့စ် သတင်းစာက ရေး သားပါတယ်။

Monday, 2 Jul 2012

    ထိုင်းနိုင်ငံရဲ့ ယခုနှစ်အတွက် ဥရောပသမဂ္ဂ(အီးယူ) ကို တင်ပို့မှုက ၅ ရာခိုင်နှုန်း တိုးတက်မှာဖြစ်ရာ မူလ ခန့်မှန်း ထားတဲ့ ၁၀ ရာခိုင်နှုန်းရဲ့ ထက်ဝက်မျှသာရှိကြောင်း၊ သို့သော် အစိုးရက အစားအစာတင်ပို့မှုကို တိုးတက်အောင် ဆောင် ရွက်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ထိုင်းစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

Pages