Background
အခုနှစ်ပိုင်းမှာ နနွင်းအဝင်က တစ်ပတ်ထက်တစ်ပတ် ပိုပြီးနည်းလာပါတယ်။ ဝယ်သူကော၊ ရောင်းသူကပါ ချင်း လောက် အားမသန်ကြတာကိုလည်း တွေ့ရပါတယ်။အောင်ပန်း ဈေးကွက်မှာဆိုရင် ပြည်တွင်းသုံးဈေးပတ်သမား တွေနဲ့ ပရဆေး ဆိုင်တွေ အတွက်သာ ဝယ်ယူမှုရှိပါတော့တယ်။ မိုးရွာတာကြောင့်လည်း အရောင်းအဝယ်က ပါးနေတယ်လို့ သိရပါ တယ်။
ယနေ့မြန်မာတောင်သူတွေရဲ့ စိုက်ပျိုးရေးအမြင်တွေဟာ အရင်ကထက် ကျယ်ပြန့် ဖွံ့ဖြိုးစွာ တွေးမြင်လာခဲ့ကြ သလို ဈေးကွက် ဝင် မျိုးကောင်းမျိုးသန့်၊ စိုက်ပျိုးနည်းစနစ်၊ မြေဆီနဲ့ပိုးသတ်ဆေးသုံးစွဲမှု၊ ရိတ်သိမ်းချိန်ကာလနဲ့ ထုပ်ပိုးမှုနည်းစနစ်တွေ အဆင့် ဆင့်ပြုပြင်ပြောင်းလဲလာခဲ့ကြပြီး ကမ္ဘာ့ဈေးကွက်အသီးသီးကို စတင်ထိုးဖောက်နိုင်ခဲ့တာ အားရဖွယ်တွေ့မြင်နေရပါပြီ။
မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး တမူး မြို့မှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ ကြက်သွန်နီ တင်ပို့မှုများပြားလာတယ်လို့ ဒေသခံ ကုန်သည်များပြောကြားချက်အရသိရပါတယ်။ ယခင်က ချင်းတောင်ဘက်ကလာတဲ့ ကြက်သွန်နီတွေ အပို့များတယ်။ ချင်းတောင်ကြက်သွန်ကုန်သွားမှ မုံရွာ၊ ပခုက္ကူ ဘက်က
ဒီတစ်ပတ်လည်း ချင်းအဝင်ကနည်းနေပါတယ်။ မိုးကဆက်တိုက်ရွာနေတာ ကြောင့် အပင်တွေနှုတ်ရ ခက်နေတာရယ်၊ အဝယ်က လည်း ပါးနေတာရယ်ကြောင့် အဝင်နည်းနေတယ်လို့ သိရပါတယ်။လောလောဆယ်Export ဝယ်လက်တွေက လည်း ပြန်နားနေ ပါတယ်။ ပြည်ပဝယ်လက်တွေကလည်း ချင်းနုတွေကို သိပ် မကြိုက်လှပါဘူး၊ အခုချင်းတွေက မိုးရွာတာကြောင့် စိုနေ တာရယ်၊ အနုတွေ ရယ်ပဲများနေတာကြောင့် ဈေးကွက်မှာလည်း ခပ်အေးအေးသာ
ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၅ ရက် သီတင်းပတ်အတွင်း ဓာတ်ဆီတန်ချိန် ၇၈၅၈ တန်နဲ့ ဒီဇယ်တန်ချိန် ၃၄၂၂၀ ဒသမ ၆၇၆ တန် ၊ စုစုပေါင်း တန်ချိန် ၄၂၀၇၈ ဒသမ ၆၇၆ တန် ကိုပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်း ဖို့သွင်းကုန် လိုင်စင်လျှောက် ထားခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ဓာတ်ဆီက တန်ချိန်သုံးထောင့်နှစ်ရာေ ကျာ်အဝင်လျော့ ခဲ့ပါတယ်။ဒီဇယ်ကဒီတစ်ပတ်မှာတန်ချိန် တစ်သောင်းခြောက်ထောင်ခုနစ်ရာကျော်အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။ လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် မေလမှာ ဓါတ်ဆီ၊ ဒီဇယ်စုစုပေါင်း ဝင်ခဲ့တဲ့တန် ချိန်မှာ ၁၈၃၇၉၂ ဒသမ ၀၄၅ တန်ရှိခဲ့ပြီး ဇွန်လအဝင်စုစုပေါင်းမှာ တန်ချိန် ၂၅၂၉၇၃ ဒသမ ၂၅၀ရှိခဲ့တာကြောင့်ဇွန်လမှာတန်ချိန် ၆၉၁၈၁၂ဒသမ၂၀၅ တန် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတော်၏ စီးပွားရေး၊လူမှုရေး နှင့် စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများ ပီပြင်စွာဆောင်ရွက်နိုင်ရန်စာရင်းဇယား၊ အချက်အလက်၊ ကိန်းဂဏန်းများက အရေးပါ အရာရောက်လှပါတယ်။ ထို့ အတူကျွန်မတို့ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီး ဌာနရဲ့သတင်းအချက်အလက်များ၊ စာရင်းဇယားများကလည်း စကားပြော သော ကိန်း ဂဏန်းများဖြစ် တယ် ဆို တာ ငြင်း လို့မရပါဘူး။ တိုင်းတစ်တိုင်း/မြို့နယ်တစ်မြို့နယ်ရဲ
တရုတ်နိုင်ငံသည် ကမ္ဘာတွင် အာဟာရ ချို့တဲ့သူဦးရေအများဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ၁၉၈၀ ပြည့်နှစ် က နိုင်ငံ လူဦးရေ၏ ၃၀ရာခိုင်နှုန်း(သန်း ၃၀၀)အထိအာဟာရချို့တဲ့ကြသည်။မကြာသေးမီ နှစ်များအတွင်း တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာခဲ့သဖြင့်ထိုလူဦးရေ၏ထက်ဝက်ခန့်ကို ဆင်းရဲ နွမ်းပါးပြီး၊ ငတ်မွတ်ခေါင်းပါးသောဘဝမှ ကယ် ထုတ်နိုင် ခဲ့သည်။သို့တိုင်အောင်ကျေးလက်ဒေသ များတွင် နေထိုင်ကြသည့် ကျန်လူဦးရေသန်း ၁၅၀ တို့မှာ ယနေ့ထိတိုင် ဆင်းရဲနွ မ်းပါးနေကြဆဲဖြစ် သည်။ အဆင်းရဲဆုံးဒေသများရှှိ အသက် ၆ နှစ်မှ ၁၅ နှစ်အတွင်း ကလေးငယ်ဦးရေ ၈၈ သန်း အနက် သုံးပုံတစ်ပုံခန့်တွင် သံဓာတ်ချို
ဇူလိုင်လရဲ့ ပထမ ၁၀ ရက်အတွင်းမှာ စားဖိုဆောင်သုံး သီးနှံဖြစ်တဲ့ ကြက်သွန်နီဟာ အတက်ဘက်ကို ဦးတည်လာ တယ်လို့ ပြောရမှာပါ။ ရက်အလိုက်ဖြစ်ပေါ်ခဲ့တဲ့ ကုန်ဈေး နှုန်းနဲ့ အဝင်တွေကို လေ့လာကြည့်ရင်-
နေ့စွဲ အဝင်ပိဿာချိန် တစ်ပိဿာ(ကျပ်) ထိပ်စ လတ်စ အောက်စ၁ .၇ .၁၄ ၃၅၀၀၀ ၄၂၅ ၃၇၅ ၃၀၀၂ .၇ .၁၄ ၇၀၀၀၀ ၄၂၅ ၃၇၅ ၃၀၀၃ .၇ .၁၄ ၈၀၀၀၀ ၄၂၅ ၃၇၅ ၃၀၀၄ .၇ .၁၄ ဥပုသ်၅ .၇ .၁၄ ၁၁၀၀၀၀ ၄၅၀ ၄၀၀ ၃၂၅၆ .၇ .၁၄ ၇၅၀၀၀ ၄၅၀ ၄၀၀ ၃၂၅၇ .၇ .၁၄ ၇၅၀၀၀ ၄၇၅ ၄၅၀ ၃၅၀၈ .၇ .၁၄ ၁၄၀၀၀ ၄၇၅ ၄၅၀ ၃၅၀
ဒစ်ဂျစ်တယ်ငွေကြေးတွေကို အသုံးပြုတဲ့အခါ မမှန်မကန် လုပ်တာကို အကာအကွယ်ပေး မယ့်စည်းမျဉ်း ဥပဒေ တွေမပြဋ္ဌာန်းမီ အထိ Bitcoin ကဲ့သို့ ငွေကြေးသဘောအသုံးပြုတဲ့ငွေကြေး မျိုးနဲ့လုပ်ငန်းတွေ မဆောင်ရွက်ဖို့ ဒေသတွင်းရှိဘဏ်တွေကို ဥရောပဘဏ်လုပ် ငန်းကြီးကြပ်သူတွေက ဇူလိုင် ၄ ရက်က နှိုးဆော်ထားကြောင်း အေအက်ဖ်ပီ သတင်းမှာ ဖော်ပြပါတယ်။
အိမ်ခြံမြေဈေးနှုန်းတွေခေါင်ခိုက် အောင်မြင့်တက်နေပေမယ့် မြို့ပြတည် ဆောက်ရေးနဲ့ ရေရှည် တည်တံ့တဲ့ အဆောက် အဦတွေ တည်ဆောက်ရေး ကအာရှပစိဖိတ်ဆောက်လုပ်ရေးဈေး ကွက်ကို ဦးဆောင်သွားလိမ့်မယ်လို့Frost & Sullivan သုတေသနအဖွဲ့ရဲ့ သုံးသပ်ချက်ကို သည်နေရှင်းသတင်းမှာ ဖော်ပြပါတယ်။