Main menu

Background

Monday, 5 Mar 2012

    မြို့ကြီးများတွင်  အခွင့်အလမ်း မရနိုင်တော့တဲ့ ဗီယက်နမ်ရှိ ချည်မျှင်၊ အထည်ချုပ်နဲ့ ဆေးဆိုးလုပ်ငန်းများကို နယ်များဘက်သို့ ပြောင်းရွှေ့ပြီး အသုံး စရိတ်များကို လျှော့ချလျက်ရှိပါတယ်။    စက်မှုဇုန်များ၊ ပို့ကုန်လုပ်ငန်း ဆောင်ရွက်တဲ့ ဇုန်တွေမှာ  လိုင်စင် ချထားမှုကို  တင်းကျပ်သည့်  မူဝါဒ များကို ဟနွိုင်းနဲ့  ဟိုချီမင်းစီးတီးတို့က ကျင့်သုံးလျက်ရှိပြီး လုပ်သား အင်အား အနည်းကိုသာ အသုံးပြုရတဲ့  စီမံကိန်း များကိုသာ အာမခံချက် ပေးထားပါ တယ်။

Monday, 27 Feb 2012

    ယခုဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်မှာ အိန္ဒိယဝန်ထမ်းများအတွက် လစာများ ၁၁ ဒသမ ၉ ရာခိုင်နှုန်း ရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း ဖေဖော်ဝါရီ ၂၁ ရက်က ထုတ်ပြန်ထားတဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ ဆေးဝါးနဲ့ အင်ဂျင်နီယာလုပ်ငန်းများက လစာအမြင့်ဆုံးရကြမယ်လို့ ခန့်မှန်း ထားကြပါ တယ်။

Monday, 20 Feb 2012

ဗီယက်နမ်နိုင်ငံရဲ့  3G  မိုဘိုင်း ဝန်ဆောင်မှုလုပ်ငန်းများရဲ့ စွမ်းဆောင် ရည်က မပြည့်ဝသေးတဲ့အတွက် ပိုမို ခေတ်မီတဲ့ 4G   ဝန်ဆောင်မှု လုပ်ငန်း များအား လိုင်စင်ထုတ်ပေးတဲ့လုပ်ငန်း ကို ၂၀၁၈ခုနှစ်အထိ  ရပ်ဆိုင်းထား ကြောင်း ကျွမ်းကျင်သူတွေက ပြောပါ တယ်။ဒီပြဿနာကအရးပါတဲ့ပြဿနာ တစ်ခုဖြစ်ပြီး ဟနွိုင်းမှာ ပြန်ကြားရေးနဲ့ ဆက်သွယ်ရေးဌာနက ကျင်းပပေးတဲ့ ၂၀၂၀ ပြည့်နှစ် အမျိုးသားတယ်လီဖုန်း ဆက်သွယ်ရေးဖွံဖြိုးမှုစီမံကိန်းကွန်ဖရင့် မှာ အဓိကထားဆွေးနွေးတဲ့ အကြောင်း အရာဖြစ်ပါတယ်။

Monday, 13 Feb 2012

     ယခုနှစ်အတွင်းမှာ ဗီယက်နမ်ကတောင်ကိုရီးယားကို ချည်မျှင်နဲ့ အဝတ် အထည်တင်ပို့မှုက ဒေါ်လာ တစ်ဘီလီယံကို ကျော်လွန်တဲ့အတွက် အမေရိ ကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ ဂျပန်တို့ပြီးရင် တောင်ကိုရီးယား က စတုတ္ထ နေရာမှာရှိနေပါတယ်။

Monday, 6 Feb 2012

    ထိုင်းနိုင်ငံမှာ ပြင်းထန်တဲ့ရေလွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်ရ တဲ့ အဟန့်အတားတွေကို ကုမ္ပဏီတွေက ကျော်လွှားနိုင်တဲ့ အတွက် ဂျပန်စက်ရုံတွေက ဒီဇင်ဘာကုန်ထုတ်လုပ်မှုက ခန့်မှန်းထားတာထက် ပိုမိုမြင့်တက်လာ ခဲ့ပါတယ်။ ဒါပေမဲ့ ယန်းငွေ တန်ဖိုးထပ်မံမြင့်တက်လာတာနဲ့ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုနှေးကွေးလာတာတွေကြောင့် ခိုင်ခိုင်မာမာနာလန် ထူလာဖို့အတွက် အလှမ်းဝေးနေပါသေးတယ်။

Monday, 6 Feb 2012

    Work Pass  သက်တမ်းကျော် လွန်တဲ့ အတွက် စင်ကာပူ လူအင်အား ဝန်ကြီးဌာနက နိုင်ငံခြားသား ၁၁၀၁ဦး ကို ဖမ်းဆီးခဲ့ရာ ၂၀၁၀ ပြည့်နှစ်က ထက် ၆ ရာခိုင်နှုန်း ပိုမိုခဲ့ပါတယ်။

Monday, 6 Feb 2012

    Work Pass  သက်တမ်းကျော် လွန်တဲ့ အတွက် စင်ကာပူ လူအင်အား ဝန်ကြီးဌာနက နိုင်ငံခြားသား ၁၁၀၁ဦး ကို ဖမ်းဆီးခဲ့ရာ ၂၀၁၀ ပြည့်နှစ်က ထက် ၆ ရာခိုင်နှုန်း ပိုမိုခဲ့ပါတယ်။

Monday, 6 Feb 2012

    အိန္ဒိယနိုင်ငံအတွင်းသို့ ၂၀၁၁ ခုနှစ်ကနိုင်ငံပေါင်း ၁၁ နိုင်ငံမှ ဆိုက်ရောက် ဗီဇာဖြင့်ဝင်လာသူ နိုင်ငံခြားသားခရီးသည် ၁၂၀၀၀ကျော်ရှိပါတယ်။ အများစုက နယူးဇီလန်၊ ဂျပန်နဲ့ အင်ဒိုနီးရှားတို့က ဖြစ်တယ်လို့ ခရီးသွားဝန်ကြီးဌာနက ဇန်နဝါရီ ၃၁ ရက်က ပြောပါတယ်။

Monday, 6 Feb 2012

    အင်တာနက် အသုံးပြုတာကနေ အကျိုးအမြတ်ရရှိအောင် မဖော်ထုတ် ရသေးတဲ့နယ်ပယ်တွေ ရှိနေသေးတဲ့ အတွက် အင်တာနက် အသုံးပြုတာကို အရှိန်အဟုန်မြှင့်ဖို့အသေးစားနဲ့အလတ် စား စီးပွားရေးလုပ်ငန်း( SME )  တွေကို တိုက်တွန်းထားကြောင်း Google Malaysia   ရဲ့ နိုင်ငံလိုက်မန်နေဂျာ ဆာဂျစ်သီဗန်နန်ဒန်က ပြောပါတယ်။

Saturday, 4 Feb 2012

               ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝတ်ထရာက အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင်များအား ရေလွှမ်းမိုးဒဏ်ခံရတဲ့ ထိုင်း နိုင်ငံ စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံကြဖို့ဖိတ်ခေါ်ပြီး သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ရေဘေးမှကာကွယ်မှုပေးပါမယ်လို့ အာမခံ ချက်ပေးခဲ့ပါတယ်။                     စီးပွားရေးဆိုင်ရာ အခြေခံကောင်းတွေကြောင့် ရေဘေး ဒဏ် သင့်ခဲ့တဲ့ စီးပွားရေးဟာ ပြန်လည်ခေါင်း ထောင်လာ နိုင်လိမ့်မယ်လို့ အိန္ဒိယကို သွားရောက်ခဲ့တဲ့ ပထမခရီးစဉ် အတွင်းမှာ ရှင်နာဝတ်ထရာက ပြောခဲ့ပါတယ်။ ''အဓိကကျတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီးပွားရေးနယ်မြေ တွေကို အကာအကွယ်ပေးဖို့အတွက် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကို ရေစီမံခန့်ခွဲမှုစနစ်ကို ကောင်းမွန်အောင် ဆောင်ရွက်ပါမယ်''လို့ ဒေလီမှာ ကျင်းပတဲ့ စီးပွားရေးလုပ်ငန်း ဆွေးနွေးပွဲမှာ ဝန်ကြီးချုပ်က ပြောပါတယ်။ ၂၀၁၁ ခုနှစ်က နှစ် ၇၀ အတွင်းအဆိုးဆုံးဖြစ်ခဲ့တဲ့ ရေလွှမ်းမိုးမှုကြောင့် ထိုင်းနိုင်ငံမှာ စက်ရုံ ၁၅၀၀၀ ပျက်စီး ဆုံးရှုံးပြီး ခန့်မှန်းခြေဒေါ်လာ ၄၅ ဘီလီယံဖိုးဆုံးရှုံးခဲ့ပါတယ်။ အိန္ဒိယ-ထိုင်းနှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုက ၂၀၁၁ ခုနှစ်ပထမ ၁၁ လမှာ ဒေါ်လာ ၇ ဘီလီယံ ရရှိခဲ့ပြီး လွတ်လပ်စွာကုန်သွယ်မှုသဘောစာချုပ်ကို အကောင်အထည် ဖော်နိုင်မဲ့ ၂၀၁၄ ခုနှစ်မှာ ဒေါ်လာ ၁၄ ဘီလီယံရရှိဖို့ ရည် မှန်းထားပါတယ်။ Source:bernama.com

Pages