Main menu

Background

Wednesday, 2 Nov 2022

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်နှင့် ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်အတွက်အထူးစီးပွားရေးဇုန်များဆောင်ရွက်လျက်ရှိရာသီလဝါအထူး စီးပွားရေးဇုန်ကိုရန်ကုန်တိုင်းဒေသကြီးသန်လျငမြို့နယ်နှင့် ကျော က်တန် မြို့နယ်တို့တွင်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါစီမံကိန်း၏ ပထမအဆင့် စက်မှုဇုန် A (ဟက်တာ ၄၀၅ ဒသမ ၂၇၅)ကို၃၀-၁၁-၂၀၁၃ရက်မှ စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၉၉ ရာခိုင်နှုန်း ပြီးစီးခဲ့ပြီး ဒုတိယ အဆင့် အကောင်အထည်ဖော်မည့် စက်မှုဇုန်B (ဟက်တာ ၇၀ဝ)ကို ၂၁-၁၀-၂၀၁၆ ရက်တွင်ကွင်းဆင်းတိုင်း တာပြီး ဧရိယာ(2-1), (2-2), (2-3), (2-4) အပိုင်းလေးပိုင်းခွဲ၍ဆောင်ရွက်လျက်ရှိသည်။သီလဝါ အထူးစ

Friday, 28 Oct 2022

ဆီသည် လူ့ခန္ဓာကိုယ်အတွက် အဓိကလိုအပ်သော အပူစွမ်း အင် ကယ်လိုရီကိုပေးသည်။ သက်စောင့်ဓာတ်များဖြစ်သော ဗီတာမင်အေနှင့် ဗီတာမင် ကေတို့သည်ဆီတွင် ပျော်ဝင်နိုင်သော ကြောင့် ဆီမှတစ်ဆင့် လူ၏ခန္ဓာကိုယ်က ရယူ နိုင်သည်။ကျန်းမာရေးနှင့် သုတေသီများ၏အဆိုအရ လူတစ်ဦးသည် တစ်နှစ်လျှင် ဆီပေါင် ၄၆ ပေါင်ခန့် စားသုံးသင့်သည်။ မြန်မာနိုင်ငံတွင်စားသုံးဆီအဖြစ် မြေပဲ ဆီနှင့် နှမ်းဆီကိုအသုံးများ၍ နောက်ပိုင်းတွင် ပြည်ပမှ အရည်အသွေး စစ်ဆေး၍ တင်သွင်းသော  စားအုန်းဆီ (Plam Oil) တို့ကို စားသုံးကြသည်။

Wednesday, 26 Oct 2022

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု အခြေခံ သင်တန်း အမှတ်စဉ် (၆)  ((International Trade Basic Course, Batch-6)  သင်တန်းဖွင့်ပွဲ အခမ်း အနားကို အောက်တိုဘာ ၂၂ရက် နံနက် ၈ နာရီခွဲ က ရန်ကုန်မြို့ရှိ  စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန   ကုန်သွယ်ရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ပဉ္စမထပ်ရှိ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါ  သင်တန်းကာလမှာ လေးလကြာ မြင့်မည်ဖြစ်ပြီး အပတ်စဉ် စနေ၊တနင်္ဂနွေနေ့များ တွင် နံနက် ၉ နာရီမှ  မွန်းတည့်၁၂ နာရီအထိ သင်ကြားပေးမည်ဖြစ်ကာ  သင်တန်းသားဦးရေ ၇၅ ဦးကို   လက်ခံသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

Wednesday, 12 Oct 2022

စားသောက်ကုန်များသန့်ရှင်းမှုရှိ၊ မရှိ၊ ကျန်းမာရေးနှင့် ကိုက်ညီမှုရှိ၊ မရှိကိုတချို့စားသောက်ကုန်များမှာ မျက်မြင်အားဖြင့် ဆုံးဖြတ်၍ရသော်လည်း တချို့မှာအမြင်အားဖြင့် မသိသာသော ကြောင့် ဓာတ်ခွဲစစ်ဆေးမှ သိရလေသည်။ ဓာတ်ခွဲစစ်ဆေးမှ သိရှိရပြီးလူအများ မရှိမဖြစ် စားသောက်နေရသည့်စားသောက်ကုန်ထဲတွင် စားသုံးဆီလည်းအပါအဝင်ဖြစ်သည်။မိမိသုံးစွဲလိုသော စားသုံးဆီကိုကြည့်လိုက်လျှင် ရိုးရိုးအခန်း အပူချိန်မှာကြည်လင်နေပြီးအနံ့လေး က လည်း ပင်ကိုဆီအနံ့၊လျှာပေါ်တင်ကြည့်လိုက်လျှင်လည်း ရှတတမဖြစ်လျှင်အကြမ်းအားဖြင့် ကောင်းနေသည်ဟုဆိုနိုင်သည်။သို့သော်လည်း မိမိကျန်းမာရေးနှင့်ကိုက်ညီမှု ရှိ၊မရှိ၊ ဝယ်ပြီးလျှင်ရောဘယ

Thursday, 29 Sep 2022

လူနေမှုအဆင့်အတန်းမြင့်မားလာတာနဲ့အမျှ    လူသားတို့ အဆင်ပြေပြီး သက်သောင့်သက်သာ နေထိုင်နိုင်ရန်  ထုတ်လုပ်သုံးစွဲ နေသာပစ္စည်းများထဲမှ နေ့စဉ်အသုံးပြုနေသော ရေခဲသေတ္တာ၊ လေ အေး ပေးစက်နှင့် အအေးခန်းတွေဟာ အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်လာပါတယ်။ အဆိုပါပစ္စည်းများတွင် အသုံးပြုသည့် အအေး ပေး ဓာတုပစ္စည်းများဖြစ်သော ဒြပ်ပစ္စည်းများကြောင့် လေထုထဲမှာ ရှိတဲ့ အိုဇုန်းလွှာပါးလွှာပျက်စီးနေသည်ကို   သိပ္ပံပညာရှင်များက လေ့လာ တွေ့ရှိခဲ့ပါတယ်။ အိုဇုန်းလွှာပျက်စီးမှုကြောင့် ကမ္ဘာမြေပေါ် ကို ခရမ်းလွန်ရောင်ခြည်ကျရောက်မှု  ပမာဏများလာပြီး လူသား တွေမှာ အရေပြား ကင်ဆာရောဂါ၊ မျက်စိတိမ်စွဲခြင်း၊ ခုခံအားကျဆင်း ခြင်းတွေဖြစ်စေနိုင်ပါ

Thursday, 29 Sep 2022

စလင်းမြို့နယ်သည် ဧရာဝတီမြစ်အနောက်ဘက်ကမ်း တွင် တည်ရှိပြီး သီးနှံစုံစိုက်ပျိုးဖြစ်ထွန်းသော မြို့ဖြစ်သည်။ စလင်းမြို့တွင်  ဝါကို စလင်းမြို့ အနောက်ဘက်ကုန်းမြင့် ဒေသနှင့် ယာမြေတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ၂၀၂၂ ခုနှစ်တွင် ဧက ၁၅၀ဝ၀ ခန့် စိုက်ပျိုးထားရှိသည်။  ဝါအဓိက စိုက်ပျိုးကြသော စလင်းမြို့နယ် အင်ကျင်းပင်လှကျေးရွာရှိ တောင်သူ ဦးတင်ဆန်းနှင့်တွေ့ဆုံပြီးဝါစိုက်ပျိုးထွက်ရှိမှု အခြေအနေအား ကွင်းဆင်းမေးမြန်းမှုအရ အင်ကျင်းပင် ကျေးရွာတွင် တောင်သူ ၁၂၀ ခန့်  စိုက်ပျိုးထားရှိပြီး ကျေးရွာ အနေဖြင့် ဝါဧက ဧက ၇၅၀ စိုက်ပျိုးကြောင်း၊ ဝါစိုက်တောင်သူ များအနေဖြင့် ငွေခြည်(၆)၊ ငွေခြည်(၈)၊ ငွေခြည် (၁၀)၊ ရွှေတောင်(၈)

Thursday, 29 Sep 2022

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန   စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘို ခရိုင်မှ   ရွှေဘိုမြို့နယ်တာဝန်ခံသည်   ရွှေဘိုမြို့ အမှတ်(၈) ရပ်ကွက်ရှိ ထင်းအစားထိုး မီးသွေးလောင်စာတောင့်လုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်နှင့် စက်တင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီခွဲတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့ တွေ့ဆုံရာတွင် မီးသွေးလောင်စာတောင့်ပြုလုပ် ရာတွင် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ၊   ပြုလုပ်ပုံအဆင့် ဆင့်၊ ဈေးနှုန်း၊ ဈေးကွက်နှင့်အကျိုးအမြတ် အခြေအနေများကို မေးမြန်းဆွေးနွေးရာ  လောင်စာတောင့် ပြုလုပ်ရန်အတွက် လိုအပ်သော  ကုန်ကြမ်းပစ္စည်းများမှာ မီးသွေ

Thursday, 22 Sep 2022

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  လားရှိုးမြို့တွင် သြဂုတ်လ စတုတ္ထပတ်အတွင်း ဓာတ်မြေသြဇာဈေးနှုန်း မြင့်တက်လျက်ရှိပြီး    လူသုံးများသည့်တံဆိပ်များနှင့် ဈေးနှုန်းများမှာ ရွှေတောင်ပုလဲ ၅၀ကီလိုဂရမ် တစ်အိတ်လျှင် ၁၂၆၀ဝ၀ကျပ်၊ အာမို ပုလဲ(ဓာတ်စာ) ၅၀ကီလိုဂရမ် တစ်အိတ်လျှင် ၇၅၀ဝ၀ကျပ်၊ ဃဏ(၄၆ါ်ဝါ်ဝ) ၅၀ ကီလို ဂရမ် တစ်အိတ်လျှင် ၁၃၀ဝ၀ဝ ကျပ်၊ သြဘာ (၁၀ါ်၁၀ါ်၅) ၅၀ကီလိုဂရမ် တစ်အိတ် လျှင် ၉၀ဝ၀ဝ ကျပ်ဖြင့် အသီးသီး မြင့်တက်နေသည်။ 

Thursday, 22 Sep 2022

သြဂုတ်လအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ သုည ဒသမ ၂၇၂ သန်းတန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၂၈၀ဝ ကျော် တင်သွင်းခဲ့သည်။ ထိုင်းနိုင်ငံမှ တန်ချိန် ၂၆၀ဝကျော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၁၂၀ ကျော်၊ ပြင်သစ်နိုင်ငံမှ နှစ်တန်ကျော်နှင့် မလေးရှားနိုင်ငံမှ တန်ချိန် ၁၃၀ ခန့် တင် သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက ဘိလပ်မြေ တန်ချိန် ၂၅၀ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။                    
 အိမ့် (DOT)

Thursday, 22 Sep 2022

လက်ရှိ ပြည်တွင်းရွှေဈေးမှာ ပြင်ပဈေးကွက်တွင် ကျပ်သိန်း ၃၀ ကျော် ပေါက် ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ပြီးခဲ့သည့် သြဂုတ် ၃၁ ရက် နံနက်ပိုင်းက တစ်ကျပ်သားလျှင် ကျပ် ၃၇ သိန်း အထိ အတက်ကြမ်းခဲ့သော အခေါက်ရွှေသည် ယင်းနေ့ ညနေပိုင်း ဈေးကွက်ပိတ်ချိန် တွင် ၃၆ သိန်းပတ်ချာလည်ဖြစ်ပြီးနောက် ၃၅ သိန်းပတ်ဝန်းကျင်သို့ ထပ်မံကျဆင်း ခဲ့ကာ လက်ရှိတွင် ကျပ် ၃၁ သိန်းကျော် ပေါက်ဈေးရှိနေသည်။ပြည်တွင်းရွှေဈေးကို ထိန်းချုပ်နိုင်ရန်အတွက် သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက စက်တင်ဘာ ၅ ရက်မှစတင်ကာ ရွှေဒင်္ဂါးပြား များကို ကျပ် ၂၉၅၀ဝ၀ဝ ဖြင့်  ရောင်းချပေးလျက်ရှိပြီး

Pages