Main menu

Background

Monday, 9 Apr 2012

    ဟွန်ဒိုင်းမော်တာ     ကုမ္ပဏီက ဆမ်ဆောင်း အီလက်ထရွန်းနစ်ကို ကျော်လွန်ပြီး တောင်ကိုရီးယားမှာ လစာ အများဆုံးပေးတဲ့ ကုမ္ပဏီဖြစ်ပါ တယ်။ ၂၀၁၁ ခုနှစ်က ဟွန်ဒိုင်းက ပေး ခဲ့တဲ့ ဝန်ထမ်းတစ်ဦး တစ်နှစ်ပျမ်းမျှ လစာ ဝမ် ၈၉ သန်း(၁ဒေါ်လာ= ၁၁၃၃ ဝမ်) ရှိခဲ့ပါတယ်။

Tuesday, 3 Apr 2012

    ဟွာဝေးက တရုတ်ပြည်ရဲ့အကြီး မားဆုံး ပို့ကုန် လုပ်ငန်းတစ်ခုဖြစ်ပြီး ဒီကုမ္ပဏီကထုတ်တဲ့ပစ္စည်းတွေက BT  ဘရော့ဘင်ကွန်ရက်မှာ အသုံးပြုနိုင်ပါ တယ်။ ဒါပေမဲ့ ဒီအမှတ်တံဆိပ်ကို UK  ကအိမ်ထောင်စုတွေက မသိကြပါဘူး။ တရုတ်ပြည့်သူ သမ္မတနိုင်ငံအတွင်းမှာပင် လျှို့ဝှက်သိပ်သည်းတဲ့အဖွဲ့အစည်း တစ် ခု ဖြစ်နေတဲ့ ဟွာဝေးကို တပ်နီတော်မှ

Monday, 26 Mar 2012

    လေးနှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ်  အဆင့်မြှင့်တင်ပေးလိုက်သော   ဆိုနာတာဆီဒင်ပုံစံကို ၂၀၁၄ ခုနှစ်တွင် ထုတ်လုပ်ဖို့    ဟွန်ဒိုင်းမော်တာက စီစဉ်ထားကြောင်း  ကုမ္ပဏီရဲ့ အမှု ဆောင် အရာရှိချုပ်က မတ် ၂၁ ရက် ပြောပါတယ်။ တောင်ကိုရီးယား ဈေး ကွက်မှာ နိုင်ငံခြားပြိုင်ဖက်တွေ တစစ ကြီးထွားလာချိန်မှာ အမှုဆောင်အရာရှိ ချုပ်ရဲ့ ပြောစကား ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

Sunday, 25 Mar 2012

    လွန်ခဲ့တဲ့ တစ်နှစ်က ဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် ပေါ်လာတဲ့ ရေလွှမ်း မိုးမှုကြောင့် မီယာဖူဂျီ အင်ဒပ်စထရီ ကုမ္ပဏီရဲ့ ဝရိန်စက် ၃၀ လုံး ၂ ဒသမ ၅ မီတာအထိ ရေနစ်မြုပ်ခံခဲ့ရပါတယ်။ ဒါပေမဲ့လုပ်သားတွေက လက် မြှောက် အရှုံးပေးခြင်းမရှိပါဘူး။ စီးဝင်လာ တဲ့ နုန်းတွေကို  သယ်ထုတ်ခဲ့တာ လေး တန်ကား ၆၀ လောက်ရှိပါတယ်။ ဒီလို ဆောင်ရွက်လို့ ၂၀၁၁ မတ် ၂၃ ရက်မှာ လုပ်ငန်းတွေပြန်စနိုင်ခဲ့ပါတယ်။

Monday, 5 Mar 2012

    ကမ္ဘာ့တဲဘလက်ပီစီဈေးကွက်မှာ အက်ပဲနဲ့ အမေဇုန် တို့ကကျော်တက်တာကိုခံရပြီး တတိယနေရာကို ရောက်ရှိခဲ့ ပြီးတဲ့နောက် ဆမ်ဆောင်းကုမ္ပဏီက သူရဲ့ပြိုင်ဆိုင်မှုစွမ်းရည် ထက်မြက်လာစေဖို့အတွက်  တန်ဖိုးနည်းထုတ်ကုန်တွေကို အသုံးပြုပြီး ယှဉ်ပြိုင်ဖို့ပြင်ဆင် ဆောင်ရွက်လျက်ရှိပါတယ်။ပီစီမိုဒယ်လ်သစ်တွေ ထုတ်လုပ်ဖို့အတွက် ကုမ္ပဏီရဲ့အနာဂတ် စီမံကိန်းကို ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ  ဆမ်ဆောင်းမိုဘိုင်း ဆက်သွယ်ရေးလုပ်ငန်း အကြီးအကဲ ရှင်းဂျွန်ကျွန်းက ဖော်ထုတ်တင်ပြခဲ့ပါတယ်။

Monday, 5 Mar 2012

    အစိုးရကဦးဆောင်တဲ့ ရှေ့ပြေးစမ်းသပ်အစီအစဉ်တွေကြောင့် ရင်းနှီးမြှုပ်နှံ မှုနဲ့ ပို့ကုန်လုပ်ငန်းတွေတိုးတက် လာစေတဲ့အတွက် ကိုရီးယားစက်ရုပ်လုပ်ငန်း က အရှိန်ရလာပါတယ်။ ၂၀၁၁ ခုနှစ်က ပြည်တွင်းစက်ရုပ်လုပ်ငန်း ၂၀၀ က ကုန်ထုတ်လုပ်မှုတန်ဖိုး ဝမ် ၂ ထရီလီယံ (ဒေါ်လာ ၁ ဒသမ ၇၇ ဘီလီယံ) ဖိုး ထွက်ရှိခဲ့တယ်လို့ အသိပညာ စီးပွားရေးဝန်ကြီးဌာနက အရာရှိတစ်ဦးက ပမာဏကိန်းဂဏန်းများကို ကိုးကားပြီး ဖေဖော်ဝါရီ ၂၇ ရက်က ပြောပါတယ်။ နောက်ဆုံးအတည်ပြုပြီးကိန်းဂဏန်းများကို ဝန်ကြီးဌာနက ဇွန်မှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။

Monday, 5 Mar 2012

      တရုတ်နိုင်ငံက   နှစ်နှစ်ဆယ် အတွင်း စီးပွားရေး တိုးတက်နှုန်းက ခေါက်ချိုးကျဆင်းပြီး စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုမှာ အလှည့်အပြောင်း တစ်ခုကို ရောက်ရှိနိုင်လိမ့်မယ်လို့ ကမ္ဘာ့ဘဏ်နဲ့ တရုတ် အစိုးရ သုတေသီတွေက ဖေဖော်ဝါရီ ၂၇ ရက်က ပြောပါတယ်။ တရုတ်နိုင်ငံက စီးပွားရေး တိုးတက်မှု ရုတ်တရက်ကျဆင်းမှု မဖြစ်စေဖို့ ကြီး မားတဲ့နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ပြန်လည်လျှော့ချခြင်းနဲ့ မဟာဗျူဟာ ကျတဲ့ ကဏ္ဍတွေမှာလက်ဝါး ကြီးအုပ်မှု ကို ပယ်ဖျက်ခြင်းစတဲ့ ပြုပြင်ပြောင်းလဲမှု တွေကို ပြုလုပ်ရမှာဖြစ်ကြောင်း အစီ ရင်ခံစာမှာ ဖော်ပြထားပါ တယ်။

Monday, 27 Feb 2012

    ဗီယက်နမ်အဲလိုင်းကုမ္ပဏီက သြစတြေးလျနိုင်ငံ ကွမ် တပ်ဂရုနှင့် ပူးပေါင်းပြီး ဂျက်စတားပစိဖိတ်(JPA)   ကို ဗီယက်နမ်မှာ ပထမဆုံးစရိတ်နည်း လေကြောင်းလိုင်းအဖြစ် ထူထောင်မှာဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်တဲ့ သဘောတူညီချက်အရသိရပါတယ်။

Monday, 27 Feb 2012

    တောင်ကိုရီးယား ကုမ္ပဏီတွေက ရုရှားနိုင်ငံကိုဈေးကွက်ချဲ့ထွင်ဖို့အတွက် မဟာဗျူဟာကို ချမှတ် ဆောင်ရွက်သင့် ကြောင်း ပြည်တွင်းဉာဏ်ကြီးရှင်များ အဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက်က ပြော ပါတယ်။လာမဲ့အနာဂတ်ကာလအတွင်း မှာ ရုရှားနိုင်ငံဟာ ရှေ့တန်းရောက် စီးပွားရေး

Monday, 27 Feb 2012

    ပြင်းထန်တဲ့ နိုင်ငံခြားကုန်သွယ်မှု အခြေအနေနဲ့ တရုတ်နိုင်ငံ ရင်ဆိုင် ခဲ့ရတဲ့အတွက် ယခုနှစ်မှာ နိုင်ငံခြား ကုန်သွယ်မှု မူဝါဒများကို တည်ငြိမ် အောင်ထိန်းသိမ်းသွားမှာ ဖြစ်ကြောင်း တရုတ်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေး ဒုတိယဝန်ကြီး Zhong Shanm  ဖေဖော်ဝါရီ ၂၀ ရက်က ပြောပါတယ်။

Pages