Main menu

Background

Tuesday, 21 Jun 2011

ဂျပန်မော်တော်ကားနဲ့ အီလက်ထရွန်းနစ်ထုတ်လုပ်သူတွေ လုပ်ငန်းပြန်လည်စတင်                  မတ် ၁၁ ရက်မြေငလျင်အပြီး သုံးလအကြာတွင် ဂျပန် မော်တော်ကားနဲ့ အီလက်ထရွန်းနစ်လုပ်ငန်းများ ပြန်လည် နာလန်ထူလာနိုင်ပြီဟုဆိုသည်။ ဖူကူးရှီးမား အမှတ် ၁ နျူကလီးယားဓာတ်အားပေးစက်ရုံတွင် ဖြစ်ပွားသော ပြဿနာ များကြောင့် အလှည့်ကျမီးဖြတ်ပေးနေခြင်းကြောင့် စက်ရုံများကို ထိခိုက်မှုဖြစ်ပွားခဲ့ရာ အချို့ စက်ရုံများက ပင်လယ်ရပ်ခြား တွင် ထုတ်လုပ်ခဲ့ရာမှ လုပ်ငန်များကို ပြည်တွင်း၌ ပြန်လည် နေရာချထားခဲ့ပါတယ်။                   ယခုလထဲမှာ တိုယိုတာမော်တာကော်ပိုရေးရှင်းနဲ့ နီဆန်း မော်တာကုမ္ပဏီတွေရဲ့ ထုတ်လုပ်မှုဟာ သဘာဝ ဘေးမကြုံမီ ကာလအဆင့်ထိ ပြန်လည်နာလန်ထူလာပြီ ဖြစ်ပါတယ်။ ဟွန်ဒါမော်တာ ကုမ္ပဏီက သြဂုတ်လ လောက်မှာ ပုံမှန်ထုတ်လုပ်မှု အဆင့်ကိုပြန်ရောက်မယ်လို့ မျှော်မှန်းထားပါတယ်။ မော်တော်ကားထုတ်လုပ်သူတွေက ဆုံးရှုံးခဲ့တဲ့ ထုတ်လုပ်မှု တွေကို ဒီဘဏ္ဍာရေးနှစ်ရဲ့ နောက်ဆုံးနှစ်ဝက်မှာ ပြန်ဖြည့်ပြီး ပို့ကုန်တွေတိုးမြှင့် နိုင်မယ်လို့ ခန့်မှန်ထားပါတယ်။ အီလက်ထရွန်းနစ် လုပ်ငန်းတွေကလည်း လုပ်ငန်းကျ ဆင်းမယ်လို့ စောစောပိုင်းကခန့်မှန်း ခဲ့ပါတယ်။ ွRemesas Electronics Corp.ကမော်တော်ကားတွေမှာ သုံးတဲ့ မိုက်ကရိုကွန်ထရိုလာတွေကိုအများဆုံး ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ပြီး ဒီကုမ္ပဏီကလည်း စက်တင်ဘာလကုန်လောက်မှာ ငလျင်မလှုပ်မီက အခြေအနေကို ပြန်ရောက်အောင် ထုတ်လုပ်နိုင်မယ်လို့ခန့်မှန်ထားပါတယ်။ ဆိုနီကုမ္ပဏီရဲ့ ထုတ်လုပ်မှု အခြေအနေက နေရာအလိုက်အမျိုးမျိုးရှိနေပါတယ်။

Monday, 13 Jun 2011

တရုတ်နိုင်ငံက မော်တော်ယာဉ်အတွက် ထောက်ပံ့ငွေ အစီအစဉ်ကြေညာ               တရုတ်နိုင်ငံက မော်တော်ယာဉ်အတွက် ထောက်ပံ့ငွေအစီအစဉ်သစ်ကို ဇွန် ၈ ရက်က ကြေညာပါတယ်။ အစီအစဉ်ရဲ့ မော်တော်ယာဉ် ပိုင်ရှင်တွေက အသုံးမပြုတော့ကားတွေကို ယခုနှစ် အတွင်းဖျက်စီးပစ်မယ်ဆိုရင် ယွမ် ၁၈ဝဝဝ (၂၇၆၉ ဒေါ်လာ) ရရှိမှာ ဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ်မှာ မော်တော်ယာဉ်ဖျက်စီးဖို့ မှတ်ပုံတင်ထားရင် အစိုးရ ထောက်ပံ့ငွေ ယွမ် ၁၁ ဝဝဝနဲ့ ၁၈ ဝဝဝ အကြားရရှိမှာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ ဘဏ္ဍရေးဝန်ကြီး ဌာနတွေက ကြေညာချက်ထုတ်ပြန်ပါတယ်။ ဒီအစီအစဉ်ထဲမှာ ၆ နှစ်ကနေ ၁၅ နှစ် သက်တမ်းရှိ ကျေးလက်ဒေသက လူစီယာဉ်တွေ သက်တမ်း ၈နှစ်က ၁၅ နှစ်ရှိ ဘတ်စကားတွေနဲ့ သက်တမ်း ၁ဝ နှစ်က ၁၅ နှစ်ရှိ ထရပ်ကားကြီးတွေ ပါဝင်ပါတယ်။                 တရုတ်နိုင်ငံရဲ့ ကားဟောင်းအသစ်လဲလှယ် ရေး အစီစဉ်က ၂ဝ၁ဝ ပြည့်နှစ်ကုန်က ပြီးဆုံးခဲ့ပါ တယ်။ ဒီအစီအစဉ်မှာတုန်းက ယာဉ်ဟောင်း အစား ယာဉ်အသစ်ဝယ်ရင် အစိုးရက ထောက်ပံ့ ကြေးတွေ ပေးခဲ့ပါတယ်။ ယာဉ်ဟောင်းအစား ယာဉ်သစ်ဝယ်ရင်အစိုးရက ထောက်ပံ့ကြေးတွေ ပေးခဲ့ပါတယ်။ ယာဉ်ဖလှယ်ရေး အစီအစဉ် တုန်း က ယခုငွေကြေးထောက်ပံ့ရေး အစီအစဉ်ထက် ယာဉ်အမျိုးအစား ပိုမိုပါဝင်ပြီး အသေးစားထရပ် ကားများနဲ့ ခရီးသည်တင်ယာဉ်တွေ ပါဝင်ပါတယ်။                     ယာဉ်ဖလှယ်ရေး အစီအစဉ်ဆောင်ရွက်တဲ့ ရည် ရွယ်ချက်က မော်တော် ယာဉ်အသစ်တွေရောင်းချ ရေးနဲ့ ဓါတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးတို့ အတွက် ဖြစ်ပါတယ်။ Source: xinhua

Monday, 13 Jun 2011

အပြည်ပြည်ဆိုင်ရာဝယ်လိုအားကြောင့် တောင်ကိုရီးယားရဲ့ ကားထုတ်လုပ်မှု မေလတွင် မြင့်တက်               ပင်လယ်ရပ်ခြားက ဝယ်လိုအားမြင့်တက်တဲ့ အတွက် တောင်ကိုရီးယားနိုင်ငံရှိ ကား ကုမ္ပဏီကြီး ငါးခုရဲ့မေလမှာထုတ်လုပ်မှုဟာ ယခင်နှစ်အလားတူကာလထက် ၁ဝ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုခဲ့တယ် လို့ ပြည်တွင်းလုပ်ငန်း အဖွဲ့တစ်ခုက ဇွန် ၇ ရက်နေ့ က ပြောပါတယ်။                ဟွန်ဒိုင်းမော်တာကုမ္ပဏီဦးဆောင်တဲ့ မော်တော်ကား ထုတ်လုပ်သူတွေက ၂ဝ၁ဝ ခု မေက စင်းရေ ၃၆၁၈၁၉ စင်းထုတ်လုပ်ခဲ့ရာ မှ မေက ကားစင်းရေ ၃၈၈၆၆၆ စင်းထုတ်လုပ်ခဲ့တယ်လို့ တောင်ကိုရီးယား မော်တော်ကား ထုတ်လုပ်သူများ အသင်း ( KAMA) က ပြောပါတယ်။ ပြည်ပတင်ပို့မှုက ၁ဝ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ပြီး စင်းရေ ၂၆၁ ၆ဝ၂ စင်းထိရောက်ရှိ ခဲ့တဲ့ အတွက် မော်တော်ကားထုတ်လုပ်သူ အားလုံး ရဲ့ စုစုပေါင်းအရောင်းက ယခင်နှစ်ကထက် ၈ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး စင်းရေ ၃၈၂ ၁၄ဝ စင်းရှိခဲ့ပါတယ်။                 မော်တော်ကား ကုမ္ပဏီငါးခု စုစုပေါင်းရဲ့ မေအရောင်းက စင်းရေ ၆၃၈၁၁ဝ စင်းရှိခဲ့တယ် လို့ စောစောပိုင်းက ကြေညာခဲ့ပါတယ်။ ဒီအရေ အတွက်ထဲမှာ ပင်လယ်ရပ်ခြား ဈေးကွက်တွေ ထဲမှာ ထုတ်လုပ်ရောင်းချခဲ့တဲ့ ကားတွေလည်းပါ ဝင် ပါတယ်။ မော်တော်ကား ထုတ်လုပ်သူတွေထဲ မှာ ဂျီအမ်ကိုရီးယားကုမ္ပဏီ၊ ဂျီအမ်မော်တာ ကုမ္ပဏီရဲ့ ကိုရီးယားယူနစ်၊ ရေးနော့ ဆမ်းဆောင်း မော်တာ ကုမ္ပဏီ၊ ပြင်သစ်ရေးနော့ အက်စ်အေနဲ့ Ssamgyong Motor Co. တို့ပါဝင် ပါတယ်။ Source: yonhap.com 

Monday, 13 Jun 2011

ငလျင်ဘေးဒဏ်ပြန်လည်တည်ဆောက်ရေးအတွက် ယန်းထရီလီယံများစွာ ကုန်မည်              မတ် ၁၁ရက် မြေငလျင်နဲ့ ဆူနာမီ သဘာဝဘေးအန္တရာယ်ကြောင့် ဂျပန်နိုင်ငံမှာ ဒေဝါလီခံ သို့မဟုတ် လုံးဝပျက်စီး သွားတဲ့ ကုမ္ပဏီ ၁၄၅ ခုရှိတယ်။ ၁၉၉၅ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မဟာဟန်ရှင်း ငလျင်ကြီးဖြစ်ပွားပြီး နောက်ပိုင်း ကုမ္ပဏီ အပျက်အစီးအများဆုံး သဘာဝဘေးတစ်ခု ဖြစ်တယ်လို့ ပုဂ္ဂလိက သုတေသနလုပ်ငန်းဖြစ်တဲ့ တိုကျိုရှိကို သုတေသနဌာနက ပြောပါတယ်။ ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ရတဲ့ အပျက်အစီးတွေကို နောင်ထပ် ၁ဝ နှစ်လောက်ပြန်လည်တည်ရမှာ ဖြစ်ပြီးဗဟိုအစိုးရနဲ့ ဒေသဆိုင်ရာအစိုးရတွေက ယန်း ၁၄ ထရီလီယံကနေ ၁၈ ထရီလီယံအထိ သုံးစွဲဖို့လိုမယ်လို့ အခြား ပုဂ္ဂလိက သုတေသနလုပ်ငန်းတစ်ခု ဖြစ်တဲ့ ဂျပန်သုတေသနသိပ္ပံက ဇွန် ၆ ရက်က ပြောပါတယ်။             ၂ဝ၁၁ ခုနှစ် ဘဏ္ဍနှစ်အတွက် အစိုးရက ယန်း ၉ ဒသမ ၁ထရီလီယံ သုံးစွဲဖို့လိုမယ့်ထဲက ၅ထရီလီယံကို အရန်အဖြစ်ဖယ်ထားပြီး ၂ဝ၁၂ ခုနှစ် မတ် ၃၁ ရက် ဘတ်ဂျက်မှာ ယန်း ၄ ထရီလီယံကို ထပ်တိုးပေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ခန့်မှန်းခြေ အသုံးစရိတ်ကို တွက်ချက်ရာမှာ မတ်လအတွင်းက အစိုးရက ကြေညာခဲ့တဲ့ အပျက်အစီး စာရင်းခန့်မှန်းချက်ကို အခြေခံပြီး ၁၉၉၅ ခုနှစ်က ဟိုဂိုစီရင်စုမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်တုန်းက အစိုးရက ပြည်သူတွေရဲ့ နေစဉ်ဘဝအခြေအနေတည်ငြိမ်ဖို့ ဆောင်ရွက်ပေးခဲ့တဲ့ ပမာဏနဲ့ ချိန်ဆတွက်ချက်ခဲ့တာ ဖြစ်ပါတယ်။Source: japantodays.com

Tuesday, 7 Jun 2011

ငလျင်ဒဏ်ခံရသော ကားအစိတ်အပိုင်း ထုတ်လုပ်သူတွေကို ဂျပန်ကထောက်ပံ့မည်               မတ် ၁၁ရက် မြေငလျင်နဲ့ ဆူနာမီ ဒဏ်ကိုခံရတဲ့ မော်တော်ကား အစိတ် အပိုင်း ထုတ်လုပ်သူတွေကို ထောက်ပံ့ ဖို့ ယန်းဘီလီယံ ၅ဝ (ဒေါ်လာ ၆၁၇သန်း) ရှိရန်ပုံငွေကို ထူထောင်ဖို့ ဂျပန်အစိုးရဘဏ်က စီစဉ်နေတယ်လို့ အရာရှိတစ်ဦးက မေ ၃ဝရက်နေ့က ပြောပါတယ်။             ဂျပန်ဖွံ့ဖြိုးရေးဘဏ်က အဓိက ဘဏ်ကြီးတွေဆီကနေ ရင်းနှီးမြှုပ်နံှမှု တွေကို ရယူပြီး ရန်ပုံငွေအဖွဲ့ကို ဇွန်မှာ ထူထောင်မယ်လို့ ဘဏ်အရာရှိ တစ်ဦး က ပြောပါတယ်။ ဒီကိစ္စနှင့် ပတ်သက် ပြီး မကြာမီမှာ တရားဝင်ကြေညာချက် ထုတ်ပြန်မယ်လို့ ပြောပါတယ်။ အစီအစဉ်အရ လိုအပ်တဲ့ ရင်းနှီး မြှုပ်နံှမှုတွေကို ဘဏ်ကတစ်ဆင့် ဂျပန် မော်တော်ကား အစိတ်အပိုင်းထုတ်လုပ်ရေးလုပ်ငန်း အသင်းကိုပေးပါမယ်။ အသင်းကတစ်ဆင့် အဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ လက်ခွဲကန်ထရိုက်တွေကို ငွေ သား ထုတ်ပေးသွားပါမယ်။ ဂျပန်နိုင်ငံရှိ မော်တော်ကား ထုတ် လုပ်ရေး ကုမ္ပဏီတွေကို လေအေးပေး စက်လို အတွင်းပိုင်းကိရိယာ တန်ဆာ ပလာ အစိတ်အပိုင်းတွေ ပေးသွင်းတဲ့ မော်တော်ကား အစိတ်အပိုင်း ထုတ်လုပ်သူ ၈ဝဝကျော်ရှိပါတယ်။ ဒီကုမ္ပဏီတွေရဲ့ လက်ခွဲကန်ထရိုက် ၄ဝဝဝနဲ့ လက်ခွဲကန်ထရိုက်တွေကနေ တစ်ဆင့် ထပ်ယူတဲ့ ကန်ထရိုက် ၂ဝဝဝဝ လောက်ရှိတယ်လို့ မီဒီယာ တွေက ပြောပါတယ်။                ဂျပန်ကားထုတ်လုပ်ရေး ကုမ္ပဏီ ကြီးတွေဖြစ်တဲ့ တိုယိုတာနဲ့ ဟွန်ဒါတို့ရဲ့ ထုတ်လုပ်မှုက ဧပြီ သဘာဝဘေး ကြောင့် ဖြန့်ဖြူးမှုကွင်းဆက်ပြတ် တောက်လို့ ကုမ္ပဏီရဲ့ တစ်ကမ္ဘာလုံး ထုတ်လုပ်မှု ထက်ဝက်ကျဆင်း ခဲ့တယ် လို့ ကုမ္ပဏီတွေက မေ ၂၇ရက်က ပြောပါတယ်။                ဧပြီလလယ်က စက်ရုံအများစု ပြန်လည် လည်ပတ်နိုင်ခဲ့ပေမဲ့ ထုတ်လုပ်မှုတွေက ပုံမှန်အနေအထား အောက် ရောက်နေပြီး အစိတ်အပိုင်း တွေ ပြတ်လပ်မှုက လချီကြာနိုင်သေးတယ်လို့ ဝေဖန်ဆန်းစစ်သူတွေက ခန့်မှန်ထားပါတယ်။ Source:AFP

Tuesday, 7 Jun 2011

ကနဦးပြဿနာတွေရှိခဲ့ပေမဲ့ နာနိုကားတွေ ကမ္ဘာ့ဈေးကွက် ဝင်ဖို့ပြင်                ကမ္ဘာ့ဈေးအသက်သာဆုံး ကားအဖြစ် နာနိုကားပွဲ ထွက်လာစဉ်က လှုပ်လှုပ်ရွရွ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ထုတ် လုပ်မှု ပြဿနာတွေနဲ့ ရောင်းအားက စိတ်ပျက်စရာ ဖြစ်ခဲ့တဲ့ အတွက် ဈေးနှုန်းထပ်ချပေးနိုင်ဖို့အတွက် အပြင်းအထန် ကြိုးစားခဲ့ရပါတယ်။ ဒီနောက်ပိုင်း တာတာကုမ္ပဏီ အစု အဖွဲ့က ခိုင်ခိုင်မာမာ ကျောထောက်နောက်ခံပေးတဲ့အတွက် အရောင်းက လျင်မြန်စွာ တိုးတက်လာပြီး ကုမ္ပဏီက တိုးတက်ထုတ်လုပ်ဖို့ နည်းလမ်းတွေ ရှာဖွေနေတဲ့ အပြင် အာရှနိုင်ငံတွေလည်း တင်ပို့ဖို့ စီစဉ် နေပါတယ်။                   နာနိုကားကို မွန်ဘိုင်းဈေးကွက်မှာ ရူပီတစ်သိန်းခွဲ (ဒေါ်လာ ၃၃ဝဝ)နဲ့ ရောင်းချပါတယ်။ ဆူဇူကီး မော်တာ ကော်ပိုရေးရှင်းက ထုတ်တဲ့ အိန္ဒိယ မှာ အရောင်းရဆုံး အော်လ်တို ထက် ရူပီး ၉ဝဝဝဝ သက်သာပါ တယ်။ နာနိုကားက တစ်နှစ်ဝင်ငွေ ရူပီး ၆ဝဝဝဝဝ ရှိတဲ့ အလယ် အလတ်တန်းစားတွေ တတ်နိုင်တဲ့ ကား အမျိုးအစား ဖြစ်ပါတယ်။                    မော်တော်ကားများကို ရောင်း ဝယ်ရေးအတွက် အိန္ဒိယနိုင်ငံမှာ လက်လီလုပ်ငန်း ကို အကြီးအကျယ် ဆောင်ရွက်နေတဲ့ Future Group  က ဆောင်ရွက်ပါတယ်။ Future Group  ဟာ ဖေဖော်ဝါရီ အတွင်းက တာတာ မော်တာနဲ့ အစုအစပ်လုပ်ငန်း ထူထောင် ပြီး စူပါမားကက်များမှ တစ်ဆင့် ရောင်းဝယ်မှုလုပ်ငန်းထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာ အရောင်း ဆိုင် ၁၂၅ ခုကို တည်ထောင်ခဲ့၍ ဤဖြန့်ဖြူးရေး ကွင်းဆက်မှ ဧပြီအတွင်း အမှာစာ စင်းရေ ၉ဝဝ ရခဲ့ပါတယ်။                 စူပါမားကက်ကွင်းဆက်တွေက မော်တော်ကား ဝယ်ရောင်းသမားတွေဆီကို သွားရောက်ဖို့ အခွင့်မသာတဲ့ ဝယ်သူတွေကို စည်းရုံးနိုင်ခဲ့ပါတယ်။ ှSource:asahi.com

Tuesday, 7 Jun 2011

Window 8  စနစ်ကို မိုက်ကရိုဆော့က ထုတ်ဖော်ပြသ                  အမေရိကန်ပြည်ထောင်စုနဲ့ တိုင်ပေနည်းပညာကွန်ဖရင့်တွေမှာ မိုက်ကရိုဆော့ ကော်ပိုရေးရှင်းက နောင်လာမဲ့ စက်လည်ပတ်မှုစနစ်သစ်တစ်ခုကို ထုတ်ဖေါ်ကြေညာခဲ့ပါတယ်။                    စက်လည်ပတ်မှု စနစ်သစ်ကို Window 8  လို့ အမည်ပေးထားပြီး တဲဘလက် ကွန်ပူျတာတွေနဲ့ အနေတော်ဖြစ်စေမဲ့ ပရိုဂရမ်တွေ ပါဝင်ပါတယ်။ အက်ပဲကုမ္ပဏီနဲ့ အပြိုင်အဆိုင်ဆောင်ရွက်နေရတဲ့အတွက် Window 8 ကို နောင်လာမဲ့ ၁၈ လ အတွင်း ဖြန့်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။                   အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ပါလိုဗတ်က D 9 ကွန်ဖရင့်နဲ့ တိုင်ပေက Computex  ပြပွဲတွေမှာ မိုက်ကရိုဆော့ရဲ့ အစ စာမျက်နှာကို ထုတ်ဖော် ပြသခဲ့ပါတယ်။ ဒီစာမျက်နှာက နောက်ဆုံးထုတ်ဖုန်းဆော့ဝဲနဲ့ တူညီပါတယ်။ မိုက်ကရိုဆော့က စက်လည်ပတ်မှု စနစ်သစ်တစ်ခုကို တိုးတက်အောင် ပြုလုပ် ထားတာကို သရုပ်ပြစဉ်တွေ့ မြင်ရပါတယ်။ ဒီစနစ်သစ်ကTouch Screen  ရော မောက်စ်နဲ့ ကီးဘုတ်တို့ကိုပါ အသုံးပြုနိုင်ပြီး သမားရိုးကျ ပီစီတွေ၊ လက် တော့နဲ့ တဲဘလက်ကွန်ပျူတာတွေမှာ သုံးနိုင်မှာ ဖြစ်ပါတယ်။                    ဇွန် ၂ရက်က သီးခြားပြုလုပ်တဲ့ ပွဲတစ်ပွဲမှာ နောင်လာမဲ့ Windows 8 Version  အတွက် မိုက်ကရိုဆော့နဲ့ လက်တွဲဆောင်ရွက်မှာ ဖြစ်တယ်လို့ ချစ်ပ် ထုတ်လုပ်ရေး အမေရိကန် ကုမ္ပဏီ Qualcomm က ပြောပါတယ်။ Source:asahi.com

Tuesday, 7 Jun 2011

ဈေးနှုန်းတည်ငြိမ်ဖို့အတွက် တရုတ်နိုင်ငံက အရန်သကြားတန် နှစ်သိန်းခွဲထုတ်ရောင်းမည်                   တစ်တန်ကို ကြမ်းခင်ဈေး ယွမ် ၄ဝဝဝ (၆၁၅ဒေါ်လာခန့်)နဲ့ အစိုးရ အရန် သကြားတန်ချိန် ၂၅ဝဝဝဝကို မတ် ၃၁ရက်ကစပြီး လေလံတင်ရောင်းချမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနက မေ ၃ဝရက်က ပြောပါတယ်။                      ဈေးကွက်ရောင်းလိုအားကို ထိန်းထားပြီး ဈေးနှုန်းတည်ငြိမ်စေဖို့ အတွက် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်အတွင်း ထုတ် လုပ် ခဲ့တဲ့ အရန်သကြားကို လေလံပစ် တာ ဟာ ပဉ္ဓမအကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။                     ယခင်လေလံ လေးကြိမ်က စုစုပေါင်း ရောင်းချတဲ့အရန်သကြားက တန် ၇၆ဝဝဝဝ ရှိခဲ့ပါတယ်။ ှSource:xinhua

Monday, 25 Apr 2011

 မြေငလျင်ကြောင့် တိုရှီဘာရဲ့ အရောင်းနှင့် အမြတ်ကျဆင်းမည်                မတ်လကဖြစ်ပွားခဲ့တဲ့ မြေငလျင် နဲ့ ဆူနာမီကြောင့် မတ်လမှာကုန်ဆုံးမဲ့ ဘဏ္ဍာနှစ်အတွက် တိုရှီဘာရဲ့ အရောင်း နဲ့ အကျိုးအမြတ်ခန့်မှန်းချက် ဟာ စောစောပိုင်းက ခန့်မှန်းထားတာ ထက် ကျဆင်းနိုင်တယ်လို့ ဂျပန်တိုရှီ ဘာကုမ္ပဏီကဧပြီ ၁၉ ရက်ကပြောပါတယ်။                  မတ် ၁၁ ရက်က ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ်ရဲ့ ဂယက်နဲ့ ဒီဂယက်ကြောင့်ဖြစ်နေတဲ့ ဓါတ်အား ဖြန့်ဖြူးမှု ပြဿနာတွေကြောင့် တိုရှီဘာရဲ့တချို့ပြည်တွင်း စက်ရုံတွေ ပိတ်ခဲ့ရပြီး တချို့ ကုန်ထုတ်လုပ်မှုတွေ လျှော့ကျခဲ့ ပါတယ်။ ယခုအခါ ကုမ္ပဏီ ရဲ့ အမြတ်ငွေကို ယန်းဘီလီယံ ၂၄ဝ (ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ) ရှိမယ် လို့ ခန့်မှန်းထားပါတယ်။ ဒီပမာဏက ဇန်နဝါရီကခန့်မှန်းခဲ့တဲ့ ယန်းဘီလီယံ ၂၅ဝ အောက် လေးရာခိုင်နှုန်းနိမ့်ကျပါ တယ်။ ကုမ္ပဏီရဲ့ ဝင်ငွေကိုလည်း မူလခန့်မှန်းထားတဲ့ ယန်း ၆ ဒသမ ၆ ထရီလီယံကနေ ယန်း ၆ ဒသမ ၄ ထရီလီယံထိ လျှော့ချ ခန့်မှန်းထားပါတယ်။                          Source:AFP

Monday, 25 Apr 2011

ဆမ်ဆောင်းက အက်ပဲကို တန်ပြန်တရားစွဲ              ဆမ်ဆောင်းရဲ့ စမတ်ဖုန်းတွေနဲ့ တဲဘလက်ကွန်ပူျတာတွေက သူ့ရဲ့ထုတ်ကုန်တွေ ကူးချထားတယ်လို့ အက်ပဲက တရားစွဲပြီးတဲ့နောက် အက်ပဲရဲ့ အိုင်ဖုန်းနဲ့ အိုင်ပက်တွေနဲ့ပတ်သက်ပြီး ဆမ်ဆောင်းအီလက်ထရွန်းနစ်ကုမ္ပဏီက အက်ပဲကို မူပိုင်ခွင့်အတွက် လက်တုံ့ပြန်တရားစွဲဆိုခဲ့ပါတယ်။                   သူ့ရဲ့ အိုင်ဖုန်းနဲ့ အိုင်ပက်တွေရဲ့ မူပိုင်ခွင့်နဲ့ ကုန်အမှတ်တံဆိပ်ပိုင်ခွင့်တွေကို ဆမ်ဆောင်းက ချိုးဖောက်တယ်လို့ အက်ပဲက ဧပြီ ၂၂ ရက်က တရားစွဲဆိုခဲ့ပါတယ်။ ကယ်လီဖိုးနီးယားမှာ အခြေစိုက်ထားတဲ့ ကူပါတီနိုကုမ္ပဏီက ဆမ်ဆောင်း က ထုတ်လုပ်တဲ့ ချက်ပ်နဲ့ အယ်လ်စီဒီဖန်သားပြင်တွေအပေါ်မှာ အကြီးအကျယ်မှီခိုနေရတဲ့အတွက် အက်ပဲနဲ့ ဆမ်ဆောင်းတို့ ရဲ့ ဥပဒေရေးရာတိုက်ပွဲက နည်းပညာကုမ္ပဏီနှစ်ခုရဲ့ စီးပွားရေးဆက်ဆံမှုကို ဆိုးဝါးလာစေနိုင်ပါတယ်။                   Android Operating System  က အက်ပဲရဲ့ ရီဆပ်အင်မိုးရှင်းကုမ္ပဏီတွေမတိုင်မီ ဖေဖော်ဝါရီလ သုံးလပတ်ကတည်း က အမေရိကန်ပြည်ထောင်စုမှာ လူကြိုက်အများဆုံး စမတ်ဖုန်းဆော့ဖ်ဝဲဖြစ်ခဲ့တယ်လို့ သုတေသနလုပ်ငန်းတစ်ခုဖြစ်တဲ့ comscore  ရဲ့စစ်တမ်းအရ သိရပါတယ်။ ဆမ်ဆောင်းက Android  လူကြိုက်များတာကို အခြေပြုပြီး စမတ်ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုအဖြစ် ကြီးထွားလာ ပြီး အက်ပဲရဲ့ပြိုင်ဖက်ဖြစ်လာခဲ့ပါတယ်။ Source:news.yahoo.com

Pages