Main menu

Background

Monday, 3 Jul 2023

မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၃)ကို ဇွန် ၂၁ ရက် နံနက် ၉ နာရီ က နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ညီလာခံခန်းမ၌ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

Wednesday, 21 Jun 2023

မိုးရာသီကာလ  ရောက်ရှိလာပြီဖြစ်သဖြင့် မကွေးမြို့ပေါ်ရှိ ပန်းအလှပင်၊ သီးပင်၊ စားပင်များ စိုက်ပျိုးရောင်းချနေသော  အရောင်းဆိုင်များ၌ အရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရှိရ သည်။

Wednesday, 21 Jun 2023

ဆန်စပါးသည် မြန်မာနိုင်ငံတွင် ရှေးနှစ်ပေါင်းများစွာကပင် စိုက်ပျိုးထုတ်လုပ်ခဲ့သည့် အဓိကစားကုန်၊ စားနပ်ရိက္ခာတစ်မျိုးဖြစ်သည်။  စက်ယန္တရားများ  မပေါ်ပေါက်သေးသည့် အချိန်ကာလ ကတည်းကပင် နည်းမျိုးစုံဖြင့် စပါးကို ဆန်ဖြစ်အောင် ပြုလုပ်စား သောက်ခဲ့ကြသည်။ လက်ဆုံ၊ မောင်းဆုံတို့ဖြင့် ထောင်း၍  ဆန်ဖြစ် အောင် ပြုလုပ် စားသုံးခဲ့ကြသည်။ ၁၈၆၀ ပြည့်နှစ်ခန့်တွင် အင်္ဂလန် နိုင်ငံမှ ပညာရှင်နှစ်ဦးက ဆန်စက်ကို တီထွင်ထုတ်လုပ်ခဲ့ကြပြီး ဆန် စက်ဖြင့် စပါးကို ကြိတ်ခွဲလာခဲ့ကြရာ ယခုအခါတွင် ခေတ်မီဆန်စက် များ များစွာပေါ်ထွက်လာ၍ ဆန်စက်ဖြင့်သာ စပါးကြိတ်ခွဲခြင်းကို ပြုလုပ်ကြသည်။

Tuesday, 20 Jun 2023

စစ်ကိုင်းစက်မှုဇုန်၌ စားသောက်ကုန် ထုတ်လုပ်သည့် စက်ရုံ  ကိုးရုံရှိသည့်အနက် Global  Distribution Partner  လုပ်ငန်းသည် အသင့်စား စားသောက်ကုန်ဖြစ်သော  ရှမ်း ခေါက်ဆွဲသုပ်၊ ဆီချက်ခေါက်ဆွဲနှင့်  တိုဟူးနွေးတို့ကို  ထုတ် လုပ်သော လုပ်ငန်းတစ်ခုဖြစ်သည်။   လုပ်ငန်းကို ၂၀၂၁ခုနှစ် စက်တင်ဘာလက မတည်ရင်းနှီးငွေ ကျပ်သိန်း  ၅၀ဝခန့်ဖြင့် စတင်ခဲ့သည်။ စက်ရုံ၌ ကုန်ကြမ်းဆန်  ခေါက်ဆွဲခြောက်များ အား ကိုယ်တိုင်ပြုလုပ်ပြီး ပဲငါးပိကို သီပေါမြို့မှလည်းကောင်း၊ ကြက်သွန်ဖြူကြော်နှင့် မြေပဲလှော်အား   မန္တလေးမြို့မှလည်း ကောင်း ဝယ်ယူကြောင်း သိရသည်။ 

Tuesday, 20 Jun 2023

ဇွန် ၁ ရက်မှ ၁၄ ရက်အထိ  စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး  ကျပ်သန်း၂၃၀ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့ အိပ်ချိန်း (YSX) မှ သိရသည်။
အဆိုပါကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာ အစောင် ရေ စုစုပေါင်း ၉၃၇၄၁ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၂၃၃ ဒသမ ၂၆ သန်း ရှိခဲ့ ခြင်းဖြစ်သည်။

Monday, 19 Jun 2023

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များအား ပိုမိုနားလည်သိရှိစေရန် ရှင်း လင်းဆွေးနွေးပွဲကို ဇွန်  ၇ ရက်က ရန်ကုန်မြို့ရှိ  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်းချုပ်တွင် ကျင်းပခဲ့သည်။

Monday, 19 Jun 2023

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Export Promotion Task Force)၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို  ဦးဆောင်၍ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ  ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့်  မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်တို့လိုက်ပါ၍ ဇွန် ၁၀ ရက်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ  ရွာငံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ ကော်ဖီ အသင်း၊  ရွာငံကော်ဖီစိုက်ပျိုးထုတ်လုပ်  တင်

Monday, 5 Jun 2023

လူဦးရေထူထပ်သော မြို့များ(တစ်စတုရန်း မိုင်တွင် လူဦးရေ ၅၀ဝကျော်ရှိသော)နှင့်  စက်မှု ဖွံ့ဖြိုးသောမြို့များတွင် စနစ်တကျ အမှိုက်စွန့်ပစ် ရန်   လိုအပ်ကြောင်း ကျွမ်းကျင်ပညာရှင်များက လေ့လာ သုံးသပ်ထားသည်။   အမှိုက်စွန့်ပစ်မှု စနစ်မကျ၍   ရင်နင့်ဖွယ်ဖြစ်ခဲ့ရပုံများကို  ကမ္ဘာ့ နိုင်ငံများတွင် ကြုံတွေ့ခံစားခဲ့ကြရသည်။  မြေဆီ လွှာ အရည်အသွေး ကျဆင်းခြင်း၊   စီးရေနှင့် မြေ အောက်ရေ ညစ်ညမ်းခြင်း၊ လေကောင်းလေသန့် ဆုံးရှုံးခြင်း၊ ပင်လယ်နှင့် မြစ်ချောင်းများရှိ  ရေနေ သတ္တဝါများ  သေကြေပျက်စီးကြခြင်းတို့မှာလည်း အမှိုက်စွန့်ပစ် စီမံခန့်ခွဲမှု  အားနည်းရခြင်း၏ရလဒ် များဖြစ်သည်။ စီမံခန့်ခွဲမှုတွင်  အမှ

Monday, 5 Jun 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ်Hainan International Convention and Exhibition Center  ၌ ၂၀၂၃ ခုနှစ်  အောက်တိုဘာ ၁၂ ရက် မှ ၁၅ ရက်အထိ ပထမအကြိမ် ကျင်းပပြုလုပ်မည့် ဟိုင်နန်အပြည်ပြည်ဆိုင်ရာ အပူပိုင်း ဒေသအစားအစာများဆိုင်ရာ ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေ းလုပ်ငန်းများ ပါဝင်ပြသနိုင်ကြောင်း ဖိတ်ကြားထား သည်။ 
အဆိုပါပြပွဲ၌   နိုင်ငံတကာအဆင့်မီ  ပြခန်းပေါင်း  ၂၅၀ဝ ပါဝင်မည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံမှ ဒေသထွက် စားသောက်ကုန်များ ပါဝင်ပြသနိုင်မည်ဖြစ်သည်။

Monday, 5 Jun 2023

မကာအိုအထူးအုပ်ချုပ်ရေးဒေသ မကာအိုမြို့ရှိ Galaxy International Convention Center  ၌ ဇူလိုင် ၂၇ ရက်မှ ၃၀ ရက်အထိ (၁၅) ကြိမ်မြောက် ကျင်းပပြုလုပ်မည့် မကာအိုနှင့် ကွမ်တုံဒေသ ကုန်အမှတ်တံဆိပ်ထုတ်ကုန်ပြပွဲ - ၂၀၂၃ (  15th Guangdong and Macao Branded Products Fair 2023 – GMBPF) သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းများ ပါဝင်ပြသနိုင် ကြောင်း ဖိတ်ကြားထားသည်။ 

Pages