Main menu

Background

Monday, 9 Apr 2012

    ယခုနှစ်အတွက် မလေးရှားနိုင်ငံရဲ့ ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို ထိန်းသိမ်းထား နိုင်ဖို့အတွက် နည်းလမ်းတစ်ရပ်အဖြစ် မလေးရှားနိုင်ငံရဲ့ ပို့ကုန်ဈေးကွက်တွေ ကို အမျိုးမျိုး ပိုမိုဖြန့်ကြက်ဖို့ လိုအပ် လျက်ရှိပြီး သမားရိုကျ ဈေးကွက်တွေ ကို မှီခိုမှုမပြုဖို့ အပြည်ပြည်ဆိုင်ရာ ကုန် သွယ်မှုနဲ့ စက်မှုလုပ်ငန်း ဒုတိယဝန်ကြီး ဒါတွတ်မူခရစ်မဟာ သီယာက ပြောပါ တယ်။

Monday, 9 Apr 2012

    ဧပြီ ၁ ရက်စပြီး ပြည်နယ်ခုနစ်ခုမှာ အနိမ့်ဆုံးလစာ သတ်မှတ်ချက်ကို စတင်ကျင့်သုံးခဲ့တဲ့အတွက် ကုမ္ပဏီတွေက အိမ်နီးချင်းနိုင်ငံများသို့ ထုတ်လုပ် ရေးလုပ်ငန်းများကို ရွှေ့ပြောင်းဖို့စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ တစ်ရက် လုပ်ခ ဘတ် ၁၀၀ လောက်သာ ကုန်ကျမှုညီမျှတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံကို ရွှေ့ဖို့ ထိုင်းစားသုံးကုန်ပစ္စည်းထုတ်လုပ်သူ ဆာဟာပါသာနုပီဘူး ကုမ္ပဏီက ဆုံးဖြတ်ခဲ့ပါတယ်။

Tuesday, 3 Apr 2012

    ဗီယက်နမ်နိုင်ငံ အလုပ်သမား၊ မသန်မစွမ်းနဲ့ လူမှုရေးဝန်ကြီးဌာန (MOLISA)   က အဆင့်မြင့် အသက်မွေးဝမ်းကျောင်းပညာ လေ့ကျင့်ရေး ကျောင်းများ ထူထောင်ပေးမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ထိပ်တန်း ဦးစား ပေး အဖြစ်ထားရှိတဲ့ လေ့ကျင့်ရေးဖွံ့ဖြိုးမှုမဟာဗျူဟာကို ရေးဆွဲဖို့စီမံကိန်းချမှတ် ထားကြောင်း (MOLISA) ဒုတိယဝန်ကြီး၊ ငုယင်ငေါ့ဖီကပြောပါတယ်။ သင်တန်း ကျောင်းတွေကို နိုင်ငံခြားကအပြည့်အဝရင်းနှီးမြှုပ်နှံမှု၊ ဖက်စပ်လုပ်ငန်းနဲ့ အစိုးရ ပုဂ္ဂလိကအစုစပ် ရင်းနှီးမြှုပ်နှံမှုစတဲ့ ပုံစံများအပါအဝင် ရင်းနှီးမြှုပ်နှံမှု ပုံစံများ ကိုအသုံးပြုပြီး ထူထောင်မှာ ဖြစ်ကြောင်း ဖီက ပြောပါတယ်။

Monday, 26 Mar 2012

    ဂျပန်နဲ့ ဥရောပသမဂ္ဂ ၁၀ နိုင်ငံတို့က အီရန်မှ ရေနံစိမ်း ဝယ်ယူမှုကို အကြီးအကျယ် လျှော့ချလိုက်တဲ့ အတွက် ထို နိုင်ငံတွေကအမေရိကန်ပြည်ထောင်စုက ဘဏ္ဍာရေးပိတ်ပင်မှု ကို အမေရိကန်ပြည်ထောင်စုက ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့အီရန်နိုင်ငံရဲ့ထိပ်တန်းဖောက်သည်တွေဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံကို ချန်လှပ်ထားပါတယ်။နျူကလီးယား အစီအစဉ် နဲ

Sunday, 25 Mar 2012

    ၂၀၁၁ ခုနှစ်နောက်ဆုံး သုံးလပတ်အတွင်း စင်ကာပူရှိ ကုမ္ပဏီများက အလုပ်အကိုင်များကို ကနဦးခန့်မှန်းထားတာ ထက် ကျော်လွန်ခန့်ထားနိုင်ခဲ့တဲ့အတွက် အလုက်လက်မဲ့ နှုန်းက လွန်ခဲ့သော ၁၄ နှစ်အတွင်းဖြစ်ခဲ့သော နှုန်းများ အနက် ၂၀၁၁ ခုနှစ်မှာ အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ပါတယ်။    အလုပ်ရှင်များက ဒီဇင်ဘာထိ သုံးလပတ်ကာလအတွင်း အလုပ်အကိုင် ၃၇၆၀၀ ပိုမိုခန့်ထားနိုင်ခဲ့သဖြင့် ဇန်နဝါရီက ရှိခဲ့တဲ့ဦးရေဖြစ်တဲ့ ၃၆၃၀၀ ထက်ကျော်လွန်ခဲ့ကြောင်း လူ အင်အား ဝန်ကြီးဌာနကမတ် ၁၅ ရက်ကထုတ်ပြန်ကြေညာ ပါတယ်။

Sunday, 25 Mar 2012

    ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ဖို့နဲ့ တစ်ဆင့်ကန်ထရိုက်လုပ် ငန်း အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်ဖို့အတွက် ဗီယက်နမ်နိုင်ငံရဲ့ သတင်း အချက်အလက်နည်းပညာ (အိုင်တီ)ကို တိုးမြှင့်သွားမှာဖြစ်ကြောင်း အင်တာ နေရှင်နယ် ဒေတာကော်ပိုရေးရှင်း (IDC)  ရဲ့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ အိုင်တီသုံးစွဲမှုက အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ ရှိခဲ့ရာ တစ်နှစ်အတိုးနှုန်း ၁၉ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်က တိုးတက်ခဲ့တဲ့ ၈ ဒသမ ၄ ရာခိုင်နှုန်းထက်မြင့်တက်လာခဲ့ ပါ တယ်။

Tuesday, 13 Mar 2012

    ယခုအခါ ဗီယက်နမ်စီးပွားရေးလုပ်ငန်းများက နိုင်ငံပြင်ပ မှာ ရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းပေါင်း ၆၂၇ ခုရှိပြီး စုစုပေါင်း တန်ဖိုးဒေါ်လာ ၁၀ ဒသမ ၈ ဘီလီယံ ရှိကြောင်း စီမံကိန်းနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ပြောပါတယ်။ဗီယက်နမ်ရင်းနှီး မြှုပ်နှံမှုတွေက နိုင်ငံနဲ့ ဒေသပေါင်း ၅၅ ခုမှာ ရောက်ရှိနေပြီး ဗီယက်နမ်လုပ်ငန်းတွေ ကသူတို့ဈေးကွက်ကို ဒီထက်ပိုချဲ့ဖို့ စဉ်းစားနေပါတယ်။

Tuesday, 13 Mar 2012

    အမေရိကန် ပြည်ထောင်စုက ဦးဆောင်ပြီး အီရန်နိုင်ငံရဲ့ နျူကလီး ယား အစီအစဉ်ကို အငြင်းပွားလျက် ရှိနေပေမဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ "အခွင့်အလမ်းကြီးတွေ" ကို စူးစမ်း ဖော် ထုတ်ဖို့အတွက် အိန္ဒိယကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ကလာမဲ့ သီတင်း ပတ်မှာ အီရန်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။  ကိုယ်စားလှယ်အဖွဲ့က မတ် ၁၀ ရက်ကနေ ၁၄ ရက်အထိ အီရန်နိုင်ငံကို သွားရောက် လည်ပတ် မှာဖြစ်ကြောင်းနဲ့ ဒေါ်လာနဲ့ပေးချေဖို့ အတွက် အရေးယူ ပိတ်ဆို့မှုတွေကို ရှောင်ရှားဖို့ ငွေပေးချေမဲ့ အစီအစဉ်တွေ အပါအဝင်

Tuesday, 13 Mar 2012

    ကမ္ဘာ့ စမတ်ဖုန်းထုတ်လုပ်ရာမှာ အကြီးမားဆုံးဖြစ်တဲ့ အက်ပဲကုမ္ပဏီ မပါဝင်တဲ့အတွက် စပိန်နိုင်ငံဘာစီလိုနာမှာ ကျင်းပခဲ့တဲ့ မိုဘိုင်းဖုန်းကမ္ဘာ့ ကွန်ဂရက်( MWC  )မှာနံပါတ်၂ နဲ့ နံပါတ် ၃ အဆင့်နေရာမှာရှိတဲ့  ကိုရီးယား ဆမ်ဆောင်းနဲ့ အယ်လ်ဂျီတို့က လွှမ်းမိုးထားပါတယ်။ ဒါပေမဲ့ ယခုနှစ်မှာ ကျင်းပတဲ့ကမ္ဘာ့ အကြီးဆုံးစက်မှုကုန်စည်ပြပွဲကြီးမှာ ထင်ပေါ်လာသူတွေက တော့ တရုတ်ဟန်းဆက်ထုတ်လုပ်ရေးလုပ်ငန်းတွေဖြစ်တဲ့  ZTE   နဲ့ ဟွာဝေး တို့ဖြစ်ပါတယ်။

Tuesday, 13 Mar 2012

    လောင်စာဆီ     ဈေးနှုန်းများ အဆက်မပြတ် တက်နေတဲ့အတွက် မတ် ၈ ရက်ကစပြီး   ရောင်းချမဲ့ လေယာဉ်လက်မှတ်တွေကို လောင်စာ ဆီ အပိုကြေးတိုးမြှင့် ကောက်ခံတော့ မယ်လို့ စင်ကာပူအဲလိုင်းက မတ် ၂ ရက်က ကြေညာပါတယ်။

Pages