Main menu

Background

Monday, 2 Jul 2012

       တရုတ်နိုင်ငံမှာ ရေနံချက်စက်ရုံတွေနဲ့ ရေနံ ဓာတုစက်ရုံပေါင်းနှစ်သောင်းကျော်  ရှိတဲ့အနက် စက်ရုံပေါင်း ၁၃၀၀၀ ခန့်ဟာ ယန်စီမြစ်နဲ့ မြစ်ဝါ မြစ်ကမ်းတစ်လျှောက်မှာ  တည်ရှိကြပါတယ်။ အစိုးရရဲ့ စုံစမ်းစစ်ဆေးချက်တစ်ရပ်အရ တရုတ် နိုင်ငံရဲ့ အဓိကရေနံဓာတုစက်မှုလုပ်ငန်းကြီး ၈၁ ရာခိုင်နှုန်းဟာ သဘာဝပတ်ဝန်းကျင်ကို အလွယ် တကူ ထိခိုက်ပျက်စီးစေနိုင်တဲ့ ဧရိယာတွေဖြစ်တဲ့ မြစ်ချောင်း၊ ရေကန်၊ ရေတိမ်ဒေသတွေနဲ့ လူဦး ရေထူထပ်တဲ့ မြို့ကြီးနားတွေမှာ တည်ရှိကြတယ် လို့သိရပါတယ်။

Monday, 2 Jul 2012

CMP  ဟု လူတိုင်းအလွယ်တကူခေါ်နေသည့် အပ်ကုန်စနစ် (ဝါ) လက်ခစားစနစ်ကို ယခင်က အထည်ချုပ်လုပ်ငန်းများနှင့် စက်မှု လုပ်ငန်းများကိုသာ လုပ်ကိုင်ခွင့်ပေးခဲ့ရာမှ ယခုအခါ ရေထွက် ပစ္စည်းများကိုပါ လုပ်ကိုင်ခွင့်ပေးနေပြီဟု သိရသည်။ယင်းကဲ့သို့  CMP  စနစ်ကို လုပ်ကိုင်ခွင့်ရရှိရန်မှာ လွယ်ကူ လှသည်တော့မဟုတ်။ စမ်းသပ်ခံကာလတစ်ခုကို ဖြတ်ကျော်ခဲ့ ရသည်။ စမ်းသပ်ခံကာလအတွင်းတွင် ရေလုပ်ငန်းများအနေဖြင့် CMP စနစ်ဖြင့်လုပ်၍ အောင်မြင်မှု ရှိ၊ မရှိကို အဏ္ဏဝါဒေဝီ က ဖော်ဆောင်ပေး ခဲ့သည်။

Sunday, 1 Jul 2012

ဘရာဇီးလ်နိုင်ငံတွင်  စီးပွားရေးလုပ်ငန်း တည်ထောင်ရန်အတွက်   မည်သည့်မြို့တော်မှာ အခြေချရကောင်းမလဲ အမြင်ဖြင့် ဆာပါလိုနှ င့် ရီယိုဒီဂျနေရိုးမြို့တို့၏ ကောင်းကျိုးဆိုးပြစ်များကို နှိုင်းယှဉ်ကြည့်မိသည်။ ဆာပါလိုထက် ရီယိုဒီဂျနေး ရိုးက အားသာသည့်အချက် မှာ ရေရှည်အတွက် အဆုံးအဖြတ်ပေးမည့်  စာသင်ကျောင်းများဖြစ် သည်။ ထိုမြို့တော်ကြီးနှစ်ခုစလုံးမှ ကျောင်းများ ကို ယမန်နှစ်က သွားရောက်လေ့လာခဲ့ဖူးသည်။ ရီယိုမှကျောင်းများက ဆာပါလိုကျောင်းများထက် သာလွန်ကောင်းမွန်ကြောင်း အလွယ်တကူ သိနိုင် သည်။ ဆာပါလိုမှ ကျောင်းများကို အစိုးရနှင့် မြူနီစီပယ်အဖွဲ့တို့က  တည်ထောင်ထားကြခြင်း ဖြစ်သည်။ ရီယိုမှ  စာသင်ကျောင်း အားလုံးကို တော့ ဒေသန္တရအဖွဲ့ဖြစ်သည့် မြူနီစီပယ်က တည် ထောင်ထားခြင်းဖြစ်သည်။ ယင်းအတွက်ထူးခြား သည့် အားသာချက် မှာ ကောင်းမွန်သောစိတ်ကူး အကြံအစည်များကို ကျောင်းတိုင်းတွင် လက်တွေ့ ကျင့်သုံးနိုင်ခွင့်ရှိခြင်းဖြစ်သည်။

Friday, 29 Jun 2012

     ဗီယက်နမ်နိုင်ငံရှိ အဓိကသစ်အချောထည် ထုတ်လုပ်သူအား လုံးနီးပါးဟာ  ယခုဇွန်လကုန်အထိ ပြည်ပစာချုပ်များ အပြည့်အ၀ ချုပ်ဆိုထားပြီးဖြစ်လို့ ယခုနှစ်သစ်တင်ပို့မှုမှာ ကန်ဒေါ်လာ ၄ ဘီလီယံ ထိရောက်ရှိကာ ယခင်နှစ်ရရှိတဲ့ ကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံ ထက် အနည်းငယ်ပိုမိုရရှိမယ်လို့ ဟိုချီမင်းမြို့တော် လက်မှုနဲ့ သစ်လုပ် ငန်းအသင်း (HAWA) ဥက္ကဋ္ဌ Nguyan Chien Thang  မှ ပြော ကြားပါတယ်။ ဒါပေမဲ့ များစွာသော ပြည်တွင်းသစ်အချော ထည် ပြုလုပ်သူများဟာ ငွေအရင်းအနှီးအခက်အခဲနဲ့ ထုတ်လုပ်မှုစရိတ်မြင့် တက်ခြင်းတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ၎င်းမှပြောကြားပါတယ်။

Friday, 29 Jun 2012

      ''သင်းတို့ ကိတ်မုန့်စားကြပေတော့"  (Let them Eat Cakes) ဟူသော အသုံးအနှုန်းသည် ပြင်သစ်တော်လှန်ရေးကာလ တွင် ရိက္ခာ(ပေါင်မုန့်) ပြတ်လပ်သဖြင့် အော်ဟစ်တောင်း ဆိုကြသည့် ပြည်သူများကို ပြင်သစ်ဘုရင်လူဝီ-၁၆၏ မိဖုရား ကြီး မာရီအန်တွိုင်းနက် (Marie Antoinette, 1755-93)က ''စားစရာပေါင်မုန့်မရှိရင် ကိတ်မုန့် စားနေကြပေတော့"ဟု မိန့်တော်မူခဲ့သည်ဟူသော သမိုင်းတင်ခဲ့သည့် အဆိုစကားကို နှောင်းလူတို့ က သရော်ထေ့ငေါ့ရေးသားရာတွင် ရည်ညွှန်းပြု သုံးစွဲတတ်ကြသည်။

Sunday, 24 Jun 2012

    မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒများ ပြောင်းလဲမှုနှင့်အတူ နိုင်ငံ အတွင်းသို့ လာရောက်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများအတွက် အခွင့် အလမ်းများ ပွင့်လာခဲ့သည်။ ယခင်က ပိတ်ဆို့ထားသည့် နိုင်ငံကြီးများ ကလည်း ပိတ်ဆို့မှုများကို ဖြေလျော့ ၍ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု များ ဆောင်ရွက်ရန် ပြင်ဆင်လာကြသည်။ အစိုးရပိုင်းကလည်း  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် မြေဆိုင်ရာအမိန့်၊ နိုင်ငံခြား ငွေဆိုင်ရာ အမိန့်များထုတ်ပြန်၍ ရင်းနှီးမြှုပ်နှံမှုများ လုပ်ငန်း အဆင် ပြေ ချောမွေ့ေ အာင် ဆောင်ရွက်ပေးခဲ့သည်သာမက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကိုလည်း လိုအပ်သလို ပြင်ဆင်ထုတ်ပြန် ရန် ဆောင်ရွက်ခဲ့ သည်။ သာမန်အားဖြင့်ဆိုလျှင် အခြေအနေအားလုံး ချောမွေ့နေပြီဟု ယူဆနိုင်ဖွယ်ရှိသော်လည်း လက်တွေ့ တွင် မဖြစ် သေးသည်များလည်း ရှိသည်။

Sunday, 24 Jun 2012

    ဒီရက်ပိုင်းတွေမှာ တွေ့ရတာတွေ၊ ကြားရတာတွေကတော့ အားလုံး ထူးခြားနေတာပါပဲ။ ဝန်ကြီးဌာနတွေက မိတ်ဆွေတွေက လည်း ပြုပြင်ပြောင်းလဲမှုတွေ အရှိန်အဟုန်ပြင်းပြင်း လုပ်ကြဖို့ ပြောနေကြ၊ ဆိုနေကြတာတွေ တွေ့ရသလို အခြားတစ်ဘက်မှာ လည်း ဖယောင်းတိုင်ထွန်းပြီး ဆန္ဒဖော်ထုတ်တာတွေ၊ လုပ်ခ လစာ တိုးပေးဖို့ တောင်းဆို ဆန္ဒပြကြတာတွေ၊ နိုင်ငံအသီးသီးက၊ နယ်ပယ် အသီးသီးက လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံထဲ အလုံးအရင်းနဲ့ ဝင်လာ ကြပြီး ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲေ တွ၊ တွေ့ဆုံပွဲတွေ ကျင်းပကြတာ တွေကို မီဒီယာတွေမှာ မြင်ရ၊ ကြားရ၊ ကိုယ်တိုင်ကြုံရတော့ တို့ ဘာဆက်လုပ်ကြမှာလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိတာ လည်း ခဏခဏပါပဲ။

Sunday, 24 Jun 2012

        ၁၉၈၈ ခုနှစ်နောက်ပိုင်း ဈေးကွက်စီးပွားရေးစနစ် စတင်ချိန် ကစလို့ ပဲလောကလူမှုအသိုင်းအဝိုင်းကို ခွဲခြမ်းစိတ်ဖြာကြည့်မည် ဆိုပါက ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ကုန်စည်ဒိုင်ကို ဦးဆောင် ဦးရွက်ပြု ကြိုးစားပမ်းစား ဖွဲ့စည်းတည်ဆောက်ခဲ့ပြီး ယင်းအချိန် ကတည်းက ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားကြသူများကို "ပထမမျိုးဆက်"ဟုသတ်မှတ်၍ ၂၀၀၀ ပြည့်နှစ်တစ်ဝိုက် ဈေးကွက် အတွင်းဝင်ရောက်လာသူ ယခုအသက် ၄၀ တစ်ဝိုက် မိမိတို့လူရွယ် များကို "ဒုတိယမျိုးဆက်"ဟု သတ်မှတ်မည်ဆိုလျှင် ၂၀၀၈ ပဲကိစ္စ အရှုပ်အရှင်းအပြီး ဈေးကွက်အတွင်းဝင်ရောက်လာတဲ့ ယခုအသက် ၂၀ နှင့် ၃၀ ကြား လူငယ်များကိုတော့ ''တတိယမျိုးဆက်"ဟု ညွှန်းဆို ရပေတော့မည်။

Sunday, 24 Jun 2012

       တစ်ပတ်လျင် နာရီ ၄၀ ထက်ကျော်လွန်ပြီး အလုပ်လုပ်ခြင်းသည်  ထုတ်လုပ်မှုစွမ်းရည်ကို ထိခိုက်ကျဆင်းစေသည်ဟု ရာစုနှစ်တစ်စု ကြာမျှ စမ်းသပ်လေ့လာခဲ့ပြီးဖြစ်သည့် သုတေသနတွေ့ ရှိချက်ကို အငြင်းပွားဖွယ်ရာ မရှိချေ။ ၁၉၉၀ပြည့် လွန် အစောပိုင်းနှစ်များက ဖို့ဒ်မော်တော်ကား ကုမ္ပဏီက အလုပ်သမား၏  အကောင်းဆုံး ထုတ် လုပ်မှုစွမ်းရည်ကို စမ်းသပ်မှုပေါင်း တစ်ဒါဇင်မ က ပြုလုပ်ရှာဖွေခဲ့သည်။ တစ်ပတ်အတွက် အကောင်း ဆုံးအလုပ်ချိန်သည် နာရီ ၄၀ ဖြစ်ကြောင်း တွေ့ ရှိခဲ့ရသည်။

Sunday, 24 Jun 2012

          အိန္ဒိယနိုင်ငံရဲ့ စားနပ်ရိက္ခာသီးနှံသိုလှောင်မှုဟာ ဇွန်လမှာ ရှိရမယ့်တန်ချိန်  ၇၅ သန်းထက် ကျော်လွန်ပြီး မျှော်မှန်းမထားတဲ့ တန်ချိန် ၈၂ ဒသမ ၄၁ သန်းအထိ မြင့်တက်နေကြောင်းသိရပါတယ်။ အဲဒီထဲက အများစုမှာ မေလမှာရိတ်သိမ်းထားတဲ့ ဂျုံအသစ် ၃၁ ရာခိုင်နှုန်းထိပါဝင်ကြောင်း သိရပါတယ်။

Pages