Background
ကမ္ဘာ့ရွှေဈေးသည် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင်ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၂၀၈ ဒေါ်လာပေါက်ဈေးရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၁၇၄ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရသည်။ ပြည်တွင်းရွှေဈေးသည်လည်း ၂၀၂၄ ခုနှစ်၊ မတ် ၂၁ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်၂၀ဝ၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှ မတ် ၂၆ ရက်တွင် ကျပ် ၄၃၂၀ဝ၀ဝသို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေ ဈေးကွက်အတွင်းမှသိရသည် ။ Trading Economics တွင် ဖော်ပြချက်အရ မြန်မာနိုင်ငံတွင်GDP သည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် USD ၆၄ ဒသမ ၇၅ဘီလီယံရှိလာရန် မျှော်မှန်းထားကြောင်Trading Economics global macro
ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူလာနိုင်မှုနှင့် အရည်အသွေး မြင့်မား သော ဆန်များကို ပိုမိုဦးစားပေးလာမှုတို့ကြောင့် ထိုင်းနိုင်ငံသည် ဟောင်ကောင် နှင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု ယခုနှစ်တွင် မြင့်တက်လာနိုင်ရန် မျှော်လင့် လျက်ရှိသည်။
ဂျပန်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန် ပိုးသတ် ဆေးြွကင်း အမြင့်ဆုံးကန့်သတ်ချက်များ အသိပညာ မြှင့်တင်ရေး ဆွေးနွေးပွဲကို မတ်လ ပထမပတ်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အာဆီယံ-ဂျပန်စင်တာ AJC centre တို့ပူးပေါင်း၍ AJC ၏ ၂၀၂၃-၂၄ ဘဏ္ဍာ ရေးနှစ် စွမ်းဆောင်ရည်မြှင့်တင်ရေး ရန်ပုံငွေဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
Depository Receipt (DR) သည် လွှဲပြောင်းနိုင်သည့် ဘဏ္ဍာရေး စာချုပ်စာတမ်းအမျိုးအစားတစ်ခုဖြစ်ပြီး ကိုင်ဆောင် ထားသူများအနေနှင့် ယင်းနှင့်သက်ဆိုင်သည့် ငွေချေးသက် သေခံလက်မှတ်များ၏ အကျိုးခံစားခွင့်များကို အချိုးကျ ခံစား ခွင့်ရှိသည့် လက်မှတ်များဖြစ်သည်။ မိခင်နိုင် ငံ စတော့အိပ်ချိန်း တွင် စာရင်းဝင်ထားသည့် ကုမ္ပဏီတစ်ခုသည် ယင်း၏ ရှယ်ယာ များထဲမှ ရာခိုင်နှုန်းအချို့ကို အခြားနိုင်ငံရှိ စတော့အိပ်ချိန်းတွင်Depository Receipt (DR) များအဖြစ် သွားရောက်စာရင်းဝင်ခြင်းဖြစ် သည်။ ယင်းသို့ဆောင်ရွက်ရာတွင် ကြားခံအဖွဲ့တစ်ခု (Sponsor အဖွဲ့အစည်းတစ်ခုမှ) စတော့များကို ဝယ်ယူကာ ဃကျအသိငညေ အဖွဲ့တစ်ခုတွင
ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ (Digital Economy Development Committee-DEDC)၊ ပေါင်းစပ်ညှိနှိုင်းမှု လုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/ ၂၀၂၄)ကို ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၃) ညီလာခံ ခန်းမ၌ ဥက္ကဋ္ဌ(၁)ဖြစ်သူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဥက္ကဋ္ဌ(၂) ဖြစ်သူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတို့ ဦးဆောင်၍ ပြုလုပ်ခဲ့ သည်။
စာပေနှင့် အနုပညာမူပိုင်ခွင့်ပိုင်ရှင်များ၊ ဆက်နွှယ်သည့်အခွင့် အရေးပိုင်ရှင်များ၏အခွင့်အရေးများကိုဥပဒေနှင့်အညီအကာအကွယ် ပေးနိုင်ရန် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို အမိန့်ကြော်ငြာစာ အမှတ် (၂၁၈/၂၀၂၃) ဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တို ဘာ ၃၁ ရက်တွင် အာဏာသက်ဝင်ခဲ့ပြီး ၎င်းဥပဒေကို အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေးအတွက် စာပေနှင့်အနုပညာလက်ရာများ၊ ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို မှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေ များကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် (၇၀/၂၀၂၃)ဖြင့် ထုတ်ပြန်ခဲ့သည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် စိုက်ပျိုးရေးကဏ္ဍသည် အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူ ရေးကို အဓိကထားသော စိုက်ပျိုးရေးနိုင်ငံဖြစ်သည်။ အဓိက အကြောင်းအရင်းများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုနည်းပါးခြင်း၊ ခေတ်မီနည်းပညာများရရှိမှုနည်း ပါးခြင်း၊ ကူညီပံ့ပိုးမှုစနစ်များအားနည်းခြင်း စသည်တို့ကြောင့် ဖြစ်ကြောင်း လေ့လာတွေ့ရှိချက်များအရ သုတေသီများက ပြော ကြသည်။
ပြိုင်ဆိုင်မှုများမြင့်မားသည့် ယနေ့ဈေးကွက်စီးပွားရေးလောက တွင် ဝယ်ယူသူများ၏ကြိုက်နှစ်သက်မှု၊အာရုံစိုက်မှုကိုရရှိရန်အတွက် နည်းအမျိုးမျိုးဖြင့် ယှဉ်ပြိုင်ဆောင်ရွက်ကြရာတွင် ထုတ်ကုန်များ၏ ဒီဇိုင်းသည် အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်ကို တွေ့ရသည်။ စီးပွားရေးလုပ်ငန်းရှင်များသည် ဝယ်ယူသူကြိုက်နှစ် သက်မည့် ထုတ်ကုန်များကို ဒီဇိုင်းအမျိုးမျိုးဖြင့် ဆန်းသစ်တီထွင် ထုတ်လုပ်၍ နည်းမျိုးစုံဖြင့် ဆွဲဆောင်လျက်ရှိကြပြီး ဈေးကွက်ရရှိရေး အပြိုင်အဆိုင်ဆောင်ရွက်လျက်ရှိကြသည်။ ဆန်းသစ်သော ဒီဇိုင်းများပါဝင်သည့် လူ့အသုံးအဆောင် ပစ္စည်းများကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသောအခါ လူ ကြို
ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ဖေဖော်ဝါရီ ၂၆ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံ ပေါင်း ၁၂၁ နိုင်ငံအနက် Curacao နိုင်ငံသည် ယခုတစ်ပတ်တွင် ၅ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး ဆလိုဗေးနီးယားနိုင်ငံတွင် ၃ ဒသမ ၂၀ ရာခိုင်နှုန်း၊ အက်စ်တိုးနီးယား နိုင်ငံတွင် ၂ ဒသမ ၃၀ ရာခိုင်နှုန်းနှင့် ဖိလစ်ပိုင်နိုင်ငံတွင် ၂ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့ သည့် နိုင်ငံပေါင်း ၂၉ နိုင်ငံရှိကြောင်း တွေ့ရသည်။
ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်တွင်Thai Rice Exporter AssociationWebsite တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၁၃ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၈ ဒေါ်လာဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့ သည်ကို သိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်
