Background
စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ၊ ဦးသန်းဦး၊ ဒုတိယညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများသည် (၂၅-၁၀-၂၀၂၁) ရက် နံနက် (၁၀:၀၀) နာရီအချိန်တွင် ဓါတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးအဖွဲ့ပါ မိတ်ဖက်ဌာနဖြစ်သော ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ဦးစိန်လွင်၊ ညွှန်ကြားရေးမှူး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ဦးကိုကိုမြ၊ ဒုရဲမှူး၊ ပြည်နယ်ပြည်သူကျန်းမာရေးဦးစီးဌာန၊ Dr.အိမွန်သန့်၊ လ/ထညွှန်ကြားရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဦးစောသန့်ဇင်ဦး၊ ဦးစီးအရာရှိ၊ FDA ၊ ဒေါ်ဝင်းသူဇာကျော်၊ ဦးစီးအရာရှိ၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒေါ်သက်နှင
ကုန်ပစ္စည်းတစ်ခုဖောက်သည်များကိုပေးအပ်သည့်ပစ္စည်းများသည် ဖောက်သည်များ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရမည့်အရာဖြစ်ရမည်။ ကိုယ်ရောင်းမယ့်ပစ္စည်းက ပတ်ဝန်းကျင်မှာလုပ်သည့်သူနည်းပါးပြီး လူအများ စိတ်ဝင်စားနိုင်သည့်၊ အသုံးဝင်နိုင်သည့် ပစ္စည်းဖြစ်နေရပါမည်။ ယင်းကဲ့သို့လုပ်သည့်သူနည်းမှ ကိုယ်ကဈေးကွက်ထဲမှာ လက်ဉီးမှုအရင်ဖြစ်နေပြီး အမြတ်တွေလည်းပိုမိုရရှိမှာဖြစ်ပါသည်။ ဈေးနှုန်းအမြတ်အစွန်းရရှိစေရုံသာမက ဖောက်သည်တွေကလည်း လိုလိုလားလားပေးလိုသည့်ဈေးဖြစ်နေရပါမည်။ ထိုဈေးကွက်ထဲကို ကိုယ့်ပစ္စည်းစဖြန့်သည့်အချိန်မှာ ဈေးအရမ်းချိုသာနေစရာမလိုသလို၊ အရမ်းလည်းဈေ
ဖျာပုံမြို့သည် ဆန်စပါးနှင့်ရေထွက်ကုန်ပစ္စည်းများ အဓိကအားထားလုပ်ကိုင်လျက်ရှိသောမြို့တစ်မြို့ဖြစ်သည်။ဩဂုတ်လ(၁)ရက်နေ့မှ စ၍ ပင်လယ်ငါးဖမ်းလုပ်ငန်းများအားလုံး ပင်လယ်ပြင်ထွက်ခွင့်ရရှိပြီး စက်တင်ဘာလတွင် ပင်လယ်ငါးဖမ်းရေယာဉ်၊ ငါးပေါင်းရေယာဉ်များ ပြန်ဝင်လာကြ သဖြင့် ပင်လယ်ရေထွက်ကုန်ပစ္စည်းများ လှိုင်လှိုင်ပေါသောကာလပင်ဖြစ်သည်။ ဖျာပုံမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် စက်တင်ဘာ(၁၅)ရက်တွင် ပင်လယ်ရေထွက်ကုန်များရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ပင်လယ်ရေထွက်ကုန်ပစ္စည်းများ ယမန်နှစ်နှင့်ယခုနှစ် ဈေးကွက်အခြေအနေအားမေးမြန်းရာ ယမန်နှစ်ထက်တစ်
သဘာဝသမိုင်းသည်ခမ်းနားကြီးကျယ်လှသည်။ သက်ရှိတစ်ခုစီ၏ လောကဓံနှင့်စွန့်စားခန်းများသည် ရင်သပ်ရှုမောဖွယ်ဖြစ်သည်။ ကျွန်ုပ်တို့ မသိလိုက်ဘာသာ နေနေသည့် သဘာဝလောကကြီးသည် ဤသဘာဝသမိုင်းကြီးမှ စင်စစ်ပေါက်ပွားခဲ့သည့် သားသမီးများ ဖြစ်သည်။ ယနေ့ခေတ်တွင် မရေမတွက်နိုင်သည့် မျိုးစုံမျိုးကွဲများ ရှိခဲ့သည့်နည်းတူ၊ သဘာဝသမိုင်းတစ်လျှောက်တွင်လည်း အဆုံးမရှိသော မျိုးစုံမျိုးကွဲများနှင့်၊ မျိုးနွယ်တစ်ခုစီက ပြောပြသည့် အံ့ဩဘနန်းဖြစ်ရမည့် ပုံပြင်ဇာတ်လမ်းတစ်ပုဒ်စီရှိသည်။ ဤပုံပြင်ဇာတ်လမ်းများကို ပြောပြမည့် ပန်းမာလ်တိရစ္ဆာန်များသည် ကျွန်ုပ်တို့ ကမ္ဘာဂြိုဟ်၏သမိုင်းမှတ်တမ်းဖြစ်သည်။ လူ့သမိုင်းအမွေအနှ
မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့နယ်သည် ကြက်သွန်နီကိုဥပျံစိုက်ကြက်သွန်နီခေါ်ကိုင်းမြေမြေနုစိုက်နှင့်ပျိုးပင်စိုက်ကြက်သွန်နီခေါ်ချောင်းကြက်သွန်နီတို့ကို အဓိကစိုက်ပျိုးကြသည်။ ဥပျံစိုက်ကြက်နီကိုနိုဝင်ဘာလ၊ဒီဇင်ဘာလ တွင်ကိုင်းမြေနှင့်ချောင်းမြေနုများ၌စိုက်ပျိုးကြကြောင်း ယခုနှစ်၌ မိုးရေကိုအဓိကထားပြီး ယာမြေများမှာ ပဲအမျိုးမျိုးအားထားစိုက်ခဲ့သည့်တောင်သူအချိူ့ပင် မြေအောက်အဝီစိတွင်းတူး၍ ရေယူကာကြက်သွန်နီကို ဆောင်းရာသီ၌ စမ်းသပ်၍ စိုက်လာကြပြီး ဝင်ငွေရကြောင်းသိရသည်။ ပျိုးစျေးကွက်အနေအထားအရ နှစ်စဥ်စက်တင်ဘာလမှစ၍ ဥပျံဝယ်လိုအားအရောင်းအဝယ်စတင်ချိန်ဖြစ်သော်လည်း လက်ရှိအရောင်းအဝယ်အေးနေကြောင်
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီးကျောက်ပန်းတောင်းမြို့နယ်၌ မြေပဲလှိုင်လှိုင်ပေါ်နေပြီဖြစ်ရာ ဒေသခံများပဲပေါ်သည့်ကာလတွင် ဝင်ငွေရရှိနေကြကြောင်းသိရသည်။ မိုးဦးစိုက်မြေပဲများ နှုတ်သိမ်းနေကြပြီးဖြစ်ပြီး မြေပဲမျိူးဆန်သုံးတင်းစိုက်ပျိူးခဲ့ပါတယ်။အထွက်နှုန်းမှာ မြေပဲတင်းတစ်ရာဝန်းကျင်ထွက်ရှိတယ်။ တစ်တင်းလျှင် ငွေကျပ်၁၂၀၀၀ ရောင်းရတယ်ဟု ကျောက်ပန်းတောင်းမြို့နယ်မှ ဒေသခံ တောင်သူကိုအောင်စိုးမိုးကပြောသည်။ယခုနှစ်မိုးမြေပဲအထွက်နှုန်း အသင့်အတင့်ရှိသည့်အပြင်စျေးမှာ မြေပဲတစ်တင်းလျှင်ငွေ ကျပ်၁၂၀၀၀ ရောင်းရတဲ့အတွက်မြေပဲစိုက်ပျိုးစရိတ်နှင
ယနေ့အချိန်သည် လက်ရှိဖြစ်ပွားနေသော COVID-19 ကို ကျော်လွှားရန် ကြိုးပမ်း လုပ်ဆောင် နေသည့် လုပ်ငန်းများနှင့်အပြိုင် မြန်မာနိုင်ငံ၏ စီးပွားရေး ဆက်လက် ရှင်သန်နိုင်ရေးနှင့် ပြန်လည် နိုးထနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကိုလည်း တပြိုင်တည်း လုပ်ဆောင်သွားရမည့် အချိန် ဖြစ်ပါသည်။ COVID-19 ကပ်ရောဂါနှင့် ပတ် သက်၍ အဓိကကျသော လုပ်ငန်းသုံးရပ် ရှိပါသည်။ ယင်း တို့မှာ ရောဂါရှာဖွေစစ်ဆေးခြင်း (Detection and Testing)၊ ရောဂါကုသခြင်း (Treatment)နှင့် ရောဂါကာကွယ်ခြင်း(Protection) တို့ပင်ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံအားလုံးသည်လည်း လက်ရှိ အခြေအနေတွင် ထိုလုပ်ငန်း သုံးရပ် ကို စစ်မျက်
နိုင်ငံ၏ စီးပွားရေးအခြေအနေ တည်ငြိမ်စေရန် ဆောင်ရွက်ရာတွင် အစိုးရသည် ငွေကြေး ပေါ်လစီ (Monetary Policy) သို့မဟုတ် ဘဏ္ဍာရေးပေါ်လစီ (Fiscal Policy) ကို အားထားလေ့ရှိသည်။ ငွေကြေးပေါ်လစီဆိုသည်မှာ ဗဟိုဘဏ်က သတ်မှတ်သော အတိုးနှုန်းနှင့် ငွေကြေးပမာဏ (Money Supply) တို့ကို စီမံခန့်ခွဲခြင်းဖြစ်သည်။ဘဏ္ဍာရေးပေါ်လစီသည် အစိုးရ၏ ရငွေနှင့် အသုံးစရိတ်တို့ကို ဆုံးဖြတ်သည့် မူဝါဒ ဖြစ်သည်။နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် ပိုမိုကောင်းမွန်သောပေါ်လစီလက်နက်မှာငွေကြေးပေါ်လစီဖြစ်သည် သို့မဟုတ် ဘဏ္ဍာရေးပေါ်လစီဖြစ်သည် ဆိုသည်ကိုအပြင်းအထန် အငြင်းပွားနေဆဲဖြစ်သည်။ ပေါ်လစီတစ်ခုချင်းစီတွင်ရှိသောအ
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီက ဦးဆောင်ရေးဆွဲခဲ့သော မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက် (မူကြမ်း) အပေါ် ပုဂ္ဂလိက ကဏ္ဍ၏ အကြံပြုချက်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတမြို့တွင် ဩဂုတ်လ (၂၈.၈.၂၀၂၁)နေ့လည်ပိုင်းမှစ၍ ဟင်္သာတမြို့ ၊ ရုံးကြီးရပ် ၊ ရဲဖြတ်လမ်းရှိ ဟင်္သာတမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းရုံးတွင် ကိုဗစ် ( ၁၉ ) တတိယလှိုင်းကာလ ဟင်္သာတမြို့ပေါ်ရှိ အခြေခံလူတန်းစား ပြည်သူများ ဈေးနှုန်းချို သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်ရေးအတွက် လူတစ်ဦးလျှင် ဆန်တစ်ပြည် ၊ကြက်ဥ (၅)လုံးနှုန်းဖြင့် ဧည့်မထဆန်တစ်ပြည်လျှင် (၁၀၀၀)ကျပ် ၊ ကြက်ဥတစ်လုံးလျှင် (၁၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေး လျက်ရှိပါသည်။ထိုသို့ရောင်းချပေးခြင်းကို ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ စားသုံးသူရေး ရာဦးစီးဌာန ၊ ဟင်္သာတမြို့နယ် ဆန်စက်လုပ်ငန်း