Background
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ကြည့်မြင်တိုင်မြို့နယ် ထီးတန်းဆိပ်ကမ်းရှိ စားသုံးဆီသိုလှောင်ကန်များ၌ စားသုံးဆီရောက်ရှိ သိုလှောင်ထားရှိမှု အခြေအနေများ၊ ဆီအရည်အသွေးစစ်ဆေးမှု အခြေအနေများ၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံဆောင်ရွက်ထားရှိမှုများ၊ ဖြန့်ဖြူးပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်အရည်အသွေးအတိုင်း ထိန်းသိမ်းဖြန့်ဖြူးရေး၊ လျော့နည်းမှုမဖြစ်စေရေး၊ သတ်မှတ်အချိန်အတွင်း ဖြန့်ဖြူးရေးမှာကြားခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၈) သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၄ ရက် နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသ ကြီး ပန်းဘဲတန်းမြို့နယ် ကမ်းနားလမ်းနှင့် ရွှေဘုံသာ လမ်းထောင့်ရှိ ရန်ကုန်တိုင်းဒေသကြီး ကုန်သွယ်ရေး ရုံး၊ ပဉ္စမထပ်ရှိ ညီလာခံခန်းမ၌ ကျင်းပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက် အဖွင့် အမှာစကား ပြောကြားခဲ့သည်။
Online Sales မှတ်ပုံတင်လျှောက်ထားမှုအတွက် အင်တာနက် ရရှိသည့် မည်သည့်နေရာမှမဆိုeComReg Systemတွင် ကွန်ပျူတာ၊ မိုဘိုင်းဖုန်းများအသုံးပြု၍ လျှောက်ထားနိုင်သည့်စနစ်ဖြစ်သည်။ စနစ်အသုံးပြုရမည့်URL rSm https://www.ecomreg.gov.mm Online Payment များဖြင့်ငွေပေးသွင်းရမည်ဖြစ်ပြီး လက်ရှိတွင် AYA Pay (or) MPU(e-Commerce Pay) တို့ဖြင့် ပေးသွင်း ရမည်ဖြစ်သည်။
အမျိုးအစားရွေးချယ်လျှောက်ထားခြင်း
ဧရာဝတီတိုင်းဒေသကြီးရှိ ထိပ်တန်းနို့စားနွားမွေးမြူရေးခြံသည် ညောင်တုန်းမြို့နယ် ကျုံတမာ ကျေးရွာအုပ်စု၊ ပဲရုံဆိပ်ကျေးရွာ ရန်ကုန်-ပုသိမ်ကားလမ်းမကြီးဘေး မိုင်တိုင်အမှတ် (၃၇/၄)တွင် တည် ရှိပြီး ခြံအကျယ်တစ်ဧကနှင့် စားကျက် ၅ဒသမ ၅ဧကရှိပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှစ၍ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ကျပ်သန်း ၂၅၀ခန့်ဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းစတင်ချိန်တွင် လုပ်သားအင်အား ၂၃ ဦး ခန့်ရှိသည်။
ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများ အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၄ နိုင်ငံအနက် ကင်ညာနိုင်ငံသည် ယခု တစ်ပတ်တွင် ၂ ဒသမ ၇၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့် ဆုံးနိုင်ငံဖြစ်ခဲ့ပြီး Puerto Rico နိုင်ငံတွင် သုည ဒသမ ၇၀ ရာခိုင်နှုန်း၊ ပိုလန်နိုင်ငံတွင် သုည ဒသမ ၅၀ ရာခိုင်နှုန်းနှင့် ဂျာမနီနိုင်ငံတွင် သုည ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်း မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ခုနစ်နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင်Thai Rice Exporter Association တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၇၇ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၇ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၉၇ ဖြင့်လည်းကောင်း၊ဧည့်မထ(၅ %)တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၃ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၈ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅
ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည်အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ကမ္ဘာ့ရွှေဈေးသည် အောက်တိုဘာ ၁၂ ရက် တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၈၀ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှအောက်တိုဘာ ၁၈ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၃၇ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းရွှေဈေးသည်လည်း အောက်တိုဘာ ၁၂ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၄၂၅၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှအောက်တိုဘာ ၁၈ ရက်တွင် ကျပ် ၃၄၅၀ဝ၀ဝ သို့ အတက်အကျဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။၂၀၂၁ ခုနှစ်အတွက် အာရ
ပြည်တွင်း ရွှေရည်ညွှန်းဈေးမှာ အောက်တိုဘာ ၁၉ ရက် ပေါက်ဈေးအရ ကျပ်သိန်း ၃၀၄၄၅၀ဝ ရှိပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် ၁၉၄၇ ဒေါ်လာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (ွ့နဗ) မှ သိရ သည်။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရွှေရည်ညွှန်းဈေးနှုန်းများအနေဖြင့် အောက်တိုဘာ ၁၃ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂၉၄၂၉၀ဝ၊ ၁၄ ရက်တွင် ကျပ် ၃၀၂၂၆၀ဝ၊ ၁၆ ရက်တွင် ကျပ် ၂၉၈၉၈၀ဝ၊ ၁၇ ရက်တွင် ကျပ် ၃၀ဝ၂၃၀ဝ၊ ၁၈ ရက်တွင် ကျပ် ၃၀၂၇၃၀ဝ ဖြစ်ကြောင်း သိရသည်။
ဓနိပင်သည် ပင်လယ်ရေငန်ဝင်သော ကမ်းရိုးတန်းဒေသများနှင့် ကမ်းစပ်ချောင်း စပ်များတွင် ပေါက်ရောက်သည်။ ဓနိပင်၏အရွက်ကို အိမ်အမိုးအကာများအတွက် အသုံးပြုကြသကဲ့သို့ အရိုးကိုခြံစည်းရိုးကာရန် အသုံးပြုကြသည်။အရွက်နုသည် သင်း ပျံ့သောရနံ့ရှိသဖြင့် မုန့်များ၊ ကောက်ညှင်းထုပ်များ ထုတ်ပိုးရာတွင် ဖက်အဖြစ် အသုံး ပြုကြသည်။ ဓနိပင်မှရသောဓနိရည်ကို အချိုရည်အဖြစ် သောက်သုံးနိုင်သကဲ့သို့ ဓနိ သကြားချက်ရာတွင်လည်းကောင်း၊ ပအုန်းရည်(သို့မဟုတ်)ရှာလကာရည် ပြုလုပ်ရာ တွင်လည်းကောင်း သုံးကြသည်။ ဓနိပင်မှရသော ဓနိသီးသည် ထန်းသီး၊ ပေသီးကဲ့သို့ ပုံစံဆင်ကာ စားကောင်းသောဓနိသီးကို အစိမ်းစားကြသကဲ့သို့ အချိုပွဲများ၊ဖျော်ရည်မျ
မကွေးတိုင်းဒေသကြီး မကွေးမြို့တွင်အသေးစားစက်မှုဇုန်တစ်ခု အကောင်အထည်ဖော်ဆောင်နိုင်ရန် တိုင်းအစိုးရအဖွဲ့က စီစဉ်နေကြောင်း သိရသည်။အဆိုပါ စက်မှုဇုန်ကို နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဘောင်များနှင့်အညီ စနစ်တကျ စီမံထူထောင်ပြီးပြည်တွင်း၊ ပြည်ပရှိ လုပ်ငန်းရှင်များအားလုံးရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်ရန်နှင့် မကွေးမြို့တွင်းက စက်မှုလုပ်ငန်းများပါ အသေးစားစက်မှုဇုန်အတွင်း အခြေချလုပ်ကိုင်နိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။စက်မှုဇုန် အကောငထည်ဖော်မည့်နေရာမှာ မကွေး-တောင်တွင်းကြီး ကားလမ်း၏တောင်ဘက်၊မိုင်တိုင်အမှတ် ၃၂၅၊ မကွေးမြို့မှနေ၍ ၄ မိုင်ခန့်အကွာ၊ မကွေး ကွန်