Main menu

Background

Thursday, 26 Feb 2015

အတွဲ(၁၅)၊ အမှတ်(၈)

တာချီလိတ်နယ်စပ် ကုန်သွယ် ရေးစခန်း ထုတ်နုတ်အင်အားဖြင့် Mobile Team ဝှေ့ရဲစစ်ဆေးရေး ဂိတ်မှ ဦးစီးအရာရှိ ဦးစီးတဲ့အဖွဲ့သည် ဖေဖော် ဝါရီလ ၁၂ ရက်နေ့တွင် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ တာချီလိတ် မိုင်းဆက်လမ်းကြောင်းပေါ်ရှိစစ်မှုထမ်းဟောင်း ကားရေဆေးခုံအနီးတွင် မိုင်းဆတ်သို့ သယ်ယူရန်စုပုံထားတဲ့ တရုတ်နိုင်ငံထုတ်စပါးအရက်နှင့် Blue River စီးကရက်များကို စစ်ဆေးတွေ့ရှိ သဖြင့် အကောက်ခွန်အမှုတွဲ ဖွင့်လှစ်သိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။

 

 

Thursday, 26 Feb 2015

အတွဲ(၁၅)၊ အမှတ်(၈)

 မြဝတီမှ ရန်ကုန်သို့ ထွက်ခွာလာ တဲ့သွင်းကုန်ဂျူတီယာဉ် ၁၂ ဘီးအမျိုး အစားသည့် စစ်တောင်း တံတားဟောင်း နဲ့ အသစ်လမ်းဆုံရှိ ညောင်ခါးရှည်မှာ အခြေပြု၍  စစ်ဆေးရေးဆောင်ရွက် နေသော Mobile Team  အဖွဲ့ (၂) ထံ ဝင်ရောက်စစ်ဆေးခံခဲ့ရာမှာ IDမှာ ကြေညာသည်ထက် ပိုမိုတင်ဆောင်လာ သောDog Food ၁၅ အိတ် (၃၁၀ ကီလိုဂရမ်) အား   စစ်ဆေးတွေ့ရှိတဲ့ အတွက်      လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန် အမှုတွဲဖွင့် သိမ်းဆည်းခဲ့ တယ်လို့ သိရပါတယ်။

 

Pages