Main menu

Background

Sunday, 24 Jun 2012

        ယခုမှကမ္ဘာမှာ ငါးမန်းတောင်ဟင်းချို(Shark  Fin  Soup) ကိုမစားသောက်ကြဖို့ လှုပ်ရှား မှုတွေဟာ ကျယ်ပြန့်လာပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်မှာ Asian  Geographic  မဂ္ဂဇင်းကြီး ကနေ ငါးမန်းတောင်ဟင်းချိုတွေကို မစားသောက် ကြဖို့၊ ဝယ်ယူအားမပေးကြဖို့ ရေးသားခဲ့တဲ့အခါ လူ အတော်များများက သိပ်အလေးမထားဘဲ ပေါ့ ပေါ့တန်တန် ယူဆခဲ့ကြပါတယ်။ ယခုအခါ ငါးမန်း တောင်ဟင်းချို မစားသောက်ရေးလှုပ်ရှားမှုတွေ ကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်း တွေက  ဦးဆောင်လာပါတယ်။ လူအများစုက လည်း ငါးမန်းတောင်ဟင်းချိုကို စားသောက်ဖို့ မသင့်တဲ့ အစားအစာအဖြစ်  လက်ခံလာကြပါ တယ်။

Wednesday, 20 Jun 2012

      အကောင်းဘက်သို့ မျှော်လင့်စရာ ကင်းမဲ့ ခြင်းသည် ဆင်းရဲတွင်းထောင်ချောက်ထဲမှ မလွတ် မြောက်နိုင်သည့် ကြီးမားသော အကြောင်းတစ်ရပ် ဖြစ်သည်။ မျှော်လင့်ချက်ရှိလာစေရန် ဆောင်ရွက် ပေးခြင်းသည် အလွန်အမင်းဆင်းရဲနေသူများအား သိသိသာသာ ပြောင်းလဲသွားစေသည်။  နိုင်ငံရေး ခေါင်းဆောင်များ၊ လှုပ်ရှားတက်ကြွသူများက အိပ်မက်မက်ချင်စရာေ တွ ပြောဆို စည်းရုံးသည်နှင့် တူသည်။

Thursday, 7 Jun 2012

        တရုတ်နိုင်ငံရဲ့ မြေဧရိယာ၂ ရာခိုင်နှုန်းရှိတဲ့  စတုရန်းကီလိုမီတာ ၁၉၀၀၀၀ မှာ မြေအောက်ရေ အရင်းအမြစ်ကို အလွန်အကျွံ ထုတ်ယူသုံးစွဲခဲ့မှု ကြောင့် သဘာဝပတ်ဝန်းကျင်ဟာ ယိုယွင်းပျက် စီးမှုနဲ့ကြုံတွေ့လာတာတွေ့ရပါတယ်။ မြေအောက် ရေအရင်းအမြစ် အလွန်အကျွံ ထုတ်ယူသုံးစွဲမှုရဲ့ ဆိုးကျိုးတွေကို အထူးသဖြင့် တရုတ်နိုင်ငံရဲ့မြောက် ပိုင်းဒေသတွေမှာ  ထင်ရှားစွာ  တွေ့မြင်လာနိုင် ပါတယ်။

Thursday, 7 Jun 2012

    ငါးရှဉ့်ကို အာရှနိုင်ငံအများ အပြား၌ ဟင်းလျာအဖြစ် နှစ်ခြိုက်စွာ စားသုံးကြပါသည်။ အထူးသဖြင့် တရုတ်လူမျိုးများသည် ငါးရှဉ့်အား သွေးအားကောင်းစေသော ဟင်းလျာ အဖြစ် တန်ဖိုးထားစားသုံးလေ့ရှိ သည်။ ငါးရှဉ့်များကို အစိုအတိုင်းဖြစ် စေ၊ တာရှည်ခံ စားသုံးရန် ကျပ်တိုက်၍ ဖြစ်စေ စားသုံးကြပြီး၊ စားသောက်ဆိုင် များတွင် ငါးရှဉ့်ခြောက်စပ်၊ ငါးရှဉ့် ချဉ်စပ်၊ ငါးရှဉ့်မြေအိုးဟင်းလျာများမှာ လူအများ နှစ်ခြိုက်စွာ စားသုံးသည့်  တန်ဖိုးကြီး ဟင်းလျာများတွင်ပါဝင် သည်။

Monday, 4 Jun 2012

             ပြင်ပမှလေ့လာသူများက တရုတ်နိုင်ငံသည် ပို့ကုန်ကြောင့် စွမ်းဆောင်ရည် တိုးတက်လာခြင်း ဖြစ်သည်ဟု ယူဆထားကြသည်။ ယင်းအချက်မှာ ဇာတ်လမ်း၏ တစ်ပိုင်းတစ်စသာဖြစ်သည်။ စက် ကိရိယာများ၊ အဆောက်အအုံများနှင့် အခြေခံ အဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ကျန်ဇာတ်လမ်းတစ်ပိုင်းဖြစ်ပြီး ယမန်နှစ် စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှု တွင်  ထက်ဝက်ကျော်အထိ ပါဝင်ခဲ့သည်။ အသားတင်ပို့ကုန်အနေဖြင့် ထိုအထဲ တွင် လုံးဝမပါဝင်ခဲ့ပေ။ ထိုမျှများပြားသော ရင်းနှီး မြှုပ်နှံမှုကို နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများက ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း များမှာ သွယ်ဝိုက်သောနည်းဖြင့် အစိုးရ၏ထောက် ပံ့မှုများ၊ အကာအကွယ်ပေးထားသည့် ဈေးကွက် များနှင့် နိုင်ငံရေးအရ တွန်းအားပေးသည့်ချေးငွေ များမှ အကျိုးခံစားခွင့်များရရှိနေကြသည်။

Wednesday, 30 May 2012

    ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ် (RUMFCCI) ပထမထပ် အစည်းအဝေးခန်းမတွင် မေ ၂၁ ရက် နံနက် ၀၉း၀၀ အချိန်က မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့တယ်လု့ိ သတင်းရရှိပါတယ်။

Wednesday, 30 May 2012

    လူတွေရဲ့စဉ်ဆက်မပြတ် ကျူးလွန်ခဲ့တဲ့ ပတ် ဝန်းကျင် ညစ်ညမ်းမှုကြီးတွေကြောင့် ကမ္ဘာ့ပင် လယ်ကြီးရဲ့ ဂေဟစနစ်ဟာ လွန်ခဲ့တဲ့ အနှစ် ၃၀ ကာလအတွင်း  လူ့သမိုင်းမှာ အလျင်အမြန်ဆုံး ပြောင်းလဲစေခဲ့ပါတယ်။   ပင်လယ်တော်တော် များများမှာ ရေသတ္တဝါ ကြီးတွေဖြစ်ကြတဲ့ ဝေလ ငါး၊ လင်းပိုင်၊ ငမန်းနဲ့ လိပ်မျိုးတွေရဲ့ ၇၅ ရာခိုင်နှုန်း ဟာ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်ပါတယ်။ တချို့ ရေသတ္တဝါတွေဖြစ်တဲ့ ထိပ်ဖြူငမန်းနဲ့ အမေရိကန် ငလိပ်ကျောက်တွေဆိုရင် ၉၉ ရာခိုင်နှုန်းလောက် အထိ ပျောက်ကွယ်သွား ခဲ့ပါတယ်။

Thursday, 24 May 2012

    တရုတ်  ဓာတ်ပုံဆရာ ဝေါင်ကျိုလျန်ရဲ့ လျန်ကျိုး နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲမှာ ရွှေတံဆိပ် ဆုရရှိခဲ့တဲ့ "အမှိုက်ပုံတွေ ဝန်းရံခတဲ့ မြို့တော်'' လို့ အမည်ရဓာတ်ပုံတွဲကို တရုတ်နိုင်ငံရဲ့ နာမည် ကျော် ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Tianyo.cn  မှာ တင်လိုက်တဲ့အခါ လူအများရဲ့စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။ အဲဒီဓာတ်ပုံတွေဟာ ပေကျင်းမြို့ရဲ့ ပတ်ပတ်လည်မှာရှိတဲ့ အမှိုက်ပုံကြီးတွေရဲ့ပုံတွေပဲ ဖြစ်ပါတယ်။

Monday, 21 May 2012

မြို့ပြ၏သောကရုန်းကန်လှုပ်ရှားလျက် နေ့စဉ် ဘဝရပ်တည်မှုကို ဖြတ်သန်းနေ ရသောမြို့ပြနေသူတို့အတွက် မော်တော်ကားယာဉ်ကြော ပိတ်ဆို့ ခြင်းသည် ၎င်းင်းတို့၏ နေ့စဉ်ဘဝပြဿနာ တစ်စိတ်တစ်ပိုင်းအဖြစ် တည်ရှိနေပြီးဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးမှု အားကောင်းလာခြင်းနှင့် တစ်ဦးကျ ဝင်ငွေမြင့်မားလာမှုတို့ကြောင့် မော်တော်ယာဉ်ဝယ်ယူ အသုံးပြုမှု ပိုမိုလာသော လူလတ်တန်စားတို့အတွက် ဘေးထွက် သက်ရောက်မှု ဝေဒနာအသစ် တစ်ရပ်လည်းဖြစ်သည်။

Monday, 21 May 2012

    ရှုပ်ထွေးပွေလီမှုများ  တိုးပွားလာချိန်တွင် အကောင်းဆုံး ရင်ဆိုင်နည်းမှာ အရာရာတိုင်းကို ရိုးရှင်းလွယ်ကူအောင်  လုပ်ထားခြင်းဖြစ်သည်။  ကမ္ဘာ့စီးပွားပျက်ကပ် ကြုံခဲ့ရစဉ် ၁၉၃၂ခုနှစ်က ဒိန်းမတ်နိုင်ငံသား၊ လက်သမားဆရာ အိုလီကတ် ခရစ္စတင်ဆန်သည် အပိုဝင်ငွေရရှိစေရန် ကလေး ကစားစရာ သစ်သားရုပ်ကလေးများ ပြုလုပ်ရောင်း ချခဲ့သည်။

Pages