Background
ဒီဇင်ဘာလ ရေစစ်တဲ့အချိန် ချောင်းမြောင်းတွေရေခမ်း လို့ ပေါ်ပေါက်လာခဲ့တဲ့ သဲသောင်တွေမှာ စိုက်ပျိုးထုတ်လုပ် ကြတဲ့ဆောင်းစိုက်ကြက်သွန်နီတွေဟာ မတ်လကုန်၊ ဧပြီ လမှာလှိုင်လှိုင်ထွက်ပေါ်ကြပါတယ်။ပခုက္ကူခရိုင်ထဲက ပေါက် မြို့နယ် နဲ့ ဆိပ်ဖြူမြို့နယ်တွေဟာ ယောချောင်း၊ ကျောချောင်း တစ်လျှောက် ဒီဇင်ဘာကုန်မှာ ပေါ်လာတဲ့ သဲသောင်တွေမှာ သစ်ပင်တွေကို အဓိကထားစိုက်ပျိုးကြတဲ့မြို့နယ်တွေ ဖြစ်ပါတယ်။
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်နဲ့ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ် နယ်စပ် ကုန် သွယ်ရေး စခန်းများမှ မေလ ၃ ရက်မှ ၉ ရက်ထိ ကာလ အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၀၇၄ သန်း တန်ဖိုးရှိ ပရဆေး ကုန်ကြမ်း ၁၆၅၅တန်ကျော် တင်ပို့ခဲ့ပါတယ်။
ဧပြီလထဲက အရောင်းအဝယ်ဖြစ်လာခဲ့တဲ့ ရှမ်းနနွင်းက ဒီတစ်ပတ်မှာလည်း အရောင်းအဝယ်ဖြစ်နေတုန်းပါပဲ။ အရင် အပတ်တွေတုန်းကတော့ ဘင်္ဂလားဒေ့ရှ်ကို ပို့ဖို့အတွက် တောင်ကုတ်ဝယ်လက်တွေက ဝယ်ယူခဲ့ပြီး၊ဒီတစ်ပတ်တော့ တရုတ် ဝယ်လက်တွေက ဝယ်နေပါတယ်။ အဟောင်းတွေကလည်း ကျန်နေပြီး အသစ်တွေကလည်း ဈေးကွက်ကို ဝင် လာတာေ ကြာင့်ပစ္စည်းက အဝင်လှိုင်နေတယ်လို့ ဆိုပါတယ် ...။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြား မှုဦးစီးဌာန၊ (လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုး တိုးတက်ရေးဌာနခွဲ) ကုန်သွယ်မှု သင်တန်းကျောင်း (ရန်ကုန်) နှင့်International Beverages Trading Company Limited (IBTC) တို့ ပူးပေါင်း၍ ' Seminar on Inter-national Practices on Trade Remedies" ကို ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ ပဉ္စမထပ်ရှိ ညီလာခံခန်းမမှာ မေလ ၁၆ ရက်၊သောကြာနေ့နံနက်၀၈း၃၀ အချိန် မှာဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်
၂၀၁၄ ဧပြီလ ၂၀ ရက်မှ ဧပြီလ ၂၆ ရက်အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေသြဇာ တန်ချိန်နှစ်ထောင့်ရှစ်ရာကျော် အဝင် ရှိခဲ့တာကြောင့် ယခင် တစ်ပတ် အဝင်နဲ့ယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် နှစ်ထောင့်ခြောက်ရာကျော်အဝင်လျော့
ကန်ဒေါ်လာ ငါးသိန်းငါးသောင်းကျော်တန်ဖိုးရှိ မြေသြဇာ ၂၈၅၀ ဒသမ ၀၅၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဧပြီလ ၂၀ ရက်မှ ဧပြီလ ၂၆ ရက်သီတင်းပတ်အတွင်း
ဧပြီလ၂၀ ရက်မှ ၂၆ ရက်သီတင်းပတ်အတွင်းမှာ ကန်ဒေါ်လာ ခြောက်ဆယ့် သုံးသိန်းကျော်တန်ဖိုးရှိ ဘိလပ်မြေ ၇၆၄၉၉ ဒသမ ၁၀ တန်ကို ပင်လယ်ရေကြောင်း
ဒီတစ်ပတ်ဘိလပ်မြေဈေးကွက်အခြေအနေများမှာ-၂၀၁၄ ဧပြီ်လ ၂၀ ရက်မှ ဧပြီ်လ ၂၆ ရက်သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ခုနှစ်သောင်းခြောက်ထောင်ကျော်ရှိခဲ့တယ် လို့ သိရပါတယ်။
လယ်ယာထွက်ကုန် ကောက်ပဲသီးနှံမျိုးစုံကို စိုက်ပျိုးထုတ်လုပ် သည်မှစပြီး သန့်စင်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ကုန် ချောအဖြစ် ပြုပြင်ထုတ်လုပ်ခြင်းနဲ့ နောက်ဆုံးစားသုံးသူလက်ဝယ် အရောက် ရောင်းချခြင်းစတဲ့ လုပ်ငန်းအဆင့်ဆင့်ဟာ ကုန်သွယ်ရေး လုပ်ငန်းမှာ အရေးပါတဲ့လုပ်ငန်းများဖြစ်ပါတယ်။
ဥရောပသမဂ္ဂမှာရှိတဲ့ နိုင်ငံတွေအနက် ဂျာမနီနိုင်ငံက ဗီယက်နမ်ပို့ကုန်တွေရဲ့ အရေးကြီး ဆုံးဈေးကွက်ဖြစ်ပြီး ရှေ့ဆက်ပို့ကုန်တင်ပို့ဖို့ အလားအလာကောင်းတွေရှိကြောင်း ဗီယက်နမ်စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနMOIT ရဲ့ ကုန်သွယ်မှုမြှင့်တင်ရေးဌာနအကြီးအကဲက ပြောကြားပါတယ်။ ဝန်ကြီးဌာနရဲ့ စာရင်းများအရ လွန်ခဲ့တဲ့နှစ်က ဂျာမနီကို ပို့ကုန်တင်ပို့မှု ဒေါ်လာ ၃ ဒသမ ၃၅ ဘီလီယံရှိပြီး ၂၀၁၀ ထက် ၄၁ ရာခိုင်နှုန်းပိုမိုမြင့်မားခဲ့ပါတယ်။