Main menu

Background

Thursday, 17 May 2012

ဂျပန်အစိုးရအနေနဲ့ နျူကလီးယားစွမ်းအင် ထုတ်လုပ်တဲ့ ဓာတ်ပေါင်းဖိုတစ်လုံးကို သက်တမ်း အနှစ် ၄၀ ထက်ပိုပြီး အသုံးမပြုဖို့နဲ့ နျူကလီးယား စွမ်းအင်လုံခြုံရေးအေဂျင်စီ ထူထောင်ဖို့ လွှတ် တော်မှာ နျူကလီးယားဓာတ်ပေါင်းဖိုဆိုင်ရာ စည်း မျဉ်းစည်းကမ်းဥပဒေပြင်ဆင်ရေး ကြိုးပမ်းခဲ့တယ် လို့ သိရပါတယ်။

Thursday, 17 May 2012

မရှိမဖြစ် စွမ်းအင်ဆိုသောအရာစွမ်းအင်ဟုဆိုလိုက်လျှင် မည်သည့်စွမ်းအင် အမျိုးအစားကို ဆိုလိုသနည်းဟု ပြန်လည်တုံ့ပြန် စရာမေးခွန်းရှိလာသည်။ သို့သော် ထိုသို့ဆင့်ပွား ချဲ့ကား၍ မတွေးတော၊ မစဉ်းစားမိခင် စွမ်းအင်ဟု အသံကြားလိုက်ရုံကတည်းက နိုင်ငံတစ်နိုင်ငံ၊ လူ့ အဖွဲ့အစည်း  တစ်ရပ်အတွက် အရေးကြီးသည့် အရာဟု သဘောပေါက်နားလည်ရသည်။ စီးပွား ရေး၊ လူမှုရေး၊ ကုန်ထုတ်လုပ်ရေး စသဖြင့် အရေး ပေါင်းများစွာအတွက် မရှိမဖြစ် အခြေခံလိုအပ် ချက်တစ်ရပ်လည်းဖြစ်သည်။ စွမ်းအင်နှင့်ပတ် သက်၍မည်သည့်ရှုထောင့်မှပင်ကြည့်ကြည့် အရေး တကြီး ပြောဆိုဆွေးနွေးစရာ အမြောက်အမြား တွေ့ရှိနိုင်သည်။ နေစွမ်းအင်၊ လေစွမ်းအင်၊ ရေ စွမ်းအင်၊ နျူကလီးယားစွမ်းအင် စသဖြင့် ရရှိနိုင် သည့်အရင်းအမြစ် မည်သို့ပင်ဖြစ်စေကာမူ စွမ်း အင်ဖြစ်ပါကလိုအပ်သည်ချည်းဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် တိုးတက်များပြားလာသော လူ ဦးရေ၊ အဆင့်မြင့်ထွန်းကားလာသော နည်းပညာ မျိုးစုံတို့ကြောင့် စွမ်းအင်လိုအပ်ချက် သည် ဖွံ့ဖြိုးတိုးတက်မှုတို့နှင့်အတူ လိုက် ပါ၍ ကြီးထွားလာနေရသောကြောင့်ဖြစ် သည်။စွမ်းအင်နှင့် ဖွံ့ဖြိုးမှုဒီဂရီစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အားထုတ်မှုဖြစ် စဉ်ထဲတွင် စွမ်းအင်၏အရေးပါမှုကို ခြေရာကောက် နိုင်သည်။ ယနေ့ နိုင်ငံများ၊ လူ့အဖွဲ့အစည်းများ အားလုံးသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်မှန်းလုပ်ဆောင်နေကြသကဲ့သို့ ထိုလူ့အဖွဲ့ အစည်းများအတွင်းရှိ လူတစ်ဦးတစ်ယောက်ချင်း တို့သည်လည်း ၎င်းတို့၏ စီးပွားရေးအခြေအနေ၊ လူမှုရေးအဆင့်အတန်း ကောင်းမွန်မှုရှိစေရန် အား ထုတ်မှုများပြုလုပ်နေကြသည်။ စီးပွားရေးတိုးတက် မှုသည် တစ်ကမ္ဘာလုံးက အားထုတ်ဆောင်ရွက် နေသော ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေး အစီ   အစဉ်များကိုလည်း များစွာထောက်ကူပေးနိုင် သည်။ ကုန်သွယ်မှုနှင့်  ရင်းနှီးမြှုပ်နှံမှုများ အား ကောင်းလာစေရန် တွန်းအားပေးနိုင်ခြင်း၊ နိုင်ငံ ခြားဝင်ငွေရရှိမှု၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ကုန်ထုတ်လုပ်မှု စသည့် ဆက်စပ်သောအခြေအ နေများကိုလည်း တစ်နွယ်ဝင် တစ်ခင်ပါ အခြေ အနေကောင်းများ ဖန်တီးလာနိုင်သည်။ လူ့အဖွဲ့ အစည်း၏ လူမှုအဆင့်အတန်း အခြေအနေအား ဖြင့်လည်း အသုံးအဆောင်ပစ္စည်းများ၊ ကိရိယာ တန်ဆာပလာများနှင့်နေထိုင်သည့်ပုံစံမှစ၍ အခြေ အနေများစွာတွင် ခေတ်မီစွာ သုံးစွဲပြုမူနေထိုင် လာကြသောကြောင့် မြင့်မားလာနိုင်သည်။ လူတစ် ယောက်၏ နေ့စဉ်ဘဝရပ်တည်မှုမှစ၍ တစ်နိုင်ငံ လုံးရှိ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသဖြင့် အရေးအရာများစွာတွင် စွမ်းအင်အသုံးပြုမှုနှင့် ပတ်သက်နေရပေသည်။ ထို့ကြောင့်ယနေ့ကာလ လူ့အဖွဲ့အစည်းများ၏ စီးပွားရေးလုပ်ဆောင်ချက် များအားလုံးသည် စွမ်းအင်ရရှိမှုအပေါ်တွင် များ စွာမှီခိုလျက်ရှိသည်ဟု ကောက်ချက်ချနိုင်သည်။ ကမ္ဘာ့ခေါင်းဆောင်များ၊ ပညာရှင်များနှင့် သုတေ သီများ၏ဆွေးနွေးချက်များ၊စာတမ်းများတွင်လည်း ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် စဉ် ဆက်မပြတ်  ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာ၌ စွမ်းအင်ရှာဖွေမှု၊ ရ ရှိမှု၊ အသုံးချမှုတို့နှင့်ပတ်သက်၍ အထူးအလေး ပေးရေးသားထားသည်ကို တွေ့ရှိရသည်။ ဤသို့ဆို ပါလျှင် ယနေ့ကမ္ဘာကြီးသည် စွမ်းအင်ကင်းမဲ့စွာဖြင့် ဖွံ့ဖြိုး တိုးတက်မှုလမ်းကြောင်းသို့ လျှောက်လှမ်းရန် မဖြစ်နိုင်တော့ပြီ။ စီးပွားရေးဖွံ့ဖြိုးမှုသည်လည်း စွမ်းအင်ရရှိမှု၊ အသုံးပြုမှုအပေါ်မူတည်၍ အနိမ့် အမြင့်ဖြစ်ပေါ်လိမ့်မည်။ စွမ်းအင်ရရှိမှု၊ စနစ်တကျ သုံးစွဲနိုင်မှုရှိမှသာ ဖွံ့ဖြိုးမှုအခြေအနေကောင်းကို မျှော်မှန်းနိုင်ကြလိမ့်မည်။စွမ်းအင်အရေးပါမှု လျှပ်တပြက်စီးပွားရေး အဆောက်အအုံတစ်ခုအတွင်း စွမ်းအင်၏ အရေးပါမှုကို ယေဘုယျအားဖြင့် ဤ သို့တွေ့မြင်နိုင်သည်-- စက်မှုလုပ်ငန်းများထူထောင်ရေးဖွံ့ဖြိုးပြီးနိုင်ငံများသာမက ဖွံ့ဖြိုးဆဲနိုင်ငံများ သည်လည်း စက်မှုထူထောင်ရေးသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်  အရေးပါကြောင်း ကောင်းစွာသဘောပေါက်ပြီးသားဖြစ်သည်။ စက်မှု ထူထောင်နိုင်မှသာ ကုန်သွယ်မှုကဏ္ဍ ပါဖွံ့ဖြိုးတိုး တက်မှု  ရရှိနိုင်မည်ဖြစ်သည်။ ထိုအခြေအနေ ကောင်းများရရှိရေးအတွက်စွမ်းအင်သည် အဓိက ဖြည့်ဆည်း ပေးရမည့်အရာဖြစ်သည်။ ကမ္ဘာ့ဖွံ့ဖြိုး ဆဲနိုင်ငံများထဲတွင် အချိန်တိုအတွင်း  စီးပွားရေး အင်အားကြီးထွားလာသော  တရုတ်၊ အိန္ဒိယ၊ ဘရာဇီး၊ မက္ကဆီကိုနှင့် တောင်အာဖရိကကဲ့သို့ နိုင်ငံများ၏ စွမ်းအင်လိုအပ်ချက်သည် ၎င်းင်းတို့၏ ဖွံ့ဖြိုးမှုနှင့်အတူ ပမာဏကြီးမားလာရာ  ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံကြီးများ၏ လိုအပ်မှုပမာဏ နီးပါး ပင်ရှိလာနေပြီဟု လေ့လာသူများက ထောက်ပြကြ သည်။- စိုက်ပျိုးရေးဈေးကွက်များဝေစု ကြီးမားလာရေးဖွံ့ဖြိုးဆဲနိုင်ငံများတွင် အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးရေးနှင့် နိုင်ငံခြားဝင်ငွေရရှိ ရေးအတွက် စိုက်ပျိုးရေးသည် ဆက်လက်အရေး ပါနေဆဲဖြစ်ပြီး ကမ္ဘာ့ဈေးကွက်နှင့် အလွယ်တကူ ချိတ်ဆက်နိုင်သည့်အလားအလာများ ရှိနေသည့် ကဏ္ဍလည်းဖြစ်သည်။  သုတေသနလုပ်ငန်းများ စူးစိုက်လုပ်ဆောင်၍ ပို့ကုန်အမယ်သစ်များရှာဖွေ ခြင်း၊ အရည်အသွေးမြင့်သီးနှံများ စိုက်ပျိုးထုတ် လုပ်ခြင်း၊ ရောင်းလိုအားကွင်းဆက် အချိတ် အဆက်မိမိရှိစေရန် စီစဉ်ခြင်း၊ စိုက်ပျိုးသည့်နေရာ မှ ဈေးကွက်သို့ အချိန်မီတင်ပို့နိုင်ခြင်းတို့အတွက် စွမ်းအားအသုံးပြုမှုရှိသည်။ ထို့ကြောင့်စိုက်ပျိုးဈေး ကွက်များဖွံ့ဖြိုးလာပြီး ဈေးကွက်ဝေစုကြီးမားလာ ရေးအတွက် စွမ်းအင်ကဏ္ဍသည် ယခင်ကထက် ပိုမိုအရေးပါလာသည်။- အီး-ကောမတ်(စ်)အသုံးပြုရေးသတင်းနှင့်  ဆက်သွယ်ရေးနည်းပညာ (ICT) ကို အသုံးပြုခြင်းဖြင့် ယနေ့ကုန်သွယ်ရေး လောကသည် ယခင်ကာလများကထက်  စွမ်း ဆောင်ရည်ပိုမိုမြင့်မားလာသည်။ ထို့ကြောင့်လည်း အိုင်စီတီ (ICT) ကို အသုံးပြုထားသည့် အီး-ကောမတ်(စ်)သည် ကုန်သွယ်မှုနယ်ပယ်၌ လူ ကြိုက်များလာခြင်းဖြစ်သည်။ သမားရိုးကျ ကုန် သွယ်မှုထက် အီး-ကောမတ်(စ်)သည် ဈေးကွက်ထိုး ဖောက်နိုင်မှု၊ နိုင်ငံတကာ ဖောက်သည်များကို ဆွဲ ဆောင်နိုင်မှု၊ လုပ်ငန်းစရိတ်များကျဆင်းမှုတို့တွင် များစွာထိရောက်မှုရှိသည်ကိုတွေ့ရသည်။ ထုတ် လုပ်သူများ၊ နိုင်ငံတကာကုန်သွယ်ရေးလုပ်ကိုင်သူ များ၊ မှန်ကန်မြန်ဆန်သော ဆုံးဖြတ်ချက်များ ချ မှတ်ဆောင်ရွက်နိုင်သဖြင့် အီး-ကောမတ်(စ်)၏ အရေးပါအသုံးဝင်မှုကို ပိုမိုသိရှိလာကာ ပိုမိုအသုံး ပြုလာကြသည်။ အီး-ကောမတ်(စ်) တွင်ကျယ် လေလေ စွမ်းအင်သုံးစွဲမှု  ပိုမိုလိုအပ်လေလေ ဖြစ်သည်။- ထုတ်လုပ်မှုမြင့်မားရေးထုတ်လုပ်မှုပမာဏ တိုးမြင့်စေရန်အတွက် လည်းကောင်း၊ ဈေးနှုန်းနှင့် အရည်အသွေးပိုင်း ဆိုင်ရာတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်လည်းကောင်း အဆင့်မြင့်နည်းပညာသုံးစက်ကိရိယာများ သုံးစွဲရ သောကြောင့် ထိုစက်ကိရိယာများအတွက် စွမ်း အင်လိုအပ်ချက် ရှိလာသည်။ စွမ်းအင်သည် ကုန် ထုတ်လုပ်မှုအရည်အသွေး မြင့်မားရေးနှင့် အရေ အတွက်ပမာဏ များပြားရေးအတွက် အဓိက ကျသော သွင်းအားစုဖြစ်လာရသည်။- အသေးစားနှင့် အလတ်စားလုပ်ငန်းများ ထွန်းကားရေးနှင့်   အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေးစွမ်းအင်ကို ပိုမိုအသုံးပြုနိုင်ခြင်းဖြင့် မြို့ပြ သာမက ကျေးလက်ဒေသများတွင်ပါ အသေးစား နှင့် အလတ်စားလုပ်ငန်းများ ပိုမိုထွန်းကားလာနိုင် ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုကျယ်ပြန့် လာနိုင်သည်။ ဝင်ငွေနည်းလူတန်းစားများ ဝင်ငွေ မြင့်မားလာနိုင်ပြီး ဝင်ငွေမဲ့လူတန်းစားများ ပုံမှန် ဝင်ငွေရရှိလာနိုင်သည်။- နေထိုင်မှု အဆင့်အတန်းမြင့်မားလာရေးစွမ်းအင်သည် လူတို့၏ နေ့စဉ်ဘဝတွင် မရှိ မဖြစ် အရေးပါလာသည်ဖြစ်ရာ စွမ်းအင်အသုံးပြု နိုင်စွမ်းပေါ်မူတည်၍ နေထိုင်မှုအဆင့်အတန်း ကိုပင် မှန်းဆကြသည်။ စွမ်းအင်အသုံးပြုမှု တိုး တက်များပြားလာပါက လူတို့၏ စားသောက်၊ နေ ထိုင်၊ လုပ်ကိုင်မှုများပိုမိုလွယ်ကူစွာ သက်သောင့် သက်သာရှိလာနိုင်ပြီး နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့ အစည်းတစ်ရပ်၏ လူနေမှုအဆင့်အတန်း မြင့်မား လာပေလိမ့်မည်။ဖော်ပြပါအခြေအနေများသည် စွမ်းအင်၏ အသုံးဝင်မှု၊ အရေးပါမှုနှင့်ပတ်သက်၍ သိလွယ်၊ မြင်လွယ်သော အချက်များသာဖြစ်သည်။ စွမ်းအင် သုံးစွဲမှုကြောင့် ရရှိလာသော ကောင်းကျိုးရလဒ် များ၊  စီးပွားရေး    ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြု  ပံ့ပိုးနိုင်သော အချက်များ များစွာရှိသည်။ ထိုအခြေအနေများကို ကြည့်ခြင်း အားဖြင့် စွမ်းအင်လုံလောက်စွာ သုံးစွဲနိုင်မှုသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပြဋ္ဌာန်းပေးနိုင်သော အဓိကအချက်တစ်ချက်ဖြစ်သည်ဟု  ဆိုနိုင်သည်။ ထု့ိကြောင့် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေး ဆွေးနွေးအဖြေရှာတိုင်း အမြဲဂရုစိုက် ထည့်သွင်းစဉ်းစားရမည်မှာ   စွမ်းအင်ကဏ္ဍပင် ဖြစ်ပါသတည်း။   ။

Sunday, 25 Mar 2012

တိုကျို    အက်ပဲရဲ့   i Pad  ကို မတ် ၁၆ ရက်က ဂျပန်ဈေးကွက်မှာဖြန့်ချိခဲ့ပါ တယ်။ပရိုဆက်ဆာက ပိုမိုလျင်မြန်၊ ရီဆိုလူရှင်း ပြတ်သား၊   voice dictation  က အင်္ဂလိပ်၊ပြင်သစ်၊ဂျာမန်နဲ့ ဂျပန်ဘာသာစကားတွေကို မှတ်မိ စတဲ့ အရည်အသွေးတွေ ရှိပါတယ်။   i Pad  တတိယ မျိုးဆက်ကို   i Pad  2ထုတ်ပြီး ၁၁ လ အကြာမှာ ဖြန့်ချိခဲ့ တာဖြစ်ပါတယ်။

Monday, 27 Feb 2012

အမေရိကန်နိုင်ငံ၏  ဧရာမ  နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် အက်ပဲလ်အဖို့  အိုင်ပက် လ  ဟူသော စကားလုံးများအတွက် တရုတ် ကုမ္ပဏီတစ်ခုနှင့်  ကုန်အမှတ်တံဆိပ် အငြင်းပွား မှုကို ရင်ဆိုင်ရလျက်ရှိသည်။ တရုတ်ကုမ္ပဏီ Proview Technology  က တရုတ်နိုင်ငံတွင် (iPad)  ကုန်အမှတ်တံဆိပ်ကို မိမိတို့ပိုင်ဆိုင်သည်ဟု ဆိုသည်။

Monday, 13 Feb 2012

               မြန်မာနိုင်ငံမှထွက်ရှိသော ပဲမျိုးစုံတင်ပို့မှုအနက် ပင်လယ်ရေ ကြောင်းမှ ပဲစင်းငုံတင်ပို့မှုအခြေအနေကို လေ့လာကြည့်လျှင် ကိန်းဂဏန်း စာရင်းဇယားများအရ အောက်ပါအတိုင်း တွေ့ရှိရမှာဖြစ်ပါတယ်-     (ကန်ဒေါ်လာသန်း)

Monday, 16 Jan 2012

ကုန်သွယ်မှုတိုးမြှင့်ရေးပြည်ပနိုင်ငံများနှင့်   ကုန်သွယ်မှု သည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုအတွက် အရေးပါ၍ အပေါင်းလက္ခ ဏာဆန်သည့် တွန်းအားတစ်ရပ်ဖြစ် ကြောင်းကို စီးပွားရေးပညာရှင်များက လက်ခံယုံကြည်ထားကြပါသည်။ ကုန် သွယ်မှုကို နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်ရန်အတွက် ထိန်းကျောင်းမောင်း နှင်ပေးသည့်အင်ဂျင်တစ်ခုအဖြစ်သတ် မှတ်တင်စားကြပါသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးတိုးတက် မှုနှင့်ကုန်သွယ်မှုသည် တိုက်ရိုက်ဆက် စပ်နေသည့်အတွက်  အဆိုပါနိုင်ငံများ ၏ စီးပွားရေး  ဖွံ့ဖြိုးတိုးတက်မှုအား ကောင်းလာစေရန်မှာ ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်မှုအပေါ် များစွာမူတည်လျက် ရှိပါသည်။

Monday, 16 Jan 2012

ဈေးကွက်ကို ကျားကန်ပေးမည်လောနိုင်ငံတော်အစိုးရသစ် တာဝန်ယူချိန်ကာလ တစ်နှစ်ပါးရှိလာ ချိန်တွင် စီးပွားရေးကဏ္ဍများနှင့်ပတ်သက်၍ အပြောင်းအလဲများ ဖြစ်ထွန်းနေသည်ကို တွေ့ရှိရသည်။ လက်ခံကျင့်သုံးနေသော ဈေး ကွက်စီးပွားရေးစနစ်အောက်တွင် ကုန်သွယ်ရေးကဏ္ဍ၌ သွင်းကုန် ပို့ကုန်ပိုင်းဖြေလျော့မှုများ ပြုလုပ်ပေးခြင်း၊ ဈေးကွက်များ အလှုပ်အခါ ပြင်းထန်မှု မဖြစ်စေရေးအတွက်လည်း နည်းလမ်းများရှာဖွေကျင့်သုံး ခြင်းတို့ဖြင့် အားထုတ်ဆောင်ရွက်လျက်ရှိသည်။

Wednesday, 4 Jan 2012

တရုတ်နဲ့ ဂျပန်နိုင်ငံတို့က အမေရိကန်ဒေါ်လာကို အသုံးမပြုဘဲ တရုတ်ယွမ်ငွေနဲ့ ဂျပန်ယန်းငွေ တို့ကိုအသုံးပြုပြီး တိုက်ရိုက်ကုန်သွယ်မှုကို မြှင့်တင်တော့မှာဖြစ်တယ်။ ဒါ့ပြင် ငွေကြေးဈေးကွက်အတွင်း ပါဝင်တဲ့ ကုမ္ပဏီတွေအတွက် ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမှာဖြစ်ကြောင်း ဂျပန်အစိုးရက ၂၆-၁၂-၂၀၁၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

Wednesday, 4 Jan 2012

           တရုတ်နိုင်ငံသုံး ရန်မင်ဘီ (ယွမ်)ငွေကြေး သည် မကြာမီအတွင်းမှာ ဒေါ်လာ၊ ယူရိုတို့နှင့် အတူ နိုင်ငံတကာငွေပေးချေမှုများတွင်  ပါဝင်လာ လိမ့်မည်ဟု HSBC ဘဏ်က ထုတ်ပြန်သည့်စစ် တမ်းတွင် ဖော်ပြခဲ့သည်။ ရန်မင်ဘီကို နိုင်ငံတကာ သုံး ငွေကြေးဖြစ်လာစေရန် တရုတ်နိုင်ငံက ကြိုး ပမ်းဆောင်ရွက်နေခြင်းကို  သတိမပြုမိကြသော် လည်း တိုးတက်နေပုံရသည်။

Wednesday, 4 Jan 2012

    မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်း၏ အရန်ဆန်သိုလှောင်ထား ရှိမှုအစီအစဉ်အတွက် လိုအပ်သော ဧည့်မထ ၂၅ % အဆင့် ဆန် မက်ထ ရစ် တန်ချိန် ၁၀၀၀ နှင့်ညီမျှသော အိတ်ရေ ၂၀၀၀၀ ကို ကျပ်ငွေဖြင့် ဝယ် ယူမည့် အစီအစဉ်အတွက်  စိတ်ပါဝင် စားသည့် ကုမ္ပဏီများအား တင်ဒါစနစ် ဖြင့် ရွေးချယ်ပွဲကို ၂၀၁၁ ခုနှစ် ဒီဇင် ဘာ ၃၁ ရက် နေ့လယ် ၁၅း၁၅ နာရီမှာ ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့ နယ်ရှိ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ရုံးရှိ မြန်မာ နိုင်ငံဆန်စပါး လုပ်ငန်းအသင်းရုံးခန်း မှာ ပြုလုပ်ခဲ့ပါတယ်။

Pages