Main menu

Background

Thursday, 7 Jun 2012

        တရုတ်နိုင်ငံရဲ့ မြေဧရိယာ၂ ရာခိုင်နှုန်းရှိတဲ့  စတုရန်းကီလိုမီတာ ၁၉၀၀၀၀ မှာ မြေအောက်ရေ အရင်းအမြစ်ကို အလွန်အကျွံ ထုတ်ယူသုံးစွဲခဲ့မှု ကြောင့် သဘာဝပတ်ဝန်းကျင်ဟာ ယိုယွင်းပျက် စီးမှုနဲ့ကြုံတွေ့လာတာတွေ့ရပါတယ်။ မြေအောက် ရေအရင်းအမြစ် အလွန်အကျွံ ထုတ်ယူသုံးစွဲမှုရဲ့ ဆိုးကျိုးတွေကို အထူးသဖြင့် တရုတ်နိုင်ငံရဲ့မြောက် ပိုင်းဒေသတွေမှာ  ထင်ရှားစွာ  တွေ့မြင်လာနိုင် ပါတယ်။

Thursday, 7 Jun 2012

    ငါးရှဉ့်ကို အာရှနိုင်ငံအများ အပြား၌ ဟင်းလျာအဖြစ် နှစ်ခြိုက်စွာ စားသုံးကြပါသည်။ အထူးသဖြင့် တရုတ်လူမျိုးများသည် ငါးရှဉ့်အား သွေးအားကောင်းစေသော ဟင်းလျာ အဖြစ် တန်ဖိုးထားစားသုံးလေ့ရှိ သည်။ ငါးရှဉ့်များကို အစိုအတိုင်းဖြစ် စေ၊ တာရှည်ခံ စားသုံးရန် ကျပ်တိုက်၍ ဖြစ်စေ စားသုံးကြပြီး၊ စားသောက်ဆိုင် များတွင် ငါးရှဉ့်ခြောက်စပ်၊ ငါးရှဉ့် ချဉ်စပ်၊ ငါးရှဉ့်မြေအိုးဟင်းလျာများမှာ လူအများ နှစ်ခြိုက်စွာ စားသုံးသည့်  တန်ဖိုးကြီး ဟင်းလျာများတွင်ပါဝင် သည်။

Monday, 4 Jun 2012

             ပြင်ပမှလေ့လာသူများက တရုတ်နိုင်ငံသည် ပို့ကုန်ကြောင့် စွမ်းဆောင်ရည် တိုးတက်လာခြင်း ဖြစ်သည်ဟု ယူဆထားကြသည်။ ယင်းအချက်မှာ ဇာတ်လမ်း၏ တစ်ပိုင်းတစ်စသာဖြစ်သည်။ စက် ကိရိယာများ၊ အဆောက်အအုံများနှင့် အခြေခံ အဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ကျန်ဇာတ်လမ်းတစ်ပိုင်းဖြစ်ပြီး ယမန်နှစ် စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှု တွင်  ထက်ဝက်ကျော်အထိ ပါဝင်ခဲ့သည်။ အသားတင်ပို့ကုန်အနေဖြင့် ထိုအထဲ တွင် လုံးဝမပါဝင်ခဲ့ပေ။ ထိုမျှများပြားသော ရင်းနှီး မြှုပ်နှံမှုကို နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများက ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း များမှာ သွယ်ဝိုက်သောနည်းဖြင့် အစိုးရ၏ထောက် ပံ့မှုများ၊ အကာအကွယ်ပေးထားသည့် ဈေးကွက် များနှင့် နိုင်ငံရေးအရ တွန်းအားပေးသည့်ချေးငွေ များမှ အကျိုးခံစားခွင့်များရရှိနေကြသည်။

Wednesday, 30 May 2012

    ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ် (RUMFCCI) ပထမထပ် အစည်းအဝေးခန်းမတွင် မေ ၂၁ ရက် နံနက် ၀၉း၀၀ အချိန်က မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့တယ်လု့ိ သတင်းရရှိပါတယ်။

Wednesday, 30 May 2012

    လူတွေရဲ့စဉ်ဆက်မပြတ် ကျူးလွန်ခဲ့တဲ့ ပတ် ဝန်းကျင် ညစ်ညမ်းမှုကြီးတွေကြောင့် ကမ္ဘာ့ပင် လယ်ကြီးရဲ့ ဂေဟစနစ်ဟာ လွန်ခဲ့တဲ့ အနှစ် ၃၀ ကာလအတွင်း  လူ့သမိုင်းမှာ အလျင်အမြန်ဆုံး ပြောင်းလဲစေခဲ့ပါတယ်။   ပင်လယ်တော်တော် များများမှာ ရေသတ္တဝါ ကြီးတွေဖြစ်ကြတဲ့ ဝေလ ငါး၊ လင်းပိုင်၊ ငမန်းနဲ့ လိပ်မျိုးတွေရဲ့ ၇၅ ရာခိုင်နှုန်း ဟာ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်ပါတယ်။ တချို့ ရေသတ္တဝါတွေဖြစ်တဲ့ ထိပ်ဖြူငမန်းနဲ့ အမေရိကန် ငလိပ်ကျောက်တွေဆိုရင် ၉၉ ရာခိုင်နှုန်းလောက် အထိ ပျောက်ကွယ်သွား ခဲ့ပါတယ်။

Thursday, 24 May 2012

    တရုတ်  ဓာတ်ပုံဆရာ ဝေါင်ကျိုလျန်ရဲ့ လျန်ကျိုး နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲမှာ ရွှေတံဆိပ် ဆုရရှိခဲ့တဲ့ "အမှိုက်ပုံတွေ ဝန်းရံခတဲ့ မြို့တော်'' လို့ အမည်ရဓာတ်ပုံတွဲကို တရုတ်နိုင်ငံရဲ့ နာမည် ကျော် ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Tianyo.cn  မှာ တင်လိုက်တဲ့အခါ လူအများရဲ့စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။ အဲဒီဓာတ်ပုံတွေဟာ ပေကျင်းမြို့ရဲ့ ပတ်ပတ်လည်မှာရှိတဲ့ အမှိုက်ပုံကြီးတွေရဲ့ပုံတွေပဲ ဖြစ်ပါတယ်။

Monday, 21 May 2012

မြို့ပြ၏သောကရုန်းကန်လှုပ်ရှားလျက် နေ့စဉ် ဘဝရပ်တည်မှုကို ဖြတ်သန်းနေ ရသောမြို့ပြနေသူတို့အတွက် မော်တော်ကားယာဉ်ကြော ပိတ်ဆို့ ခြင်းသည် ၎င်းင်းတို့၏ နေ့စဉ်ဘဝပြဿနာ တစ်စိတ်တစ်ပိုင်းအဖြစ် တည်ရှိနေပြီးဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးမှု အားကောင်းလာခြင်းနှင့် တစ်ဦးကျ ဝင်ငွေမြင့်မားလာမှုတို့ကြောင့် မော်တော်ယာဉ်ဝယ်ယူ အသုံးပြုမှု ပိုမိုလာသော လူလတ်တန်စားတို့အတွက် ဘေးထွက် သက်ရောက်မှု ဝေဒနာအသစ် တစ်ရပ်လည်းဖြစ်သည်။

Monday, 21 May 2012

    ရှုပ်ထွေးပွေလီမှုများ  တိုးပွားလာချိန်တွင် အကောင်းဆုံး ရင်ဆိုင်နည်းမှာ အရာရာတိုင်းကို ရိုးရှင်းလွယ်ကူအောင်  လုပ်ထားခြင်းဖြစ်သည်။  ကမ္ဘာ့စီးပွားပျက်ကပ် ကြုံခဲ့ရစဉ် ၁၉၃၂ခုနှစ်က ဒိန်းမတ်နိုင်ငံသား၊ လက်သမားဆရာ အိုလီကတ် ခရစ္စတင်ဆန်သည် အပိုဝင်ငွေရရှိစေရန် ကလေး ကစားစရာ သစ်သားရုပ်ကလေးများ ပြုလုပ်ရောင်း ချခဲ့သည်။

Thursday, 17 May 2012

ဂျပန်အစိုးရအနေနဲ့ နျူကလီးယားစွမ်းအင် ထုတ်လုပ်တဲ့ ဓာတ်ပေါင်းဖိုတစ်လုံးကို သက်တမ်း အနှစ် ၄၀ ထက်ပိုပြီး အသုံးမပြုဖို့နဲ့ နျူကလီးယား စွမ်းအင်လုံခြုံရေးအေဂျင်စီ ထူထောင်ဖို့ လွှတ် တော်မှာ နျူကလီးယားဓာတ်ပေါင်းဖိုဆိုင်ရာ စည်း မျဉ်းစည်းကမ်းဥပဒေပြင်ဆင်ရေး ကြိုးပမ်းခဲ့တယ် လို့ သိရပါတယ်။

Thursday, 17 May 2012

မရှိမဖြစ် စွမ်းအင်ဆိုသောအရာစွမ်းအင်ဟုဆိုလိုက်လျှင် မည်သည့်စွမ်းအင် အမျိုးအစားကို ဆိုလိုသနည်းဟု ပြန်လည်တုံ့ပြန် စရာမေးခွန်းရှိလာသည်။ သို့သော် ထိုသို့ဆင့်ပွား ချဲ့ကား၍ မတွေးတော၊ မစဉ်းစားမိခင် စွမ်းအင်ဟု အသံကြားလိုက်ရုံကတည်းက နိုင်ငံတစ်နိုင်ငံ၊ လူ့ အဖွဲ့အစည်း  တစ်ရပ်အတွက် အရေးကြီးသည့် အရာဟု သဘောပေါက်နားလည်ရသည်။ စီးပွား ရေး၊ လူမှုရေး၊ ကုန်ထုတ်လုပ်ရေး စသဖြင့် အရေး ပေါင်းများစွာအတွက် မရှိမဖြစ် အခြေခံလိုအပ် ချက်တစ်ရပ်လည်းဖြစ်သည်။ စွမ်းအင်နှင့်ပတ် သက်၍မည်သည့်ရှုထောင့်မှပင်ကြည့်ကြည့် အရေး တကြီး ပြောဆိုဆွေးနွေးစရာ အမြောက်အမြား တွေ့ရှိနိုင်သည်။ နေစွမ်းအင်၊ လေစွမ်းအင်၊ ရေ စွမ်းအင်၊ နျူကလီးယားစွမ်းအင် စသဖြင့် ရရှိနိုင် သည့်အရင်းအမြစ် မည်သို့ပင်ဖြစ်စေကာမူ စွမ်း အင်ဖြစ်ပါကလိုအပ်သည်ချည်းဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် တိုးတက်များပြားလာသော လူ ဦးရေ၊ အဆင့်မြင့်ထွန်းကားလာသော နည်းပညာ မျိုးစုံတို့ကြောင့် စွမ်းအင်လိုအပ်ချက် သည် ဖွံ့ဖြိုးတိုးတက်မှုတို့နှင့်အတူ လိုက် ပါ၍ ကြီးထွားလာနေရသောကြောင့်ဖြစ် သည်။စွမ်းအင်နှင့် ဖွံ့ဖြိုးမှုဒီဂရီစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အားထုတ်မှုဖြစ် စဉ်ထဲတွင် စွမ်းအင်၏အရေးပါမှုကို ခြေရာကောက် နိုင်သည်။ ယနေ့ နိုင်ငံများ၊ လူ့အဖွဲ့အစည်းများ အားလုံးသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်မှန်းလုပ်ဆောင်နေကြသကဲ့သို့ ထိုလူ့အဖွဲ့ အစည်းများအတွင်းရှိ လူတစ်ဦးတစ်ယောက်ချင်း တို့သည်လည်း ၎င်းတို့၏ စီးပွားရေးအခြေအနေ၊ လူမှုရေးအဆင့်အတန်း ကောင်းမွန်မှုရှိစေရန် အား ထုတ်မှုများပြုလုပ်နေကြသည်။ စီးပွားရေးတိုးတက် မှုသည် တစ်ကမ္ဘာလုံးက အားထုတ်ဆောင်ရွက် နေသော ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေး အစီ   အစဉ်များကိုလည်း များစွာထောက်ကူပေးနိုင် သည်။ ကုန်သွယ်မှုနှင့်  ရင်းနှီးမြှုပ်နှံမှုများ အား ကောင်းလာစေရန် တွန်းအားပေးနိုင်ခြင်း၊ နိုင်ငံ ခြားဝင်ငွေရရှိမှု၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ကုန်ထုတ်လုပ်မှု စသည့် ဆက်စပ်သောအခြေအ နေများကိုလည်း တစ်နွယ်ဝင် တစ်ခင်ပါ အခြေ အနေကောင်းများ ဖန်တီးလာနိုင်သည်။ လူ့အဖွဲ့ အစည်း၏ လူမှုအဆင့်အတန်း အခြေအနေအား ဖြင့်လည်း အသုံးအဆောင်ပစ္စည်းများ၊ ကိရိယာ တန်ဆာပလာများနှင့်နေထိုင်သည့်ပုံစံမှစ၍ အခြေ အနေများစွာတွင် ခေတ်မီစွာ သုံးစွဲပြုမူနေထိုင် လာကြသောကြောင့် မြင့်မားလာနိုင်သည်။ လူတစ် ယောက်၏ နေ့စဉ်ဘဝရပ်တည်မှုမှစ၍ တစ်နိုင်ငံ လုံးရှိ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသဖြင့် အရေးအရာများစွာတွင် စွမ်းအင်အသုံးပြုမှုနှင့် ပတ်သက်နေရပေသည်။ ထို့ကြောင့်ယနေ့ကာလ လူ့အဖွဲ့အစည်းများ၏ စီးပွားရေးလုပ်ဆောင်ချက် များအားလုံးသည် စွမ်းအင်ရရှိမှုအပေါ်တွင် များ စွာမှီခိုလျက်ရှိသည်ဟု ကောက်ချက်ချနိုင်သည်။ ကမ္ဘာ့ခေါင်းဆောင်များ၊ ပညာရှင်များနှင့် သုတေ သီများ၏ဆွေးနွေးချက်များ၊စာတမ်းများတွင်လည်း ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် စဉ် ဆက်မပြတ်  ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာ၌ စွမ်းအင်ရှာဖွေမှု၊ ရ ရှိမှု၊ အသုံးချမှုတို့နှင့်ပတ်သက်၍ အထူးအလေး ပေးရေးသားထားသည်ကို တွေ့ရှိရသည်။ ဤသို့ဆို ပါလျှင် ယနေ့ကမ္ဘာကြီးသည် စွမ်းအင်ကင်းမဲ့စွာဖြင့် ဖွံ့ဖြိုး တိုးတက်မှုလမ်းကြောင်းသို့ လျှောက်လှမ်းရန် မဖြစ်နိုင်တော့ပြီ။ စီးပွားရေးဖွံ့ဖြိုးမှုသည်လည်း စွမ်းအင်ရရှိမှု၊ အသုံးပြုမှုအပေါ်မူတည်၍ အနိမ့် အမြင့်ဖြစ်ပေါ်လိမ့်မည်။ စွမ်းအင်ရရှိမှု၊ စနစ်တကျ သုံးစွဲနိုင်မှုရှိမှသာ ဖွံ့ဖြိုးမှုအခြေအနေကောင်းကို မျှော်မှန်းနိုင်ကြလိမ့်မည်။စွမ်းအင်အရေးပါမှု လျှပ်တပြက်စီးပွားရေး အဆောက်အအုံတစ်ခုအတွင်း စွမ်းအင်၏ အရေးပါမှုကို ယေဘုယျအားဖြင့် ဤ သို့တွေ့မြင်နိုင်သည်-- စက်မှုလုပ်ငန်းများထူထောင်ရေးဖွံ့ဖြိုးပြီးနိုင်ငံများသာမက ဖွံ့ဖြိုးဆဲနိုင်ငံများ သည်လည်း စက်မှုထူထောင်ရေးသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်  အရေးပါကြောင်း ကောင်းစွာသဘောပေါက်ပြီးသားဖြစ်သည်။ စက်မှု ထူထောင်နိုင်မှသာ ကုန်သွယ်မှုကဏ္ဍ ပါဖွံ့ဖြိုးတိုး တက်မှု  ရရှိနိုင်မည်ဖြစ်သည်။ ထိုအခြေအနေ ကောင်းများရရှိရေးအတွက်စွမ်းအင်သည် အဓိက ဖြည့်ဆည်း ပေးရမည့်အရာဖြစ်သည်။ ကမ္ဘာ့ဖွံ့ဖြိုး ဆဲနိုင်ငံများထဲတွင် အချိန်တိုအတွင်း  စီးပွားရေး အင်အားကြီးထွားလာသော  တရုတ်၊ အိန္ဒိယ၊ ဘရာဇီး၊ မက္ကဆီကိုနှင့် တောင်အာဖရိကကဲ့သို့ နိုင်ငံများ၏ စွမ်းအင်လိုအပ်ချက်သည် ၎င်းင်းတို့၏ ဖွံ့ဖြိုးမှုနှင့်အတူ ပမာဏကြီးမားလာရာ  ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံကြီးများ၏ လိုအပ်မှုပမာဏ နီးပါး ပင်ရှိလာနေပြီဟု လေ့လာသူများက ထောက်ပြကြ သည်။- စိုက်ပျိုးရေးဈေးကွက်များဝေစု ကြီးမားလာရေးဖွံ့ဖြိုးဆဲနိုင်ငံများတွင် အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးရေးနှင့် နိုင်ငံခြားဝင်ငွေရရှိ ရေးအတွက် စိုက်ပျိုးရေးသည် ဆက်လက်အရေး ပါနေဆဲဖြစ်ပြီး ကမ္ဘာ့ဈေးကွက်နှင့် အလွယ်တကူ ချိတ်ဆက်နိုင်သည့်အလားအလာများ ရှိနေသည့် ကဏ္ဍလည်းဖြစ်သည်။  သုတေသနလုပ်ငန်းများ စူးစိုက်လုပ်ဆောင်၍ ပို့ကုန်အမယ်သစ်များရှာဖွေ ခြင်း၊ အရည်အသွေးမြင့်သီးနှံများ စိုက်ပျိုးထုတ် လုပ်ခြင်း၊ ရောင်းလိုအားကွင်းဆက် အချိတ် အဆက်မိမိရှိစေရန် စီစဉ်ခြင်း၊ စိုက်ပျိုးသည့်နေရာ မှ ဈေးကွက်သို့ အချိန်မီတင်ပို့နိုင်ခြင်းတို့အတွက် စွမ်းအားအသုံးပြုမှုရှိသည်။ ထို့ကြောင့်စိုက်ပျိုးဈေး ကွက်များဖွံ့ဖြိုးလာပြီး ဈေးကွက်ဝေစုကြီးမားလာ ရေးအတွက် စွမ်းအင်ကဏ္ဍသည် ယခင်ကထက် ပိုမိုအရေးပါလာသည်။- အီး-ကောမတ်(စ်)အသုံးပြုရေးသတင်းနှင့်  ဆက်သွယ်ရေးနည်းပညာ (ICT) ကို အသုံးပြုခြင်းဖြင့် ယနေ့ကုန်သွယ်ရေး လောကသည် ယခင်ကာလများကထက်  စွမ်း ဆောင်ရည်ပိုမိုမြင့်မားလာသည်။ ထို့ကြောင့်လည်း အိုင်စီတီ (ICT) ကို အသုံးပြုထားသည့် အီး-ကောမတ်(စ်)သည် ကုန်သွယ်မှုနယ်ပယ်၌ လူ ကြိုက်များလာခြင်းဖြစ်သည်။ သမားရိုးကျ ကုန် သွယ်မှုထက် အီး-ကောမတ်(စ်)သည် ဈေးကွက်ထိုး ဖောက်နိုင်မှု၊ နိုင်ငံတကာ ဖောက်သည်များကို ဆွဲ ဆောင်နိုင်မှု၊ လုပ်ငန်းစရိတ်များကျဆင်းမှုတို့တွင် များစွာထိရောက်မှုရှိသည်ကိုတွေ့ရသည်။ ထုတ် လုပ်သူများ၊ နိုင်ငံတကာကုန်သွယ်ရေးလုပ်ကိုင်သူ များ၊ မှန်ကန်မြန်ဆန်သော ဆုံးဖြတ်ချက်များ ချ မှတ်ဆောင်ရွက်နိုင်သဖြင့် အီး-ကောမတ်(စ်)၏ အရေးပါအသုံးဝင်မှုကို ပိုမိုသိရှိလာကာ ပိုမိုအသုံး ပြုလာကြသည်။ အီး-ကောမတ်(စ်) တွင်ကျယ် လေလေ စွမ်းအင်သုံးစွဲမှု  ပိုမိုလိုအပ်လေလေ ဖြစ်သည်။- ထုတ်လုပ်မှုမြင့်မားရေးထုတ်လုပ်မှုပမာဏ တိုးမြင့်စေရန်အတွက် လည်းကောင်း၊ ဈေးနှုန်းနှင့် အရည်အသွေးပိုင်း ဆိုင်ရာတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်လည်းကောင်း အဆင့်မြင့်နည်းပညာသုံးစက်ကိရိယာများ သုံးစွဲရ သောကြောင့် ထိုစက်ကိရိယာများအတွက် စွမ်း အင်လိုအပ်ချက် ရှိလာသည်။ စွမ်းအင်သည် ကုန် ထုတ်လုပ်မှုအရည်အသွေး မြင့်မားရေးနှင့် အရေ အတွက်ပမာဏ များပြားရေးအတွက် အဓိက ကျသော သွင်းအားစုဖြစ်လာရသည်။- အသေးစားနှင့် အလတ်စားလုပ်ငန်းများ ထွန်းကားရေးနှင့်   အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေးစွမ်းအင်ကို ပိုမိုအသုံးပြုနိုင်ခြင်းဖြင့် မြို့ပြ သာမက ကျေးလက်ဒေသများတွင်ပါ အသေးစား နှင့် အလတ်စားလုပ်ငန်းများ ပိုမိုထွန်းကားလာနိုင် ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုကျယ်ပြန့် လာနိုင်သည်။ ဝင်ငွေနည်းလူတန်းစားများ ဝင်ငွေ မြင့်မားလာနိုင်ပြီး ဝင်ငွေမဲ့လူတန်းစားများ ပုံမှန် ဝင်ငွေရရှိလာနိုင်သည်။- နေထိုင်မှု အဆင့်အတန်းမြင့်မားလာရေးစွမ်းအင်သည် လူတို့၏ နေ့စဉ်ဘဝတွင် မရှိ မဖြစ် အရေးပါလာသည်ဖြစ်ရာ စွမ်းအင်အသုံးပြု နိုင်စွမ်းပေါ်မူတည်၍ နေထိုင်မှုအဆင့်အတန်း ကိုပင် မှန်းဆကြသည်။ စွမ်းအင်အသုံးပြုမှု တိုး တက်များပြားလာပါက လူတို့၏ စားသောက်၊ နေ ထိုင်၊ လုပ်ကိုင်မှုများပိုမိုလွယ်ကူစွာ သက်သောင့် သက်သာရှိလာနိုင်ပြီး နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့ အစည်းတစ်ရပ်၏ လူနေမှုအဆင့်အတန်း မြင့်မား လာပေလိမ့်မည်။ဖော်ပြပါအခြေအနေများသည် စွမ်းအင်၏ အသုံးဝင်မှု၊ အရေးပါမှုနှင့်ပတ်သက်၍ သိလွယ်၊ မြင်လွယ်သော အချက်များသာဖြစ်သည်။ စွမ်းအင် သုံးစွဲမှုကြောင့် ရရှိလာသော ကောင်းကျိုးရလဒ် များ၊  စီးပွားရေး    ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြု  ပံ့ပိုးနိုင်သော အချက်များ များစွာရှိသည်။ ထိုအခြေအနေများကို ကြည့်ခြင်း အားဖြင့် စွမ်းအင်လုံလောက်စွာ သုံးစွဲနိုင်မှုသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပြဋ္ဌာန်းပေးနိုင်သော အဓိကအချက်တစ်ချက်ဖြစ်သည်ဟု  ဆိုနိုင်သည်။ ထု့ိကြောင့် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေး ဆွေးနွေးအဖြေရှာတိုင်း အမြဲဂရုစိုက် ထည့်သွင်းစဉ်းစားရမည်မှာ   စွမ်းအင်ကဏ္ဍပင် ဖြစ်ပါသတည်း။   ။

Pages