Main menu

Background

Sunday, 22 Jul 2012

အမြတ်များများပိုထွက်စေရန် အစီရင်ခံစာ များတွင် မမှန်မကန် ဖော်ပြခြင်းဖြင့်  ဈေးကွက် အတိုးနှုန်းကို လိမ်လည်လုပ်ကြံမှု အတွက်  ဘာ ကလေဘဏ်ကြီးအပေါ် ဒဏ်ငွေ ပေါင်သန်း၂၉၀ (ဒေါ်လာ ၄၅၃ သန်း) တပ်ရိုက်ခဲ့သည်။ အဆိုပါ အမှုကို  စုံစမ်းဖော်ထုတ်ခဲ့ရာတွင် ကမ္ဘာကျော် ဘဏ်လုပ်ငန်းကြီးများဖြစ်ကြသည့်  စီးတီးဘဏ် (Citibank)နှင့် ဂျေပီမော်ဂန် (J.P. Morgan) တို့မှအစ ဟောင်ကောင်-ရှန်ဟိုင်း ဘဏ်လုပ်ငန်း ကော်ပိုရေးရှင်း (HSBC) နှင့်  လွိုက်ဘဏ်လုပ် ငန်းစု (Lloyd’s Banking Group)  တို့အထိ အလားတူ လိမ်လည်လုပ်ကြံမှုများ ဆောင်ရွက် ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ တစ်နည်းပြောရလျှင် စားသုံးသူများအား  မထိခိုက်၊  မနစ်နာစေရေး အတွက် အကြီးအကျယ် တိုးမြှင့်ကာကွယ်ပေးရန် အရေးတကြီး လိုအပ်နေပြီဖြစ်ေ ကြာင်း  ဧရာမ ဘဏ်လိမ်လည်မှုများက  သတိပေးလိုက်ခြင်းဖြစ် သည်။

Wednesday, 18 Jul 2012

           စားသုံးသူတွေမှာ အခွင့်အရေး အများကြီးရှိပါတယ်။ ဒါပေမဲ့ အဲဒီအခွင့်အရေးတွေ ရှိနေ တာကို မြန်မာနိုင်ငံကစားသုံးသူတွေ အားလုံးကတော့ သိချင်မှသိမှာဖြစ်ပါတယ်။ စားသုံးသူတွေက ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုတဲ့အခါ မှာ ဘေးအန္တရာယ်ကင်းရမယ်၊ လုံခြုံစိတ်ချ ရမယ်။

Wednesday, 18 Jul 2012

    ဇူလိုင် ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်းမှာ မူဆယ်နယ်စပ်မှ သစ်သီးဝလံ တင်ပို့မှုများကို အသိပေးလိုပါတယ်။ ယခုကာလဟာသရက်သီးနဲ့ သခွားမွှေးရာသီ ချိန်ကုန်ပြီဖြစ်တဲ့အတွက် လက်ကျန်အနည်းအကျဉ်းသာအပို့ရှိခဲ့ပါတယ်။

Wednesday, 18 Jul 2012

ဈေးကွက်နှင့် နီးစပ်သော ပြောင်းလဲမှုငွေကြေးအကြောင်း ပြောဆိုဆွေးနွေးနေကျ မိတ်ဆွေတစ်ဦး က "ဒေါ်လာဈေးတွေ တက်နေပြန်ပြီ၊ ဘယ်လိုလဲဗျ " ဟု ဆိုလာ သောအခါ "လာပြန်ပြီ၊ဒီကိစ္စ" ဟုသာ တုံ့ပြန်ပြောဆိုရင်း ကျပ်ငွေနှင့် ဒေါ်လာလဲလှယ်နှုန်း (ဒေါ်လာဈေးနှုန်း) တို့ကို  လေ့လာကြည့်မိ သည်။

Sunday, 15 Jul 2012

    ၂၀၁၂ ခုနှစ် ပထမ ခြောက်လအတွင်း ဗီယက်နမ်-မြန်မာ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာသန်းပေါင်း ၁၃၀ အထိ ရောက်ရှိ ခဲ့ရာ ယခင်နှစ် အလားတူ ကာလကထက် ၆၅ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့ ဗီယက်နမ်အကောက်ခွန်ဌာနမှ သတင်း ထုတ်ပြန် လိုက်တယ်။ ၎င်းင်းကာလအတွင်း မြန်မာမှ ဗီယက်နမ်ကို ကန်ဒေါ်လာ သန်း ၅၀ ဖိုးတင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်အလားတူ ကာလကထက် ၃၆ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ဗီယက်နမ်မှ မြန်မာကို ကန်ဒေါ်လာ သန်းပေါင်း ၈၀ ဖိုးတင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်အလားတူ ကာလကထက် ၉၁ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရ တယ်။ ဗီယက်နမ်က မြန်မာနိုင်ငံကို ပို့ကုန်တင်ပို့နိုင်မှု အများဆုံး နိုင်ငံများစာရင်းမှာ နံပါတ်(၁၃)နေရာကို ရရှိထားကြောင်း၊ မြန်မာနိုင်ငံ ကို ပို့ကုန်တင်ပို့မှုအများဆုံး ထိပ်တန်း ငါးနိုင်ငံမှာ စင်ကာပူ၊ တရုတ် (ပြည်မကြီး)၊ ဂျပန်၊ ထိုင်းနဲ့အင်ဒိုနီးရှားတို့ဖြစ်ကြောင်း Vietnam- news.vnagency.com.vn Website မှာ ဖော်ပြထားပါတယ်။

Sunday, 15 Jul 2012

    ဗြိတိန်  ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း အာဏာပိုင်အဖွဲ့(FSA)သည် ကုန်ကြမ်းကြိုတင် ကုန်သွယ်မှုကော်မရှင် (CFTC)နှင့် တရားရေး ဌာန(DoJ)တို့ အပါအဝင် အမေရိကန်အစိုးရ အေဂျင်စီများနှင့် ပူးပေါင်းစစ်ဆေးတွေ့ရှိချက်အရ ဘာကလေဘဏ်ကြီး ၏ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ (Traders) ၁၄ ဦးပါဝင်နေသော ဧရာမ လိမ်လည်မှုကြီးကို ဇွန်လနောက်ဆုံးပတ် အတွင်းက ဖော်ထုတ်လိုက်သည်။

Monday, 9 Jul 2012

    မန္တလေးတိုင်းမှာ ဒီနှစ်ရဲ့ သရက်ရာသီ နှုတ်ဆက်ခါနီးနေပါပြီ။ နောက်ပိုင်းမှည့်တဲ့ ဟင်္သာ၊ ရင်ကွဲ၊ ပန်းဆွဲတို့ကတော့ တချို့ခြံသိမ်းပြီး၊ တချို့ခြံကျန်သေးတာ တွေ့ရပါတယ်။

Monday, 9 Jul 2012

     တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဟူပေ့ပြည်နယ် ရဲ့ မြို့တော်ဝူဟန်ရဲ့ ဆင်ခြေဖုံးဒေသမှာ တည် ထောင်နေတဲ့ စတုန်ရန်း မီတာသုံးသန်းကျယ်ဝန်းတဲ့ ကူးသန်းရောင်းဝယ်ရေးဇုန် ဝင်းကြီးအတွင်းမှာ  "Wuhan  Greenland  Center"  လို့ အမည်ပေး ထားတဲ့ အမြင့် ၆၀၆ မီတာ၊ အထပ်ပေါင်း ၁၁၉ ထပ်ရှိတဲ့ မိုးမျှော်တိုက် (Skycraper) ကို ၂၀၁၁ ခုနှစ်ကတည်းက အုတ်မြစ်ချပြီး တည်ဆောက်နေ ပါတယ်။

Sunday, 8 Jul 2012

        တရားဝင်မီဒီယာများ၌ တရုတ်နှင့် ဗီယက် နမ်နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်မျိုးဆက်များအဖြစ် ချီးကျူးထောပနာပြု  ရေးသားေ ဖာ်ပြကြသည်။ထိုနှစ်နိုင်ငံသည် အဖြစ်အပျက်၊  အပြောင်းအလဲ များစွာဖြင့် သမိုင်းကြောင်းရှည်လျားစွာ တည်ရှိ ခဲ့သော အိမ်နီးချင်းများ လည်း ဖြစ်သည်။ မကြာ သေးမီကာလအတွင်း ဗီယက်နမ်နှင့် အမေရိကန်နိုင်ငံတို့အကြား မိတ်ဖြစ်ဆွေဖြစ် ဆက်ဆံရေးဗျူ ဟာ ခင်းကျင်းမှုများကို  ထုတ်ဖော်ရည်ညွှန်းခြင်း မပြုသော်လည်း မြောက်ဘက်က နိုင်ငံကြီးကို သံခင်းတမန်ခင်းအရ အဟန့်အတားဖြစ်ေ စခဲ့သည် ဟုနားလည်ထားကြသည်။ တရုတ်နိုင်ငံနှင့် ဗီယက် နမ်ဆက်ဆံရေးမှာ  ကုန်သွယ်ရေးမှာသာမက အခြားမျက်နှာစာများစွာတွင် လည်း သိမ်မွေ့ ရှုပ် ထွေးလျက်ရှိသည်။

Monday, 2 Jul 2012

     ၂၀၁၅ အာဆီယံစီးပွားရေးအသိုက်အဝန်းမှာ အောင်မြင်စွာပါဝင်နိုင်ရေး ထိုင်းစားသောက်ကုန်လုပ်ငန်း လည်ပတ်သူများ အသင့် မဖြစ်သေးဘူးလို့ ထိုင်းနိုင်ငံစားသောက်ကုန်အဖွဲ့ (NFI)ရဲ့ စစ်တမ်းကောက်ယူချက်မှာ ဖော်ပြထားပါတယ်။ မေ ၈ ရက်မှ ၂၅ ရက်အတွင်း စားသောက်ကုန် ထုတ်လုပ်သူ ၇၈ ဦးကို စစ်တမ်းကောက်ယူခဲ့ရာမှာ အသေးစားလုပ်ငန်း ၁၅ ခု၊ အလယ်အလတ် လုပ်ငန်း ၁၇ ခုနဲ့ အကြီးစားလုပ်ငန်း ၄၆ ခု ပါဝင်တယ်လို့ သိရပါတယ်။ ယင်းစစ်တမ်းအရ ၅၅ ရာခိုင်နှုန်းမှာ အသင့်မဖြစ်သေးပေမယ့် ၄၅ ရာခိုင်နှုန်းမှာတော့ ကောင်းစွာ ပြင်ဆင်ထားတယ်လို့ ယင်းလုပ်ငန်းရှင်များက ပြောကြားကြောင်း သိရပါတယ်။

Pages