Background
နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၁၅ သန်းတန်ဖိုးရှိ ရော်ဘာ တန်ချိန် ၂၂၇၀ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀၇၀ နှင့် မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀ဝ တင်ပို့ခဲ့သည်။
ယခုတစ်ပတ် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ၁၃၅ သန်းတန်ဖိုးရှိ ရော်ဘာ ၇၅၁၇ တန် တင်ပို့ခဲ့သည်။ မြန်မာ-တရုတ်နယ်စပ် လမ်းကြောင်းမှ ရော်ဘာတန်ချိန် ၇၃၃၀ ကျော် တင်ပို့ခဲ့ပြီး မြန်မာ-ထိုင်း နယ်စပ်လမ်းကြောင်းမှ ရော်ဘာ ၁၈၅တန်ခန့် တင်ပို့ခဲ့ကြောင်းသိရသည်။
နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅၀ဝ သန်း တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၅၀ဝ ကျော် တင်သွင်းခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ စလင်းမြို့နယ်မှ ဝန်ထမ်းများသည် ဆင်ဖြူကျွန်းမြို့ သရက်ချဉ်ကျေးရွာရှိ မိုးနှောင်းကြက်သွန်နီ အပင်စိုက် စိုက်ပျိုးလျက်ရှိသော တောင်သူဦးမောင်မောင်လွင်နှင့် တွေ့ဆုံ၍ ကြက်သွန်နီစိုက်ပျိုးမှု အခြေအနေများ မေးမြန်းဆွေးနွေးခဲ့ရာ ၎င်းအနေဖြင့် ယခုနှစ်တွင် ၁၈ ဧကခန့်စိုက်ပျိုးထားရှိကြောင်း၊ ဇူလိုင်လတွင် ပျိုးထောင်၍ စက်တင်ဘာလတွင် အပြီးစိုက်ပျိုးခဲ့ရာ ယခုအချိန်တွင် ၇၅ ရက်ခန့်ရှိပြီး ဒီဇင်ဘာလလယ်တွင် ရိတ်သိမ်းမည်ဖြစ်ရာ အထွက်နှုန်းအားဖြင့် တစ်ဧကလျှင် ပိဿာ ၆၀ဝ၀-၆၅၀ဝ အထိ ထွက်ရှိရန် မျှော်
(၂၅) ကြိမ်မြောက် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာ ၂၁ ရက်မှ ၂၃ရက်အထိ Virtual စနစ်ဖြင့် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ် ရေး ကော်မရှင်အဖွဲ့ဝင်၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အာဆီယံ စားသုံးသူကာကွယ်ရေးကော်မတီဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စား
ကမ္ဘာ့ကုန်သွယ်မှုမှာ တဖြည်းဖြည်းနဲ့ ကုန်သွယ်မှုများလာတဲ့ ပစ္စည်းတွေရှိရင် လိုင်းအသစ် ထပ်တိုးပါတယ်။ အရင်ကတည်းက အခြားခေါင်းစဉ်အောက်မှာရှိခဲ့ပေမယ့် တဖြည်းဖြည်း ပိုအသုံးပြုလာတယ်။ ရှေ့ဆက်ပြီးလဲ ပိုမိုကုန်သွယ်နိုင်ဖွယ်ရှိတယ်ဆိုရင်၊ ကုန်သွယ်မှုကလဲ တစ်နှစ်အတွင်း USD 50 million ကျော်ရင် လိုင်းသစ်ထည့်ပေးပါတယ်။ အဲလိုပဲ လိုင်းသစ်တိုးတဲ့နောက်ခံ အခြေခံအချက်အလက်တွေ ရှိပါတယ်။ Driving Factors လို့ ဆိုတယ်။
ဘာတွေလဲ
အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ငါးရက်တာကာလအတွင်း စတော့ရှယ်ယာအစောင်ရေ စုစုပေါင်း ၂၅၃၉၁ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ်သန်း ၁၁၆၆၆၅၅၀ဝ ရရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ သိရသည်။
ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာရောင်းချနိုင်မှုအနေဖြင့် First Myanmar Investment (FMI) က အစုရှယ်ယာ ၁၁၁၈ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၀၂၃၇၇၀ဝ သန်း၊ Myanmar Thilawa SEZ Holidings Public (MTSH)က အစုရှယ်ယာ ၁၉၇၅၀ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၆၆၂၉၂၄၅၀ သန်း ရရှိခဲ့ကြောင်း သိရသည်။
ကမ္ဘာ့အကောက်ခွန်အဖွဲ့ (World Customs Organization - WCO) သည် Harmonized Commodity Description and Coding System (Harmonized System -HS) - 2022 Version ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်ကျင့်သုံးရန် အတည်ပြုခဲ့ပြီးဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုင်ငံအလိုက် HS 2017 မှ HS 2022ကို ပြောင်းလဲကျင့်သုံးရန် ဆောင်ရွက်ကြရသည်။
၂၀၂၂-၂၀၂၃ ခုနှစ် ပဲစိုက်ပျိုးရာသီတွင် ဥရောပသမဂ္ဂနိုင်ငံ များသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာပဲတီစိမ်းများ တင်ပို့နိုင်ရန် မြန်မာပဲများတင်ပို့နိုင်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အစည်း အဝေးကို နိုဝင်ဘာ ၅ ရက် မွန်းလွဲ ၂ နာရီတွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်းအဝေးခန်းမ (ဒုတိယထပ်) ၌ ကျင်းပရာ အစည်းအဝေးသို့ မြန်မာပဲများ တင်ပို့နိုင် ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန် သည်များအသင်း ဥက္ကဋ္ဌ၊ ဘုရင့်နောင်ကုန်စည်ဒိုင် ဥက္ကဋ္ဌ၊ ပဲတင်ပို့ရန် အ
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ်ဝင်ရောက်လျက်ရှိသည်။
ခဲလံကျည်တောက်(ခေါ်) ကောက်ညှင်းကျည်တောက် သည် မြန်မာနိုင်ငံတွင် အလွန်ထင်ရှား၍ ဆောင်းရာသီ၏ ရာသီစာအဖြစ် လူအများစားသုံးသောမုန့်ဖြစ်သည်။ ခဲလံဆိုသော စကားမှာ ရှမ်းဘာသာစကား(ခဝ်လံ)မှ ဆင်းသက် လာသည်။ ဝါးထဲသို့ကောက်ညှင်းဆန်ထည့်၍ ချက်သောထမင်း (ဝါ) စားဖွယ်ကို ရှမ်းတို့က ခဲလံဟု ခေါ်ကြကြောင်း၊ တချို့မှာ ယိုးဒယားစကားခေါက်လမ်(ဝါးကျည်တောက်ထဲမှ ကောက် ညှင်း)ဟု ဆိုကြသည်။ မြန်မာနိုင်ငံ အင်းလေးဒေသတွင် ကောက်ညှင်းကျည်တောက်ကို ခေါက်လန်ဟု သုံးနှုန်းကြပြီး အနောက်ရိုးမကမ်းခြေနှင့် မြစ်ဝကျွန်းပေါ်ကမ်းရိုးတမ်းဒေသတို့တွင်မူ ကောက်ညှင်းကျည်တောက်ဟူ၍သာ သုံးနှုန်းကြပြီး ရှေးအခါက ပေါင်းတင်း ကျည်၊ ပေါင