Main menu

Background

Thursday, 16 Mar 2023

ကျပ်သန်း ၁၃၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်မှ  မတ် ၈ ရက်အထိ နှစ်ပတ်တာကာလ အတွင်း စာရင်းဝင် ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း  ၁၃၀ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX)  မှ သိရသည်။ အဆိုပါကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း ၄၂၂၄၈ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၁၃၈ ဒသမ ၁၈ သန်း ရှိခဲ့ခြင်း ဖြစ်သည်။

Tuesday, 14 Mar 2023

လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် ရော်ဘာအရည်အသွေး မြှင့်တင်ခြင်းနှင့် ရော်ဘာလုပ်ငန်းများအတွက် ဈေးကွက်သုတေသနပြုလုပ်ခြင်း စီမံကိန်း အကောင်အထည်ဖော် ဆောင် ရွက်ရေးအတွက် ရော်ဘာစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ မြို့တော်ခန်းမ၌ မတ် ၁၀ ရက် တွင် ကျင်းပခဲ့သည်။ ဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး စီးပွားရေး ရာဝန်ကြီး ဦးမောင်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာ  ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏  ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ ထိန်လင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ 

Friday, 3 Mar 2023

ယခု၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ၁၀လတာ အတွင်း ရေနံထွက်ပစ္စည်း တင်သွင်းမှုအနေဖြင့် အမေရိကန်ဒေါ်လာ  ၄ ဘီလီယံကျော်အထိ ရှိကြောင်း   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။ 
လက်ရှိ ဘဏ္ဍာနှစ် စတင်သည့် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ်   ဇန်နဝါရီလ ကုန်အထိ   ပြည်ပမှတင်သွင်းသည့် သွင်းကုန် ပစ္စည်း ၁၀ မျိုးတွင် ရေနံထွက်ပစ္စည်းများကို အများဆုံး တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

Wednesday, 1 Mar 2023

အာဆီယံအသိုက်အဝန်း  ၂၀၂၅ အလွန်  မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ ဆဋ္ဌမအကြိမ် မြောက် အစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၁ ရက်ထိ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိGrand Hyatt Hotel  ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

Wednesday, 1 Mar 2023

မူပိုင်ခွင့်ဦးစီးဌာန၏   အမှတ် တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စား လှယ်သင်တန်း အမှတ်စဉ်  ၁/၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၃  ရက် နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန  မူပိုင်ခွင့်ဦးစီးဌာန၊  ရုံး အမှတ်(၅၂ )၌Virtual စနစ်ဖြင့် ကျင်းပ ခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ်၊ ဌာနခွဲအသီးသီးမှ ညွှန်ကြား ရေးမှူးများနှင့်  သင်တန်းနည်းပြများ တက်ရောက်ကြပြီး  ညွှန်ကြားရေးမှူး ချုပ်  ဒေါက်တာမိုးမိုးသွယ်က အဖွင့် အမှာစကား ပြောကြားသည်။

Wednesday, 1 Mar 2023

ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့  World Intellectual Property Organization-WIPO)  က ချီးမြှင့်မည့် ၂၀၂၃ ခုနှစ် ကမ္ဘာလုံး ဆိုင်ရာ ဆုတံဆိပ်အတွက် လျှောက်ထားမှုများအား လက်ခံ သွားမည်ဖြစ်ကြောင်း အဖွဲ့ဝင်နိုင်ငံများထံသို့ အကြောင်းကြား ထားကြောင်း သိရှိရသည်။

Wednesday, 1 Mar 2023

မြန်မာနိုင်ငံနှင့်  တရုတ်နိုင်ငံ  ယူနန်ပြည်နယ်တို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များအား ပိုမိုမြှင့်တင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့် ယူနန်ပြည်နယ် ကူးသန်းရောင်း ဝယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ်တို့  ဦးဆောင်၍ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၉နာရီ ခွဲတွင် ရုံးအမှတ်(၃) နေပြည်တော်၌ ကျင်းပခဲ့သည်။ အစည်းအဝေးကို  မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ  ယူနန် ပြည်နယ်တို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များအား ပိုမိုမြှင့်တင်ဆောင်ရွက်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး အစည်း  အဝေးသို့ မြန်မာနိုင်ငံဘက်မှ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြား

Wednesday, 1 Mar 2023

ဖေဖော်ဝါရီ ၂၅ ရက်    နံနက် ၉ နာရီတွင် စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်)  ပဉ္စမထပ်အစည်းအဝေးခန်းမ၌ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု အခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ်(၆) သင်တန်းဆင်းပွဲ နှင့် သင်တန်းဆင်းအောင်လက်မှတ် အပ်နှင်းခြင်း အခမ်းအနား ကျင်းပခဲ့သည်။ သင်တန်းဆင်းပွဲသို့ စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာ စကား ပြောကြားခဲ့သည်။ ၎င်းက နိုင်ငံတကာစီးပွားရေးဈေးကွက် တွင် ယှဉ်ပြိုင်ထိုးဖောက်နိုင်မည့် ပို့ကုန်လုပ်ငန်းရှင်သစ်များနှင့် စီးပွားရေးနှင့်  ကုန်သွယ်ရေးလုပ်ငန်းရှင်များ မွေးထုတ်ရ

Tuesday, 28 Feb 2023

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် နှစ်တစ်ရာအကျိုးမျှော် ဝါး လက်မှုအခမဲ့ သင်တန်းကို နှစ်ရက်တာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကိုNay Pyi Taw UNEC MM ကုမ္ပဏီလီမိတက်နှင့် Earth Vocational Training Center တို့ပူးပေါင်း၍ ကျောက်ဖြူမြို့ အရာရှိရပ်ကွက်တွင် လာမည့် မတ် ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် နှစ်ရက်တိုင်တိုင် ပြုလုပ်သွားမည်ဖြစ် သည်။

Pages