Background
မြန်မာနိုင်ငံ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် သိုလှောင်မှုများ စနစ်တကျရှိစေရေးအတွက် စပါးတင်း ၅၀ဝ၀ (သို့) ဆန်တန် ၅၀ အထက် ဆန်စပါးသိုလှောင်မှု အခြေအနေများအား ဒီဂျစ်တယ်နည်းလမ်း အွန်လိုင်းမှတ်ပုံတင်စနစ် Myanmar Rice Online(MyRo) ဖြင့် မှတ်ပုံတင်နိုင်ရေး၊ သိုလှောင်လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်နိုင်စေရေး၊ ဆန်စပါး ဈေးကွက် တည်ငြိမ်မှန်ကန်စွာ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါးသိုလှောင်မှုကို စနစ်တကျ မှတ်ပုံတင်စာရင်း ပြုစုထားနိုင်ရေး၊ သင့်တင့်မျှတတည်ငြိမ်သော ဆန်ဈေးကွက်နှင့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေး စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
ကမ္ဘာပေါ်တွင် စားသုံးဆီကို အင်အားဖြစ်စေသော ပင်မ အစားအစာအဖြစ် သတ်မှတ်၍ ချက်ပြုတ်ခြင်းနှင့် မုန့်ဖုတ်ခြင်းတို့တွင် အဓိက အသုံးပြုကြသည်။ ချက်ပြုတ်ခြင်းအတွက် ဆီအရည်ပိုင်း များသော မပြည့်ဝဆီများကိုအသုံးပြုလေ့ရှိကြပြီး မုန့်ဖုတ်လုပ်ငန်း များတွင် လုပ်ငန်းသဘာဝ လိုအပ်ချက်အရ အခဲပိုင်းပါသော ပြည့်ဝ အဆီများကို အသုံးပြုလေ့ရှိသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ကြည့်မြင်တိုင်မြို့နယ် ထီးတန်းဆိပ်ကမ်းရှိ စားသုံးဆီသိုလှောင်ကန်များ၌ စားသုံးဆီရောက်ရှိ သိုလှောင်ထားရှိမှု အခြေအနေများ၊ ဆီအရည်အသွေးစစ်ဆေးမှု အခြေအနေများ၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံဆောင်ရွက်ထားရှိမှုများ၊ ဖြန့်ဖြူးပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်အရည်အသွေးအတိုင်း ထိန်းသိမ်းဖြန့်ဖြူးရေး၊ လျော့နည်းမှုမဖြစ်စေရေး၊ သတ်မှတ်အချိန်အတွင်း ဖြန့်ဖြူးရေးမှာကြားခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၈) သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၄ ရက် နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသ ကြီး ပန်းဘဲတန်းမြို့နယ် ကမ်းနားလမ်းနှင့် ရွှေဘုံသာ လမ်းထောင့်ရှိ ရန်ကုန်တိုင်းဒေသကြီး ကုန်သွယ်ရေး ရုံး၊ ပဉ္စမထပ်ရှိ ညီလာခံခန်းမ၌ ကျင်းပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက် အဖွင့် အမှာစကား ပြောကြားခဲ့သည်။
Online Sales မှတ်ပုံတင်လျှောက်ထားမှုအတွက် အင်တာနက် ရရှိသည့် မည်သည့်နေရာမှမဆိုeComReg Systemတွင် ကွန်ပျူတာ၊ မိုဘိုင်းဖုန်းများအသုံးပြု၍ လျှောက်ထားနိုင်သည့်စနစ်ဖြစ်သည်။ စနစ်အသုံးပြုရမည့်URL rSm https://www.ecomreg.gov.mm Online Payment များဖြင့်ငွေပေးသွင်းရမည်ဖြစ်ပြီး လက်ရှိတွင် AYA Pay (or) MPU(e-Commerce Pay) တို့ဖြင့် ပေးသွင်း ရမည်ဖြစ်သည်။
အမျိုးအစားရွေးချယ်လျှောက်ထားခြင်း
ဧရာဝတီတိုင်းဒေသကြီးရှိ ထိပ်တန်းနို့စားနွားမွေးမြူရေးခြံသည် ညောင်တုန်းမြို့နယ် ကျုံတမာ ကျေးရွာအုပ်စု၊ ပဲရုံဆိပ်ကျေးရွာ ရန်ကုန်-ပုသိမ်ကားလမ်းမကြီးဘေး မိုင်တိုင်အမှတ် (၃၇/၄)တွင် တည် ရှိပြီး ခြံအကျယ်တစ်ဧကနှင့် စားကျက် ၅ဒသမ ၅ဧကရှိပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှစ၍ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ကျပ်သန်း ၂၅၀ခန့်ဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းစတင်ချိန်တွင် လုပ်သားအင်အား ၂၃ ဦး ခန့်ရှိသည်။
ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများ အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၄ နိုင်ငံအနက် ကင်ညာနိုင်ငံသည် ယခု တစ်ပတ်တွင် ၂ ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့် ဆုံးနိုင်ငံဖြစ်ခဲ့ပြီး Puerto Rico နိုင်ငံတွင် သုည ဒသမ ၇၀ ရာခိုင်နှုန်း၊ ပိုလန်နိုင်ငံတွင် သုည ဒသမ ၅၀ ရာခိုင်နှုန်းနှင့် ဂျာမနီနိုင်ငံတွင် သုည ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်း မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ခုနစ်နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင်Thai Rice Exporter Association တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၇၇ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၇ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၉၇ ဖြင့်လည်းကောင်း၊ဧည့်မထ(၅ %)တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၃ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၈ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅
ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည်အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ကမ္ဘာ့ရွှေဈေးသည် အောက်တိုဘာ ၁၂ ရက် တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၈၀ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှအောက်တိုဘာ ၁၈ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၃၇ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းရွှေဈေးသည်လည်း အောက်တိုဘာ ၁၂ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၄၂၅၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှအောက်တိုဘာ ၁၈ ရက်တွင် ကျပ် ၃၄၅၀ဝ၀ဝ သို့ အတက်အကျဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။၂၀၂၁ ခုနှစ်အတွက် အာရ
ပြည်တွင်း ရွှေရည်ညွှန်းဈေးမှာ အောက်တိုဘာ ၁၉ ရက် ပေါက်ဈေးအရ ကျပ်သိန်း ၃၀၄၄၅၀ဝ ရှိပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် ၁၉၄၇ ဒေါ်လာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (ွ့နဗ) မှ သိရ သည်။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရွှေရည်ညွှန်းဈေးနှုန်းများအနေဖြင့် အောက်တိုဘာ ၁၃ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂၉၄၂၉၀ဝ၊ ၁၄ ရက်တွင် ကျပ် ၃၀၂၂၆၀ဝ၊ ၁၆ ရက်တွင် ကျပ် ၂၉၈၉၈၀ဝ၊ ၁၇ ရက်တွင် ကျပ် ၃၀ဝ၂၃၀ဝ၊ ၁၈ ရက်တွင် ကျပ် ၃၀၂၇၃၀ဝ ဖြစ်ကြောင်း သိရသည်။